မင်း နားလည်လား
Vol. 111 Ch. 1665
ယဲ့ဖန်သည် သူ၏ ညီအစ်ကို ဆယ်ယောက် နီးပါးကို သတ်ခဲ့သော်လည်း သူတို့သည် ယဲ့ဖန်၏ အရိပ်ကိုတောင်မှ မမြင်ရချေ။
သူတို့၏ ညီအစ်ကိုများ တစ်ယောက်ပြီး တစ်ယောက် တစ်စစီဖြစ်ကာ အသတ်ခံ လိုက်ရသည်ကိုသာ တွေ့နေရသည်။
သုသာန်အလား တိတ်ဆိတ်နေသည်။
*ဘယ်သူက လုပ်ကြံရေးသမားလဲ*
တစ်မိနစ်အတွင်း ပတ်ဝန်းကျင်တွင် ကတုံးနှင့်အဘိုးအိုသာ ကျန်ရစ်ခဲ့သည်။ သူ့ဘေး၌ တစ်စစီ ဖြစ်နေသော အလောင်းများ ပြန့်ကျဲနေကာ သွေးများက မြစ်သဖွယ် စီးဆင်းကာ သွေးနံ့များ လှိုင်လှိုင်ထနေ၏။
ကတုံးနှင့်အဘိုးအို ကြက်သေ သေနေ၏။ သူသည် ချောက်ချားနေသော အကြည့်ဖြင့် ဘေးဘီကို ဝေ့ကြည့်ကာ ဒယိမ်းဒယိုင် ဖြစ်လာသည်။ သူ ထွက်ပြေးချင်ပါသော်လည်း သူ့ခြေထောက်များက သူ့စေရာအတိုင်း မဖြစ်ပေ။
တစ်မိနစ်၊ တစ်မိနစ်အတွင်း သူ၏ ညီအစ်ကိုများအားလုံး သေကုန်လေပြီ။ သူတို့က မုဆိုးများဟု သူ ထင်ခဲ့သော်လည်း သူတို့က သားကောင်များသာ ဖြစ်နေ၏။
ဤအသက်အရွယ်အထိ နေလာပြီးနောက် သူသည် လေပြင်းမုန်တိုင်းနှင့် မုန်တိုင်းလှိုင်းကြမ်းများကို မြင်ဖူးခဲ့ပြီးသူဟု သတ်မှတ်၍ ရပေသည်။ သို့သော် ယဲ့ဖန်ကဲ့သို့ ကြောက်စရာကောင်းသောသူကို သူ တစ်ခါမှ မမြင်ဖူးပါ။
ယခုအခါတွင်မှ သူတို့သည် သတ်ရန် ရောက်လာခြင်း မဟုတ်ဘဲ အသတ်ခံရန် ရောက်လာခြင်း ဖြစ်ကြောင်း သတိထားလိုက်မိသည်။
ထိုအခိုက်တွင် ယဲ့ဖန်က သူ့ထံ တစ်လှမ်းချင်း လှမ်းလာပြီး အချိန်ကို ပြန်ကြည့်လိုက်သည်။
“အချိန်က ကွက်တိပဲ”
“ကယ်…”
ထိုအခါ ကတုံးနှင့်အဘိုးအိုက အကူအညီတောင်းရန် ကြံစည်လိုက်သည်။ ထိုစဉ် ယဲ့ဖန်က သူ့အနား တိုးလာပြီး လက်တစ်ဖက်ဖြင့် မေးကိုညှစ်၍ တိုးတိုးနေရန် အချက်ပြသည်။
“သူတို့က အအိပ်ဆတ်တယ်၊ သူတို့ကို နိုးအောင် မလုပ်နဲ့”
ထိုစကားကိုကြားသော် ကတုံးနှင့် အဘိုးအို ငိုချင်သွားသည်။
*ငါက သေတော့မလို ဖြစ်နေတာလေ၊ မင်းမိန်းမတွေ နိုးသွားမှာကို စိုးရိမ်ဖို့ အချိန်ရပါဦးမလားကွ*
“ဂျွတ်”
