← Chapters

မဖြစ်နိုင်သော တာဝန်

Vol. 111 Ch. 1659

မဖြစ်နိုင်သော တာဝန်

Vol. 111 Ch. 1659

သူ့ဘေး၌ ယဲ့ဖန်၏ အမျိုးသမီးများအားလုံး စိတ်လှုပ်ရှားနေကြသည်။ ဤသုံးရက်အတွင်း သူတို့သည်လည်း မအိပ်ဘဲ စောင့်နေသည်။

“အဖေ စောင့်မနေပါနဲ့၊ အဲ့ကောင်လေး အထဲမှာ သေနေလောက်ပြီ”

အိုးရန်ရှန့်ဖုန်းက ရယ်မောလိုက်ပြီးနောက် မျိုးနွယ်ဝင်များဘက်လှည့်၍ ပြောလိုက်သည်။

“အားလုံး ပြီးသွားပြီ၊ သွားကြမယ်၊ ဒီကောင်က ငါ့အစ်မကြီးရဲ့ သွေးသား မဟုတ်ဘူးလို့ သက်သေ ပြနေပြီ”

သူ၏ မျက်နှာက အလွန် ပျော်ရွှင်နေပုံ ပေါ်နေကာ မျက်နှာတွင် ငါ အရမ်း ပျော်နေတယ်” ဟု ရေးထားမတတ် ဖြစ်နေ၏။

“ဟုတ်တယ် ဟုတ်တယ်၊ ဘယ်ကမှန်းမသိတဲ့ မျိုးမစစ်ကောင်က ငါတို့ဆီ ဝင်လာဖို့ ကြိုးစားရတယ်လို့၊ ငါ့အစ်ကိုနှစ်နဲ့ ငါနဲ့ အခြေအနေကို သတိထားမိပြီး အဲ့ကောင်မှာ မကောင်းတဲ့ ရည်ရွယ်ချက် ရှိတာကို သိလိုက်ပြီးတော့ အချိန်မီ တားလိုက်နိုင်လို့ တော်သေးတယ်၊ ဒီလိုလုပ်မှပဲ သူ့အကြံ မအောင်မြင်တော့တယ်”

အိုးရန်ယုကလည်း ရယ်ပြီး လျှောက်လာသည်။

ဤသည်ကိုကြည့်ပြီး အိုးရန်ကျန်း အံကြိတ်ထားရသဖြင့် သွားများ ကြေမတတ် ဖြစ်နေသည်။

သူ့သားနှစ်ယောက်၏ အကျင့်စရိုက်ကို သူ မသိခဲ့ပါ။ သူတို့ ယဲ့ဖန်ကို သေအောင်သတ်ရသည့် အကြောင်းရင်းမှာ နောင်အနာဂတ်တွင် ယဲ့ဖန်က သူတို့၏ အဆင့်အတန်းအား လုယူလာမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

*ဒီအသုံးမကျတဲ့ နှစ်ကောင်က မိသားစုဝင်အချင်းချင်းကို လာယှဉ်ပြိုင်နေတဲ့ အိုးရန်ချင်ရွှယ်နဲ့ အဆ တစ်ရာတောင် မဟုတ်ဘူး ထောင်ချီပြီး ကွာလိုက်တာ*

အိုးရန်ချင်ရွှယ်သည် အိမ်မှထွက်သွားသည်နှင့် အရပ်မျက်နှာအနှံ့ သွားလာခဲ့ပြီး သိုင်းပညာရှင်များကို အနိုင်ယူခဲ့သောကြောင့် အော်ငိုသံများနှင့် တောင်းပန်သံများ ညံနေခဲ့သည်။

အိုးရန်ချင်ရွှယ် အိမ်၌ရှိနေစဉ်အခါက အိုးရန်အိမ်တော်တွင် လှပပြီး အလွန် အန္တရာယ်များသော အမျိုးသမီး တစ်ဦးအဖြစ် ကျော်ကြားပြီး လိုချင်သူ များပြားခဲ့သည်။

