← Chapters

လူတစ်ယောက်ကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း

Vol. 206 Ch. 2935

လူတစ်ယောက်ကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း

Vol. 206 Ch. 2935

ဝုန်း...

ရွှေလှံ ကျဆင်းလာ၏။ သို့သော် ၎င်းသည် ရှားရှင်းယွန်ကို မထိခင်တွင် ကွဲအက် ပျက်စီးသွားသည်။ ၎င်းသည် နတ်မီးတောက်များ ဝန်းရံထားသော နှင်တံရှည်တစ်ချောင်းကြောင့် ပျက်စီးသွားခြင်းပင်။

ရှားရှင်းယွန်၏အထက် မလှမ်းမကမ်းတွင် ကြမ်းကြုတ်၍ စွမ်းအားကြီးသော နတ်ဆိုးတစ်ကောင် ရပ်နေလေသည်။ သူမှာ တစ်ချိန်က ရီဖူရှင်းနှင့် တိုက်ခိုက်ခဲ့သည့် ကျိုးရန်သားရဲပင်။ သူ့အနောက်တွင် ကောင်းကင်အာဏာစက်ဘုံမှ နတ်ဆိုးမျောက်ဝံအင်အားစု ရပ်နေသည်။ သူတို့သည် ဖြန့်ကျက်ကာ စီတန်းရပ်၍ ခံစစ်ပြင်ထားသည်။ သူတို့ထံမှနေ၍ ကြမ်းကြုတ်သော အရှိန်အဝါ ထွက်နေလေသည်။ သူတို့သည် သူတို့၏လက်များထဲတွင် နှင်တံရှည်များ ကိုင်ထားကြသည်။ သူတို့သည် တိုက်ကွက်ဆင်ကာ ရပ်နေပြီး ရှားရှင်းယွန်၏လုံခြုံရေးကို ကာကွယ်ပေးနေသကဲ့သို့ပင်။

ကောင်းကင်ထက်မှနေ၍ အပြာရောင်ဝတ်စုံဝတ်ဆင်ထားသော ကျင့်ကြံသူတစ်စု ဆင်းသက်လာ၏။ သူတို့ကို ရွှေရောင်အလင်းက ဝန်းရံထားပြီး လွန်စွာစူးရှပုံပေါ်နေသည်။ သူတို့သည် လူသားနတ်ဘုရားနန်းတော်မှ ကျင့်ကြံသူများဖြစ်သည်။ သူတို့သည် ရွှေရောင်စစ်နတ်ဘုရားများကဲ့သို့ လွန်စွာအရှိန်အဝါကြီးပေသည်။

ရွှေရောင်အလင်းတန်းများ ဖြာကျလာပြီး စူးရှသော နတ်လက်နက်များသည် သတ်ဖြတ်ရန် ကျဆင်းလာကာ ဟင်းလင်းပြင်ကို ပိုင်းဖြတ်သွားသည်။

ကျိုးရန်သားရဲနှင့် အခြားနတ်ဆိုးကျင့်ကြံသူများသည် စွမ်းအင်နှင့် ဆက်နွယ်နေကြ၏။ သူသည် နှင်တံရှည်ကို ကိုင်ကာ ကောင်းကင်ထက်သို့ ပစ်တင်လိုက်သည်။ ၎င်းနှင်တံရှည်တွင် ကြီးမားသောစွမ်းအား ပါပေသည်။ ၎င်းသည် ဟင်းလင်းပြင်ကို ကွဲအက်သွားစေပြီး ဝင်ရောက်လာသည့် ကျင့်ကြံသူများကို တားဆီးလိုက်သည်။ ရှားရှင်းယွန်သည် စစ်မြေပြင်ကို ကြည့်လိုက်၏။ သူမ၏ဝတ်ရုံသည် တဖျပ်ဖျပ်ခတ်နေသည်။ သူမသည် သူမ၏အလုပ်ကို ဆက်လုပ်နေပြီး အခြားနေရာသို့ သွားလိုက်သည်။ အသက်စွမ်းအားသည် အကန့်အသတ်မဲ့အာကာပြင်ကို လွှမ်းခြုံသွားပြီး ဒဏ်ရာရထားသူများကို ဆက်၍ကုသပေးနေသည်။

ရွှီး...

