← Chapters

တာအိုသခင်ကို အရိုအသေ ပေးပါတယ်

Vol. 111 Ch. 1654

တာအိုသခင်ကို အရိုအသေ ပေးပါတယ်

Vol. 111 Ch. 1654

ထိုအခိုက်တွင် လူတိုင်း အတွေးထဲ၌ ဗလာဖြစ်သွားကြသည်။ သူတို့၏ မျက်လုံးများ ပြူးကျယ်ကာ ကျွတ်ကျမတတ် ဖြစ်နေပြီး သတိလစ်မတတ် ဖြစ်နေလေသည်။

*ငါတို့ ဘာမြင်လိုက်တာလဲ*

*ကျင်းလျိုရင်က တကယ် ဒူးထောက်လိုက်တာလား*

*သေစမ်း*

*ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ*

ချက်ချင်းဆိုသလိုပင် လူတိုင်း ချောက်ချားသွားပြီး ဓာတ်လိုက်သကဲ့သို့ နေရာမှာတင် ကြက်သေ သေနေကြသည်။

*အံ့ဩဖို့ကောင်းလိုက်တာ*

*မယုံနိုင်စရာကြီး*

“ကျင်းလျိုရင် တာအိုသခင်ကို အရိုအသေ ပေးပါတယ်”

ထိုအခိုက်တွင် ကျင်းလျိုရင်က အလွန် လေးစားသော အပြုအမူဖြင့် ကျယ်လောင်စွာ နှုတ်ဆက်လေသည်။ ထိုစကားက လူတိုင်းကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။

*တာအိုသခင်*

*ကျင်းလျိုရင်က ယဲ့ဘုရင်ရှေ့ ဒူးထောက်ပြီး တလေးတစားနဲ့ တာအိုသခင်လို့ ခေါ်တယ်လား၊ အပြုအမူကလည်း ရိုကျိုးနေလိုက်တာ*

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဒီလူက ဘယ်သူမို့လို့လဲ၊ ဘယ်သူမို့ ကျင်းလျိုရင်ဆီကနေ ဒီလို တလေးတစား ဆက်ဆံခံရတာလဲ၊ နောက်မျိုးဆက်တွေက လေးစားရတဲ့သူဆီကနေလေ*

ဒူးထောက်ခြင်း။ ဤသည်မှာ လောကတွင်းရှိ ရိုကျိုးမှုကို အပြဆုံး အမူအရာဖြစ်သည်။ ကျင်းလျိုရင်သည် သူ၏ စိတ်ရင်းမှန်အတိုင်း လေးစားမှုကို ပြသရန် သူ၏ မာန်မာနနှင့် ဂုဏ်သိက္ခာကို စွန့်ပစ်ခဲ့သည်။

*ယဲ့ဘုရင်က ဘယ်လိုနောက်ခံမျိုး ရှိတာလဲ*

*ဘာလို့ ကျင်းလျိုရင်ဆီကနေတောင် တလေးတစား ဆက်ဆံတာကို ခံနေရတာလဲ*

တတိယဘိုးဘေး ရယ်ပင်မရပ်နိုင်တော့ပါ။ သူ ငိုသာငိုချင်တော့သည်။ သူ၏ နောက်ဆုံးသော အားကိုးရာက ယဲ့ဖန်ရှေ့၌ ဒူးထောက်နေ၏။

တတိယဘိုးဘေးသာမက သတ်ဖြတ်ခြင်း နတ်ဆိုးသခင်လည်း အံ့ဩနေ၏။ ယဲ့ဖန်က သူတော်စင်အဆင့်ကို သူ့ရှေ့၌ ဒူးထောက်အောင် လုပ်နိုင်လိမ့်မည်ဟု သူတောင်မှ မယုံနိုင် ဖြစ်နေသည်။

*သူတော်စင်အဆင့်က ဒူးထောက်နေတာလား*

ဤသည်က တစ်လောကလုံကို ထိတ်လန့်စေသည့် သတင်းကြီးပင်။

“ဆရာ အထင်များ မှားသလား၊ သူက ကျွန်တော့်ယဲ့မိသားစုရဲ့ မိစ္ဆာမျိုးစိတ်ပါ၊ တာအိုသခင် မဟုတ်ပါဘူး”

တတိယဘိုးဘေးက ကြောက်လန့်တကြား ပြောလာသည်။

အသက်အရွယ်အားဖြင့်ဆိုလျင် ယဲ့ဖန်က သူ့ထက်ပင် မျိုးဆက်များစွာ ငယ်ရွယ်သေးသည်။ ဘယ်လိုလုပ် သူက ကျင်းလျိုရင်၏ တာအိုသခင် ဖြစ်ပါမည်နည်း။

ထို့အပြင် ယဲ့ဖန်၏ သိုင်းအဆင့်က ယခု အင်မော်တယ် ဧကရာဇ်အဆင့်ထက် မပိုပါ။ သူ့တစ်ကိုယ်လုံး၌ ကျင်းလျိုရင်ထက် သာလွန်သော အရာဟူ၍ ဘာမှမရှိချေ။ အဘယ်ကြောင့် ကျင်းလျိုရင်က သူ့ကို ဒူးထောက် ရသနည်း။ နားမလည်နိုင်စရာပင်။

တတိယဘိုးဘေးသာ နားမလည် ဖြစ်နေသည်မဟုတ်ဘဲ ဤနေရာ၌ ရှိနေသူများအားလုံး နားမလည် ဖြစ်နေကြသည်။

“ပါးစပ်ပိတ်ထား၊ မင်း တာအိုသခင်ကို ထပ်စော်ကားရဲရ၍် ငါ အရင်သတ်မယ့်သူက မင်း ဖြစ်သွားမယ်”

ကျင်းလျိုရင်က တတိယဘိုးဘေးအား ဒေါသတကြီး ပြန်ငေါက်၍ သတ်ဖြတ်တော့မည့်ဟန်ဖြင့် လှည့်ကြည့် လာသည်။ သူ ဒေါသထွက်နေလေသည်။

တတိယဘိုးဘေး အံ့ဩသွားသည်။ ကျင်းလျိုရင်က ယဲ့ဖန်အတွက် သူ့ကို တကယ်ပဲ သတ်ချင်နေသည်တဲ့လား။

တတိယဘိုးဘေး တုန်လှုပ်သွားသည်။

*သွားပြီ*

*အခုမှ တကယ်သွားတာ*

သူ့စိတ်ထဲမှ နောက်ဆုံးသော ကံကောင်းမှုလေးက အခု ပျက်စီးသွားလေပြီ။

ယဲ့ဖန်က သူ့ရှေ့၌ ဒူးထောက်နေသော ကျင်းလျိုရင်ကို ကြည့်နေသည်။

“မင်းက ငါ့ကို သတ်ချင်တာလား”

ထိုစကားကိုကြားသော် ကျင်းလျိုရင် ထိတ်လန့်သွားပြီး ချွေးသီးချွေးပေါက်များ ကျလာသည်။ သူ အသည်းအသန် ခေါင်းခါနေသည်။ သူ၏ အမူအရာကိုသာ မြင်ရမည်ဆိုလျင် သူ ယခု အလွန်အမင်း ကြောက်လန့်နေကြောင်း မြင်ရပေလိမ့်မည်။

“တာအိုသခင်ကတော့ နောက်နေပြန်ပြီ၊ ဆရာသာ မရှိရင် ဒီနေ့လို ကျင်းလျိုရင် ရှိမလာနိုင်ပါဘူး၊ ဆရာရဲ့ သင်ပြမှုနဲ့ ကယ်တင်မှုကို ကျင်းလျိုရင် လုံးဝ မမေ့ပါဘူး၊ ပြဿနာလည်း မရှာရဲပါဘူး”

ဘေးလူများကြားထဲတွင် ဘာအသံမှ မထွက်တော့ချေ။ လူတိုင်း လည်မျိုအညှစ်ခံထားရသကဲ့သို့ စကားမပြောနိုင် ဖြစ်နေ၏။

ကျန်လူများအားလုံး ကြောက်ရွံ့သော အမူအရာများဖြစ်ကာ တစ်ကိုယ်လုံး တုန်နေသည်။

*ငါတို့ ဘာကြားလိုက်တာလဲ၊ ကျင်းလျိုရင်က ယဲ့ဘုရင်ကြောင့် ဒီနေ့လိုလူမျိုး ဖြစ်လာတာလို့ တကယ် ပြောလိုက်တာလား*