သူ၏ မိတ်ဆွေဟောင်းများ အိမ်သို့ အလည်လာလျင်လည်း အိုးရန်ကျန်းအား သူမလို သမီးမျိုးရှိသည့်အတွက် ချီးကျူးခဲ့ကြသည်။

သို့သော် ယခုအခါတွင်မူ သူ့မိတ်ဆွေဟောင်းများက အိမ်သို့လာလျင် အိုးရန်ရှန့်ဖုန်းနှင့် အိုးရန်ယုတို့အား အထင်မကြီးသော အပြုံးများဖြင့် ကြည့်ကြသည်။

သို့သော် အိုးရန်ရှန့်ဖုန်းတို့ ညီအစ်ကို နှစ်ဘောက်မှာမူ အထင်သေးစိတ်ဖြင့် အကြည့်ခံနေရသော်လည်း သတိ မထားမိကြဘဲ ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီ ထင်နေကြသည်။ သူတို့ကိုယ်သူတို့ အင်မော်တယ် ဧကရာဇ်အဆင့်သို့ တက်နိုင်ပြီဖြစ်သဖြင့် လောကတွင် ပြိုင်ဘက်ကင်းလှပြီဟု ထင်ကာ မည်သူမှ ဂရုစိုက်စရာ မလိုဟု တွေးနေကြသည်။

အိုးရန်ကျန်းနှင့် သူ့မိတ်ဆွေဟောင်းများက သူတို့ကို အထင်မကြီးသည်ကို သူတို့ လုံးဝ မသိကြချေ။

တစ်နည်းအားဖြင့် ပြောရလျင် အိုးရန်ကျန်းနှင့် အခြားသူများ၏ မျက်လုံးထဲတွင် အိုးရန် ရှန့်ဖုန်းနှင့် အိုးရန်ယုတို့က အိုးရန် ချင်ရွှယ်ထက် ပိုဆိုးလှသည်။

မနာလိုမှု၊ သူတို့တွင် မနာလိုမှုသာ အတောမသတ်နိုင်အောင် ရှိခဲ့သည်။ သူတို့သည် မနာလိုစိတ် ဖြစ်သည်မှလွဲ၍ သူတို့ကိုယ်သူတို့ တိုးတက်လာအောင် မလုပ်ချင်ကြချေ။

ထိုသို့သောလူမျိုး၏ လက်ထဲသို့ အိုးရန်မျိုးနွယ်ကို လွှဲပေးလိုက်လျင် မည်သို့သော အနာဂတ်မျိုး ဖြစ်လာမည်နည်း။

“လင်အော် သမီး မှတ်ထားနော်၊ အနာဂတ်မှာ ဒီအရူးလို သေလမ်းပဲ ရှိမှန်း သိတာတောင် အသေခံတာမျိုး လုပ်လို့ မဖြစ်ဘူး၊ အဲ့ဒါက လူရယ်စရာပဲ ဖြစ်လာမှာ”

အိုးရန်ရှန့်ဖုန်းက သူ့ဘေးမှ ကလေးမလေးကို ပြောလိုက်သည်။

“ဖေဖေ စိတ်မပူပါနဲ့၊ သမီးက အရူး မဟုတ်ပါဘူး”

အိုးရန်လင်က အထင်သေးဟန်ဖြင့် ပြန်ပြောလာသည်။

“အဲ့မိန်းမတွေကို ဘယ်လိုလုပ်မလဲ”

ရုတ်တရက် အိုးရန်ယုက ကျုံးဝမ်နှင့် အခြားမိန်းကလေးများကို စဉ်းလဲစွာ ပြုံး၍ ကြည့်လိုက်သည်။ သူ့မျက်နှာတွင် ရာဂမီးတောက်လောင်နေဟန် ပေါ်လာသည်။ ၏

ဤမျှ လှပသော မိန်းကလေးကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။ ဤမိန်းကလေးများနှင့် မပျော်ပါးရလျင် သူ လူဖြစ်ရှုံးပေလိမ့်မည်။

အိုးရန်ရှန့်ဖုန်းက သူ့ညီ ဘာတွေးနေသလဲ မသိပေ။ ထို့ကြောင့် သူက စာနာမှုမဲ့စွာ ရယ်မော၍ ပြောလိုက်သည်။