နောက်ထပ်အာကာသနတ်အလင်းတစ်ခုသည် ဟင်းလင်းပြင်ကို ထွင်းဖောက်သွားသည်။ ယင်းမှာ ရှားရှင်းယွန်ကို ချိန်ရွယ်ထားခြင်းပင်။ ကျိုးရန်နှင့် အခြားနတ်ဆိုးများသည် တိုက်ခိုက်သူတစ်စုကို တားဆီးလိုက်နိုင်သော်လည်း ယခုတွင် ရှားရှင်းယွန်ကို သတိပြုမိသွားသူ များစွာရှိနေပြီဖြစ်၍ သူမကို သတ်လိုသူ များစွာရှိနေပေပြီ။ ထိပ်သီးပုဂ္ဂိုလ်အချို့သည် သူမကို သူတို့ကိုယ်တိုင်သတ်ရန် ကြိုးစားနေကြသည်။

အာကာသနတ်အလင်းသည် ဟင်းလင်းပြင်ကို တိုက်ရိုက်ဖောက်ထွင်းသွားပြီး ကျင့်ကြံသူများစွာ၏ ခန္ဓာကိုယ်များကိုလည်း ဖောက်ထွင်းသွားသည်။ သို့သော် ၎င်းသည် ရပ်မသွားဘဲ ရှေ့သို့ဆက်သွားနေသည်။ ၎င်း၏ ချိန်ရွယ်မှုသည် မည်သည့်အခါကမှ ရှားရှင်းယွန်အပေါ်မှ လွဲမသွားခဲ့ချေ။

သို့သော် တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ် ဧရာမလက်ဝါးရာကြီး ကျဆင်းလာပြီး ဟင်းလင်းပြင်ထဲတွင် နတ်အလင်းနှင့် ထိတိုက်သွားသည်။ ရုတ်တရက် အာကာပြင်မှနေ၍ ပြင်းထန်သောအသံတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံကို ပတ်ဝန်းကျင်နေရာများမှနေ၍ ရှင်းလင်းစွာ ကြားရလေသည်။

လွန်စွာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ပျံ့နှံ့သွားပြီး ရှားရှင်းယွန်နောက်တွင် အခြားကျင့်ကြံသူတစ်စု ထွက်ပေါ်လာ၏။ ထိုကျင့်ကြံသူများသည် တိုက်ကွက်ဆင်ကာ ရှေ့သို့ ပျံသန်းလာကြသည်။ သူတို့သည် ယခုမှ စတင်လှုပ်ရှားကြခြင်းဖြစ်သည်။ သူတို့၏တာဝန်သည် ရှားရှင်းယွန်ကို ကာကွယ်ရန်သာ ဖြစ်ပုံပေါ်သည်။

ရှားရှင်းယွန်သည်လည်း ထိုအခြင်းအရာကြောင့် အနည်းငယ် အံ့အားသင့်သွားသည်။ သူမသည် နောက်လှည့်၍ ကြည့်လိုက်ရာ သူမကို နောက်မှနေ၍ ကာကွယ်ပေးနေသည့် လူများကို မှတ်မိသွားသည်။ သူတို့သည် စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူများဖြစ်သည်။

စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူများသည် ကောင်းကင်အာဏာစက်တပ်ဖွဲ့ထဲတွင် ပါပေသည်။ အတိတ်တွင် ထိုအင်အားစုသည် အခြားအင်အားစုအားလုံးနှင့် ယှဉ်နိုင်စွမ်းရှိခဲ့လေသည်။ သူတို့ကို ရီဖူရှင်းက လေ့ကျင့်ပေးပြီးသောအခါ သူတို့၏အင်အားသည် ပို၍ပင် တိုးတက်လာခဲ့သည်။ ထို့အပြင် သူတို့သည် မူလဘုံ၏ ကုန်းမြေသို့ ပြန်မလာနိုင်ခင်တွင် တိုက်ပွဲများစွာကို ဖြတ်ကျော်ခဲ့ရပြီး သေရေး၊ ရှင်ရေးအခြေအနေများကို အကြိမ်များစွာ တွေ့ကြုံခဲ့ရသည်။ ထို့ကြောင့် သူတို့သည် အမှန်ပင် ဒူပေနာပေခံပေသည်။

ယခုတွင် ထိုကဲ့သို့သော အင်အားစုသည် သူမကို ကာကွယ်ပေးနေလေသည်။

ရုတ်တရက် ရှားရှင်းယွန်၏ ရင်ထဲတွင် ခံစားချက်များ ရှုပ်ထွေးလာသည်။ ထိုသို့ စီစဉ်ပေးထားသူမှာ မည်သူဖြစ်ကြောင်း သူမ သိပေသည်။ ထိုကဲ့သို့ စွမ်းအားကြီးသော အင်အားစုကို မည်သူက အမိန့်ပေးနိုင်မည်နည်း။