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

*သူက ကျင်းလျိုရင်ထက် အသက်ပိုကြီးတာလား*

*အထင်မှားတာ*

*ဒါ အထင်မှားတာ*

*ဒါ အတုအယောင်ပဲ*

တတိယဘိုးဘေး ငိုချင်စိတ်ပေါက်နေပြီး ကျင်းလျိုရင်အား အော်ပြောလိုက်သည်။

“ဆရာ၊ ဆရာ တကယ်ကို လူမှားနေပါပြီ၊ သူက ကျွန်တော့် ယဲ့မိသားစုက ဂျူနီယာတစ်ယောက်ပါ၊ သူက ဆရာ့ထက် နှစ်ပေါင်း တစ်သိန်းရှစ်သောင်းလောက် ငယ်ပါတယ်၊ ဘယ်လိုလုပ် သူက ဆရာ ပြောတဲ့သူ ဖြစ်နိုင်မှာလဲ”

“အရူး မင်းက ဘယ်လိုလုပ် တာအိုသခင်ကို နားလည်မှာလဲ”

ကျင်းလျိုရင်က တတိယဘိုးဘေးကို ခနဲ့သလို ပြန်ကြည့်လိုက်သည်။

“ဒီခန္ဓာကိုယ်က သူ့ရဲ့ ပြန်လည်ဝင်စားခြင်း ခန္ဓာကိုယ်တွေထဲက တစ်ခုသက်သက်ပဲ”

ထိုစကားကိုကြားသော် တတိယဘိုးဘေး မှင်တက်သွားသည်။

*ပြန်လည်ဝင်စားတာ*

*ကျင်းလျိုရင် ပြောတာ အမှန်ပဲလား*

*ဒီကောင်က ကျင်းလျိုရင်ထက် ပိုအသက်ကြီးတဲ့ ရှေးခေတ်ကတည်းက ရှိခဲ့တာလား*

တတိယဘိုးဘေး အလွန် ကြောက်လန့်လွန်းသဖြင့် မျက်လုံးပင် ပြူးကျယ်လာ၏။ လက်ရှိတွင် သူ မည်မျှ ရူးမိုက်သော အမှားကို လုပ်ခဲ့မိသလဲ သတိပြုမိသွားသည်။

သူတော်စင်အဆင့်ပင် ဒူးထောက်ရသောသူကို ဘယ်လိုလုပ် သူက ရန်စမိခဲ့ရသနည်း။

“မင်း တာအိုသခင်ကို မလေးစားရင် ငါ့ရန်သူ ဖြစ်တာနဲ့ အတူတူပဲ၊ မင်း ငါ့အမွေအနှစ်ကို ရဖို့ မထိုက်တန်ဘူး”

ကျင်းလျိုရင်က အော်ငေါက်၍ လက်ငါးချောင်းက တတိယဘိုးဘေးထံ ဦးတည်လာသည်။ လက်ထိပ်တွင် ယန်စွမ်းအင်များ စုဝေးလာပြီး တတိယဘိုးဘေး၌ ဦးတည်ကျရောက်သွားသည်။

“ခင်ဗျား … ခင်ဗျား ကျုပ်ကျင့်ကြံမှုကို ဖျက်ဆီးတာလား”

တတိယဘိုးဘေးက ကြောက်လန့်တကြား အော်ဟစ်လာသည်။ သူ ထွက်ပြေးချင်သည်။ သို့သော် ရှုဖူက အစီအရင်ကို ထိန်းချုပ်ထားသဖြင့် သူ ထွက်သွား၍ မရချေ။ သူ၏ ကျင့်ကြံခြင်းအခြေခံက တဖြည်းဖြည်း ယုတ်လျော့လာ၏။

“ဂျွတ်”

“ဂျွတ်”

တစ်ချိန်တည်းမှာပင် ခိုင်မာသော ကျင့်ကြံမှုကို အားထားနေရသည့် သူ့ခန္ဓာကိုယ်က ယခုအခါတွင် ပျက်စီးစ ပြုလာသည်။

လက်များက အသားပြားအဖြစ် ပျော်ကျလာပြီး ခြေထောက်များက သွေးအိုင်အဖြစ် ပြောင်းလဲသွားသည်။ မြင်ကွင်းက အလွန် အဖြစ်ဆိုးလှသည်။

