← Chapters

အမှောင်ထုနှင့် အလင်း

Vol. 206 Ch. 2936

အမှောင်ထုနှင့် အလင်း

Vol. 206 Ch. 2936

လူသားနတ်ဘုရားနန်းတော်မှ ထိပ်သီးများ တိုက်ခိုက်ရန် ရောက်လာရာ ရှားရှင်းယွန်ပတ်ပတ်လည်တွင် ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားနေသည်။ ကောင်းကင်နန်းတော်မှ စစ်တပ်သည်ပင် စစ်ကူပေးရန် ထိုနေရာသို့ ဦးတည်သွားကြသည်။

အချိန်တစ်ခုအထိ ရှားရှင်းယွန်ပတ်ပတ်လည်တွင် လူများစွာ အဆက်မပြတ် သေဆုံးနေသည်။

ရှားရှင်းယွန်သည် တိုက်ပွဲပြင်အလယ်တွင် ဖြစ်ပြီး လူများစွာက သူမကို ကာကွယ်နေကြသည်။ သူမကို တိုက်ရိုက် ကာကွယ်ပေးသူများမှာ စွန့်ပစ်ခံကလန်မှ စစ်တပ်ဖြစ်သည်။ သူတို့သည် သူမကို ဝန်းရံထားပြီး ရန်သူများကို သူမအနားသို့ ကပ်ခွင့်မပြုပေ။ သို့သော် သူမသည် သူမအား ကာကွယ်ပေးနေသူများမှာ သူမ ကုသပေးရန် အခွင့်အရေးမရခင်မှာပင် တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေကြသည်ကို တွေ့သောအခါ ရင်ထဲတွင် ဝမ်းနည်းမှုတစ်ခုကို ခံစားလိုက်ရလေသည်။

သူမ မဟာအင်ပါယာအဆင့်သို့ မတက်လှမ်းခဲ့ခြင်းမှာ လူများကို ပို၍ကယ်လို၍ ဖြစ်သည်။ သို့သော် အခြေအနေသည် သူမ ထင်ထားသလို ဖြစ်မလာပေ။ ထိုအစား သူမကြောင့်ပင် သေဆုံးမှုများ ပိုဖြစ်နေလေသည်။

သူမ၏မျက်လုံးများထဲတွင် ဝမ်းနည်းသည့်အရိပ်အယောင်တစ်ချက် ဖြတ်သန်းသွားသည်။ ရုတ်တရက် သူမ၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် သေခြင်းနှင့်ရှင်ခြင်း ဝိရောဓိများ လှည့်ပတ်လာပြီး တစ်လှည့်စီ ဖြစ်နေကြသည်။

ယခုတွင် သူမ၏လှပသောမျက်လုံးများမှနေ၍ အေးစက်မှုတစ်ခု ထွက်ပေါ်လာပြီး သူမပတ်ပတ်လည်တွင် သင်္ကေတများ ထွက်ပေါ်လာ၏။ ထိုသင်္ကေတများသည် သေခြင်းနှင့်ရှင်ခြင်း စွမ်းအားမှ ဖြစ်ပေါ်လာသော သင်္ကေတများပင်။ ရှားရှင်းယွန်သည် လှုပ်ရှားလိုက်ပြီး တိုက်ပွဲပြင် အပြင်သို့ လျင်မြန်စွာ ထွက်သွားလိုက်သည်။ သူမသည် သူမကို ကာကွယ်ပေးနေသည့် လူအုပ်အလယ်တွင် မရှိတော့ပေ။ သူမသည်လည်း မဟာအင်ပါယာလမ်းစဉ်ပေါ်သို့ တက်လှမ်းနိုင်သည့် အခွင့်အရေးရှိသော ထိပ်သီးကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ ဤစစ်ပွဲကြောင့်သာ မဟုတ်လျှင် သူမသည် မဟာအင်ပါယာအဆင့်သို့ တက်လှမ်းခဲ့ပြီဖြစ်သည်။

“သတ်ကြ...”