“အဲ့မိန်းမကတွေကလည်း ဟိုကောင်လေးရဲ့ အပေါင်းအပါတွေပဲလေ၊ သူတို့ကို ချက်ချင်း ဖမ်းပြီး နှိပ်စက် သင့်တယ်”

နှိပ်စက်သင့်သည်ဟု ပြောသော်လည်း တကယ်တမ်းတွင် သူသည်လည်း မိန်းကလေးများကို ဖျက်ဆီးချင် နေသည်။

*ယဲ့ဖန်ဆိုတဲ့ကောင်က နည်းနည်းတော့ ကံကောင်းတယ်လို့ ပြောရမယ်၊ သူ့နောက်ကို လိုက်လာတဲ့ မိန်းကလေး တွေက တစ်ယောက်ထက် တစ်ယောက်က ပိုလှနေတာကြီးပဲ*

*သူတို့နဲ့မှ မပျော်ပါးမိရင် ငါ့ကိုယ်ငါ စိတ်မကောင်းဖြစ်ရမှာပေါ့*

အိုးရန်ချင်ရွှယ်၏ သားကို သူတို့ သတ်လိုက်ပြီး ချွေးမများကလည်း သူတို့၏ အသုံးတော်ခံများ ဖြစ်လာပေ တော့မည်။ ထိုသို့တွေးမိသည်နှင့် သူတို့ ချက်ချင်း စိတ်လှုပ်ရှားလာကြသည်။

သို့သော် ကျုံးဝမ်နှင့် ကျန်မိန်းကလေးများက သူတို့ကို ရွံရှာ၍ အဖက်မလုပ်ဟန်ဖြင့် အေးတိအေးစက် ကြည့်လာသည်။

“ရှင်တို့ကို သေတွင်းမတူးဖို့ အကြံပေးလိုက်မယ်”

ကျုံးဝမ်က ဦးဆောင်၍ ခံစားချက်မဲ့စွာဖြင့် တည်ငြိမ်စွာ ပြောလိုက်သည်။

“ရှင်တို့ အဲ့လိုလုပ်လို့ကတော့ မိသားစု အကြီးအကဲတွေ ဖြစ်နေရင်တောင်မှ ယဲ့ဖန်က ဒီအတိုင်း ထားမှာ မဟုတ်ဘူး”

ထန်ပုခူက အေးစက်စွာ ပြောလာသည်။

လူတိုင်း မအံ့ဩဘဲ မနေနိုင်အောင် ဖြစ်သွားကြသည်။ သူတို့ မယုံနိုင် ဖြစ်နေပုံရသည်။

*ဒီလိုအချိန်မှာတောင်မှ ဒီမိန်းမတွေက အတင့်ရဲနိုင်တယ်ပေါ့လေ*

“မိန်းမပျက်တွေ ငါ့အိုးရန်မိသားစု နယ်မြေထဲ ရောက်နေတာတောင် အတင့်ရဲရဲတယ်ပေါ့လေ၊ သူတို့ကို ကျောင်းမှန်းကန်းမှန်း သိအောင် ပြရမယ်နဲ့တူတယ်”

အိုးရန်ရှန့်ဖုန်းက အေးတိအေးစက် ပြန်ခနဲ့လိုက်သည်။

*ဒီမိန်းမတွေကများ ငါတို့ကို ခြိမ်းခြောက်ရဲတယ်ပေါ့လေ*

*ခွင့်မလွှတ်နိုင်ဘူး*

အိုးရန်ကျန်းတစ်ယောက်တည်း၏ အမူအရာသာလျင် အနည်းငယ် ပြောင်းလဲသွားပြီး ထိုမိန်းကလေးများကို မျက်မှောင်ကြုတ်၍ ကြည့်နေသည်။

သို့သော် ဤမိန်းကလေးများ၏ အကြည့်များက အလွန် ပြတ်သား၍ ခံစားချက်ကင်းမဲ့နေပြီး နည်းနည်းလေးမှ သွေးပျက်ခြင်း မရှိသည်ကို သူ အသေအချာ ခံစားမိသည်။