ဤကဲ့သို့ အရေးပါသည့် စစ်ပွဲတွင် အားလုံးသည် သေရေး၊ ရှင်ရေးနှင့် ရင်ဆိုင်နေရပြီး မိမိ ဆက်ရှင်သန်နိုင်၊ မရှင်သန်နိုင်ကိုပင် အတပ်မပြောနိုင်ပေ။ ပြင်းထန်နေသော စစ်မြေပြင်တွင် ထိုကဲ့သို့ စွမ်းအားကြီး အင်အားစုတစ်စုသည် သူမကို ကာကွယ်ပေးနေသည်။ ယင်းမှာ သူ၏ရင်ထဲတွင် သူမ မည်မျှအရေးပါသည်ကို ပြသခြင်းလော။

သို့မဟုတ် သူသည် သူမအပေါ် အကြွေးတင်နေသည်ဟု ခံစားရ၍လော။

“အားလုံးပဲ ကျွန်မအတွက် မစိုးရိမ်ကြပါနဲ့။ အဲဒါက ရှင်တို့ရဲ့ တိုက်ခိုက်စွမ်းအားကို ဖြုန်းတီးနေသလိုပါပဲ”

ရှားရှင်းယွန်သည် နောက်လှည့်ကာ စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူများကို ပြောလိုက်၏။ သူမသည်လည်း တိုက်ခိုက်စွမ်းအားကြီးသော ထိပ်တန်းကျင့်ကြံသူတစ်ယောက်ဖြစ်သဖြင့် စွန့်ပစ်ခံကလန်ကဲ့သို့ အင်အားကြီးသည့် အင်အားစုတစ်စုက သူမကို ကာကွယ်ပေးကာ သူတို့၏စွမ်းအားများကို မဖြုန်းတီးသင့်ပေ။

“မင်းသမီးရှားက စွမ်းအားကြီးတဲ့ ကုသစွမ်းရည်ရှိလို့ စစ်မြေပြင်မှာ အရေးပါ တယ်။ အဲဒါကြောင့် ကျုပ်တို့ မင်းသမီးရဲ့ လုံခြုံရေးကို ကာကွယ်ပေးရပါမယ်”

စွန့်ပစ်ခံကလန်မှ အကြီးအကဲတစ်ဦးက ပြောလိုက်၏။

“မင်းသမီးက မင်းသမီး လုပ်နေတဲ့အလုပ်ကိုသာ အကောင်းဆုံး အာရုံစိုက်ထားပါ။ ကျုပ်တို့ကို အရေးမစိုက်ပါနဲ့”

ထိုကဲ့သို့သော ရှင်းလင်းပြမှုသည် အဓိပ္ပာယ်ရှိပေသည်။

သို့သော် ရှားရှင်းယွန်ဘက်မှ အခြေအနေသည် လူများစွာ၏ အာရုံစိုက်မှုကို ရနေလေသည်။ စစ်မြေပြင်၏ အထက်ရှိ ကောင်းကင်တွင် နတ်နန်းတော်မှ ကျင့်ကြံသူတစ်စုသည် ရှားရှင်းယွန်ကို စူးစိုက်ကြည့်နေကြသည်။ စစ်မြေပြင်တွင် ရှားရှင်းယွန်တစ်ယောက်သာ ထိုကဲ့သို့ ကာကွယ်ပေးမှုကို ခံရလေသည်။ မည်သူမှ ထိုကဲ့သို့ အခွင့်ထူးကို မခံရချေ။

ပို၍ အရေးကြီးသည်မှာ သူမသည် အသက်စွမ်းအားကို ကျွမ်းကျင်သူဖြစ်ပြီး လွန်စွာစွမ်းအားကြီးသော ကုသစွမ်းရည်ကို ပိုင်ဆိုင်ပေသည်။

“သူ့ကို သတ်...”

