← Chapters

လုကျန့်ကို လက်ဖက်ရည်ဆိုင်တွင် တိုက်ဆိုင်စွာ တွေ့ဆုံမိခြင်း။

Vol. 6 Ch. 133

လုကျန့်ကို လက်ဖက်ရည်ဆိုင်တွင် တိုက်ဆိုင်စွာ တွေ့ဆုံမိခြင်း။

Vol. 6 Ch. 133

ယွမ်တင်း သူ့ကို မထီမဲ့မြင် စိုက်ကြည့်နေပြီး သူ့ရဲ့နှလုံးသား  ထိတ်လန့်နေဆဲ။

ဒီကမ္ဘာကြီးမှာ သူ့မျက်စိနဲ့ မမြင်ဖူးတဲ့ ဒီလိုအရာတွေရှိနေတယ်ဆိုတာကို မယုံနိုင်သေးပေ။

မြင်းလှည်းသည် မြို့မြောက်ပိုင်းမှ ထွက်ခွာသွားသည်။ မြို့အရှေ့ပိုင်း အဝတွင် မိုးသည်းထန်စွာ ရွာသွန်းလျက်ရှိသည်။

မြင်ကွင်းက အုံ့ဆိုင်းနေကာ အကွာအဝေးအနည်းငယ်က အရာအားလုံးကို မမြင်ရပါ။

လုရှန်း ကန့်လန့်ကာကို ဖယ်ပြီး ရှေ့ကို လှမ်းကြည့်တယ်။ ထို့နောက် မျက်မှောင်ကြုံ့သွား၏။

မိုးသည်းထန်လို့ သွားဖို့ခက်ခဲနေသည်။

"သခင်လေး၊ တည်းခိုခန်းရှာပြီး အနားယူကြရအောင်။"

ချုစစ်ဟန် လုရှန်း ပြောသည့်စကားကို ကြားတော့ ချုယွမ်ကို “ငါတို့ အနားယူဖို့ နေရာရှာစို့။”

သူမသည် မြို့တောင်ဘက်မှ မြို့အနောက်ပိုင်း၊ ထို့နောက် မြို့မြောက်ပိုင်းလာခဲ့ရသည်။ အခု မြို့အရှေ့ဘက်ကို ပြန်လာရသည်။

“ဟုတ်ကဲ့!”

မြို့အရှေ့ပိုင်းထဲ ဝင်လာတော့ ချုယွမ်သည် မိုးခိုဖို့အတွက် အနီးနားမှာ လက်ဖက်ရည်ဆိုင်တစ်ဆိုင် တွေ့ခဲ့တယ်။

လက်ဖက်ရည်ဆိုင်ထဲဝင်ချိန် ထောင့်တစ်နေရာတွင် အချောလေးတစ်ယောက် ထိုင်နေတာကို တွေ့လိုက်ရသည်။

ထိုလူရဲ့အရှေ့မှ လက်ဖက်ရည်ခွက်သည် ပူနေဆဲ။ ငွေရောင်ဆံနွယ်များ နောက်ကျောသို့ ချထားပြီး မျက်နှာကိုမမြင်ရပေ။

လုရှန်းရဲ့ မျက်လုံးတောက်ပသွားတယ်။ ခေါ်ချင်ပေမဲ့ တစ်စုံတစ်ခုကိုတွေးမိပြီး နှုတ်ခမ်းဖိကိုက်မိတယ်။

လုကျန့်က တစ်ခုခုကို အာရုံခံစားမိတာမို့ လှည့်ကြည့်တယ်။

လုရှန်း သူမကို မခေါ်ဖို့ အရိပ်အမြွက်ပြပြီး ခေါင်းယမ်းတယ်။

သူ ကြည့်လိုက်တော့ ချုစစ်ဟန်ကိုမြင်ပြီး တခဏ အံ့အားသင့်သွားတယ်။

ဒီမျက်နှာက... အရမ်းတူတယ်!

"ဘာလို့။ ဒီမှာရှိနေတာလဲ?” ရှီရီ အရင်စပြော၏။

သူသည် တတိယမင်းသား၏စိတ်ကို မဖတ်နိုင်ဘူး။ ပြီးတော့ သူ့စိတ်ထဲ တတိယမင်းသားရဲ့နောက်ခံကိုလည်း မသိဘူး။

“ငါ လွတ်လွတ်လပ်လပ် လျှောက်သွားနေတာ။”

လုကျန့် ချုစစ်ဟန်ဆီ အကြည့်လွှဲပြီးနောက် "ငါတို့ဆုံကြပြီဆိုမှတော့ ဘာလို့အတူတူမထိုင်ရမှာလဲ?”