*အိုးရန် ရှန့်ဖုန်းနဲ့ အိုးရန်ယုတို့ သူတို့ကို ရန်လုပ်လာမှာကို တကယ် မကြောက်ဘူးလား*

“ထွက်သွား ယဲ့ဖန် ပြန်မလာခင် သူ့မိန်းမကို ထိရဲတဲ့ ဘယ်သူမဆို ကျုပ်ကို ရက်စက်တယ်လို့ အဆိုးမဆိုနဲ့”

အိုးရန်လင်းက ဓားကိုဆွဲ၍ ရှေ့တက်လာပြီး မျက်လုံးများက ခက်ထန်နေသည်။ လီဟွမ်ဟွမ်က ဘာမှမပြောဘဲ သူမယောကျ်ားနားသို့ လျှောက်သွားကာ ခါးကြားမှ ဓားကို ဆွဲထုတ်လိုက်သည်။

အိုးရန်ရှန့်ဖုန်းနှင့် အိုးရန်ယုတို့၏ အပြုံးများက တင်းမာလာပြီး မျက်လုံးများက စူးရဲလာသည်။

“ညီလေး မင်း ဘာစကားပြောနေမှန်း‌ရော သိသလား”

အိုးရန်ရှန့်ဖုန်းက အိုးရန်လင်းအား အထင်သေးစွာ ကြည့်နေပြီး သူ့မျက်လုံးတွင် လူသတ်ချင်စိတ်များနှင့် ပြည့်နှက်နေကာ ခြိမ်းခြောက်ခြင်းတို့ဖြင့် ပြည့်နှက်နေ၏။

“ကျွန်တော် ကောင်းကောင်း သိတယ်၊ အစ်ကိုနှစ်နဲ့ အစ်ကိုသုံး သူက ကျွန်တော်တို့ရဲ့ တူလေးပါ၊ ဘယ်လိုလုပ် သူ့ကို ဒီလို ဆက်ဆံနိုင်ရတာလဲ”

အိုးရန်လင်း၏ အသံက ငိုသံပါနေပြီး သူ့အစ်ကိုနှစ်ယောက်က ဤမျှ ရက်စက်လိမ့်မည်ဟု မယုံနိုင် ဖြစ်နေသည်။

*ယဲ့ဖန်ကို သတ်ရုံနဲ့ မလုံလောက်သေးလို့ သူ့မိန်းမကိုပါ အသုံးတော်ခံလို လုပ်ချင်နေတာလား*

*ဒါ လူတစ်ယောက်ရဲ့ လုပ်ရပ်မှ ဟုတ်သေးရဲလား*

“တူ ဟုတ်လား၊ ညီလေး ကြည့်ရတာ မင်း သူ လှည့်စားတာကို ခံနေရပြီနဲ့ တူတယ်၊ သူက မကောင်းတဲ့ ရည်ရွယ်ချက် ရှိတဲ့ သူလျှိုဆိုတာ သိသာနေတာပဲလေ”

အိုးရန် ရှန့်ဖုန်းက လှောင်ရယ်၍ ပြန်ပြောလိုက်သည်။ ယဲ့ဖန်၏ နောက်ကြောင်းကို သူ အသိအမှတ် မပြုသရွေ့ သူ ယဲ့ဖန်ကို‌ အကြောက်အလန့်မရှိ အခါတစ်ထောင်မက သတ်နိုင်ပေသည်။

“အခု အချက်အလက်နဲ့ပဲ ပြောကြတာပေါ့၊ သူ တစ္ဆေလမ်းကနေ အသက်ရှင်လျက် ထွက်မလာနိုင်ဘူးလေ၊ ဒါက သူ လူလိမ်ဆိုတာကို ပြနေတာပဲ၊ ငါတို့အားလုံး ဒါကို မြင်နေရတာတောင် ညီလေးက မမြင်နိုင်ဘူးလား၊ မိသားစုခေါင်းဆောင် ဖြစ်ချင်လို့ မင်း သူ့ကို တမင်ခေါ်လာတာလားလို့တောင် ငါ သံသယဝင်မိတယ်”

