ထွက်ပြေးရခြင်း
Vol. 111 Ch. 1663
“ဟားဟားဟား ဒါဆို ငါတို့ ဒီကနေပဲ သတင်းကောင်းကို ထိုင်စောင့်နေကြတာပေါ့၊ ဒုအစ်ကို ခင်ဗျားရဲ့ လက်ဘက်ရည် ကောင်း လေး ဘယ်မှာလဲ”
အိုးရန်ယုက ပြုံးလိုက်ပြီးနောက် သေတ္တာနားသို့ လျှောက်သွားသည်။
“မင်း အကျင့်ကောင်း မရှိမှန်းတော့ ငါ သိတယ်၊ မင်းက ငါ့လက်ဘက်ရည်ကို တစ်ချိန်လုံး ချောင်းနေတာ မဟုတ်လား၊ စောင့်နေဦး”
အိုးရန် ရှန့်ဖုန်းသည်လည်း ယဲ့ဖန် သေလိမ့်မည်ဟု ခံစားမိနေသဖြင့် စိတ်ကြည်နေကာ သူ တန်ဖိုးထားသော လက်ဘက်ရွက်ကောင်းများကို ထုတ်သုံးနေသည်။
သို့သော် အိုးရန်မိန်လင်ကတော့ မျက်ခုံးလှုပ်နေသည်။ ကိစ္စများက ထင်သလောက် မရိုးရှင်းဟု သူမ ခံစားမိနေ၏။
ထိုသို့သောအချိန်၌ ယဲ့ဖန်၏ အိမ်တော်ထဲတွင် အရက်မူးနေသော ယဲ့ဖန်က မိန်းကလေးများ၏ အကူအညီဖြင့် ရေချိုးခန်းထဲသို့ လျှောက်သွားသည်။
ထိုစဉ် ထန်ပုခူနှင့် ကျုံးလီအာတို့က အချင်းချင်း ကြည့်လိုက်ပြီးနောက် စိတ်ပိုင်းဖြတ်လိုက်ဟန်ဖြင့် ခေါင်းညိတ် လိုက်ကြသည်။
ထို့နောက် သူတို့သည် သူတို့အခန်းထဲသို့ မြန်နိုင်သမျှမြန်မြန် ပြန်သွားကြပြီး ရေချိုးခန်းထဲ အပြေးဝင်ကာ သူတို့ကိုယ်သူတို့ သန့်ရှင်းကြလေသည်။
“အဲ့နှစ်ယောက်က ဘာဖြစ်တာလဲ၊ သူတို့ ရူးသွားတာလား”
ကျုံးဝမ်က ပဟေဠိဖြစ်ဟန်ဖြင့် ကြည့်နေသည်။ ဟွမ်ယွီလင်းကလည်း စဉ်းစားနေသကဲ့သို့ ခေါင်းငုံ့ထားသည်။
ယဲ့ဖန် ကိုယ်လက်သန့်စင်ပြီး ထွက်လာသောအခါ မိန်းကလေး နှစ်ယောက်က သူ့ခုတင်ပေါ်၌ လှဲနေပြီး ခေါင်းလေး နှစ်လုံးသာ ပေါ်နေသည်ကို တွေ့လိုက်ရသည်။
ယဲ့ဖန်ကို နှာခေါင်းသွေးလျှံသွားစေသည့် အရာမှာ ကြမ်းပြင်ပေါ်၌ ပုံနေသော အမျိုးသမီး အတွင်းခံများ ဖြစ်သည်။
ရည်ရွယ်သည်လား၊ မရည်ရွယ်သည်လား မသိသော်လည်း ထိုအတွင်းခံများ၏ အရောင်နှင့် ဒီဇိုင်းက အလွန် ညှို့ဓာတ်ပြင်းကာ ဆွဲဆောင်မှု ရှိသည်။
ယဲ့ဖန် တံတွေးကို မနည်းမျိုချလိုက်ပြီး ဇဝေဇဝါ ဖြစ်နေသော အမူအရာဖြင့် ပြောလိုက်သည်။
“မင်းတို့ ဘယ်ကနေ ဘယ်လို ရောက်လာတာလဲ”
