← Chapters

တစ်ယူသန်

Vol. 206 Ch. 2942

တစ်ယူသန်

Vol. 206 Ch. 2942

ကောင်းကင်မှနေ၍ ကျယ်လောင်သောအသံတစ်သံကို ကြားလိုက်ရ၏။ ထိုအသံသည် အဆက်မပြတ်လည်ပတ်နေသော ကြက်သွေးရင့်ရောင် ဧရာမရှေး‌ဟောင်းခေါင်းလောင်းကြီးမှ ထွက်ပေါ်လာခြင်းပင်။ ၎င်းသည် တဖြည်းဖြည်းဖြင့် ကြက်သွေးရင့်ရောင် လျှပ်စီးတန်းများအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်တစ်ခွင်လုံးကို သိမ်းပိုက်လိုက်ကာ အကန့်အသတ်မဲ့ ဟင်းလင်းပြင်ကို ဖြတ်ကာ အောက်ဘက်သို့ ကျဆင်းလာလေသည်။

ကြက်သွေးရင့်ရောင်လျှပ်စီးတန်းတိုင်းမှနေ၍ ခေါင်းလောင်းသံများထွက်ပေါ်လာ၏။ ယင်းလျှပ်စီးတန်းများသည် အားလုံး၏ စိတ်ဝိညာဉ်များကို ဖျက်ဆီးပစ်နိုင်ပေသည်။

ထိုစဉ်တွင် ဗုဒ္ဓအလင်းတစ်ခု တောက်ပစွာ လင်းလက်လာလေသည်။ မူလအင်ပါယာအောက်တွင် ခမ်းနားထည်ဝါသော ရွှေ‌ရောင်ခန္ဓာကိုယ်နှင့် လူရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။ ထိုသူသည် ရွှေရောင် ဗုဒ္ဓအလင်းဖြင့် တောက်ပနေ၏။ အလင်းသည် ၎င်း၏တောက်ပမှုဖြင့် လေထုတစ်ခုလုံးကို လွှမ်းခြုံထားသည်။ ကောင်းကင်ကို ကွယ်ထားသော ကျယ်ပြန့်သော ရောင်ဝါတစ်ခု ရှိနေသည်။ ထိုရောင်ဝါအထက်တွင် ဗုဒ္ဓသင်္ကေတများကို မြင်ရသည်။ သင်္ကေတတိုင်းသည် ဗုဒ္ဓလမ်းစဉ်၏ မဟာစွမ်းအားဖြင့် ပြည့်နှက်နေသည်။ သင်္ကေတများကြား၌ ဒြပ်ထည်မရှိသော ဗုဒ္ဓဝိညာဉ်ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး လေထုထဲတွင် ