← Chapters

တပ်ဖွဲ့များကို လေ့ကျင့်ပေးခြင်း

Vol. 206 Ch. 2930

တပ်ဖွဲ့များကို လေ့ကျင့်ပေးခြင်း

Vol. 206 Ch. 2930

ကောင်းကင်ဘုံ၏ ကောင်းကင်(၉၉)လွှာတွင်...

လူသားဘုံမှ ကျင့်ကြံသူများသည် ကုန်းမြေများကို ဖြတ်၍ ချီတက်လာနေသဖြင့် ရီဖူရှင်း၏ လောကအသေးစားသည် အလုပ်များနေသည်။

လူသားဘိုးဘေးသည် ဘုံခုနစ်ခု၏ စစ်ပွဲကို မရ ရအောင် စမည်ဖြစ်သည်။ ထို့အပြင် သူသည် အဆင့်တိုင်းမှ ကျင့်ကြံသူများကို ဝင်ပါ‌စေလိုပေသည်။ မည်သူမှ ဤစစ်ပွဲကို မရှောင်နိုင်ချေ။ ရီဖူရှင်းသည် စစ်ပွဲကို ရှောင်လိုသော်လည်း ထိုသို့ မလုပ်နိုင်တော့ပေ။

ယခုတွင် သူ စစ်ပွဲအတွက် ပြင်ဆင်ရုံသာ ရှိတော့သည်။

ရီဖူရှင်းသည် တတ်နိုင်သမျှ မြန်မြန် ကောင်းကင်ဘုံမှ အင်အားစုများကို စုစည်းလိုက်သည်။ အရှင်ဒွန်ဟောင်သည်လည်း ကောင်းကင်ဒေသတွင် ထိုသို့လုပ်ခဲ့သည်။ သူတို့သည် ရန်ဟောင်အဆင့် ကျင့်ကြံသူများကို စစ်ပွဲတွင် ပါရန် စုစည်းလိုနေသည်။

ယခင်တစ်ခေါက်က သူတို့သည် အခြားသူများကို စစ်ပွဲအတွင်း ဆွဲသွင်းရမည်ကို ရှောင်နိုင်ခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင်မူ အခြားသူများသည် စစ်ပွဲကို ရှောင်ရန် မဖြစ်နိုင်တော့ပေ။ သူတို့သည် စစ်ပွဲကို ထိပ်တိုက်ရင်ဆိုင်ရုံသာ ရှိတော့သည်။ ထိုသို့လုပ်နိုင်ရန် သူတို့သည် ပထမဆုံး သူတို့၏အင်အားကို မြှင့်တင်ရပေမည်။

ဤစစ်ပွဲတွင် ရန်ဟောင်အဆင့် ကျင့်ကြံသူများသည် အဓိကကျပေမည်။ ရီဖူရှင်းနှင့် အရှင်ဒွန်ဟောင်တို့သည် ထိုကျင့်ကြံသူများကို မြန်မြန်ဆန်ဆန် လေ့ကျင့်ပေးရန် သူတို့ကို ကောင်းကင်(၉၉)လွှာတွင် စုဝေးစေခဲ့သည်။ အချိန်ကွာခြားမှုကြောင့် ထိုကျင့်ကြံသူများသည် ရန်ဟောင်ထိပ်တန်းအဆင့်နှင့် နတ်ဘုရားတစ်ဝက်အဆင့်သို့ပင် ရောက်သွားနိုင်လေသည်။ ထိုနည်းဖြင့် ထိုကျင့်ကြံသူများသည် လာမည့်စစ်ပွဲတွင် အစွမ်းကုန် စွမ်းဆောင်နိုင်မည်ဖြစ်သည်။

