← Chapters

ယွမ်တင်း၏ ခန့်မှန်းချက်။

Vol. 6 Ch. 134

ယွမ်တင်း၏ ခန့်မှန်းချက်။

Vol. 6 Ch. 134

အစောပိုင်းက “အထူး“ ဖြစ်စဉ်အနေနဲ့ ပတ်သက်ပြီး စိတ်ထဲထင့်နေဆဲဖြစ်တယ်။ အခု ချုစစ်ဟန် အလွန်အမင်း မပျော်မရွှင် ဖြစ်နေ၏။

သူ လုရှန်းနဲ့ ပထမဆုံးဆုံတုန်းက သူမက သူ့အတွက် လက်ဖက်ရည်တောင် မလောင်းထည့်ပေးဘူး။ ဒီတတိယမင်းသားမှာ ဘယ်လိုစွမ်းဆောင်ရည်တွေ ရှိနေလို့လဲ?

လုကျန့်က ချုစစ်ဟန်ရဲ့ ပုတ်ခတ်ပြောဆိုမှုကို လစ်လျုရူထား၏။

ထို့အစား သူက မျက်မှောင်ကြုံ့ကာ “လက်ဖက်ခြောက်က ဘာလို့ ရုတ်တရက် နည်းနည်းချဉ်သွားတာလဲ?”

ကျန်တဲ့သူများ ပြောစရာစကားမဲ့သွားကြသည်။

“သခင်လေးက ဟာသလုပ်ရတာ ကြိုက်တာပဲ။”

လုရှန်း ရိုးရိုးလေး ပြုံးနေပေမဲ့လည်း သူမရဲ့ မျက်လုံးတွေထဲ သတိပေးမှုအပြည့်ရှိနေတယ်။

လုကျန့် သူမကို မော့ကြည့်ပြီး လက်ဖက်ရည်ဆက်သောက်နေ၏။ သူက ခေါင်းညိတ်ပြီး “အရင်လိုပဲ အရသာရှိတယ်။ အခုတလော ငါ့ရဲ့ အရသာခံဖုတွေ တစ်ခုခုမှားနေပြီလား။”

ချုစစ်ဟန် စကားမပြောနိုင်အောင်ဖြစ်နေ၏။

သူသာ အရူးဆိုရင် တတိယမင်းသား(ဒီလူ) ဆိုလိုတာကိုသိမည်မဟုတ်။

ချုစစ်ဟန် သူ့နှလုံးသားထဲ နှာခေါင်းရူံ့မိတယ်။

“တတိယမင်းသားက ဖျားနာမှုက သက်သာနေပြီ။ မြို့တော်မှာ အနားယူရမဲ့အစား ဘာလို့ မြို့ငယ်လေးဆီ ရောက်လာတာလဲ?”

“သခင်'ချု'က မသိပေမဲ့ ဒီနေရာက ပြန်သက်သာလာဖို့အတွက် သင့်တော်တယ်။”

လုကျန့် လက်ဖက်ရည်ခွက်ကို စားပွဲပေါ်တင်လိုက်ပြီး မျက်ခုံးပင့်တင်ကာ ဆိုတယ်။

ချုစစ်ဟန် တခဏတွေးတောရင်း စိတ်ဓာတ်ကျနေ၏။

တတိယမင်းသားရဲ့ အမူအရာနဲ့ အပြုအမူတွေက လုရှန်းနဲ့ ဆင်တူနေတာ သူနားလည်လိုက်တယ်။

ဒီအသိတရားက သူ့နှလုံးသားကို ရူပ်ထွေးစေပြီး သူ့ခန္ဓာကိုယ်ကို အချဉ်ဓာတ်တွေနဲ့ ပြည့်နေစေ၏။

တစ်ဖက်မှာတော့ လုရှန်းသည် သူမနဲ့ ဆန့်ကျင်ဘက်လူကို အပြုံးနဲ့ လက်ဖက်ရည် ထည့်ပေးဆဲပဲ။ မျက်နှာထားအမူအရာ ပုံမှန်ဆိုပေမဲ့ ကြေကွဲမတက်ဖြစ်နေလေသည်။

လုကျန့်ရဲ့မျက်နှာ တည်ငြိမ်နေပေမဲ့ အရမ်းကို ပျော်ရွှင်နေ၏။

သူ့သမီးကို လက်ထပ်ဖို့ ဘယ်လိုလုပ် လွယ်ကူနိုင်မှာလဲ?

ဒီလူ သူ့ကလေးကို လွယ်လွယ်ရရင် မြတ်နိုးမှာမဟုတ်ဘူး။ သူမ ဘယ်လောက်အဖိုးတန်သလဲသိဖို့ ငြူစူမှုမျိုးစုံ တွေ့ကြုံခံစားရဉီးမည်။

သူက လုရှန်းကို “မင်း ရုပ်ရည်အတော်လှတယ်။ ကောင်းမွန်တဲ့ဘဝတစ်ခုရဖို့ မင်းဘာလို့ငါ့အနောက် မလိုက်ရမှာလဲ? မင်း ဘယ်လိုထင်သလဲ?”