ပတ်ဝန်းကျင်မှ ကျင့်ကြံသူများစွာသည် ရှားရှင်းယွန်က သူမဘာသာ ထွက်လာသည်ကို တွေ့လိုက်သောအခါ သူမကို ဝန်းရံလိုက်ကြသည်။

သို့သော် ရှားရှင်းယွန်သည် သူတို့ကို တစ်ချက်သာ ကြည့်လိုက်သည်ကို သူတို့ မြင်လိုက်ရ၏။ တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော ကပ်ဘေးအလင်းများ ထွက်ပေါ်လာပြီး မရဏသင်္ကေတများအဖြစ် ပြောင်းလဲသွား၏။

ဖူး...ဖူး...ဖူး...

သွေးပန်းထွက်သွားသံများကို အဆက်မပြတ် ကြားလိုက်ရ၏။ မရဏသင်္ကေတများသည် သူတို့၏ခန္ဓာကိုယ်များကို ထိမှန်သွားသောအခါ ခန္ဓာကိုယ်အတွင်းသို့ ဝင်သွားကြပြီး ရုတ်ခြည်းအတွင်း အသက်လက္ခဏာအားလုံးကို သေဆုံးသွားစေ၏။ သေခြင်းကို ရှောင်လွှဲ၍ မရပေ။ သင်္ကေတများသည် သူတို့၏ခန္ဓာကိုယ်များကို မည်းနက်သွားစေကာ ကောင်းကင်မှ ပြုတ်ကျသွားစေသည်။

တစ်ခဏအတွင်းမှာပင် ကျင့်ကြံသူများစွာသည် ကောင်းကင်မှ ပြုတ်ကျသွားကြသည်။ သူတို့အပေါ်သို့ မရဏနတ်ဘုရား ဆင်းသက်လာသကဲ့သို့ပင်။ နောက်မှနေ၍ တိုက်ခိုက်ကာ ရှေ့တက်လာသော ကျင့်ကြံသူများသည် သူတို့ရှေ့မှ တုန်လှုပ်ဖွယ် မြင်ကွင်းကို မြင်လိုက်သောအခါ ရပ်တန့်သွားကြရသည်။ သူတို့သည် ရှားရှင်းယွန်ကို စိုက်ကြည့်နေပြီး သူတို့၏မျက်လုံးများထဲတွင် နက်ရှိုင်းသောကြောက်ရွံ့မှုများ ရှိနေကြသည်။

အစောက ရှားရှင်းယွန်သည် ကယ်တင်သူတစ်ဦး ဖြစ်ခဲ့သည်။ သို့သော် ယခုတွင် သူမသည် လုံးဝကွဲပြားသောစွမ်းအားများဖြင့် လူသတ်သမားတစ်ယောက် ဖြစ်နေပေပြီ။

သို့သော် ရှားရှင်းယွန်သည် သူတို့၏ ခေါင်းအသေးလေးများထဲမှ အတွေးများကို ဂရုမစိုက်ပေ။ သူမ၏ခန္ဓာကိုယ်သည် လျှပ်စီးတန်းတစ်ခုအဖြစ် ပြောင်းသွားပြီး လူသားဘုံမှ ကျင့်ကြံသူများကြားသို့ ပျံဝင်သွားသည်။ သူမကို အဆုံးမဲ့ ကပ်ဘေးအလင်းများက ဝန်းရံထားပြီး ထိုအလင်းများသည် ဓားသင်္ကေတများကဲ့သို့ ကြောက်မက်ဖွယ် မရဏအငွေ့အသက်ကို သယ်ဆောင်ကာ ၎င်းတို့နှင့် ထိမိသူတိုင်းကို ရုတ်ခြည်း သတ်ပစ်လိုက်ကြသည်။

“သူ့ ပတ်ပတ်လည်က သင်္ကေတတွေကို သတိထားကြ”