ကောင်းကင်ထက်တွင် ခပ်အုပ်အုပ်အသံတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံသည် စစ်မြေပြင်တွင် ပဲ့တင်ထပ်သွားသည်။ ရုတ်တရက် ကျင့်ကြံသူများစွာသည် ရှားရှင်းယွန်ဘက်သို့ ကြည့်လိုက်ကြသည်။ အချိန်တစ်ခုတိုင်အောင် စွမ်းအားကြီးကျင့်ကြံသူများသည် ရှားရှင်းယွန်ဆီသို့ ကြောက်မက်ဖွယ်စစ်တပ်တစ်ခုကဲ့သို့ သွားနေကြသည်။

ကောင်းကင်နန်းတော်တပ်ဖွဲ့နှင့် ကောင်းကင်အာဏာစက်တပ်ဖွဲ့တို့သည်လည်း ထိုအဖြစ်အပျက်ကို သတိပြုမိသည်။ သူတို့သည်လည်း ရှားရှင်းယွန်ဘက်သို့ အာရုံစိုက်လိုက်ကြသည်။ ကျင့်ကြံသူများစွာသည် ရှားရှင်းယွန်ကို ပစ်မှတ်ထားနေကြသည်။ ကောင်းကင်အာဏာစက်တပ်ဖွဲ့မှ ကျင့်ကြံသူများသည်လည်း ရှားရှင်းယွန်ကို အာရုံစိုက်နေကြသည်။ ရီဖူရှင်းသည် သူမနှင့် ထူးခြားသောဆက်ဆံရေးရှိကြောင်း သူတို့အားလုံး သိပေသည်။

အတိတ်တွင် ရီဖူရှင်းသည် ပထမဆုံး အင်ပါယာရှား၏ဘုံ၌ ထွက်ပေါ်လာခဲ့သည်။ သူ့ကို အင်ပါယာရှားနှင့် ရှားရှင်းယွန်တို့က စောင့်ရှောက်ခဲ့သည်။ သူတို့နှစ်ယောက်သည် အတူ အချိန်များစွာ ကုန်ဆုံးခဲ့သည်။ သူတို့နှစ်ယောက်မှ စုံတွဲဖြစ်သည်ဟု လူများစွာက တွေးခဲ့ကြသည်။

မျက်စိကျိန်းလောက်ဖွယ် တောက်ပသော နတ်အလင်းများသည် စစ်မြေပြင်ကို ဖောက်ထွင်းသွားပြီး မြားများအဖြစ် ပြောင်းလဲသွား၏။ ဟောင်ကျူဂီသည် ကျင့်ကြံသူတစ်စုကို ဦးဆောင်၍ ကောင်းကင်ကို မြားများဖြင့် ဖုံးလွှမ်းလိုက်သည်။ ထိုနတ်မြားများသည် ကောင်းကင်နှင့်မြေကြီးကို အဆက်မပြတ် ဖြတ်သန်းသွားပြီး ကျင့်ကြံသူများစွာကို ရုတ်ခြည်း သေဆုံးသွားစေ၏။

ကောင်းကင်ထက်မှ ကျင့်ကြံသူများသည် မီးလုံးများဖြစ်သွားပြီး ကောင်းကင်မှ ပြုတ်ကျလာကြသည်။ ထိုမြင်ကွင်းသည် လွန်စွာ ဆိုးဝါးပေသည်။

သို့သော် ဤအခြေအနေအလှည့်အပြောင်းသည် ရှားရှင်းယွန်၏ အရေးပါမှုကို ပို၍ထင်ရှားလာစေသည်။ လူသားနတ်ဘုရားနန်းတော်မှ ကျင့်ကြံသူများသည် ရှားရှင်းယွန်ဘက်သို့ အလုံးအရင်းဖြင့် သွားနေကြသည်။ သူတို့အားလုံးသည် ရှားရှင်းယွန်ကို သတ်ပစ်ရန် စိတ်ဆုံးဖြတ်ထားကြသည်။

တစ်ခဏအတွင်းမှာပင် ရှားရှင်းယွန် ပတ်ပတ်လည်တွင် ကျယ်ပြောသော တိုက်ပွဲပြင်တစ်ခု လျင်မြန်စွာ ဖြစ်ပေါ်လာလေသည်။ ထိုတိုက်ပွဲသည် လွန်စွာအကျအဆုံးများပေသည်။

ကောင်းကင်ထက်တွင် နတ်ဓားအချို့သည် အာကာပြင်ကို ထွင်းဖောက်ကာ အဆုံးမဲ့ အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး အောက်ဘက်သို့ ကျဆင်းလာလေသည်။ ပျက်သုဉ်းမှုအသံများကို အဆက်မပြတ်ကြားလိုက်ရပြီး ကောင်းကင်ဘုံမှ ကျင့်ကြံသူများသည် ဓားများဖြင့် တိုက်ရိုက် ဖောက်ထွင်းခံလိုက်ရကာ ရုတ်ခြည်း သေဆုံးသွားကြသည်။