အိုးရန်ယုက ထူးဆန်းသော စကားကို ပြောလာပြီး အဓိပ္ပာယ်မရှိသော အရာအား အိုးရန်လင်း၏ ခေါင်းပေါ် ပုံချလိုက်သည်။

ရုတ်ချည်းဆိုသလိုပင် အိုးရန်မိသားစုဝင်များအားလုံးက အိုးရန်လင်းကို မူမမှန်သော အကြည့်များဖြင့် ကြည့်လာသည်။

“အိုးရန်ယု ရှင် လူတိုင်းကို ထင်သလို အပုတ်ချမနေနဲ့၊ အမှန်တရားကို ရှင့်ထက် ဘယ်သူမှ ပိုမသိဘူး၊ အစ်မကြီး ဒီမှာ ရှိတုန်းကဆိုရင် သူ့ကိုမြင်တာနဲ့ ရှင်က ကြောင်ကိုမြင်တဲ့ ကြွက်လို ဖြစ်နေတာလေ၊ သူ့ကို မတိုက်ခိုက်ရဲပင်မယ့် အခု သူ့သားကိုတော့ ရှင် တိုက်ခိုက်ရဲတယ် မဟုတ်လား၊ တော်တော် ဖြောင့်မတ်တာပဲ”

လီဟွမ်ဟွမ်က သရော်လိုက်သည်။

ထိုစကားကိုကြားသော် အိုးရန်ရှန့်ဖုန်းနှင့် အိုးရန်ယုတို့၏ မျက်နှာများ မည်းမှောင်သွားပြီး အမြီးတက်နင်းခံ လိုက်ရသည့် ကြောင်သဖွယ် ဒေါကန်လာကြသည်။

“မင်း ဘာစကားပြောတာလဲ ခွေးမ၊ မင်းလို အပြင်လူက ဘယ်တုန်းက ငါတို့မိသားစုကိစ္စကို ဝင်ပါခွင့် ရသွားတာလဲ”

အိုးရန်ရှန့်ဖုန်းက ငေါက်ငမ်းလိုက်သည်။

“ညီလေး မင်းမိန်းမကိုတောင် မင်း  နိုင်အောင် မထိန်းနိုင်ဘူးလား၊ မင်း ယောက်ျားလို့ရော ခေါ်ထိုက်သေးရဲ့လား”

အိုးရန်ယုက ငေါက်လေသည်။ မထင်မှတ်ထားစွာပင် အိုးရန်လင်းက ခံစားချက် ကင်းမဲ့စွာ ပြုမူနေ၏။ ထို့နောက် သူက အိုးရန် ရှန့်ဖုန်းအား ဓားဖြင့် ရွယ်လာသည်။

“သူ့စကားက ကျုပ်စကားပဲ၊ ပြီးတော့ ကျုပ်မိန်းမကို ခင်ဗျား လာအော်ရဲလို့ကတော့ ကျုပ် ခင်ဗျားကို သတ်ပစ်မယ်”

လက်ရှိတွင် လင်မယားနှစ်ယောက်သည် ယခင်နှင့် တစ်ခါမှ မတူဘဲ စည်းလုံးနေ၏။ လီဟွမ်ဟွမ်သည်လည်း ရင်ထဲ၌ နွေးထွေးသလို ခံစားလိုက်ရပြီး ပြီးခဲ့သော နှစ်များက မည်သူမှမရှိသော အိမ်ထဲ၌ အထီးကျန်စွာ ဖြတ်သန်းခဲ့ရသည့် ဝမ်းနည်းပူဆွေးမှုတို့ကို မေ့ပျောက်သွားသည်။

“တော်လိုက်တော့”

ရုတ်တရက် မိုးခြိမ်းသံကဲ့သို့သော အော်သံတစ်သံ ထွက်ပေါ်လာ၏။ လူတိုင်း အတွေးထဲ ဗလာဖြစ်သွားပြီး တစ်ကိုယ်လုံး တုန်ယင်လာသည်။