“အရာရှိကြီး ကျွန်မ …”
ကျုံးလီအာက သူ့ဘက်လှည့်ကြည့်၍ သွယ်လျသော သူမလက်လေးကို ဆန့်၍ ခုတင်ကို အသာပုတ်ပြကာ ယဲ့ဖန်ကို ခုတင်ပေါ် လာရန် အချက်ပြလေသည်။
ဤသည်က အချက်ပြခြင်းပင်။ အကြိမ်သုံးရာ တိုက်ခိုက်ရန် ဖိတ်ခေါ်ခြင်း ဖြစ်၏။ သို့သော် စစ်မြေပြင်ကား ခုတင်ပေါ်မှာ ဖြစ်နေသည်။
ယဲ့ဖန် ရယ်ရမလား၊ ငိုရမလား မသိတော့ချေ။
“မင်းတို့ ဘာဖြစ်ကုန်တာလဲ၊ ငါ မှတ်မိသလောက်ဆို ညစာစားပွဲတုန်းက မင်းတို့ မသောက်ပါဘူး”
“ကျွန် … ကျွန်မတို့ ရှင့်အတွက် ရင်သွေးလေး လွယ်ပေးချင်တယ်”
ထန်ပုခူက အထစ်ထစ် အငေါ့ငေါ့ဖြင့် ရှက်ရွံ့စွာ ပြောလာသည်။
“ဒါပေမဲ့ ဘာလို့ ဒီနေ့လဲ”
ယဲ့ဖန် ကူကယ်ရာမဲ့သော အပြုံးနှင့် မေးလိုက်သည်။ ယဲ့ဖန်က မေးရင်း တံခါးလက်ကိုင်ကို ကိုင်ထားသည်။ ထို့နောက် သူသည် တံခါးကို ကျွိခနဲ့ ဖွင့်၍ ထွက်ပြေးရန် ပြင်လေသည်။
“ယဲ့ဖန် သေနာကြီး”
ကျုံးလီအာ ဒေါသကြောင့် တုန်ယင်လာသည်။
မိန်းမလှလေး၏ အလှအပနှင့် တွေ့ရသော်လည်း ယဲ့ဖန်က မလှုပ်မယှက်ပင်။ သူတို့ ယဲ့ဖန်ကို လူကြီးလူကောင်း တစ်ယောက်ဟု မတွေးထားသော်လည်း နားလည်မှုမရှိသော အရူးတစ်ယောက် ဖြစ်လိမ့်မည်ဟု ထင်မထားမိပါ။
သို့သော် ယဲ့ဖန်သည် တံခါးဖွင့်လိုက်သည်နှင့် သားရေဂျက်ကပ်၊ သားရေဘောင်းဘီနှင့် ဖိနပ်တို့ကို ဝတ်ထားသော မိန်းကလေးတစ်ယောက် ရပ်နေပြီး သူမလက်ထဲ၌ တုတ်တစ်ချောင်း ကိုင်ထားသည်ကို တွေ့လိုက်ရသည်။
ယဲ့ဖန် မျက်လုံးများ ပြူးကျယ်ကုန်သည်။
*ဒါ ဆရာမပုံစံလား*
ဟွမ်ယွီလင်းသည် ခုတင်ပေါ်၌ မိန်းကလေး နှစ်ယောက် လှဲနေသည်ကို မြင်ပြီး သရော်ချင်သော အပြုံးမျိုး ပြုံးလာသည်။
“နင်တို့ ကောင်မနှစ်ယောက်လည်း လွယ်မနေဘူးဆိုတာ ငါ သိသားပဲ”
ထို့ကြောင့်ပင် သူမက ချက်ချင်း အဝတ်အစားလဲ၍ တိုက်ပွဲ ဆင်နွှဲရန် ထွက်လာခဲ့ခြင်း ဖြစ်သည်။ ယဲ့ဖန်က ဟွမ်ယွီလင်းကို မယုံနိုင်ဟန်ဖြင့် ကြည့်နေ၏။
“ဟွမ်ယွီလင်း မင်း ဘာတွေပြောနေတာလဲ”
“ပါးစပ်ပိတ်ထား ငါ့ကို ဘုရင်မလို့ခေါ်”
ဟွမ်ယွီလင်းက မာနကြီး၍ တော်ဝင်ဆန်သော မျက်နှာထားဖြင့် ခေါင်းကိုမော်၍ ငေါက်ငမ်းလေသည်။