လုရှန်း စကားမပြောနိုင်‌အောင် ဖြစ်သွား၏။

ဆရာ ဘာဖြစ်နေတာလဲ?

သူမ ပြန်မဖြေတာကိုမြင်တော့ လုကျန့်က "ဒါဆို… မွေးစားညီမလေး ဆိုရင်ကော?‘

လုရှန်း စကားမပြောနိုင်အောင်ဖြစ်နေ၏။

ဆရာကို တပည့်ဖြစ်သူက မရိုက်ရဲဘူးလို့များ သူ တကယ်ထင်နေသလား?

ချုစစ်ဟန်ဘေးတွင် ထိုင်နေသည့် ရှီရီသည် အထူးသဖြင့် ချုစစ်ဟန်ရဲ့ အမူအရာကိုမြင်ပြီး ကြောက်လန့်နေတယ်။

သူ သူ့ဖင်ကို ယွမ်တင်းဆီသို့ ရွေ့လိုက်ပြီး တိတ်တဆိတ်နေ၏။

အချိန်အတော်ကြာတော့ လုရှန်း ရိုးသားစွာပြုံးပြီး "တတိယမင်းသားက တကယ့်ကို ဟာသပြောတတ်တာပဲ...”

ယွမ်တင်းက တစ်ခုခုကို သတိပြုမိသွားပုံရပြီး လုရှန်းကို အံ့အားသင့်စွာ ကြည့်တယ်။

ချုစစ်ဟန် မနာလိုစိတ်ကြောင့် တခဏ စဉ်းစားဖို့မေ့သွားတယ်။ တတိယမင်းသားရဲ့နောက်ခံကို သိသွားချိန်မှာ လုရှန်းရဲ့ မျက်နှာထားလုံးဝ မပြောင်းလဲသွားတာကို ချုစစ်ဟန် မသိလိုက်ဘူး။

ဆိုလိုတာက သူမ တတိယမင်းသားကို သိတယ်။

ဒီဖြစ်နိုင်ချေကို နားလည်ပြီးနောက် ယွမ်တင်း လုရှန်းရဲ့ နောက်ခံကို သိချင်လာသည်။

သူမ ချုစစ်ဟန်ကို သိတယ်လို့ ပြောခြင်းသည် ကျိုးကြောင်းဆီလျော်သည်။ ပြောရရင် သူတို့နှစ်ယောက်ဟာ ခင်ပွန်းနဲ့ဇနီးဖြစ်လုနီးပါးတွေ။

သို့ပေမဲ့ လုရှန်း တတိယမင်းသားကို သိနေတယ်ဆိုရင် သူမ ဘယ်လိုသိတာလဲ?

သူမ တတိယမင်းသားကို မသိဘူးဆိုရင် တတိယမင်းသားရဲ့နောက်ခံကို သိပြီးနောက် ဘာလို့ မအံ့ဩသွားတာလဲ?

ဒါ့အပြင် ပထမဆုံးအကြိမ်တွေ့ဆုံချိန် သူစိမ်းတစ်ယောက်ကဲ့သို့ တတိယမင်းသားကို မဆက်ဆံဘူး။

ဒါ့အပြင် တတိယမင်းသားသည် မြို့တော်တွင် စိတ်ချမ်းချမ်းသာသာနေထိုင်သော်လည်း သူ့ကိုယ်သူအမြဲတမ်းသန့်ရှင်းတယ်။ အခု အသက် ၂၀ ကျော်ပြီ သူ့အနောက်ဘက်ခြံဝန်းထဲ ကိုယ်လုပ်တော် တောင်မရှိဘူး။

မြို့တော်မှာ သူက မြုံနေတယ်ဆိုသည့် ကောလဟာလတွေတောင်ရှိတယ်။ အချို့က သူက လိင်တူ ချစ်သူဖြစ်ကြောင်းနဲ့ အမျိုးသမီးများကို မကြိုက်ဘူးလို့တောင် ပြောဆိုကြသည်။

လူအချို့က သူက အမျိုးသမီးတစ်ဦးကို လေးလေးနက်နက် ချစ်မိခဲ့တယ်။ သူချစ်တဲ့ မိန်းကလေးက ရောဂါတစ်ခုကြောင့် သေဆုံးသွားခဲ့ပြီ။ ဒီတစ်သက်လုံး သူမကိုပဲ ချစ်တော့မယ်လို့ စိတ်ပိုင်းဖြတ်ထားပြီ လို့ ဆိုကြသည်။

သို့သော် ကောလဟာလတွေက ကောလဟာလတွေသာ။ အတည်ပြုတာမျိုး မရှိခဲ့ပါ။

တတိယမင်းသားလေး ချစ်ရတဲ့အမျိုးသမီးက ရောဂါကြောင့် သေသွားသည့်မိန်းကလေး မဟုတ်ပဲ လုရှန်း ဖြစ်နေတာလား?

All Chapters