ဆင့်ခေါ်ချက် ထုတ်ပြန်ပြီးသောအခါ ဝူထျန်းဗုဒ္ဓအရှင်၊ ထျန်းယင်ဗုဒ္ဓအရှင်၊ သူတို့၏တပည့်များ၊ ချန်ယိနှင့် အခြားသူများသည် ဆင့်ခေါ်ချက်ကြောင့် ရောက်ရှိလာသူများကို စီစစ်လက်ခံရန် တာဝန်ယူရလေသည်။ သူတို့သည် ထိုကျင့်ကြံသူများကို ကောင်းကင်(၉၉)လွှာသို့ ခေါ်ဆောင်၍ ကျင့်ကြံခြင်းတွင် လေ့ကျင့်ပေးရမည်ဖြစ်သည်။

ကောင်းကင်ဘုံ၊ ကောင်းကင်ဒေသနှင့် ဗုဒ္ဓဂိုဏ်းများအားလုံးသည် အလုပ်များနေကြသည်။

လူသားဘုံမှ ကျင့်ကြံသူများက လူသားနတ်ဘုရားနန်းတော်သို့ သွားသကဲ့သို့ ကောင်းကင်ဘုံနှင့် ကောင်းကင်ဒေသမှ ကျင့်ကြံသူများသည်လည်း ကောင်းကင်အင်ပါယာနန်းတော်သို့ သွားကာ ကောင်းကင်(၉၉)လွှာသို့ ဝင်ရောက်ခဲ့ကြသည်။

သူတို့သည် ကောင်းကင်(၉၉)လွှာသို့ ရောက်လာသောအခါ ထိုနေရာသည် ပြန်တည်ဆောက်ထားသော လောကအသစ်တစ်ခုကဲ့သို့ ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။ ၎င်းသည် သီးခြားစကြဝဠာတစ်ခုကဲ့သို့ပင်။

ထိုစကြဝဠာထဲမှ ဂြိုလ်တစ်ခုသည် နေမီးဖိုတစ်ခုကဲ့သို့ပင်။ ၎င်းတွင် ချစ်ချစ်တောက် ပူပြင်းသော အပူလှိုင်းများဖြင့် ပြည့်နှက်နေသည်။ ထိုဂြိုလ်ပေါ်တွင် မဟာအင်ပါယာများနှင့် ကျင့်ကြံသူများ များစွာ ရှိနေသည်။ သူတို့၏ ခေါင်းဆောင်မှာ အာခီမီမဟာအင်ပါယာ တာအိုဘုန်းတော်ကြီးမူဖြစ်သည်။ ထိုဂြိုလ်သည် အာခီမီဂြိုလ်တစ်ခုပင်။ ၎င်းတွင် ဆေလုံးများ၏ အရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။ တာအိုဘုန်းတော်ကြီးမူသည် အာခီမီနန်းတော်မှ ကျင့်ကြံသူများကို ဦးဆောင်၍ ဤဂြိုလ်တွင် ဆေးလုံးများ ဖော်စပ်နေသည်။

အခြားဂြိုလ်တစ်ခုတွင် မျက်မမြင်ထျယ်သည် ချပ်ဝတ်လက်နက်နန်းတော်မှ လူများကို ဦးဆောင်ကာ လက်နက်များ ပြုလုပ်နေကြသည်။ သူတို့သည် မဟာအင်ပါယာအဆင့်အောက်မှ တပ်သားများအတွက် နတ်လက်နက်များစွာကို ပြုလုပ်နေကြသည်။

ထို့အပြင် မျက်မမြင်ထျယ်သည် အရေးပါသောလူတစ်စုအတွက် နတ်လက်နက်များကို ကိုယ်တိုင်ပြုလုပ်မည်ဖြစ်သည်။ ရီဖူရှင်းသည်ပင် မဟာအင်ပါယာအဆင့်အောက်မှ ထိပ်သီးများအတွက် နတ်လက်နက်များကို ကိုယ်တိုင်ပြုလုပ်မည်ဖြစ်သည်။