သူတော်စင်အဆင့်၏ ခွန်အားက အင်မော်တယ် ဧကရာဇ်ကို သတ်ပစ်နိုင်၏။ ဤဖိအားကို အဘယ်နည်းနှင့်မျှ မခုခံနိုင်ပါ။

အိုးရန်ကျန်း၏ ဒေါသကို မြင်သောအခါ လူတိုင်း ချက်ချင်း စိတ်တည်ငြိမ်သွားသည်။ အိုးရန်ကျန်းသည် အိမ်တော်၌ ဘာမှမပြောတတ်သော သူတစ်ယောက် ဖြစ်သည်။ သို့သော် သူ၏ မြင့်မြတ်မှုကို စော်ကား၍ မရနိုင်ပေ။

“ငါ သေတောင် မသေသေးဘူးကွ၊ ဒီအိမ်တော်ကို ဖျက်ဆီးချင်ရင် ငါ သေပြီးမှ ပြောကြ”

အိုးရန်ကျန်းက ခြင်္သေ့တစ်ကောင်ကဲ့သို့ မာန်မဲလေသည်။ ထိုစကားကိုကြားသော် အိုးရန်ရှန့်ဖုန်းနှင့် အခြားသူများ ရုတ်တရက် မျက်နှာ မည်းမှောင်လာပြီး အိုးရန်လင်းကို သတ်ချင်သည့်စိတ်အား အတင်း ချိုးနှိမ်လိုက်ရသည်။

“စည်ကားနေလိုက်တာ၊ ကျွန်တော် ပွဲကြီးပွဲကောင်းတစ်ခု လွတ်သွားပြီနဲ့တူတယ်”

ရုတ်တရက် စနောက်သော အသံတစ်သံ ထွက်လာ၏။ ထိုအခါ လူတိုင်း မျက်လုံးပြူးကာ မယုံသင်္ကာ ဖြစ်သွားကြသည်။

ထို့နောက် သူတို့ တစ္ဆေလမ်း၏ ဂူဝသို့ ပြိုင်တူ ကြည့်လိုက်ကြသည်။ ထိုစဉ် မှုန်ဝါးဝါး ပုံရိပ်တစ်ခုက အထဲမှနေ၍ အပြင်သို့ တဖြည်းဖြည်း လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။

ထိုသို့သောအချိန်၌ အိုးရန်ကျန်းနှင့် အခြားသူများအားလုံး မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ဖြစ်နေကြပြီး မှင်တက် နေလေသည်။

အားလုံး၏ မျက်လုံးများက ထိုပုံရိပ်ကိုသာ မျက်တောင်မခတ်တမ်း ကြည့်နေကြသည်။

“မဖြစ်နိုင်ဘူး၊ ဒါ လုံးဝ မဖြစ်နိုင်ဘူး”

အိုးရန်ရှန့်ဖုန်း၏ မျက်နှာက ရုတ်တရက် သရဲသဘက်ကို တွေ့လိုက်ရသကဲ့သို့ ဖြစ်သွားပြီး မျက်လုံးများ ပြူးကျယ်နေ၏။

ဘေးဘက်မှ အိုးရန်ယုသည်လည်း အလန့်လွန်ကာ စကားပင် မပြောနိုင် ဖြစ်နေပြီး ‌ပါးပေါ်သို့ ချွေးစေးများ စီးကျလာသည်။

ထိုစဉ် ယဲ့ဖန်၏ ပုံရိပ်သည် နေရောင်ဖြင့် ရေချိုးထားသကဲ့သို့ လင်းလက်နေကာ လက်ကိုဆန့်၍ နဖူးထက်၌ ကာစီးကာ မျက်လုံးများအား အလင်းနှင့် ပြန်အသားကျအောင် လုပ်နေသည်။

ထို့နောက် သူက နှုတ်ခမ်းတွန့်ရုံ ပြုံး၍ အိုးရန်ကျန်းကို ပြောလိုက်သည်။

“အဘိုး ကျွန်တော် ပြန်လာပြီ”

