← Chapters

စစ်မြေပြင်

Vol. 206 Ch. 2933

စစ်မြေပြင်

Vol. 206 Ch. 2933

နတ်ဆိုးလောကမှ စစ်တပ်သည် မြောက်ဘက်ကမ်းပါးမှနေ၍ ကောင်းကင်ဒေသကို စတင် ကျူးကျော်လာသည်။

ကုန်းမြေတစ်ခုရှိ မြို့တစ်မြို့အထက်တွင် တိမ်မည်းများ ဖုံးလွှမ်းနေ၏။ နတ်ဆိုးလောကမှ ကျင့်ကြံသူများသည် ကောင်းကင်ထဲတွင် ပြည့်နှက်နေသည်။ နတ်ဆိုးလောကမှ သန်းဆယ်ချီသော တပ်သားများသည် ကောင်းကင်ဒေသကို စတင်ကျူးကျော်နေကြသည်။ တဒင်္ဂလေးအတွင်းမှာပင် ကျယ်ပြောသောကုန်းမြေတစ်ခွင်လုံးတွင် စစ်မီးတောက်လောင်သွားသည်။

နတ်ဆိုးလောကမှ စစ်တပ်တစ်တပ်လုံးသည် မြောက်ဘက်ကမ်းပါးမှနေ၍ စတင်ကျူးကျော်လာရာ ကောင်းကင်ဒေသသည် ပြောက်ကျားဗျူဟာကို အသုံးပြုခဲ့ပြီး ထိပ်တိုက်ရင်မဆိုင်ခဲ့ပေ။ နတ်ဆိုးလောက၏ စစ်တပ်သည် အင်အားကြီးပေသည်။ အကယ်၍ ကောင်းကင်ဒေသမှ ကျင့်ကြံသူများသာ သူတို့နှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ပါက ရလဒ်သည် အလွန်ဆိုးဝါးပေလိမ့်မည်။

ထို့ကြောင့် ကောင်းကင်ဒေသမှ ကျင့်ကြံသူများသည် ကျင့်ကြံခြင်းအဆင့်မြင့်သည့် ကျင့်ကြံသူများနှင့် အာကာသ (သို့) အလျင်စွမ်းအားကို ကျွမ်းကျင်သည့် ကျင့်ကြံသူများကိုသာ ရန်သူစစ်တပ်၏ လုပ်ဆောင်မှုများကို နှောင့်ယှက်တိုက်ခိုက်ရန် စေလွှတ်ခဲ့သည်။

သို့သော် အကြွင်းမဲ့စွမ်းအားနှင့် ရင်ဆိုင်ရစဉ်တွင် ယင်းလုပ်ရပ်အားလုံးသည် အသုံးမဝင်ပေ။ နတ်ဆိုးလောကသည် သန်းချီသော တပ်သားများ ပါလာသော်လည်း တပ်မဖြန့်ခဲ့ချေ။ ကောင်းကင်ဒေသမှ ကျင့်ကြံသူများသည် သူတို့ရန်သူများ မည်သို့လှုပ်ရှားရန် ပြင်ဆင်နေကြသည်ကို ‌စောင့်ကြည့်ကာ မည်သို့ တုံ့ပြန်တိုက်ခိုက်ရမည်ကို ဆုံးဖြတ်ကြရသည်။

တစ်ချိန်တည်းမှာပင် အနောက်ဘက်ကောင်းကင်၏ ဗုဒ္ဓလောကသည်လည်း အခြားဗျူဟာတစ်မျိုးဖြင့် ခုခံတိုက်ခိုက်နေသည်။ ဗုဒ္ဓဂိုဏ်းများသည် မှော်နက်လောကနှင့် ဗလာနတ္တိဘုံတို့မှ အင်အားစုများက ဗုဒ္ဓလောကကို ကျူးကျော်နေကြောင်း သိလိုက်သောအခါ ရဟန်းတပ်ဖွဲ့နှင့် လေးမျက်နှာတပ်ဖွဲ့ အပါအဝင် သူတို့၏အင်အားများကို ချက်ချင်းစုစည်းလိုက်ပြီး စစ်မြေပြင်သို့ သွားရောက်ကြသည်။ အဓိကလောကကြီးနှစ်ခု ကျူးကျော်နေသော ကုန်းမြေများတွင် ကြီးမားသော တိုက်ပွဲကြီးများ ဖြစ်ပေါ်လာ၏။