ကျင်းလျိုရင်၏ အမွေအနှစ်က သူ့ထံမှ လျင်မြန်စွာ ရုတ်သိမ်းခံနေရသည်။ ဤသည်က တတိယဘိုးဘေးကို ရူးမတတ် ဖြစ်စေသည်။ သူ ထွက်ပြေး၍လည်း မရ၊ သတ်သေ၍လည်းမရ၊ အသက်လည်း မရှင်နိုင် ဖြစ်နေသည်။

သူ့ကိုယ်သူ တဖြည်းဖြည်း သေဆုံးနေသည်ကိုသာ စောင့်ကြည့်နေရသည်။ သူ နောင်တရနေ၏။

*လတ်စသတ်တော့ အဲ့မိန်းမပျက်က နတ်ဆိုးမျိုးစေ့ကို လွယ်ခဲ့တာပဲ*

*ကြောက်စရာကောင်းတဲ့ ပြန်လည်မွေးဖွားလာမဲ့ နတ်ဆိုးတစ်ကောင်ကို လွယ်ထားခဲ့တာ*

*အဲ့စောက်ဟောကိန်းကြောင့်ပဲ*

ထိုဟောကိန်းသာမရှိလျင် သူ အမှန်တရားကို သိမြင်မဟုတ်သလို ယဲ့ဖန်ကိုသတ်ရန် အရာအားလုံးကို ကြိုးစား၍ လုပ်မည် မဟုတ်ပါ။

ထိုသို့ဆိုလျင် ယဲ့မိသားစု သေဆုံးရမည် မဟုတ်ပါ။ ဤသို့သော နတ်ဆိုးတစ်ကောင်က သူတို့ ယဲ့မိသားစု၏ အကြီးမားဆုံး လက်နက် ဖြစ်လာနိုင်၏။ သူတို့ ယဲ့မိသားစုကို အမြင့်ဆုံးသို့ ဦးဆောင်ခေါ်ဆောင်သွားနိုင်ပေမည်။

သို့သော် သူ ဖျက်ဆီးခဲ့သည်။ သူ့လက်ဖြင့် အားလုံးကို ဖျက်ဆီးခဲ့မိသည်။

ကျင်းလျိုရင်ကဲ့သို့သော သူတော်စင်အဆင့်တောင်မှ ဒူးထောက်နေရသည် မဟုတ်ပါလော။ အကယ်၍ သူသာ ယဲ့မိသားစုဝင် ဖြစ်နေခဲ့လျင် ကိုးပြည်နယ်တစ်ခုလုံး၌ သူတို့ကို မည်သူက ရန်လုပ်ရဲပါမည်နည်း။

သို့သော် ယခုအခါမှ တစ်ခုခုပြောချင်လျင်လည်း နောက်ကျသွားလေပြီ။ သူသည် နဂိုအတိုင်း ပြန်မဖြစ်နိုင် တော့သော ဘေးအန္တရာယ်ကို ဖြစ်စေခဲ့သည်။ သူ၏ ညီအစ်ကို၊ သူ၏မျိုးနွယ်အားလုံး သူ့ကြောင့် သေဆုံးခဲ့ရသည်။

လက်ရှိတွင် သူ၏ အသားနှင့်သွေးတို့သည် သားရဲရိုင်းတစ်ကောင်၏ စားသောက်ခြင်း ခံနေရသကဲ့သို့ ဖြည်းဖြည်းချင်း ပျောက်ကွယ်နေ၏။ ပျောက်ကွယ်နှုန်းက မြန်ဆန်သထက် မြန်ဆန်နေသည်။

ခန္ဓာကိုယ်၏ အချို့သော အစိတ်အပိုင်းများဆိုလျင် အရိုးပင် မြင်နေရသည်။

“ခွေးသူခိုးကြီး”

တတိယဘိုးဘေးက ကောင်းကင်ကိုမော့ကြည့်၍ မကျေမနပ် ဟစ်ကြွေးလေသည်။ ထိုဟောကိန်းက သူ့ကို သတ်ခဲ့ခြင်းသာ။

ထို့နောက်တွင်မူ သူ၏ အသွေးအသားတို့ လုံးဝ ပျောက်ကွယ်သွားပြီး အရိုးများလည်း ဆွေးမြည့်ကုန်သည်။ လူတစ်ယောက်လုံး အစအနမရှိ ပျောက်ကွယ်သွားလေသည်။