ထို့နောက် ယဲ့ဖန်သည် သူ့ရင်ဘတ်အား လက်သီးဖြင့် ထိုးနှက်လိုက်သည်။ ထိုလက်သီးက ရင်ဘတ်ကို ထုတ်ချင်း ဖောက်သွားပြီး အသားစများနှင့် သွေးစများ ကျဆင်းလာသည်။
ကတုံးနှင့် အဘိုးအို၏ မျက်လုံးများ ပြူးကျယ်သွားသည်။ အစက သူသည် လုပ်ကြံရေးအဖွဲ့ခွဲ၌ တာဝန်ခံ ဖြစ်သောကြောင့် နာမည်တစ်ဟု သတ်မှတ်ခံရကာ နောက်ပိုင်းတွင် အိုးရန်ရှန့်ဖုန်း၏ အလုပ်ခန့်ခြင်း ခံလိုက်ရသည်။ သို့သော် ယခုအခါ၌ သူသည် တစ်စုံတစ်ယောက်ထံ၌ အသတ်ခံလိုက်ရသည်တဲ့လား။
“မင်းတော့ ဇာတ်သိမ်းပြီ၊ မင်း ငါ့ကို သတ်လိုက်ရင် နောက်ဆို မသေမချင်း ငါ့အဖွဲ့အစည်းရဲ့ အမဲလိုက်တာကို ခံရတော့မယ်”
ကတုံးနှင့်အဘိုးအိုက မရပ်မနား သွေးအန်နေသည်။ သို့သော် သူသည် ယဲ့ဖန်အား ကျေနပ်အားရသော အကြည့်ဖြင့် ကြည့်နေသည်။ ယဲ့ဖန် သေရတော့မည်ဟု သူ တွက်ထားသည့်ပုံပင်။
“ဪ … ဘာအဖွဲ့အစည်းများပါလိမ့်”
ယဲ့ဖန်ကလည်း စိတ်ဝင်စားသွားပြီး အေးအေးလူလူ မေးလိုက်သည်။
“သတ်ဖြတ်ခြင်း နတ်ဘုရားကျောင်းတော်၊ မင်း ကြားဖူးလား၊ ရှေးကျတဲ့ လုပ်ကြံရေး အဖွဲ့အစည်းပဲ၊ မင်းတော့ ဇာတ်သိမ်းပြီ”
ကတုံးနှင့်အဘိုးအိုက ပို၍ ဂုဏ်ယူကျေနပ်ဟန်ဖြင့် ပြုံးနေသည်။ သူသည် သတ်ဖြတ်ခြင်း နတ်ဘုရား ကျောင်းတော်၏ ရာထူးမြင့်သော အကြီးအကဲတစ်ယောက် ဖြစ်သည်။
အကယ်၍ တစ်ဖက်လူက သူ့ကို သတ်လိုက်လျင် သတ်ဖြတ်ခြင်း နတ်ဘုရားကျောင်းတော်က ထိုလူကို အလွတ်ပေးမည် မဟုတ်ပါ။
ယဲ့ဖန် တစ်ခဏမျှ အံ့ဩသွားသည်။ ဤလူများက သတ်ဖြတ်ခြင်း နတ်ဘုရားကျောင်းတော်နှင့် တစ်ခုခု ပတ်သတ်နေလိမ့်မည်ဟု သူ ထင်မထားမိပါ။
သူ၏ အမူအရာကို ကတုံးနှင့်အဘိုးအိုက ကြောက်လန့်နေသည်ဟု ထင်သွားသည်။ ထို့ကြောင့် အဘိုးအို၏ အပြုံးက ပို၍ ထီမထင်ဟန် ပေါ်လာ၏။
“မင်း အခုမှ သိလိုက်ရလို့ ကြောက်နေပြီလား၊ ငါ မင်း သိအောင် ပြောလိုက်မယ်၊ သတ်ဖြတ်ခြင်း နတ်ဘုရား ကျောင်းတော်က မင်းကို သတ်ချင်တယ်ဆိုရင် အိုးရန်ကျန်းတောင်မှ မင်းကို မကယ်နိုင်ဘူး၊ အဲ့တော့ မင်း ငါ့ကို လွှတ်ပေးမယ်ဆိုရင် ငါ သတ်ဖြတ်ခြင်း နတ်ဘုရားကျောင်းတော်ကို ပြန်သွားပြီး မင်းကို အသက်ချမ်းသာပေးဖို့ အသနားခံပေးမယ်”