အခြားကျင့်ကြံသူများသည်လည်း တပ်ဖွဲ့များကို လေ့ကျင့်ပေးကာ အလုပ်များနေကြသည်။ လေ့ကျင့်ရေးကို အရှင်ဒွန်ဟောင်က ကိုယ်တိုင် တာဝန်ယူထားသည်။ အဆင့်တိုင်းမှလူများသည် ကိစ္စများကို အဆင့်အလိုက် တာဝန်ယူကြသဖြင့် အခြေအနေများသည် ပရမ်းပတာ ဖြစ်မနေပေ။

စစ်ပွဲနှင့် နီးကပ်လာလေလေ၊ သူတို့သည် စည်းစနစ်ကျလာလေလေဖြစ်သည်။ အရှင်ဒွန်ဟောင်သည် စစ်ပွဲအတွေ့အကြုံ များပေသည်။ သူသည် စစ်ပွဲတစ်ပွဲအတွင်း၌ ကြီးပြင်းလာပြီး ပလ္လင်ထက်သို့ ရောက်ခဲ့ခြင်းပင်။ မည်သည်များကို လုပ်ရမည်ကို သူကောင်းစွာ သိလေသည်။

ဒွန်ဟောင်တိယွမ်၊ ဂူတုံးလျှိုနှင့် အခြားတပ်ဖွဲ့ခေါင်းဆောင်များသည် အရှင်ဒွန်ဟောင် တပ်ဖွဲ့များကို လေ့ကျင့်ပေးရာ၌ ကူညီခဲ့သည်။ ကျင့်ကြံသူတိုင်းသည် ကိုယ့်တာဝန်ကို ကိုယ်ထမ်းဆောင်ကာ လိုအပ်သည်များကို လုပ်ဆောင်နေကြသည်။ ဤလောကအသေးစားထဲတွင် နေ့စဉ်ရက်ဆက် ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်။ အပြင်လောကမှ တစ်ရက်သည် ဤလောကထဲတွင် (၈၁)ရက်ဖြစ်သည်။

ဤတစ်ကြိမ်တွင် သူတို့သည် အရေအတွက်နှင့် လက်ဦးမှုတွင် အရေးနိမ့်နေကြောင်း သူတို့အားလုံး သိပေသည်။ လူသားဘုံနှင့် ရင်ဆိုင်ရန် သူတို့သည် သူတို့၏ စွမ်းအားများကို မြှင့်တင်ရန်သာ ရှိသည်။ တပ်ဖွဲ့ခြောက်ဖွဲ့သည် သူတို့၏ အဓိကအင်အားဖြစ်ပေမည်။ ရန်ဟောင်အဆင့်ကျင့်ကြံသူများမှာ သူတို့ကို ကူညီပေးရမည့်သူများ ဖြစ်သည်။ ထိုအစီအစဉ်သည် သူတို့အနိုင်ရရန် တစ်ခုတည်းသော မျှော်လင့်ချက်ပင်။

ဂြိုလ်တစ်ခုတွင် စူးရှသောအရှိန်အဝါတစ်ခု ပြည့်လျှံနေ၏။ ဂြိုလ်တစ်ခွင်လုံး၌ လက်နက်များ၏ အေးစက်စက်အလင်းရောင်များ ပြည့်နှက်နေသည်။ ထိုဂြိုလ်မှ ထုတ်လွှတ်နေသော မဟာလမ်းစဉ်အရှိန်အဝါသည်လည်း စူးရှပေသည်။

ခမ်းနားထည်ဝါသော ဂိတ်တံခါးအရှေ့တွင် လူရိပ်တစ်ခုသည် တင်ပျဉ်ခွေထိုင်နေ၏။ နတ်လက်နက်များသည် သူ့ခန္ဓာကိုယ်ကို လှည့်ပတ်နေသည်။ သူ့အရှေ့တွင် ကျင့်ကြံသူ(၁၀၀၀)သည် သူ၏ညွှန်ကြားမှုအောက်၌ ကျင့်ကြံနေကြသည်။ သူတို့၏ခန္ဓာကိုယ်များမှ စွမ်းအားကြီး၍ စူးရှသော အရှိန်အဝါများ ထွက်နေ၏။ အချို့လူများသည် နတ်လက်နက်များအဖြစ် ပြောင်းလဲသွားသည်ဟုပင် ထင်ရသည်။