ဤသည်ကိုမြင်သော် အိုးရန်ကျန်းသည် တစ်ခဏမျှ မှင်တက်သွားပြီးနောက် ဝမ်းသာစိတ်ကြောင့် မျက်ရည်ကျ လာပြီး ချက်ချင်း အရှေ့သို့ ပြေးသွားပြီး ယဲ့ဖန်အား ဖက်လာသည်။

“ပြန်လာပြီ၊ မင်း ပြန်လာပြီ”

*ဒီကောင်လေး တကယ် တစ္ဆေလမ်းကနေ ထွက်လာနိုင်တာပဲ*

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

ခေတ်အဆက်ဆက်တွင် မူလဘိုးဘေးနှင့် အိုးရန်ချင်ရွှယ်မှလွဲ၍ ဘယ်သူမှ ထိုးလမ်းကနေ ပြန်ထွက်မလာနိုင်ပါ။ ဤကောင်လေးက တတိယမြောက်လူပင်။

ပို၍ လန့်စရာကောင်းသည့် အချက်မှာ ထိုကောင်လေးက ဘုရင်အဆင့်သာ ရှိနေခြင်းပင်။ ဤသည်က အံ့ဩစရာ ကောင်းလှသည်။

အိုးရန်ချင်ရွှယ် ထိုတစ္ဆေလမ်းကို ဖြတ်ကျော်နိုင်ခဲ့စဉ်က အင်မော်တယ် ဧကရာဇ်အဆင့်သို့ ရောက်နေပြီ ဖြစ်သည်။

*မကောင်းဆိုးဝါး*

*ဒီကောင်လေးက မကောင်းဆိုးဝါးပါလား*

*အိုးရန်ချင်ရွှယ်ထက်တောင် ပိုပြီးကြောက်ဖို့ ကောင်းသေးတယ်*

အထင်သေး၍ ထီမထင်သော အကြည့်များက လက်ရှိတွင် အံ့ဩမှုတို့ဖြင့် ပြည့်နှက်နေ၏။ သူတို့ ထိတ်လန့် နေကြသည်။ ရူးမတတ် ထိတ်လန့်နေကြလေသည်။

“ဒီကောင်လေး၊ သူက တကယ်ပဲ ပထမ သခင်မလေးရဲ့ သားအရင်း ဖြစ်မနေနိုင်ဘူးလား”

လူတစ်ယောက် တစ်ကိုယ်တည်း ရေရွတ်လာသည်။ သို့သော် ယခုတစ်ခေါက်တွင် မည်သူမှ သူ့စကားကို ခွန်းတုံ့မပြန်ပါ။

အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်က အိုးရန်ချင်ရွှယ်၏ သားဖြစ်လိမ့်မည်ဟု သူတို့အားလုံး ခံစားမိသောကြောင့်ပင်။ အိုးရန်ချင်ရွှယ်၏ သားသာလျင် သူမကဲ့သို့သော အရည်အချင်းများ ရှိနိုင်၏။

ဤသည်ကိုမြင်သော် အိုးရန် ရှန့်ဖုန်းနှင့် အိုးရန်ယုတို့ အံကြိတ်လာပြီး မျက်လုံးတွင်းတွင် ပြင်းထန်သော မုန်းတီးစိတ်များ ပေါ်လွင်နေ၏။

*ဒီလို ဖြစ်သင့်တာ မဟုတ်ဘူးလေ*

*ဘယ်လိုလုပ် ဒီကောင်က အသက်ရှင်နေတာလဲ*

*အဲ့ဒါ တစ္ဆေလမ်းလေ*

*မရေတွက်နိုင်တဲ့ လူတွေကို သတ်ခဲ့တဲ့ တစ္ဆေလမ်းလေ*

*အင်မော်တယ် ဧကရာဇ်တောင် အသတ်ခံရတာလေ၊ သူတော်စင်အဆင့်တောင်မှ ခေါင်းဖြတ်ခံရတာ၊ ဘယ်လိုလုပ် အမှိုက်ကောင်က ဘာမှမဖြစ်ရတာလဲ၊ ဒါကို ဘယ်လိုမှ လက်မခံနိုင်ဘူး*

All Chapters