“ဒါပေမဲ့ ငါ သိသလောက်လို မင်းတို့ သတ်ဖြတ်ခြင်း နတ်ဘုရားကျောင်းတော်က ယိုင်နဲ့နေပြီ မဟုတ်ဘူးလား၊ မင်းတို့ ကျောင်းတော်သခင်က အသတ်ခံလိုက်ရတာတောင် မင်းမှာ ဒီလို ပြောရဲတဲ့ သတ္တိ ရှိသေးတာလား”
ယဲ့ဖန်က တစ်ဖက်လူ၏ စကားကြောင့် ရယ်ချင်နေ၏။
“အဲ့တော့ ဘာဖြစ်လဲ၊ ငါ့ သတ်ဖြတ်ခြင်း နတ်ဘုရားကျောင်းတောင် အထိနာနေရင်တောင်မှ မင်း ယှဉ်လို့ရတဲ့ အရာ မဟုတ်ဘူးကွ”
သူသ အေးစက်စွာ ခနဲ့၍ ပြောလိုက်သည်။
“ဟေ့ကောင်လေး ငါ မင်းကို သတိမပေးဘူးလို့ လာမပြောနဲ့၊ အခု မင်း ငါ့ကို တောင်းပန်ဖို့ပဲ ရှိတော့တယ်”
ယဲ့ဖန်က ခေါင်းညိတ်သော်လည်း မချိုမချဉ် ပြုံးနေသည်။
“မင်းတို့ သတ်ဖြတ်ခြင်း နတ်ဘုရားကျောင်းတောင်ကို အထိနာအောင် လုပ်ခဲ့တာ ဘယ်သူလဲ သိလား”
“အရေးမပါလိုက်တာ၊ အဲ့ဒါ သောက်ယဲ့ဘုရင်ဆိုတာ မသိတဲ့သူ ဘယ်သူ ရှိလို့လဲ၊ ငါတို့ ဒီရန်ကြွေးကို ဘယ်တော့မှ မမေ့ဘူး၊ ငါတို့ အင်အားကို ဖြည့်တင်းပြီးတာနဲ့ ကျောင်းတော်သခင်အတွက် လက်စားချေပြီး သူ့ကို တစ်စစီ ဖြစ်အောင် လုပ်ပစ်မယ်”
ယဲ့ဘုရင်အကြောင်း ပြောလာသောအခါ ကတုံးနှင့်လူ အရိုးထဲအထိ မုန်းတီးလာ၏။ ကျောင်းတော်သခင်ကို သတ်လိုက်ခြင်းက သတ်ဖြတ်ခြင်း နတ်ဘုရားကျောင်းတော်ကို အတော်လေး အထိနာစေကာ ကိုးပြည်နယ်တွင်း၌ သူတို့၏ အဆင့်အတန်းကိုလည်း ထိုးစိုက်ကျသွားစေသည်။
ဒါဇင်ချီသော အင်အားစုများကို သူတို့ရန်သူများက ပိုင်ဆိုင်သွားသည်ဟု ဆိုရပေမည်။ အတိတ်အခါကဆိုလျင် မည်သူက သူတို့ကို မလေးမစား လုပ်ရဲသနည်း။
“ဒါဆို ယဲ့ဘုရင်ရဲ့ နာမည်အရင်းက ဘာလဲ မင်း သိလား”
ယဲ့ဖန်၏ အပြုံးက ပို၍ မချိုမချဉ် ဖြစ်လာသည်။
“သိတာပေါ့၊ ယဲ့ဘုရင်ရဲ့ နာမည်အရင်းက ယဲ့ဖန်၊ ဒါ ကိုးပြည်နယ်တစ်ခုလုံးမှာ လျှို့ဝှက်ထားတဲ့ အရာမှ မဟုတ်တာ၊ မင်းလည်း သိသင့်တာပဲ”
ကတုံးနှင့်အဘိုးအိုက ယဲ့ဖန်ကို အထင်သေးသလို ကြည့်ကာ အရူးဟု ထင်နေ၏။
“ဒါဆိုရင် ငါ့နာမည်က ဘာလဲ မင်း သိလား”
ထိုစကားအဆုံး၌ ယဲ့ဖန်၏ အပြုံးက ချက်ချင်း ပျောက်ကွယ်သွားပြီး မျက်နှာက ထိတ်လန့်စရာ ကောင်းလောက်အောင် အေးစက်လာ၏။
“မင်း…”