လူသားဘုံမှ တစ်စုံတစ်ယောက်က အလောတကြီး သတိပေးလိုက်သည်။ ရှားရှင်းယွန်၏ သင်္ကေတများသည် မရဏနတ်ဘုရား၏ သင်္ကေတများပင်။ ကံဆိုးစွာ ၎င်းတို့နှင့် ထိသွားသူတိုင်းသည် သူတို့၏အသက်စွမ်းအား ရုတ်ခြည်း ဝါးမျိုခံလိုက်ရမည်ဖြစ်၍ ချက်ချင်း အသတ်ခံလိုက်ရမည်ဖြစ်သည်။ သူတို့သာ မရဏစွမ်းအား အောက်သို့ ရောက်သွားလျှင် သေလူဖြစ်သွားပေပြီ။ နတ်စွမ်းအားများကို မကျင့်ကြံသော ကျင့်ကြံသူများသည် ၎င်းကို မတားဆီးနိုင်ချေ။ သူတို့ သင်္ကေတများနှင့် ထိသွားသည်နှင့် သေချာပေါက် သေသွားမည်ဖြစ်သည်။

အဝေးတွင် ရီဖူရှင်းသည် စစ်မြေပြင်တွင် ဖြစ်ပွားနေသော အရာအားလုံးသည် တည်ငြိမ်စွာ ကြည့်ရှုနေသည်။ ရှားရှင်းယွန်တိုက်ခိုက်နေသော တိုက်ပွဲအပါအဝင် တိုက်ပွဲအားလုံးသည် သူ့စိတ်ထဲတွင် ဆွဲထင်နေ၏။ ထိုတိုက်ပွဲများမှာ အစသာဖြစ်သေးပေသည်။

အာကာသလမ်းကြောင်းမှနေ၍ လူသားဘုံမှ ကျင့်ကြံသူများသည် ဤလောကအတွင်းသို့ အဆက်မပြတ် ရောက်ရှိလာကြသည်။ သူတို့သည် ကောင်းကင်အင်ပါယာမြို့တော်ထဲမှ နေရာအနှံ့တွင် ရှိနေပြီး မြို့ပြင်အထိ စီတန်းရှိနေလေသည်။

လူသားဘုံမှ ကျင့်ကြံသူများသည် လူသားဘိုးဘေး၏ လွှမ်းမိုးမှုကို နက်ရှိုင်းစွာ ခံထားရပုံပင်။ သူတို့အားလုံးသည် အားကောင်းသော သတ်ဖြတ်လိုက်စိတ်ကို ပြသနေပြီး ကောင်းကင်ဘုံကို ဖျက်ဆီးကာ ဒေသကိုးခုကို စုစည်းလိုနေသည်။

“နင် ပြန်သွားပြီး ကျင့်ကြံပါလား။ ဒီမှာ ငါ နင့်အစား စောင့်ကြည့်ပေးပါမယ်”

ရီဖူရှင်းဘေးမှနေ၍ နူးညံ့၍ သိမ်မွေ့သောအသံတစ်သံက ပြောလိုက်၏။ သူ့ဘေးတွင် ရပ်နေသူမှာ ဟွာဂျီယူဖြစ်သည်။

“ကောင်းပြီ”

ရီဖူရှင်း ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ ထို့နောက် အတွေးတစ်ချက်ဖြင့် ကိုယ်ပွားတစ်ယောက် ရုတ်တရက် ထွက်ပေါ်လာလေသည်။ သူသည် ထိုနေရာမှ ထွက်သွားပြီး လောကအသေးသို့ ပြန်သွားလိုက်သည်။ သူ့၏ ထိုကိုယ်ပွားသည် အပြင်လောကမှ ကိစ္စများကို စောင့်ကြည့်နေနိုင်သည်။ အကယ်၍ တစ်စုံတစ်ခု ဖြစ်ခဲ့လျှင် သူ ချင်ချင်း သိနိုင်ပေသည်။