လူတိုင်း မှင်တက်နေကြသည်။ တတိယဘိုးဘေးကဲ့သို့သော ကြမ်းကြုတ်သောလူတောင်မှ သေသွားရသဖြင့် သူတို့ အသက်ရှင်နိုင်မည့်လမ်း မရှိတော့ချေ။

“ဒုန်း ဒုန်း”

ရုတ်တရက် ခြောက်နိုင်ငံ၏ ဘုရင်များနှင့် အင်မော်တယ် ဧကရာဇ်အဆင့်များအားလုံး ယဲ့ဖန်ရှေ့၌ ဒူးထောက် လာပြီး မျက်ရည်များက မိုးစက်သဖွယ် စီးကျလာသည်။

“အသက်ချမ်းသာပေးပါ၊ အရှင် ယဲ့ဘုရင် အသက်ချမ်းသာပေးပါ”

“ကျုပ်တို့အားလုံး မှားမှန်းသိပါပြီ၊ ကျုပ်တို့ကို မသတ်ပါနဲ့”

သူတို့အားလုံး တုန်ယင်ကာ ချောက်ချားနေ၏။ လျိုကျင်းရင်လို သူတော်စင်အဆင့်တောင်မှ ဒူးထောက်ရသဖြင့် ထိုလူက သူတို့ ရန်စ၍ ရနိုင်သောသူ မဟုတ်ချေ။

ထိုအချိန်တွင် ရှုဖူက ယဲ့ဖန်ထံ လျှောက်လာပြီး ပြောလေသည်။

“အရှင်မင်းမြတ် ဒီနေ့ သေရတဲ့လူတွေနဲ့ဆို လုံလောက်ပါပြီ၊ ကျွန်တော်တို့ သူတို့ကို ထပ်သတ်လို့ မဖြစ်ပါဘူး၊ သူတို့ကို ထပ်သတ်ရင် ငြိမ်းချမ်းမှုကို ထိခိုက်လာပြီး ပိုပြီး ဝဋ်လည်လာပါလိမ့်မယ်”

လောကတွင် ဝဋ်လည်ခြင်းက တကယ် ရှိလေသည်။ ၎င်းကို ကံကြမ္မာဟု ခေါ်သည်။

ဘာမဆို ဖြစ်ပျက်သော အကြောင်းရင်းရှိလျင် ၎င်းအတွက် ပြန်ပေးဆပ်ရပေမည်။ ပြုသူမှ ပြန်မပေးဆပ်လျင် ထိုသူ၏ နောက်မျိုးဆက်များက ပြန်ပေးဆပ်ရလေ့ ရှိသည်။

ယဲ့ဖန်က သူတို့အားလုံးကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

“မင်းတို့ စိတ်ဝိညာဉ်ကို လွှဲပေး၊ ဝိညာဉ်စာချုပ် ချုပ်ဆိုပြီး တစ်သက်လုံး ကျွန်ခံမယ်ဆိုရင် ငါ မင်းတို့အသက်ကို ချမ်းသာပေးမယ်”

“ဒါက …”

ချက်ချင်းဆိုသလိုပင် ဘုရင်တစ်ပါး တွေဝေသွားသည်။ ဝိညာဉ်ကို လွှဲပေးလိုက်ခြင်းက တစ်သက်လုံး ယဲ့ဖန်၏ ကြိုးကိုင်ခြင်းကို ခံရမည်ဟု ဆိုလိုနေသည် မဟုတ်ပါလော။

ဝိညာဉ်စာချုပ် ချုပ်ဆိုပြီးသည်နှင့် သူတို့ တစ်သက်လုံး သစ္စာဖောက်၍ မရချေ။ပို၍ ကြောက်ဖို့ကောင်းသော အချက်မှာ ယဲ့ဖန် သေသွားသည်နှင့် သူတို့လည်း အသက်မရှင်နိုင်တော့ချေ။

“ဖောင်း”

ထိုအခိုက်တွင် ယဲ့ဖန်က သူ့ကို လက်ညှိုးထိုးလာသဖြင့် သူ့ဦးခေါင်း ပေါက်ကွဲသွားပြီး အသားဖတ်များနှင့် သွေးစက်များက ဘေးသို့ လွင့်စဉ်ကာ ဦးခေါင်းမဲ့သော အလောင်းက မြေကြီးပေါ် လဲကျသွားသည်။