ကတုံးနှင့်အဘိုးသည်လည်း အံ့ဩသွားသည်။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်၏ နာမည်က နတ်ဆိုး အငွေ့အသက် အင်ပါယာမှ နတ်ဆိုး၏ နာမည်နှင့် တစ်ထပ်တည်း တူနေသည်ကို သူလည်း သိနေသောကြောင့်ပင်။
သူ့အရှေ့မှလူက ထိုနတ်ဆိုး ဖြစ်နေလိမ့်မည်ဟု သူ မထင်ခဲ့ရုံသာ ဖြစ်သည်။
ယဲ့ဘုရင်က မည်သူနည်း။ သူသည် အင်မော်တယ် ဧကရာဇ်အဆင့် ရှိသူဖြစ်သည်။ အင်မော်တယ် ဧကရာဇ် အဆင့်များကို ခွေးသတ်သလို သတ်နိုင်သည့် ဖိနှိပ်နိုင်သောသူ။
ဘယ်လိုလုပ် ထိုသို့သောသူက ဘုရင်အဆင့်သာရှိသော အမှိုက်ကောင် ဖြစ်ပါမည်နည်း။
သူ့စိတ်ထဲတွင် သူ့အရှေ့မှလူက ယဲ့ဖန်နှင့် နာမည်တူနေရုံသာရှိပြီး ဘာမှမသတ်ဆိုင်ဟု ထင်နေ၏။ သို့သော် ယဲ့ဖန်၏ နားလည်ရခက်သော မေးခွန်းများက သူ့အား တစ်ခုခု မှားနေပြီဟု ခံစားမိစေသည်။
“မင်းက …”
ထို့နောက်တွင် သူသည် မယုံနိုင်ဟန်ဖြင့် ယဲ့ဖန်အား အလန့်တကြား ကြည့်လာသည်။
ယဲ့ဖန်က ပြန်မဖြေဘဲ လှောင်ရယ်၍ ပြောလိုက်သည်။
“အခု မင်း နားလည်ပြီလား”
“ဂျွတ်”
ထို့နောက် ယဲ့ဖန်က သူ့လည်ပင်းကို လိမ်ချိုးလိုက်လေသည်။ ကတုံးနှင့်အဘိုးအိုသည် သေသွားသည့်အချိန်အထိ အဘယ်ကြောင့် ထိုနတ်ဆိုးက အိုးရန်မျိုးနွယ်တွင်း၌ ပေါ်လာသလဲ နားမလည်နိုင် ဖြစ်နေ၏။
“ချုံးချီ”
ယဲ့ဖန် အော်ခေါ်လိုက်သောအခါ အမှောင်ထုထဲမှ နွားတစ်ကောင် အရွယ်အစားရှိသော ကျားဖြူတစ်ကောင် ထွက်လာပြီး မြေကြီးပေါ်မှ အလောင်းများကို စစားလေသည်။
တစ်ချိန်တည်းမှာပင် အမှောင်ထုထဲမှ စူးလက်သော မျက်လုံးတစ်စုံက ယဲ့ဖန်ကို စိုက်ကြည့်နေသည်။ ယဲ့ဖန် အောင့်သီးအောင့်သက် ပြုံးလိုက်မိသည်။
“ဘာဖြစ်တာလဲ”
“နင်တို့ လူသားတွေက အရမ်း ထူးဆန်းတယ်၊ နင်က နင့်မျိုးနွယ်တူကိုတောင် သတ်ပစ်တယ်”
အမှောင်ထုထဲမှ ကလေးမလေးတစ်ယောက် ပေါ်လာသည်။
“နက်ဗျူလာ၊ ဒါ လူ့သဘာဝပဲ၊ ဒါကိုက လူ့သဘာဝပဲ”
ယဲ့ဖန် အသာပြုံးလိုက်သည်။ တစ်ဖက်လူ၏ နာမည်ကို မသိသောကြောင့် ယဲ့ဖန်က သူမကို ထိုသို့ နာမည်ပေးလိုက်သည်။
“လူ့သဘာဝဆိုတာက ဘာလဲ”
နက်ဗျူလာက မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