“လက်နက်လမ်းစဉ်ကို လျှောက်တယ်ဆိုတာ ဖျက်ဆီးလို့မရနိုင်တဲ့သူတစ်ယောက် ဖြစ်လာဖို့ပဲ။ အရာအားလုံးက ဖျက်ဆီးခံရမယ်။ အတတ်အားလုံးက ဆန့်ကျင်ခံရမယ်”

ဝမ်ယန်ပင်းက ပြောလိုက်၏။ သူ၏အကြည့်များသည် နတ်လက်နက်များအလား စူးရှနေသည်။ သူသည် သူ့အရှေ့မှ ကျင့်ကြံသူများကို ကြည့်ကာ ပြောလိုက်၏။

“လက်နက်လမ်းစဉ်ကို လျှောက်တယ်ဆိုတာ အသွေးအသားခန္ဓာကိုယ် မရှိစေဖို့ပဲ။ လက်နက်ပဲ ရှိရမယ်။ ငါတို့ရဲ့ ခန္ဓာကိုယ်တွေက နတ်လက်နက်တွေပဲ”

ဝမ်ယန်ပင်းသည် အဆင့်နိမ့်ကမ္ဘာများတွင် ဂူတုံးလျှို့ကို ရှုံးနိမ့်ခဲ့ပြီးနောက်တွင် ပို၍ ကြိုးစားကျင့်ကြံခဲ့သည်။ သူသည် ကျယ်ပြောသောကောင်းကင်၏ နတ်ဘုရားဂိတ်တံခါးတွင် လက်နက်လမ်းစဉ်ကို ကျင့်ကြံခဲ့ပြီး လျင်မြန်သောနှုန်းဖြင့် တိုးတက်လာခဲ့သည်။ သူသည် ဂူတုံးလျှိုလောက် စွမ်းအားမကြီးသော်လည်း သူဘာကိုအလိုရှိကြောင်း ရှင်းရှင်းလင်းလင်းသိ၍ သူ၏ကိုယ်ပိုင်လမ်းစဉ်ကို မဆုတ်မနစ် လျှောက်လှမ်းပေသည်။

ယခုတွင် သူသည် ဆရာတစ်ယောက်ကဲ့သို့ အခြားကျင့်ကြံသူများကို မည်သို့ကျင့်ကြံရမည်ကို သင်ကြားပေးနေသည်။

ထိုနေရာနှင့်အနီးတွင် မိစ္ဆာသားရဲများ၏ ဂြိုလ်တစ်ခုရှိသည်။ ထိုဂြိုလ်တွင် မိစ္ဆာအရှိန်အဝါများ ရှိ၏။ မိစ္ဆာများစွာ ကျင့်ကြံနေသော်လည်း လွန်စွာ စည်းစနစ်ကျနေသည်။ မိစ္ဆာသားရဲအားလုံးသည် သူတို့ကိုယ်သူတို့ တိုးတက်အောင်လုပ်ရန် ကြိုးစားနေကြသည်။

ထိုဂြိုလ်တွင် နဂါးကလန်၊ နတ်ဆင်များနှင့် ဖန်းငှက်ကလန်တို့ကဲ့သို့ စွမ်းအားကြီး မိစ္ဆာသားရဲမျိုးများ များစွာ ရှိပေသည်။

နဂါးကလန်၏ အကြီးအကဲများ၊ ကောင်းကင်နတ်ဆိုးနန်းတော်နှင့် နတ်ဆင်များသည် မိစ္ဆာသားရဲတပ်သားများကို လေ့ကျင့်ပေးရန် တာဝန်ယူထားသည်။ ထိုဂြိုလ်၏ နတ်ဆိုးနတ်ဘုရားတောင်ကုန်းပေါ်တွင် လွန်စွာစွမ်းအားကြီးသော မိစ္ဆာအနည်းငယ် ရှိပေသည်။