ထိုကြောက်မက်ဖွယ်နတ်ဓားများသည် ဤလောကထဲရှိ သက်ရှိအားလုံး၏ ကံကြမ္မာကို လွှမ်းမိုးကာ အတားအဆီးများစွာကို ဖြတ်ကျော်၍ ရှားရှင်းယွန်ဆီသို့ ဦးတည်သွားနေလေသည်။

ထိုအချိန်တွင် လပြည့်ဝန်းတစ်ခု ထွက်ပေါ်လာပြီး ထိုနတ်ဓားများအပေါ်သို့ လအလင်းဖြာကျလာသည်။ ထိုနတ်ဓားများသည် ရေခဲအတွင်း၌ ချိပ်ပိတ်ခံလိုက်ရသလို ဖြစ်သွားပြီး ရုတ်တရက် အမြန်နှုန်း လျော့ကျသွားသည်။ ထို့အပြင် ကောင်းကင်ထက်မှ ကျင့်ကြံသူများစွာသည်လည်း လွန်စွာအေးစက်သော အအေးဓာတ်တစ်ခုကို ခံစားလိုက်ရ၏။ လောကကြီးကို အေးခဲသွားစေသည်မှာ ယင်ဓာတ်နတ်စွမ်းအားဖြစ်သည်။ ယင်စွမ်းအားအောက်တွင် အချိန်နှင့်နေရာသည် ရပ်တန့်သွားပြီး ထိုနတ်စွမ်းအားကို မကျင့်ကြံထားသူများသည် ၎င်းစွမ်းအားထဲတွင် ပိတ်မိသွားကြသည်။

ရွှစ်...

ကောင်းကင်ထဲတွင် နတ်မြားများ ထွက်ပေါ်လာပြီး ဟင်းလင်းပြင်ကို ထွင်းဖောက်သွားသည်။ ဟင်းလင်းပြင်အထက်တွင် အတုမဲ့ နတ်မီးတောက်များ တောက်လာ၏။ ဟောင်ကျူဂီ ပစ်လွှတ်လိုက်သော တောက်ပသည့်မြားများသည် ကျင့်ကြံသူများစွာကို ဖောက်ထွင်းသွား၏။ ယင်းတို့သည် ယန်နှင့်ယင်စွမ်းအားကို ပေါင်းစည်းလိုက်သကဲ့သို့ပင်။ ယင်းစွမ်းအားသည် ယန်ဓာတ်နတ်စွမ်းအားမဟုတ်သော်လည်း သိပ်၍မကွာပေ။

တဒင်္ဂအတွင်းမှာပင် ကျင့်ကြံသူတစ်ထောင်ကျော်သည် ဟင်းလင်းပြင်မှ ပြုတ်ကျလာကြသည်။ ထိုမြင်ကွင်းသည် အလွန်အမင်း ကြောက်ရွံ့တုန်လှုပ်ဖွယ်ကောင်းလှသည်။

ဝုန်း...

လူသားနတ်ဘုရားနန်းတော်၏ ကျင့်ကြံသူများထံမှနေ၍ ကြောက်မက်ဖွယ်နတ်စွမ်းအား ထွက်ပေါ်လာပြီး သူတို့သည် အောက်ဘက်သို့ ငုံ့ကြည့်လိုက်ကြသည်။ သူတို့သည် မိန်းမဆန်ဆန်လှပမှု၏ ပြယုဂ်ဟု ဆိုနိုင်သည့် အလွန်ချောမောလှပေသော မိန်းမပျိုတစ်ယောက်ကို တွေ့လိုက်သည်။ သူမသည် အမည်းမှောင်ဆုံးညနက်ထဲမှ နတ်မိမယ်တစ်ပါးကဲ့သို့ပင်။ သူမထံမှနေ၍ ယင်ဓာတ်နတ်စွမ်းအား ထွက်လာနေသည်။ ရုတ်ခြည်းအတွင်းမှာပင် သူမသည် အာကာပြင်ကို အေးခဲသွားစေကာ ရပ်တန့်သွားစေသည်။

သူမသည် ရီဖူရှင်းအား ယင်ဓာတ်နတ်စွမ်းအား တတ်မြောက်အောင် ကူညီပေးခဲ့သော အရိပ်ဘုံရှိ ယောင်ယွဲ့နန်းတော်မှ နတ်မိမယ်ဖြစ်သည်။ ယခုတွင် သူမသည် လအလင်းကို ထုတ်လွှတ်ခဲ့ပေပြီ။ လအလင်းသည် တိုက်ခိုက်မှုကို ကူညီရန် ယင်စွမ်းအားအဖြစ် ပြောင်းလဲသွားကာ အာကာပြင်ကို အေးခဲသွားစေ၏။

All Chapters