“ရက်စက်တယ်၊ ကောက်ကျစ်တယ်၊ လောဘကြီးတယ်”
“နင် အပါအဝင်လား”
နက်ဗျူလာက ခေါင်းမော့၍ ယဲ့ဖန်အား အလေးအနက် ကြည့်လာသည်။
“ငါ အပါအဝင်ပဲ”
ယဲ့ဖန်က အခိုင်အမာ ပြောလိုက်သည်။
“ဒါဆို နင်နဲ့ယှဉ်လိုက်ရင် ငါက လူဆိုးလား”
နက်ဗူထာ ပိုပို၍ သိချင်လာသည်။ သူ နှစ်ပေါင်းများစွာ ရှင်သန်ခဲ့ပြီး အသိပညာများပြားကာ မိုးမြေနှင့် နေ၊လ၊ ကြယ်တာရာတို့အကြောင်း သိပါသော်လည်း စိတ်ခံစားချက်နှင့် ပတ်သက်သော အရာများနှင့်ဆိုလျင် သူက ယခုအထိ စာရွက်ပြောင်အတိုင်း ဖြစ်နေဆဲပင်။
“ငါတို့နဲ့ ယှဉ်လိုက်ရင် မင်းကို လူကောင်းလို့ ခေါ်သင့်တယ်”
ယဲ့ဖန် ပြုံးလိုက်သည်။ နက်ဗျူလာသည် ဗိုက်ပြည့်ရန်အလို့ငှာ သက်ရှိများကို စားသုံးချင်း ဖြစ်သည်။ လူသားများက အသက်ရှင်ရန်အတွက်နှင့် လူအချင်းချင်း သတ်ဖြတ်ကြသည်။
နက်ဗျူလာ ခေါင်းငုံ့နေပြီး အတွေးနွံထဲ နစ်ဝင်နေသည်။ ယဲ့ဖန် စကား၏ အဓိပ္ပာယ်ကို သူ စဉ်းစားနေပုံ ရသည်။
“အချိန်ယူပြီး ဖြည်းဖြည်းချင်း စဉ်းစားကြည့်”
ယဲ့ဖန်က သူမကို ထားခဲ့ပြီး ကျုံးဝမ်၏ အခန်းထံသို့ လျှောက်သွားသည်။
နက်ဗျူလာက နှာခေါင်းတရှုံ့ရှုံ့ လုပ်လာပြီးနောက် နှာခေါင်းကို လက်ဖြင့်အုပ်၍ ရွံသလို ပြောလာသည်။
“နင့်မှာ စူးရှတဲ့ ဟော်မုန်းနံ့တွေနဲ့ ပြည့်နေတယ်၊ ဒါက နင် အသည်းအသန် မိတ်လိုက်ချင်တယ်လို့ ပြနေတာပဲ”
ယဲ့ဖန် ခြေမချော်ပါဘဲ မြေကြီးပေါ် လဲကျလုနီးပါး ဖြစ်သွားပြီး သူမအား ဘာပြောရမှန်း မသိတော့သည့် မျက်နှာနှင့် လှည့်ကြည့်လိုက်သည်။
*ဒီလူ … အရမ်း ပွင့်လင်းလွန်းတယ် မဟုတ်ဘူးလား*
“ဘာဖြစ်လို့လဲ”
နက်ဗျူလာက အပြစ်ကင်းစင်စွာ မေးလိုက်ပြီး သူမ ပြောလိုက်သောစကားနှင့် ပတ်သက်၍ တစ်ခုခု မှားနေသည်ဟု မခံစားမိပေ။
“ဘာမှမဖြစ်ပါဘူး”
ယဲ့ဖန်က ရူးသွားတော့မည့်စိတ်ကို ထိန်းနေရသည်။ သူ ဘာလုပ်နိုင်မည်နည်း။ ဤသာမန် အသိစိတ် မရှိ၊ လူမှုရေး မသိ၊ လောအကြောင်းကို နားမလည်သည့် သစ်သားတုံးကြီးကို သူ ဘာများ ပြောနိုင်ပါ့မလဲ။
သူမအား ကလေးမလေးက ဒီလို ကြမ်းတမ်းပွင့်လင်းတဲ့ စကားကို မပြောရဘူး၊ လူတွေ သွေးတက် သွားလိမ့်မယ်ဟု သွားပြော၍လည်း မရချေ။