“မင်းတို့ ဘာဖြစ်နေတာလဲ …”
ယဲ့ဖန် ဘာလုပ်ရမှန်း မသိတော့ချေ။
*ဒီမိန်းမတွေ ရူးနေပြီလား၊ ငါ့ကို အသက်ရှင်ခွင့် မပေးချင်တော့တာလား*
“ဟူး … မှားတာပဲ၊ ငါ ဖြားယောင်းမှုကို လျှော့ဖို့ မေ့သွားတယ်”
ကျုံးလီအာက စိတ်ပျက်သလို ပုံစံ ဖြစ်သွားသည်။ ယဲ့ဖန် ငိုချင်သွားလေသည်။
*ဒါ လျှော့တာလား လွန်နေတာလား၊ မင်း ပုံမှန်အတိုင်း နေလို့မရဘူးလားကွာ*
“အရင်လာသူက အရင်စားစတမ်းပဲ၊ ငါတို့က အရင်ရောက်တော့၊ အဲ့တော့ ဒီအသားကို ငါတို့ အရင်စားသင့်တယ်”
ကျုံးလီအာက အထက်စီးဆန်သည့် လေသံဖြင့် ပြောလိုက်သည်။
“ဟီးဟီး အဲ့စကားက မှန်တယ်လို့ ပြောလို့မရဘူး၊ နင် ဒီလူကို သဘောတူလားလို့ မမေးခဲ့ဘူး မဟုတ်လား”
ဟွမ်ယွီလင်းက တုတ်ကိုကိုင်၍ ယဲ့ဖန်၏ တင်ပါးကို နာနာလေး ရိုက်လိုက်ကာ တစ်ချိန်တည်းမှာပင် ယဲ့ဖန်အား စွဲမက်ဖွယ်ကောင်းသော မိစ္ဆာမလေး၏ အကြည့်ဖြင့် ကြည့်နေသည်။
ယဲ့ဖန် မျက်ရည်ပင်မကျဘဲ ငိုချင်လာသည်။
“မင်းတို့ ဒါတွေကို ဘယ်က တတ်လာတာလဲ”
“လူကြီးကားထဲကလေ၊ ရှင်တို့ ယောက်ျားတွေက ဒီလို လေသံကိ မကြိုက်ဘူးလား၊ ဘာလို့လဲ၊ ရှင်က ဘုရင်မ ပုံစံကို မကြိုက်တာလား၊ ဒါဆို အစေခံမလေးဆိုရင်ရော၊ သူနာပြုလေးဆိုရင်ရော၊ ဆရာမ ဆိုရင်ရော၊ ရှင် ပြောကြည့်လိုက် ကျွန်မ ချက်ချင်း ပြောင်းပစ်မယ်”
ထိုစကားကိုကြားသော် ကျုံးလီအာ၏ မျက်နှာက အစိမ်းရောင် သန်းလာပြီး ခပ်ကျယ်ကျယ် အော်ဟစ်လာသည်။
“ဟွမ်ယွီလင်း မလွယ်တဲ့လူက နင်လို့ ငါ ထင်တယ်နော်၊ ဒီလို ရှုပ်ပွနေတဲ့ အဝတ်အစားတွေ အများကြီး ဝယ်ပြီး နင်က ဘယ်သူ့ကို မြှူဆွယ်မလို့လဲ”
သူမ တကယ် စိတ်တိုနေလေပြီ။ ဤမိန်းကလေးက အစကတည်းက ယဲ့ဖန်ကို မြှူဆွယ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။ သူတို့သာ ခပ်မြန်မြန် မလှုပ်ရှားမိပါက ဤခွေးမလေးက အရင် အောင်မြင်သွားလောက်သည်။
သူမစကားကိုကြားသော် ဟွမ်ယွီလင်းက စိတ်မဆိုးဘဲ ပြုံးလိုက်သည်။