ချုစစ်ဟန် သူ့အရှေ့က လူကို စိုက်ကြည့်နေ၏။

သူ့ရှေ့က လူသည် တတိယမင်းသားနဲ့ အသွင်အပြင်တူပေမဲ့ အမူအရာနဲ့ အပြောအဆိုက တတိယမင်းသားနဲ့ အလွန်ကွာခြားသည်။

သူသည် တတိယမင်းသားကို တရားဝင်တွေ့ဆုံခြင်းမရှိပေမဲ့ တော်ဝင်နန်းတော်အတွင်း အဝေးတနေရာမှ မြင်ဖူးသည်။

တတိယမင်းသားသည် လွတ်လွတ်လပ်လပ်နေရတာ ကြိုက်နှစ်သက်သူဖြစ်ပြီး ညီလာခံတက်ရောက်ရတာမကြိုက်ပေ။

သို့သော် ဧကရာဇ်မင်းက တတိယမင်းသားကို အလွန်နှစ်သက်သဘောကျတယ်။ တတိယမင်းသားကို  အပြစ်မတင်တဲ့အပြင် အပြစ်ထောက်ပြတဲ့ အရာရှိတွေကိုတောင် ပြန်ပြီး အပြစ်တင်သည်။ ထို့ကြောင့် တတိယမင်းသားကို မြို့တော်ထဲတွေ့ရဖို့ ရှားပါးလွန်းတယ်။

သို့ပေမဲ့ သူသည် တတိယမင်းသားအကြောင်း အနည်းနဲ့အများ သိတယ်။ တတိယမင်းသားသည်  အမြဲတမ်း ကြည်ကြည်လင်လင်နဲ့ ကြည့်ကောင်းသူတစ်ယောက်။

သူ့ရဲ့ ပင်ကိုယ်စရိုက်က ရှီရီနဲ့ ဆင်တူတယ်။ နည်းနည်းတော့ ဆိုးပေမဲ့ စိတ်ထားကောင်းသူဖြစ်သည်။

သို့သော် သူ့ရှေ့ကလူက နည်းနည်းအကြောတင်းသလို ခံစားရတယ်။

သူတို့နောက်က လိုက်လာတဲ့ချုယွမ် လုကျန့်ကိုတွေ့တော့ တုန်လှုပ်သွား၏။

တတိယမင်းသား ဟောင်ရန်မြို့မှာ ရှိတယ်လို့ ကြားပေမဲ့လည်း ဒီမှာ အခုလို တွေ့မယ်လို့ မမျှော်လင့်ထားပါ။

ချုယွမ် ရှေ့တိုးပြီး အနည်းငယ်ဉီးညွတ်၏။ ထို့နောက် ထိုင်ခုံနောက်တစ်လုံးရှာပြီး တစ်ယောက်ထဲ ထိုင်နေလိုက်တယ်။

ချုယွမ် တစ်ယောက်တည်းရှိနေတာမြင်တော့ လုရှန်း သူ့ဘေးမှာ ထိုင်ချင်နေခဲ့တယ်။ သို့သော် လုကျန့် ရဲ့ လျစ်လျူရှုသော အကြည့်ကို သူမ မြင်လိုက်ရတယ်။

သူမ တိတ်တိတ်လေး ပြန်ထိုင်လိုက်ရတယ်။

“အမ်… ဆရာ'အမ်' သခင်လေး ကျွန်မ လက်ဖက်ရည် လောင်းထည့်ပေးမယ်။”

လုကျန့် လက်ဖက်ရည်ခွက် မြှောက်တာကို မြင်တော့ လုရှန်း အမြန်ပြောလိုက်တယ်။

“ကောင်းပြီ။”

လုကျန့်က လက်ဖက်ရည်အိုးကို သူမဆီ ပေးလိုက်သည်။

လုရှန်း သဘာဝကျကျ လက်ခံပြီး သူ့ကို သဘောကျစွာ ပြုံးပြတယ်။ ထို့နောက် လုကျန့်အတွက် လက်ဖက်ရည်တခွက် ထည့်ပေးတယ်။

ချုစစ်ဟန်နဲ့ ကျန်သည့်လူအတွက်လည်း လက်ဖက်ရည် ထည့်ပေးတယ်။

ချုစစ်ဟန် လုကျန့်ကို စိုက်ကြည့်နေပြီး ပါးလွှာတဲ့ နှုတ်ခမ်းများ စေ့ထားတယ်။

လုကျန့် သတိမထားမိသလို လက်ဖက်ရည် အေးဆေးသောက်နေတယ်။

လေထု မူမမှန်တာခံစားမိတာမို့ ရှီရီနဲ့ ယွမ်တင်း ထိုင်မနေနိုင်တော့။

“ညီအစ်ကို'ချု'၊ ဒီလက်ဖက်ရည်က မဆိုးဘူး။ သောက်ကြည့်ပါလား။"

ရှီရီ အဆင်မပြေတဲ့ တိတ်ဆိတ်မှုကို ချိုးဖျက်ရန် ကြိုးစားတယ်။

ချုစစ်ဟန်က သူ့အကြည့်တွေကို ပြန်ရုတ်ပြီး ပေါ့ပေါ့ပါးပါးပြောတယ်။ “ဟုတ်သား... အဲ့မှာ ထိုင်နေသူရဲ့နောက်ခံကို မင်းမသိဘူးလား?”

All Chapters