ရက်စက်လှသည်။ တုံ့ဆိုင်းခြင်းတစ်ချက်မှ မရှိချေ။

“ဘယ်သူ မလုပ်ချင်ဘူးလဲ”

ယဲ့ဖန်က အားလုံးကို သုန်မှုန်၍ ကြောက်စရာကောင်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။

“ကျုပ် လုပ်ပါ့မယ်၊ ကျုပ် လုပ်ချင်ပါတယ်”

လူတိုင်း ကြက်သီးထသွားပြီး အသည်းအသန် ခေါင်းညိတ်လိုက်ကာ သေမတတ် ကြောက်နေကြသည်။ လက်ရှိတွင် သဘောမတူပါက သေလမ်းသာ ရှိသဖြင့် တန်းသေသည်ထက် ကျွန်သပေါက် ဖြစ်ခြင်းက ပိုကောင်း ပေသည်။

ယဲ့ဖန်က လက်တစ်ဖက်ကို မြှောက်လိုက်သောအခါ အနက်ရောင် အငွေ့အသက်များ ထွက်ပေါ်လာပြီး အင်မော်တယ် ဧကရာဇ်အဆင့်များနှင့် ခြောက်နိုင်ငံမှ ဘုရင်များကို လွှမ်းခြုံသွားသည်။

ထိုသို့သောအချိန်၌ သူတို့အားလုံး ထွက်မပြေးရဲဘဲ ယဲ့ဖန်က သူတို့ကို ဝိညာဉ်စာချုပ် ချုပ်ဆိုခွင့် ပြုလိုက်ရသည်။ ဝိညာဉ်စာချုပ် ချုပ်ဆိုလိုက်ပြီးသောအခါမှသာ လူတိုင်း စိတ်အေးကာ သက်ပြင်းချလိုက်မိသည်။

အဘယ်ကြောင့်ဆိုသော် ဤသည်က စစ်ပွဲပြီးသွားပြီဟုလည်း အဓိပ္ပာယ်ရသောကြောင့်ပင်။

အသက်ရှင်နေသေးသော စစ်သည်တော်များသည် မိဘများကိုတရင်း ငိုယိုကာ ယဲ့ဖန်ရှေ့၌ ဒူးထောက်၍ ထပ်ခါထပ်ခါ အရိုအသေ ပေးကြသည်။

“ကျွန်တော့်ကို မသတ်တဲ့အတွက် ယဲ့ဘုရင်ကို ကျေးဇူးတင်ပါတယ်”

“ကျွန်တော့်ကို မသတ်တဲ့အတွက် ယဲ့ဘုရင်ကို ကျေးဇူးတင်ပါတယ်”

ယဲ့ဖန်သာ သူတို့ကို သတ်ချင်လျင် အလွယ်လေးဖြစ်ကြောင်း သူတို့ သိပါသည်။

“ထွက်သွား”

ယဲ့ဖန်က မျက်နှာသာမပေးဘဲ ငေါက်ငမ်းလိုက်သည်။

“ဟုတ်ကဲ့ ဟုတ်ကဲ့၊ အခု ထွက်သွားပါ့မယ်”

လူတိုင်း ချွေးစေးပြန်ကာ အလျင်အမြန် နောက်လှည့်၍ ထွက်ပြေးကြလေသည်။

ဆယ်သန်းချီသော လူများ မောက်မာမှုအပြည့်နှင့် လာခဲ့သော်လည်း တစ်သန်းမျှလောက်သာ ရှက်ရွံ့မှုတို့ဖြင့် ပြန်လာကြသည်။

ခေါင်းဆောင်းနှင့် သံချပ်ကာကို ဆုံးရှုံးလိုက်ရပြီး လက်ချည်းဗလာဖြင့် ပြန်လာသည်ဟု ဆိုရမလားပင်။

“ဟားဟား … ငါတို့ နတ်ဆိုးမျိုးနွယ်ရဲ့ မြင့်မြတ်ထည်ဝါမှုကို ကြည့်စမ်းပါဦး၊ နတ်ဆိုး အငွေ့အသက် အင်ပါယာက ဖျက်ဆီးလို့မရနိုင်ဘူးကွ”