“အားလုံး တစ်မိုးအောက်ထဲကလူတွေပဲလေ၊ ဘယ်သူက ငြိမ်နေလို့လဲ၊ ထန်ယွင်အာတောင် အိမ်မှာ ရေချိုးရင် တံခါးမပိတ်တာ တစ်ခါ၊ နှစ်ခါ မကတော့ဘူး၊ နင်တို့ မြင်သာတဲ့ နေရာတိုင်းမှာ အတွင်းခံတွေ ချချထားတာလည်း မတော်တဆ မဟုတ်ဘူးလေ”
“ဒီသစ်သားတုံး ထန်ပုခူတောင် အိမ်မှာ ပိုကောင်းတဲ့ ဝတ်စုံတွေ ရှိတာလေ၊ ငါ အဝတ်အစား နည်းနည်းလောက် ဝယ်တာ ဘာဖြစ်လို့လဲ”
ပေါ်ပေါ်တင်တင် ပြောလိုက်ခြင်းပင်။ နည်းနည်းလေးမျှ သက်ညှာခြင်း မရှိပါ။
ထိုစကားကိုကြားသော် ယဲ့ဖန်၏ မျက်နှာတွင် အံ့ဩဟန် ပေါ်လာပြီး အရိုးသားဆုံး ထန်ပုခူအား မယုံနိုင်သလို ကြည့်လိုက်သည်။
ထန်ပုခူ အသည်းအသန် ခေါင်းငုံ့လိုက်ပြီး သူမ၏ မျက်နှာက နီရဲနေကာ ရှက်ရွံ့နေ၏။ ဟွမ်ယွီလင်း ပြောသည့် စကားက မှန်နေပုံရသည်။
ဤသည်မှာ ရဲတင်းသောအချစ် ဖြစ်ပေါ်လာခြင်းပင်။ ဤမိန်းကလေးများသည် ကျားများက အသားကို မျက်စိကျ နေသကဲ့သို့ အခွင့်အရေးကို စောင့်နေခြင်း ဖြစ်သည်။
“အစ်မကျုံးဝမ်တောင် မကြာသေးခင်က ဝမ်းဆက် အတွင်းခံ တစ်စုံမက ဝယ်ထားသေးတာ၊ အားလုံးက ပေါ်နေတဲ့ဟာကြီးဘဲ၊ ဘယ်သူ့ကို သွားဝတ်ပြရမှာလဲ၊ ငါတို့ကို ဝတ်ပြဖို့တောင် မဟုတ်ဘူးမလား”
ဟွမ်ယွီလင်းက လှောင်ရယ်၍ ဤအမျိုးသမီးများ၏ အပြုအမူနှင့် ယှဉ်လျင် သူမအပြုအမူက တော်သေးသည်ဟု ခံစားမိနေ၏။
“ဒါဆိ မျှမျှတတနဲ့ ပွင့်ပွင့်လင်းလင်းဖြစ်အောင် ကျောက်တုံး၊ စက္ကူ၊ ကပ်ကြေးဆော့မယ်၊ နိုင်တဲ့သူက သူနဲ့ အိပ်ခွင့်ရမယ်”
မတတ်သာသဖြင့် ကျုံးလီအာသည် အားလုံး သဘောတူမည့်နည်းကို ရွေးလိုက်ရသည်။ သို့မဟုတ်ပါက ဤကိစ္စက ပိုအရစ်ရှည်လာပြီး နောက်နှစ်ယောက်ပါ နိုးသွားလျင် ယနေ့ သူမတို့၏ အကြံအစည်က အချည်းနှီး ဖြစ်သွားပေလိမ့်မည်။
“မဆိုးဘူး”
ဟွမ်ယွီလင်းကလည်း အလျင်အမြန် သဘောတူလိုက်သည်။
ထိုအခါ သူတို့ပြောသည်ကိုကြားသော ယဲ့ဖန်က စိတ်တိုလာသည်။
*ဘာလဲဟ၊ မင်းတို့ အတူနေနိုင်မယ့် အခွင့်အရေးကို ရွေးတဲ့နည်းက အရမ်း အလျင်စလို ဖြစ်လွန်းနေတယ် မဟုတ်ဘူးလား*
*ပြီးတော့ မင်းတို့ ငါ့စိတ်ကူးကို မမေးတော့ဘူးလား*
*ငါက တစ်ဦးတည်းသော ခံရသူလေ*