ဗုဒ္ဓဂိုဏ်းများတွင် ဂိုဏ်းအဖွဲ့ဝင်များစွာ ရှိပေသည်။ သူတို့သည် သူတို့၏ယုံကြည်မှုအပေါ် သစ္စာရှိသည်။ သူတို့သည် မှော်နက်လောကမှ ကျင့်ကြံသူများကို ဗုဒ္ဓလောကအား စော်ကားခွင့်ပြုမည်မဟုတ်ပေ။ ယခင်တစ်ခေါက် မှော်နက်စစ်တပ် ကျူးကျော်ခဲ့ချိန်က သူတို့သည် ကြီးမားသော တန်ကြေးတစ်ခု ပေးခဲ့ရသည်။

ဤတစ်ကြိမ်တွင် အားကောင်းသော ခုခံမှု ထွက်ပေါ်လာ၏။ တိုက်ပွဲများသည် ပို၍ပင် ပြင်းထန်ပေသည်။

ဗုဒ္ဓ‌လောကသည်လည်း စစ်မီးဟုန်းဟုန်းတောက်လောင်နေသည်။ စစ်မြေပြင်အထက်ရှိ ကောင်းကင်တွင် ဗုဒ္ဓအရှင်များ ရှိနေ၏။ သူတို့သည် လက်အုပ်ချီ၍ ဗုဒ္ဓကျမ်းစာ ရွတ်ဆိုနေကြသည်။ သူတို့သည် ကျဆုံးသွားသူများ၏ ဝိညာဉ်များကို ဒုက္ခမှလွတ်မြောက်ကာ ပြန်ဝင်စားနိုင်အောင် လုပ်ပေးနေခြင်းပင်။

ဤတစ်ကြိမ်တွင် ဘုံခုနစ်ခုလုံးသည် စစ်ပွဲအတွင်းသို့ ဆွဲသွင်းခံခဲ့ရသည်။ မည်သူမှ ထိုစစ်ပွဲကို မရှောင်နိုင်ပေ။

****

ကောင်းကင်ဘုံ၏ စစ်မြေပြင်တွင် နန်လော့ရှန်းသည် လူသားဘိုးဘေး၏ တပည့်တစ်ယောက်နှင့် ရင်ဆိုင်တိုက်ခိုက်နေသည်။

သူမ၏ ပျက်သုဉ်းခြင်းနတ်ဓားသည် ရန်သူ၏ ဖိနှိပ်မှုကို ခံနေရသည်။ လူသားဘိုးဘေး၏ ထိုတပည့်သည် တိဟောက်လောက် စွမ်းအားမကြီးသော်လည်း ထိပ်သီးတစ်ဦးဖြစ်ပေသည်။ နန်လော့ရှန်းသည် ရီဖူရှင်းထံမှ ကိုယ်တိုင်လမ်းညွှန်ပြသမှုကို ရရှိခဲ့ပြီး သူမ၏ လက်ရှိတိုက်ခိုက်စွမ်းရည်ကို ရရန် သူ၏စည်းမျဉ်းနတ်စွမ်းအားကို သူမ၏အတတ်များအတွင်းသို့ ပေါင်းစည်းခဲ့သည်။ သို့သော် သူမသည် အင်အားကြီးရန်သူနှင့် ရင်ဆိုင်နေရသောအခါ ကြီးမားသောဖိအားကို ခံစားနေရလေသည်။