“ဒီနေ့ကစပြီး နတ်ဆိုးအငွေ့အသက် အင်ပါယာက လူမသိသူမသိ တိုင်းပြည်လေးကနေ အင်အားကြီးပြီး စည်ပင်ဖွံ့ဖြိုးတဲ့ နိုင်ငံအဖြစ် ကိုးပြည်နယ်မှာ ကျော်ကြားလာတော့မှာကွ”

ဖန်သားပြင်ရှေ့မှ နတ်ဆိုးမျိုးနွယ်များ စိတ်လှုပ်ရှားနေကြသည်။ ယခုအချိန်မှစ၍ သူတို့ နတ်ဆိုး အငွေ့အသက် အင်ပါယာသည် အရပ်မျက်နှာအနှံ့မှ လေးစားမှုတို့ကို ခံရပေတော့မည်။

အဘယ်ကြောင့်ဆိုသော် သူတို့၏ အရှင်မင်းမြတ်က ကိုးပြည်နယ်တစ်ခုလုံးကို ကိုင်လှုပ်နိုင်သော ကြောက်စရာ ကောင်းသည့် ပုဂ္ဂိုလ်ဖြစ်နေသောကြောင့်ပင်တည်း။

သူသည် ချုံးချီအား စီးတော်ယာဉ်အဖြစ် အသုံးပြုသည်။ အင်မော်တယ် ဧကရာဇ်အဆင့်အား ကျေးကျွန်အဖြစ် ခစားစေ၏။ သိုင်းပညာရှင်များအားလုံး ရှင်းလင်းခဲ့ပြီး တားဆီး၍ မရနိုင်သောသူပင်။

သူတော်စင်အဆင့်တောင်မှ သူ့ကိုမြင်လျင် ဦးညွှတ်ရသည်။

ထိုသို့သောအချိန်၌ တစ်လောကလုံးမှ တိုက်ရိုက်ထုတ်လွှင့်ခြင်းအား ကြည့်ရှုသူများသည် ထိုလူ၏ ပုံရိပ်ကို စိတ်ထဲ၌ စွဲနေအောင် မှတ်ထားမိသည်။

နတ်ဆိုးအငွေ့အသက် တိုင်းပြည်၌ အဘိုးအိုတစ်ယောက် ရှိသည်။ သူသည် အသက်ကြီးနေသော်လည်း အလွန်အမင်း သန်မာ၏။ နိုင်ငံ၏ နယ်မြေကို တစ်ယောက်တည်း စောင့်ကြပ်နိုင်ပြီး သန်းချီသော ရန်သူများကို ခုခံနိုင်ကာ ပြိုင်ဘက်ကင်းခဲ့သည်။

သူ၏ ညီအစ်ကို သုံးယောက်လုံးသည်လည်း လောကကို စိုးမိုးနိုင်သော ကြောက်စရာကောင်းသည့် မကောင်းဆိုးဝါးများ ဖြစ်လေသည်။

“မင်း သွားလို့ရပြီ”

ယဲ့ဖန်က ကျင်းလျိုရင်ကို ပြောလိုက်သည်။ သို့သော် ကျင်းလျိုရင်က ငို၍ အလေးအနက် ပြောလာသည်။

“တာအိုသခင်ရဲ့ လမ်းပြမှုကြောင့်သာ မဟုတ်ရင် ကျွန်တော် ဒီတစ်သက် သူတော်စင်အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နိုင်မှာ မဟုတ်ပါဘူး၊ ကျွန်တော် အဲ့ကျေးဇူးကို နှစ်ပေါင်းများစွာ ပြန်မပေးဆပ်နိုင်ခဲ့ပါဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်ကို တာအိုသခင်ထံ ခစားခွင့်ပေးပါ”

တစ်ချိန်က သူအဆင့်တက်နေချိန်တွင် မိစ္ဆာစိတ်ဝင်မလို ဖြစ်ခဲ့ပြီး သူ့အား ကယ်တင်၍ လမ်းညွှန်မှု လုပ်ပေးခဲ့သူက ယဲ့ဖန်ပင်။ သို့မဟုတ်ပါက သူ သေနေလောက်လေပြီ။

All Chapters