ထိုသို့ပြောလိုက်မိပါက နက်ဗျူလာက သူ့အား လက်ချာရိုက်ပြီး သူမက သူ့ထက် ပိုအသက်ကြီးပြီး အသက် ဘယ်လောက်ပင် ဖြစ်နေပြီလဲ မသိတော့ကြောင်း ပြောလာပေလိမ့်မည်။
ထို့ကြောင့် ယဲ့ဖန် ခပ်ရှက်ရှက်ဖြင့် သုတ်ခြေတင် ပြေးလာရသည်။
ထိုသို့သောအချိန်၌ ကျုံးဝမ်သည် ဝရံတာ၌ မတ်တပ်ရပ်ကာ လက်ပိုက်၍ ငိုကြွေးနေ၏။ သူမလက်ထဲတွင် ဝိုင်နီတစ်ခွက်ကို ကိုင်ထားပြီး ဘေး၌ ဘာဝိုင်မှမရှိတော့သော ပုလင်းတစ်ပုလင်း ရှိနေသည်။
ပြီးခဲ့သော မိနစ်ပိုင်းအတွင်း သူမကိုယ်သူမ မူးအောင် သောက်နေမိသည်။ မူးသွားပြီးနောက် သူမရင်ထဲမှ ဝမ်းနည်းပူဆွေးစိတ်နှင့် စိတ်လိုက်မာန်ပါ လုပ်ချင်စိတ်တို့က ပိုပြင်းထန်လာပြီး ဤနေရာမှ ခုန်ချ၍ ဘဝကို အရှုံးပေးချင်စိတ် ပေါ်လာသည်။
*အနိုင်ကျင့်လွန်းတယ်*
*ဘယ်လိုလုပ် လူကို ဒီလို အနိုင်ကျင့်ရတာလဲ*
*ငါက အရမ်း ရုပ်ဆိုးလို့လား၊ ဒါမှမဟုတ် ငါ့ကို လုံးဝ မကြိုက်လို့လား*
“ဒုန်း”
ထိုစဉ် သူမအခန်းတံခါးက ကန်ဖွင့်ခံလိုက်ရပြီး သူမရှေ့သို့ လူရိပ်တစ်ခု ရောက်လာသည်။
“ရှင်…”
ယဲ့ဖန်ကို မြင်လိုက်ရသောအခါ ကျုံးဝမ် အံ့ဩသွားသည်။ ယဲ့ဖန် ပြန်လာလိမ့်မည်ဟု သူမ ထင်မထားမိပါ။
လက်ရှိတွင် လေထုထဲ၌ ပြင်းထန်စူးရှသော သွေးညှီနံ့ ပျံ့နေကာ ရွံစရာ ကောင်းလှသည်။
ကျုံးဝမ်သည်လည်း သုံးနှစ်လုံးလုံး စစ်မြေပြင်၌ အချိန်ကုန်ဆုံးခဲ့သူ ဖြစ်သဖြင့် ဤအနံ့ကို ဘယ်လိုလုပ် မသိဘဲ နေမည်နည်း။
ထိုအခါတွင်မှ အဘယ်ကြောင့် ယဲ့ဖန် အလျင်စလို ထွက်သွားရသလဲ ဆိုသည်ကို သူမ နားလည်သွားရသည်။
“ဘာဖြစ်တာလဲ၊ ရှင် ဘာလုပ်လာတာလဲ”
ကျုံးဝမ် စကားပြောချင်သော်လည်း နှုတ်ခမ်းတစ်စုံက သူမနှုတ်ခမ်းကို တားဆီးလာ၏။
*ဟင်*
ကျုံးဝမ်၏ အတွေးထဲ၌ ဗလာဖြစ်သွားပြီး ယဲ့ဖန် ဤသို့ စိတ်အလောတကြီး ပြမူလာလိမ့်မည်ဟု သူမ ထင်မထားမိပေ။
စူးရှသော အမျိုးသားတစ်ယောက်၏ အငွေ့အသက်က စူးရှသော သွေးနံ့နှင့်အတူ ကျုံးဝမ်၏ အာခံတွင်းထဲသို့ ဝင်ရောက်လာသည်။
ကြမ်းတမ်းလှသည်။ ကိုးရိုးကားရား နိုင်လှသည်။ နားမလည်နိုင် ဖြစ်ရသည်။ သို့သော် ယင်းက သူမကို အလွန် စွဲလမ်းစေ၏။