“ကျောက်တုံး၊ စက္ကူ၊ ကပ်ကြေး”
“ငါ နိုင်ပြီ”
တစ်ခဏကြာသော် ထန်ပုခူက အံ့ဩသောမျက်နှာနှင့် ပြောလာသည်။ ယနေ့ညတွင် ယဲ့ဖန်က သူမအပိုင်ပင်။ ကျုံးလီအာနှင့် ဟွမ်ယွီလင်းတို့က စိတ်ပျက်သော မျက်နှာနှင့် စုတ်သပ်သံပြုကာ စိတ်ထဲ၌ ကျိတ်၍ ကျိန်ဆဲနေမိသည်။
*ကံဆိုးလိုက်တာ*
“သတိထားနော်၊ သူ့ကို မထိခိုက်စေနဲ့”
ကျုံးလီအာက မှိုင်တွေငေးလျက် သတိပေးလာသည်။
“အင်း…”
ထန်ပုခူက ခပ်သွက်သွက် ခေငါ်းညိတ်၍ သနားနေသော မျက်နှာနှင့် ပြောလိုက်သည်။
“ငါ သိပ်ကို ညင်သာမှာပါ”
သူမပြောဆိုပုံက မသိလျင် ယဲ့ဖန်က ပထမဆုံးအကြိမ်ကို ရယူခံရတော့မည့် အပျိုဖြန်းလေး ဖြစ်နေသလိုပင်။ သို့သော် သူမတို့ နောက်လှည့်ကြည့်လိုက်သောအခါ ယဲ့ဖန် မရှိတော့သည်မှာ ကြာပြီဖြစ်ကြောင်း တွေ့လိုက် ရသည်။
“သွားပြီ၊ သူ ထွက်ပြေးသွားပြီ”
ကျုံးလီအာ စိုးရိမ်သွားသည်။ အစောပိုင်းက သူမတို့သည် အချင်းချင်း စကားများရန်သာ အာရုံရနေသဖြင့် ယဲ့ဖန်ကို သတိထားကြည့်ရန် မေ့သွားခဲ့သည်။
“လိုက်ဖမ်းကြ၊ သူ ငါတို့လက်ထဲက လွတ်အောင် ပြေးနိုင်မယ်လို့ ငါ မထင်ဘူး”
ဟွမ်ယွီလင်းက အေးစက်စွာ ကြိမ်းမောင်းလိုက်သည်။ လက်ရှိတွင် သူမ၏ ဝတ်ပုံစားပုံပါ ပေါင်းလိုက်လျင် ဘုရင်မတစ်ပါး၏ ဟန်ပန် အပြည့် ဖြစ်နေ၏။
“ဘယ်သူလဲ”
ထိုအခိုက်တွင် အိပ်ရာပေါ်၌ လှဲနေသော ကျုံးဝမ်သည် တံခါးမှ လှုပ်ရှားသံကို ကြားလိုက်ပြီးနောက် လူတစ်ယောက် ဝင်လာသည်ကို တွေ့လိုက်ရသည်။
သူမ ပါးစပ်ဟလိုက်သည်နှင့် ပါးစပ်ကို အုပ်ခံလိုက်ရသည်။ ထို့နောက် ယဲ့ဖန်က စိုးရိမ်တကြီး ပြောလိုက်သည်။
“ဟိုကောင်မလေးတွေ ရူးနေပြီ၊ ငါ့ကို မင်းဆီမှာ ပုန်းခွင့်ပေးပါ”
ယဲ့ဖန်၏အသံကို ကြားသောအခါ ကျုံးဝမ်သည် စိတ်မအေးသွားရုံသာမက ပို၍ စိတ်လှုပ်ရှားလာ၏။ ညသန်းခေါင်ယံ ချိန်တွင် အပျို၊ လူပျို အတူတူ ရှိနေခြင်းက ဘဝ သံစဉ်လိုပင်။
*ဒီရေခဲတုံးကြီး တောင့်မခံနိုင်တော့ဘူးလား*
သူမသည်လည်း ယဲ့ဖန် သူမအခန်းတံခါးကို တွန်းဖွင့်ပြီး သူမအား မဖော်ပြဝံ့သော တစ်စုံတစ်ရာ ပြုလုပ် လာသည်ဟု အမြဲ စိတ်ကူးယဉ်ခဲ့သည်။