သူတို့၏ခေါင်းဆောင်မှာ သိမ်းငှက်လေးဖြစ်သည်။ သူ၏အကြည့်သည် စူးရှနေပြီး နေရာအနှံ့သို့ ကြည့်နေသည်။ သူ့ဘေးတွင် ဖီးနစ်တစ်ကောင်ရှိသည်။ သူတို့သည် နတ်ဆိုးကလန်၏ တပ်သားများကို တာဝန်ယူထားရသည်။

ယင်းအာကာသကောင်းကင်၌ ထိုဂြိုလ်နှစ်အခုအပြင် အခြားဂြိုလ်လည်း ရှိပေသေးသည်။ ယင်းတို့အားလုံးသည် တပ်ဖွဲ့ခြောက်ဖွဲ့ထဲမှ ဂူတုံးလျှို၏အမိန့်အောက်တွင် ရှိသည့် ကောင်းကင်အာဏာစက်အဖွဲ့အောက်တွင်ဖြစ်သည်။ ဝမ်ယန်ပင်းနှင့် သိမ်းငှက်လေးတို့သည်လည်း ထိုအဖွဲ့မှ ဖြစ်ကြသည်။

ထိုအာကာသကောင်းကင်ကို ကောင်းကင်အာဏာစက် အာကာသကောင်းကင်ဟု ‌ခေါ်သည်။

ကောင်းကင်အာဏာစက် အာကာသကောင်းကင်၏ အဓိကဂြိုလ်ပေါ်ရှိ ကောင်းကင်အာဏာစက်ကျောင်းတော်ထဲတွင် ဂူတုံးလျှိုရှိနေ၏။ ယခုတွင် သူနှင့်အတူ လူများစွာ ရှိနေသည်။ သောကျောက်၊ ရှောင်မုယွီ၊ သခင်ချန်၊ ကျွင်းနှင့် အခြားသူများလည်း ထိုနေရာတွင် ရှိနေသည်။ ယခုတွင် သူတို့သည် ဂူတုံးလျှို၏အကူအညီများအဖြစ် ထမ်းဆောင်နေကြပြီး ကောင်းကင်အာဏာစက်ကြောင်းကို စီမံခန့်ခွဲရာတွင် သူ့ကို ကူညီထောက်ပံ့ပေးနေကြသည်။

“တပ်သားတွေ ဘယ်အခြေအနေရှိလဲ”

ဂူတုံးလျှိုသည် ထိုနေရာရှိသူများကို ကြည့်၍ မေးလိုက်သည်။ ယခုတွင် သူသည် ထိပ်သီးကျင့်ကြံသူတစ်ဦး ဖြစ်နေပေပြီ။ သူသည် သူ့လက်အောက်မှ သူများ၏ ကျင့်ကြံခြင်းကို ကိုယ်တိုင်စုံစမ်းစရာ မလိုတော့ပေ။ သို့သော် ယခုအချိန်သည် အလျင်လိုနေသည့် အချိန်ဖြစ်သည်။ သူတို့သည် စစ်ပွဲအတွက် စစ်တပ်အင်အားကို ဖြည့်တင်းရန် လိုအပ်နေသည်။ မဟာအင်ပါယာများပင် တပ်ဖွဲ့များကို လေ့ကျင့်ပေးရာတွင် ပါဝင်ခဲ့သည်။

ရှောင်မုယွီ တင်ပြလိုက်၏။

“ရှေ့ရက်တွေမှာတော့ အတော်လေး ကသီကလင် နိုင်ခဲ့တယ်။ ဒါပေမဲ့ အခု စည်းစနစ်ကျနေပါပြီ။ အရာအားလုံးက နေရာတကျဖြစ်ပြီး သူ့ဟာနဲ့သူ အဆင်ချောချော လည်ပတ်နိုင်နေပါပြီ။ အဲဒါကြောင့် အပြင်လောက,ကနေပြီး ကျင့်ကြံသူတွေ ထပ်ရောက်လာရင်တောင် ကျွန်မတို့ သူတို့ကို လေ့ကျင့်ရေးစနစ်ထဲ မြန်မြန် ထည့်သွင်းနိုင်ပြီး ကျွန်မတို့ရဲ့ တပ်သားတွေဖြစ်လာအောင် လုပ်နိုင်နေပါပြီ”

“ကျုပ်ကတော့ စစ်ပွဲစဖို့ မျှော်လင့်နေပြီ”

သောကျောက်က အနည်းငယ် စိတ်အားထက်သန်နေသည်။ သောမျိုးနွယ်သည် တိုက်ပွဲများကို အမြဲသဘောကျခဲ့သည်။ စစ်သွေးစစ်မာန်များသည် သူတို့၏ သွေးများထဲတွင် စီးဆင်းနေသည်။

“နတ်ဆိုးနတ်ဘုရားဂြိုလ်ကလည်း အစီအစဉ်အတိုင်း လည်ပတ်နေပါတယ်”

သခင်ချန် ပြောလိုက်၏။

“အင်း...”

ဂူတုံးလျှိုသည် ခေါင်းညိတ်ပြလိုက်သည်။

“သတိတော့ မပေါ့ကျနဲ့။ ဒီတစ်ခေါက် ကျုပ်တို့ ရင်ဆိုင်နေရတဲ့ ရန်သူတွေက အရင်က ကောင်းကင်အာဏာစက်ဘုံ ရင်ဆိုင်ခဲ့ဖူးတဲ့ ရန်သူတွေလို မဟုတ်ဘူး။ သူတို့အားလုံးက လူသားဘုံ၊ ဗလာနတ္တိဘုံနဲ့ အခြားဘုံတွေက ထိပ်သီးအင်အားစုတွေပဲ။ အဲဒီအင်အားစုတွေထဲက ဘယ်အင်အားစုမဆို အတိတ်က ကောင်းကင်အာဏာစက်ဘုံရဲ့ ကျင့်ကြံသူတွေကို အလွယ်လေး ရှင်းပစ်နိုင်တယ်”

“ကျုပ်တို့ကလည်း အရင်ကလို မဟုတ်တော့ပါဘူး။ အခု ခင်ဗျားက ကျုပ်တို့ကို ဘာလို့ အတိတ်တုန်းကနဲ့ နှိုင်းယှဉ်နေရတာလဲ”

သောကျောက်က ယုံကြည်မှုရှိရှိ ပြောလိုက်၏။ သူသည်လည်း အရေးပါသူတစ်ဦးဖြစ်၍ အမြဲပင် အကောင်းဆုံး ကျင့်ကြံခြင်းအရင်းအမြစ်များကို ရရှိခဲ့သည်။ ယခုတွင် သူ၏စွမ်းရည်များသည် အလွန်စွမ်းအားကြီးနေပေပြီ။

“အရေအတွက်အရဆို ကျုပ်တို့က လုံးဝအရေးနိမ့်နေတယ်။ ကျုပ်တို့ လေ့ကျင့်ပေးနေတဲ့ တပ်ဖွဲ့တွေက ရန်သူကို လွှမ်းမိုးဖိအားပေးပြီး သူတို့ရဲ့ ရင်ထဲကို အကြောက်တရား ရိုက်သွင်းနိုင်ဖို့လိုတယ်”

ဂူတုံးလျှို ပြန်ပြောလိုက်၏။

“မစိုးရိမ်ပါနဲ့... ကျုပ်တို့ သေချာပေါက် အဲဒီလိုဖြစ်လာအောင် လုပ်မှာပါ”

သောကျောက်သည် ယုံကြည်မှုရှိရှိ ပြန်ပြောလိုက်လေသည်။

All Chapters