****

စစ်ပွဲ ဖြစ်ပေါ်လာခဲ့ပြီး ဘုံခုနစ်ခု၏ ကုန်းမြေများကို ရိုက်ခတ်သွားသည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ဘုံခုနစ်ခုပါဝင်သော ဤစစ်ပွဲကြီးထဲတွင် ကြားညပ်သွားခဲ့သည်။ မည်သူမှ မလွတ်နိုင်ခဲ့ချေ။

နတ်ဆိုးလောက၏ စစ်တပ်ကြီးသည် ကောင်းကင်ဒေသမှ စစ်တပ်နှင့် အစွမ်းကုန် စတင်တိုက်ခိုက်နေပြီဖြစ်သည်။ မှော်နက်လောကနှင့် ဗလာနတ္တိဘုံတို့မှ စစ်တပ်များသည်လည်း ဗုဒ္ဓလောကနှင့် အပြင်းအထန် တိုက်ခိုက်နေသည်။

မှော်နက်လောက၏ ပင်မကုန်းမြေပေါ်တွင် ခြေဗလာနှင့် ဘုန်းတော်ကြီးတစ်ပါးသည် မြစ်ဝါမြစ်ပေါ်တွင် တစ်လှမ်းခြင်း ရှေ့သို့ လျှောက်နေလေသည်။

ထိုအခိုက်တွင် မှော်နက်လောကသည် ယခင်ကနှင့် ယှဉ်လျှင် အေးချမ်းနေသည်ဟု ထင်ရသည်။ ဘုံခုနစ်ခုမှာမူ ယခုတွင် ငရဲကဲ့သို့ ပြောင်းလဲသွားပြီဖြစ်သည်။

ထိုဘုန်းတော်ကြီး၏ အသွင်အပြင်သည် သိက္ခာရကာ တည်ငြိမ်ပြီး အနှိုင်းမဲ့ ကြည်ညိုဖွယ်ကောင်းနေသည်။ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ဗုဒ္ဓအလင်း ရစ်သိုင်းနေသည်။

သူသည် မြစ်ဝါမြစ်တစ်လျှောက် ဖြည်းဖြည်းမှန်မှန် လျှောက်လှမ်းနေပြီး ကျွန်းတစ်ခုသို့ ရောက်သွားသည်။ ထိုကျွန်းသည် အေးချမ်းကာ အပြင်လောကတွင် ဖြစ်ပျက်နေသော ကိစ္စများကို မသိသကဲ့သို့ပင်။ ဘုန်းတော်ကြီးသည် ကျွန်းပေါ်သို့ ခြေဗလာဖြင့် တက်လိုက်သည်။ ထိုကျွန်းသည် မှော်နက်လောကမှ ပုလဲကျွန်းပင်။

ဤနေရာတွင် မည်သည့်ပဋိပက္ခ၊ မည်သည့်အမုန်းတရားမှ မရှိချေ။

ရီဖူရှင်းမှာလည်း တစ်ချိန်က ဤကျွန်းသို့ ရောက်လာခဲ့ဖူးသည်။ ဘုန်းတော်ကြီးသည် ဤကျွန်းပေါ်တွင် နေထိုင်သည့် အပျိုစင်ကို တွေ့လိုက်၏။ သူမသည် ထုံးစံအတိုင်း ကလေးများကို တိတ်တဆိတ် သင်ကြားပေးနေ၏။ အပြင်လောကမှ ပဋိပက္ခများသည် သူမနှင့် မည်သို့မှ မသက်ဆိုင်သကဲ့သို့ပင်။

ကလေးများသည် ဤနေရာသို့ ‌ရောက်လာသည့် ထူးဆန်းသော ဘုန်းတော်ကြီးတစ်ပါးကို တွေ့လိုက်ရသောအခါ အနည်းငယ် စိတ်ဝင်စားသွားကြပြီး ဘုန်းတော်ကြီးထံမှ အကြည့်မခွာနိုင်ဖြစ်နေကြသည်။ ဘုန်းတော်ကြီးသည် ကလေးများကို ပြုံးပြလိုက်ပြီး အမျိုးသမီးကို တိတ်ဆိတ်စွာ ကြည့်သည်။