သူမတို့နှစ်ယောက်ကို ဗလာနယ်တစ်ခုက ဝန်းရံထားသည်။ အခြားသူများသည် သူမတို့၏ တိုက်ခိုက်မှုများ၏ ရိုက်ခတ်မှုကို ခံရမည် စိုး၍ သူမတို့နှင့် ဝေးရာတွင်  နေ,နေကြသည်။ ထိုစဉ်တွင် ကြောက်မက်ဖွယ်ကောင်းသော ဧရာမဓားကြီးတစ်ချောင်သည် ကောင်းကင်မှ ကျဆင်းလာလေသည်။ ၎င်းတွင် လူသားဘုံ၏ စွမ်းအား ပါဝင်ပေသည်။

နန်လော့ရှန်း၏ ဓားမှနေ၍ အစိမ်းရောင်နတ်အလင်း တလက်လက် တောက်ပလာပြီး ကျဆင်းလာသော ဓားနှင့် ထိပ်တိုက် ထိခတ်သွားသည်။ အဖျက်မုန်တိုင်းတစ်ခု ထွက်ပေါ်လာကာ ကောင်းကင်နှင့်မြေကြီးကို လွှမ်းခြုံသွားသည်။ သူမသည် နောက်သို့ ခြေတစ်လှမ်းဆုတ်ရန် ဖိအားပေးခံခဲ့ရသည်။

ရွှစ်...

လျှပ်စီးတန်းတစ်တန်းသည် လူသားဘိုးဘေး၏ တပည့်ထံသို့ ဦးတည်သွားသည်။ နန်လော့ရှန်း၏အဖေ အင်ပါယာနန်သည် တိုက်ပွဲတွင် ဝင်ပါလာသည်။ ယခုတွင် သူ၏ဓားအတတ်သည် ပို၍တိုးတက်လာပြီး ပို၍သန့်စင်လာပြီဖြစ်သည်။ သူ့ဓားသည် ရှေ့သို့ ပြင်းထန်စွာ ထွက်သွား၏။ ယင်းဓားသည် လူသားမျိုးနွယ် စတင်ဖြစ်တည်လာကတည်းက ဖန်တီးခဲ့သော ပထမဆုံးဓားကဲ့သို့ပင်။

ဒုန်း...

နတ်ချိပ်စည်းသည် ဓားလမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။ နတ်ချိပ်စည်းသည် နေနှင့်ကောင်းကင်ကို ကွယ်သွားပြီး ရွှေရောင်နတ်ရောင်ဝါများ ဖြာထုတ်လိုက်သည်။ ၎င်းတွင် အာကာသနတ်စွမ်းအား ပါဝင်ပြီး အင်ပါယာနန်၏ ဓားကို ချိုးဖျက်ရန် ကြိုးစားလိုက်သည်။ သို့သော် အင်ပါယာနန်၏ ဓားသည် အစိမ်းရောင်နတ်ရောင်ဝါ တောက်ပလာပြီး နတ်ချိပ်စည်းသည် ရုတ်ခြည်း ကွဲအက်ပျက်စီးသွားသည်။ ထို့နောက် ဓားသည် ကြီးမားသောအဟုန်နှင့်အတူ ရှေ့သို့ ဆက်တိုးသွားသည်။

သူတို့၏ ရန်သူသည် လူသားနတ်ဘုရားအဖြစ် ပြောင်းလဲသွား၏။ သူသည် အရှိန်အဝါကြီးပြီး နတ်ဘုရားအစစ်အမှန်တစ်ပါးနှင့် ဆင်တူပေသည်။ သူသည် ရှေ့သို့ လက်ချောင်းတစ်ချောင်း ညွှန်လိုက်ပြီး အင်ပါယာနန်၏ ဓားကို ထိလိုက်သည်။ သူ့လက်ချောင်းမှ စွမ်းအားသည် ဓားကို အပြင်းအထန် တုန်ခါသွားစေသည်။

ရွှစ်...