အချိန်အတော်ကြာပြီးနောက် ကျုံးဝမ် အသက်ရှူမဝ ဖြစ်လာသည့်အခါမှ ယဲ့ဖန်က သူမကို လွှတ်ပေးလိုက်သည်။
ထိုအခိုက်တွင် သူမသည် အသက်ကို မနည်းရှူနေရပြီး မျက်နှာလေးက နီမြန်းနေကာ သူမ၏ လက်နှစ်ဖက်က ဘယ်အချိန်ကတည်းက ယဲ့ဖန်၏ လည်ပင်းကို ဖက်တွယ်ထားမိလဲ မသိ ဖြစ်နေကာ ခေါင်းကိုငုံ့ထားပြီး ပြောစရာ စကားမဲ့နေ၏။
“ရှင် … ရှင် …”
သူမသည် ရှင်ဟူသော တစ်လုံးတည်းကိုသာ ပြောနေပြီး ဘာမှဆက်မပြောနိုင်ချေ။
ယဲ့ဖန် ပြုံးလိုက်ပြီး သူမ၏ နှုတ်ခမ်းကို ထပ်ပိတ်လိုက်သည်။ ယခုတစ်ခေါက်တွင် ပိုကြမ်းတမ်းပြီး ပိုကြာရှည်သည်။
ကျုံးဝမ်က ယဲ့ဖန်၏ ရင်ဘတ်ကို တဘုန်းဘုန်း ထရိုက်၍ လွှတ်ပေးရန် အသနားခံတော့မှ ယဲ့ဖန်က သူမကို လွှတ်ပေးလာသည်။
“မလုပ်နဲ့၊ ထပ်မလုပ်နဲ့တော့”
ကျုံးဝမ်က ထိုသို့ပြောပြီး မျက်နှာတစ်ခုလုံး နီစွေးနေ၏။ ဤသို့သာ ဆက်ဖြစ်နေလျင် သူမ အသက်ပျောက် သွားလောက်သည်။
ပျော်ရွှင်မှုက ရုတ်တရက် ရောက်လာပြီး သူမကို သတိလက်လွတ် ဖြစ်သွားစေသည်။ သူမအား လူ့ပြည်မှ တစ်ခဏအတွင်း နတ်ပြည်သို့ ရောက်သွားသလို ခံစားရစေ၏။
*ဒီလူက ဘာခံစားချက်မှ မရှိတာ မဟုတ်ဘူးပဲ၊ မဟုတ်ရင် သူ့အနမ်းက ဒီလောက် နွေးထွေးနေမှာ မဟုတ်ဘူး*
သွေးနံ့စွန်း၍ စွဲစွဲမက်မက် နမ်းသော အနမ်းက သူကို ထူးဆန်းသော ကြည်နူးမှုကို ပေးစွမ်းလာသည်။ ယနေ့ အနမ်းက သူမ တစ်ဘဝလုံး မမေ့နိုင်တော့မည့် အနမ်းပင်။
သူမလူက အပြင်ထွက်၍ လူသတ်ကာ ပြန်လာပြီး သူမကို နမ်းနေသည်။ ဤသည်ကို ထူးဆန်းသည်ဟု မပြောဘဲ ရပါမည်လော။
သို့သော် သူမ သိပ်ကို ပျော်ရွှင်နေမိသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ လူသတ်ချင်စိတ်က အခြားသူများ အတွက်သာ ဖြစ်ပြီး သူ၏ အနမ်းများက ချစ်ရသူများအတွက် သီးသန့် ဖြစ်တည်သောကြောင့်ပင်တည်း။
“မခံနိုင်တော့ဘူးလား၊ ဒါက အစပဲ ရှိသေးတယ်”
ယဲ့ဖန်က သူမကို မချိုမချဉ် ပြုံးပြလိုက်သည်။ သူ၏ ထိုပုံစံက ယုန်ဖြူလေးကို စိုက်ကြည့်နေသည့် ကြီးမားသော ဝံပုလွေဆိုးကြီးနှင့် တူနေ၏။
စာစဉ် ၁၁၁ ပြီးပါပြီ။