“ကိုယ်တော်က ဒီကို ဘာကိစ္စရှိလို့ ရောက်လာတာပါလဲ”

‌နောက်ဆုံးတွင် အမျိုးသမီးသည် သိလိုစိတ်ကို ဆက်မထိန်းထားနိုင်တော့သဖြင့် ဘုန်းတော်ကြီးကို မေးလိုက်သည်။

“ဒကာမက ကိုယ်တော့်ကို သိသင့်ပါတယ်”

ဘုန်းတော်ကြီးသည် လက်အုပ်ချီ၍ အရိုအသေပေးလိုက်သည်။

“ကိုယ်တော် လူများမှားနေပါသလား။ ကျွန်မတို့က အရင်တုန်းက တစ်ခါမှ မတွေ့ဖူးပါဘူး။ ကျွန်မက ကိုယ်တော့်ကို ဘယ်လိုလုပ် သိနိုင်မှာလဲ”

အမျိုးသမီးက တည်ငြိမ်စွာ ပြန်ပြောလိုက်၏။

“အော်မီထောဖော”

ဘုန်း‌တော်ကြီးသည် လက်အုပ်ချီလိုက်ပြီး အမျိုးသမီးကို ပြောလိုက်၏။

“ဒကာမက လုံးဝ ကောင်းတာတွေနဲ့ပဲ ပြည့်‌နေတဲ့ သန့်စင်တဲ့နယ်မြေတစ်ခုကို အလိုရှိတာပဲ။ ဒါပေမဲ့ လူတွေရှိနေတဲ့နေရာမှာ ပဋိပက္ခတွေက အမြဲရှိနေမှာပဲ။ ဗုဒ္ဓလမ်းစဉ်ကျင့်ကြံတဲ့သူတွေရဲ့ မြင့်မြတ်တဲ့နယ်မြေတွေတောင် မလွတ်ပါဘူး။ ဒီတော့ ဘယ်လိုလုပ် လုံးဝသန့်စင်တဲ့နယ်မြေဆိုတာမျိုး ရှိနိုင်မှာလဲ”

“ဒီနေရာက သန့်စင်တဲ့နယ်မြေပါပဲ”

အမျိုးသမီးက ပြောလိုက်၏။

“ဒကာမ ကိုယ့်ကိုယ်ကို လိမ်ညာနေစရာမလိုပါဘူး”

ဘုန်းတော်ကြီးသည် သူ၏လက်များကို ဝှေ့ယမ်း၍ ပြောလိုက်၏။ ရုတ်တရက် ရေကန်ပေါ်တွင် ပုံရိပ်များ ထွက်ပေါ်လာ၏။ ထိုပုံရိပ်များသည် ဘုံခုနစ်ခုတွင် ဖြစ်နေသော စစ်ပွဲများပင်။ နေရာအနှံ့တွင် ပျက်စီးခြင်းများ ဖြစ်နေပြီး မရေမတွက်နိုင်သောလူများ သေဆုံးနေကြသည်။

“ပျက်သုဉ်းခြင်းက အမှောင်ထုကိုပဲ ဆောင်ကျဉ်းလာမှာပါ... အလင်းကို ဆောင်ကျဉ်းမှာ မဟုတ်ဘူး”

ဘုန်းတော်ကြီးက ဆက်ပြောလိုက်၏။

“လက်ရှိအခြေအနေတွေက တကယ်ပဲ ဒကာမလိုချင်ခဲ့တဲ့ အခြေအနေလား”

“ကိုယ်တော်က ကျွန်မကို တစ်ယောက်ယောက်နဲ့ လူမှားနေတဲ့ပုံပါပဲ”