စူးရှသောအသံတစ်သံသည် အာကာပြင်ထဲတွင် ပဲ့တင်ထပ်သွားပြီး လူသားနတ်ဘုရား၏ခန္ဓာကိုယ်ပေါ်တွင် အက်ကြောင်းများ ထွက်ပေါ်လာ၏။ အင်ပါယာနန်၏ခန္ဓာကိုယ်သည်လည်း ‌နောက်သို့ တွန်းထုတ်ခံလိုက်ရ၏။ အဖေနှင့်သမီး အတွဲသည် ဘေးချင်းယှဉ်ရပ်၍ သူတို့ရှေ့မှ ကျင့်ကြံသူကို ကြည့်လိုက်ကြသည်။

“သမီး အဆင်ပြေရဲ့လား”

အင်ပါယာနန် မေးလိုက်သည်။

“အင်း...”

နန်လော့ရှန်း ခပ်ဖွဖွ ခေါင်းညိတ်လိုက်၏။ သူမတို့နှစ်ယောက်သည် စစ်မြေပြင်တွင် အင်အားပူးပေါင်းခဲ့သည်။

အခြားတစ်နေရာတွင် သောကျောက်သည် ရှေ့သို့ အကြောက်အရွံ့ကင်းစွာ တိုးသွားပြီး ရန်သူစစ်တပ်ကို သတ်ဖြတ်လိုက်သည်။ သူ ဖြတ်သွားသောနေရာတိုင်းတွင် မည်သူမှ မရှင်ကျန်ခဲ့ပေ။ သူသည် သူ၏ရွှေရောင်နှင်တံကို ယမ်းကာ လှုပ်ရှားလိုက်သည်။ ယင်းနှင်တံကြောင့် ကျင့်ကြံသူများစွာ သေဆုံးသွားခဲ့သည်။

ရုတ်တရက် သူ့အပေါ်သို့ ကြောက်မက်ဖွယ် လျှပ်စီး ကျဆင်းလာ၏။ ယင်းမှာ ရင်းမြစ်လျှပ်စီးဖြစ်သည်။ သောကျောက်၏ နှင်တံနှင့် လျှပ်စီးတို့ ထိတိုက်သွားသောအခါ နှင်တံသည် ချက်ချင်း တိုက်စားခံလိုက်ရ၏။ ရုတ်ခြည်းပင် ၎င်းလျှပ်စီးသည် နှင်တံတစ်လျှောက် ဆင်းသွားပြီး သောကျောက်၏ခန္ဓာကိုယ်အတွင်းသို့ ဝင်သွားကာ သောကျောက်ကို ထုံသွားစေ၏။ သူ၏စိတ်ဝိညာဉ်သည်ပင် တုန်လှုပ်သွားသည်။

သောကျောက် ရှေ့သို့ဆက်မတိုးတော့ဘဲ ရပ်လိုက်၏။ သူသည် ခေါင်းမော့၍ သူထံသို့ ဦးတည်လာသည့် လူကို ကြည့်သည်။ ဝင်ရောက်လာသူမှာ အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ဖြစ်သည်။ သူ၏မျက်ဝန်းများသည် ခရမ်းရောင်ဖြစ်ပြီး လျှပ်စီးနတ်စွမ်းအားဖြင့် တလက်လက်တောက်ပနေသည်။ သူ၏မျက်လုံးများသည် အခြားသူများ၏ စိတ်အပေါ် တိုက်ရိုက်သက်ရောက်နိုင်လေသည်။

ရွှစ်...

စူးရှသော အသံတစ်သံ ထွက်ပေါ်လာ၏။ လျှပ်စီးတန်းတစ်ခုသည် သောကျောက်၏ မျက်လုံးများကို ဖောက်ဝင်သွားသည်။ အသက်လတ်ပိုင်းအရွယ်လူသည် အခြားသူများ၏ စိတ်များအပေါ် သက်ရောက်နိုင်ပြီး သူ၏စွမ်းအားသည် လျှပ်စီးဖြစ်သဖြင့် စိတ်ဝိညာဉ်များကို ပစ်မှတ်ထားနိုင်လေသည်။ သူ၏ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုသည် သောကျောက်၏ ကြောက်မက်ဖွယ် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကို တုံ့ပြန်ရန် အသင့်တော်ဆုံးဖြစ်သည်။