သူမသည် ထိုသို့သော မြင်ကွင်းမျိုးကို မြင်ယောင်ခဲ့သဖြင့် သူမကိုယ်က ယဲ့ဖန်ကို တုံ့ပြန်နေပြီးသား ဖြစ်သည်။ သို့သော် ယဲ့ဖန် တကယ် ရောက်လာသောအခါ သူမ ထိုသို့သောအရာအတွက် ပြင်ဆင်ချိန် မရလိုက်ချေ။
သူမဘဝ၏ ပထမဆုံးအကြိမ်အား ချစ်ရသူထံ ပေးအပ်ရမည် ဖြစ်သဖြင့် သူမ စိုးရိမ်စိတ်ကြီးခြင်း၊ ရှက်တတ်ခြင်းက ထုံးစံပင်။
ထို့ကြောင့် ကျုံးဝမ် ရှက်ရွံ့စွာဖြင့် သဘောတူလိုက်သည်။ သူမစိတ်ထဲ၌ စိုးရိမ်စိတ် မကင်း ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် သူမ မည်သို့ တုံ့ပြန်ရမလဲ မသိသောကြောင့်ပင်။
*တန်းပြီး သူ့ကို တွန်းချလိုက်ရင် လွယ်လွန်းတယ်လို့ ထင်နေမလား*
*ဒါပေမဲ့ ခုခံမိတာ အရမ်းပြင်းသွားရင် သူ စိတ်ပျက်သွားမလား*
*ဝမ်းနည်းဖို့ကောင်းလိုက်တာ*
ထိုအခိုက်တွင် ယဲ့ဖန်က ရုတ်တရက် ပြောလာသည်။
“သူတို့က ငါနဲ့ အိပ်ချင်နေတာ”
“အယ်”
ကျုံးဝမ် အံ့ဩသွားသည်။
“မယုံနိုင်စရာကောင်းတယ်လို့ မင်း ထင်နေတယ် မဟုတ်လား၊ သူတို့ အခုထိ ငါ့အခန်းမှာ ငါ့ကို စောင့်နေသေးတာ၊ ငါနဲ့ အလှည့်ကျ အိပ်ဖို့ ကြိုးစားနေတာလေ၊ ဒါပေမဲ့ သူတို့က ငါ့ကို ငြင်းခွင့်လည်း မပေးဘူး၊ မင်း ပြောကြည့် ဒါ လွန်လွန်းတယ် မဟုတ်လား”
“လွန် … လွန်လွန်းတာပေါ့”
ကျုံးဝမ်၏ အမူအရာက အမျိုးမျိုး ပြောင်းလဲလာပြီး ထိုအခါတွင်မှ သူမ အတွေးလွန်နေမှန်း သတိထား မိသွားသည်။
ယဲ့ဖန်က ခိုလှုံစရာရှာရန် ဤသို့ ရောက်လာခြင်း ဖြစ်နေ၏။
*ဒီရေခဲတုံးက အခုထိ သဘောမပေါက်သေးဘူး*
တစ်ဖက်လူ ဘာဖြစ်နေသလဲ ယဲ့ဖန် သတိမထားမိသဖြင့် ဆက်၍ ပြောနေလေသည်။
“ဒီမိန်းမတွေက အရမ်း ကြောက်ဖို့ကောင်းတယ်၊ သူတို့အားလုံးက ခွေးအတွေ၊ ကျားတွေ၊ ကျားသစ်တွေလိုပဲ၊ သူတို့အားလုံးက အသက် သုံးဆယ်အောက်တွေပါ၊ ဘာလို့ ဒီလောက် ဆာလောင်နေရတာလဲ”
*ဆာလောင်တယ်*
ကျုံးဝမ်၏ အမူအရာက အနည်းငယ် ရှက်သွားဟန် ပေါ်လာသည်။ အဘယ်ကြောင့်ဆိုသော် သူမနှင့် ထိုမိန်းကလေးများက အတူတူပင် ဖြစ်သောကြောင့်ပင်တည်း။