အမျိုးသမီးသည် ထိုပုံရိပ်များကို မြင်လိုက်ရသောအခါ သူမ၏မျက်လုံးများထဲတွင် မငြိမ်းချမ်းသောလက္ခဏာတစ်ခု ထွက်ပေါ်လာ၏။

“ကိုယ်တော်က ဒကာမရဲ့ ကံကြမ္မာကို မြင်နိုင်ပါတယ်”

ဘုန်းတော်ကြီးက ရုတ်တရက် ပြောလိုက်၏။ အမျိုးသမီးသည် ထိုစကားကြောင့် အံ့အားသင့်သွားသည်။ ထို့နောက် သူမသည် ဘုန်းတော်ကြီးကို စိတ်ဝင်တစားကြည့်လိုက်၏။

“ကျွန်မကို ပြောပြပါ”

“သေဆုံးခြင်းက ကယ်တင်ခြင်းပဲ”

ဘုန်းတော်ကြီး ပြန်ဖြေလိုက်၏။

“ကယ်တင်ခြင်း ဟုတ်လား...”

အမျိုးသမီးက ဘုန်းတော်ကြီးကိုကြည့်၍ ဆက်ပြောလိုက်၏။

“ကျွန်မက ကယ်တင်ခံဖို့ မလိုပါဘူး။ ကိုယ်တော် တခြားကို သွားတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်”

“‌အော်မီထောဖော”

ဘုန်းတော်ကြီးသည် လက်အုပ်ချီ၍ အမျိုးသမီးကို ပြောလိုက်၏။

“ဒကာမက အမှောင်ထုရဲ့ ဆရာသခင်ဆိုရင်တောင် ဒကာမရဲ့ ရင်ထဲမှာ အလင်းရှိနေပါသေးတယ်။ ဒီလောကထဲမှာ အကြွင်းမဲ့အမှောင်ထုဆိုတာလည်း မရှိသလို၊ အကြွင်းမဲ့အလင်းဆိုတာလည်း မရှိပါဘူး။ ဘယ်နှစ်ခါ ပျက်သုဉ်းပြီး ဘယ်နှစ်ခါ ပြန်မွေးဖွားလာပါစေ လောကကြီးက အတူတူပဲ ဖြစ်နေဦးမှာပါ။ စည်းမျဉ်းကသာ လောကကို ပြောင်းလဲနိုင်တယ်။ ပျက်သုဉ်းခြင်းနဲ့ သေဆုံးခြင်းက မပြောင်းလဲနိုင်ဘူး”

အမျိုးသမီး၏မျက်လုံးများသည် စူးရှလာပြီး ဘုန်းတော်ကြီးကို စိုက်ကြည့်ကာ ပြောလိုက်၏။

“သဗ္ဗညုတဉာဏ်က တကယ်ပဲ အနာဂတ်ကို မြင်နိုင်တာလား”

ထိုအခိုက်တွင် သူမ၏ ဟန်ပန်အသွင်အပြင်သည် ရုတ်တရက် ခမ်းနားထည်ဝါလာသည်။ သူမ၏ဟန်ပန်ထဲတွင် အနှိုင်းမဲ့သော တည်ကြည်မှုအငွေ့အသက်တစ်ခု ပါပေသည်။

သူမရှေ့မှ ဘုန်းတော်ကြီးသည် ကံကြမ္မာဗုဒ္ဓဖြစ်သည်။

“မဟာလမ်းစဉ်တွေက ဆက်စပ်နေကြတယ်။ ဒီလောကထဲမှာ တည်ရှိနေတဲ့ မဟာလမ်းစဉ်တွေက တစ်ခုနဲ့တစ်ခု သိပ်မကွာကြဘူး”

ကံကြမ္မာဗုဒ္ဓက ပြောလိုက်၏။

“ဒကာမက ဒကာမကို အမှောင်ထုထဲ ခေါ်သွားခဲ့တဲ့ သူကို ရှာချင်တာဆိုရင် လူသားဘုံမှာ အဖြေရှိပါတယ်”

All Chapters