အသက်လတ်ပိုင်း အမျိုးသားသည် သူ၏လက်များကို ဆန့်တန်းလိုက်ရာ ကောင်းကင်မှနေ၍ လျှပ်စီးတန်းများ ကျဆင်းလာလေသည်။ သူသည် ကျိုးထျန်းနတ်လျှပ်စီးကို ဆင့်ခေါ်လိုက်ပြီး ကျယ်ပြောသောအာကာပြင်ကို သူ၏လျှပ်စီးစက်ကွင်းအဖြစ် ပြောင်းလဲလိုက်လေသည်။

သောကျောက်၏ မျက်ခုံးနှစ်ခုကြားတွင် တောက်ပသောနတ်အလင်း လင်းလက်လာသည်။ သူ၏စိတ်စွမ်းအား ဖြာထွက်သွားပြီး သူ၏ တိုက်ခိုက်ခြင်းနတ်ဘုရားဝိညာဉ်စွမ်းအားကို အဆုံးစွန်ထိ ထုတ်လွှတ်လိုက်သည်။ သူ၏ခန္ဓာကိုယ် ကြီးထွားလာပြီး သူ့စိတ်သည်လည်း ခိုင်မာလာသည်။ ထိုမှသာ သူသည် လျှပ်စီး၏ နှောင့်ယှက်မှုကို မခံရမည်ဖြစ်သည်။

ဝုန်း...

သူ သူ၏နှင်တံကို ယမ်းလိုက်၏။ ကောင်းကင်တစ်ခွင်လုံး တုန်ခါသွားသည်။ အာကာပြင်ထဲတွင် တုန်ခါသံများကို ကြားလိုက်ရ၏။

သူသည် နှင်တံကို ရှေ့နောက် ယမ်းလိုက်ရာ ကြောက်မက်ဖွယ် စွမ်းအားတစ်ခု ထွက်ပေါ်လာ၏။ ယင်းစွမ်းအားသည် အသက်လတ်ပိုင်း အမျိုးသားထံ ဦးတည် ပျံဝင်သွား၏။ အာကာပြင် ကွဲအက်သွားပြီး ကောင်းကင်နှင့်မြေကြီး မြည်ဟည်းသွားသည်။

မိုးချုန်းသံများလည်း တစ်ချိန်တည်း ထွက်ပေါ်လာ၏။ ကျိုးထျန်းနတ်လျှပ်စီးများ ကျဆင်းလာပြီး အာကာပြင်ကို လွှမ်းခြုံသွားသည်။ လျှပ်စီးသည် သောကျောက်၏နှင်တံရော ခန္ဓာကိုယ်နှင့်ပါ ထိတိုက်သွားသည်။ ၎င်းသည် သူ၏စိတ်ဝိညာဉ်ကိုပါ ဆက်တိုက်ခိုက်လိုက်လေသည်။

ဤတစ်ကြိမ်တွင် သောကျောက်ကို တိုက်ခိုက်ခြင်းနတ်ဘုရား၏ဝိညာဉ်စွမ်းအားက ကာကွယ်ထား၏။ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် နတ်အလင်းစီးဆင်းနေပြီး ဝိညာဉ်စွမ်းအားသည် သူ့စိတ်ဝိညာဉ်ကို ဝန်းရံထားလေသည်။ ကျိုးထျန်းနတ်လျှပ်စီးက သူ့ခန္ဓာကိုယ်ကို ထိမှန်သွား၏။ သို့သော် သူသည် အစွမ်းကုန်ထုတ်လိုက်ပြီး သူ့အသွေးအသား၏ ကန့်သတ်ချက်ကို ကျော်ဖြတ်လိုက်သည်။ သောကျောက်သည် တစ်ကိုယ်လုံး ထုံကျင်နေသော်လည်း သူ့ရန်သူထံ ဆက်၍ ဦးတည်သွားလိုက်၏။ သူ ရှေ့သို့ ထိုးလိုက်သောအခါ သူ့လက်သည် ပြင်းထန်စွာ တုန်ခါသွားသည်။ သူ့တစ်ကိုယ်လုံးမှ စွမ်းအားများ ထွက်လာပြီး ထိုစွမ်းအား,အားလုံးသည် သူ၏တိုက်ခိုက်မှုအတွင်း စီးဝင်သွားသည်။