သူမ၏ မူမမှန်မှုကို ဖုံးကွယ်ရန် သူမ ချက်ချင်း ထရပ်လိုက်သည်။
“ပူတယ်နော်၊ ကျွန်မ ပြတင်းပေါက် ဖွင့်လိုက်ဦးမယ်”
ထိုသို့ထလိုက်သဖြင့် သူမခြေထောက်များက တုန်လာပြီး အပြစ်ရှိသော ခံစားချက် ဖြစ်လာသည်။ သို့သော် ထိုအခိုက်တွင် ကျုံးဝမ်က အတွင်းခံ အဝတ်အစားသာ ဝတ်ထားသည်ကို ယဲ့ဖန် မြင်သွားလေသည်။ ယင်းကလည်း အလွန် ပါးလျ၍ ထိုးထွင်းမြင်နေရသည်။ ထိုအခါ သူ အသက်ရှူရန် မေ့သွားလေသည်။
*ဒါ အရမ်း ပေါ်လွန်းတယ် မဟုတ်ဘူးလား*
*မဟုတ်မှလွဲရော ဟိုကောင်မလေး ဟွမ်ယွီလင်းပြောတာက တကယ် ဖြစ်နေတာလား*
*တိတ်ဆိတ်ပြီး သိမ်မွေ့တဲ့ ကျုံးဝမ်ကတောင်မှလေ …*
ထိုအချိန်တွင် ယဲ့ဖန်၏ လက်က ကျုံးဝမ်၏ ခေါင်းအုံးအောက်မှ ဘူးတစ်ခုကို မတော်တဆ ထိမိသွားသည်။ ထို့ကြောင့် သူ ထုတ်ကြည့်လိုက်သောအခါ မသုံးမရသေးသော ကွန်ဒုံးဗူး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ယဲ့ဖန် ချက်ချင်း ကြက်သေ သေသွားသည်။ ကိစ္စများက သူ နားမလည်နိုင်သည့်ဘက်သို့ ပြောင်းလဲနေ၏။
“အား…”
ဤသည်ကိုမြင်သော ကျုံးဝမ်က ရုတ်တရက် ထအော်ကာ ဘူးကိုပြန်လုလာပြီး သူမမျက်နှာက မျောက်ဖင်နီ၏ တင်ပါးကဲ့သို့ ရဲရဲနီလာသည်။ သူမ ရှက်နေ၏။ သူမ အနေရခက်ကာ ရှက်ရွံ့နေသည်။ လက်ရှိတွင် သူမ သေချင်စိတ် ပေါက်နေလေသည်။
*သူ ငါ့ကို အရမ်း ကရော်ကမည်နိုင်တယ်လို့ ထင်သွားမလား*
“မင်းလည်း ငါနဲ့ အိပ်ချင်တာလား”
ယဲ့ဖန် တအံ့တဩ ပြောလိုက်သည်။ ကျုံးဝမ်ကဲ့သို့ အစဉ်အလာကို တန်ဖိုးထား၍ ရှေးရိုးဆွဲသောသူ၌ ဤသို့ ရဲတင်းသော ဘက်ခြမ်း ရှိလိမ့်မည်ဟု မယုံနိုင် ဖြစ်နေသည်။
ကျုံးဝမ် အံကြိတ်လာပြီး နောက်ဆုံးတွင် သူမ ဖုံးကွယ်ထားသမျှကို ဖယ်ရှားလိုက်ပုံရကာ ယဲ့ဖန်ကို ပြန်ကြည့်လိုက်သည်။
“အဲ့တော့ ဘာဖြစ်လဲ”
သူမ ယဲ့ဖန်နှင့် အိပ်စက်ခွင့်ရရန် ဆန္ဒရှိသည်မှာ ကြာပြီဖြစ်သည်။ ဤရေခဲတုံးက အရင်မစသဖြင့် သူမကသာ အရင် ဦးဆောင်လိုက်ရခြင်း ဖြစ်သည်။
*ဒါတောင် သူက ငြင်းချင်သေးတာလား*
ယဲ့ဖန် အံ့ဩသွားလေသည်။
*ရူးနေပြီ၊ ဒီမိန်းမတွေ ရူးနေပြီ*