သူနှင့် သူ့နှင်တံကို ကြောက်မက်ဖွယ် လျှပ်စီး လွှမ်းခြုံထားသော်လည်း သောကျောက်သည် သူ့ပြိုင်ဘက်ကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်လိုက်သေးသည်။

ဝုန်း...

နှင်တံသည် အသက်လတ်ပိုင်း အမျိုးသားကို ရိုက်လိုက်ပြီး သူ့ကို သွေးထွက်၊ ပျော့ဖတ်သွားစေ၏။ သူ ရှင်းပစ်ခံလိုက်ရပေပြီ။

သို့သော် သောကျောက် ထိုလူကို သတ်ပြီးနောက်တွင် ကျင့်ကြံသူတစ်စုသည် သူ့ထံသို့ ချက်ချင်း ဦးတည်လာကြလေသည်။ သူတို့ သူ့ထံ ချဉ်းကပ်မလာသေးခင်မှာပင် ကောင်းကင်ထဲတွင် သူတို့၏ ကျိုးထျန်းနတ်လျှပ်စီး ပြည့်နှက်သွားသည်။ ကောင်းကင်မှနေ၍ နတ်အရှိန်အဝါ ဖိကျလာပြီး သူ့ပတ်ပတ်လည်တွင် အဆုံးမဲ့နတ်လျှပ်စီး စုစည်းသွား၏။ လျှပ်စီးများသည် သူ့ထံသို့ ချိန်းကြိုးများအလား ဦးတည်ပျံဝင်လာလေသည်။

ဝုန်း...ဝုန်း...ဝုန်း...

မရေမတွက်နိုင်သော လျှပ်စီးတန်းများသည် အာကာပြင်ကို ရိုက်ခတ်ကာ သောကျောက်ကို လှည့်ပတ်လိုက်သည်။ ၎င်းတို့သည် ၎င်းတို့၏လမ်းကြောင်းရှိ အရာအားလုံးကို ဖျက်ဆီးကာ သူ့ခန္ဓာကိုယ်ကို ထိမှန်သွားသည်။ သောကျောက်၏စွမ်းအားသည် အဆုံးစွန်ထိ ထွက်လာ၏။ သို့သော် ကြောက်မက်ဖွယ် လျှပ်စီးထိမှန်သွားသောအခါ ၎င်းသည် သူ၏အသားကို တိုက်စားနေလေသည်။ အထက်ကောင်းကင်မှနေ၍ စွမ်းအားကြီးပုဂ္ဂိုလ်များ ဆင်းသက်လာ၏။ သူတို့သည် အင်အားစုတစ်စုတည်းမှ ဖြစ်ပုံပေါ်သည်။ သူတို့အားလုံးသည် လျှပ်စီးနတ်စွမ်းအားကို ကျင့်ကြံကြသည်။ သူတို့သည် ကျိုးထျန်းနတ်လျှပ်စီးကို တာဝန်ယူရသော နတ်ဘုရားများကဲ့သို့ပင်။ သူတို့သည် လူတိုင်း၏အထက် ကောင်းကင်တွင် ရပ်နေကြသည်။

သူတို့အားလုံးသည် လူသားနတ်ဘုရားနန်းတော်မှ ကျင့်ကြံသူများဖြစ်သည်။

သောကျောက်သည် သူတို့၏စွမ်းအားကို အာရုံခံမိလိုက်၏။ ဤစစ်ပွဲသည် သူထင်ထားသည်နှင့် ကွဲပြားကြောင်း သူသ‌ဘောပေါက်သွားသည်။

All Chapters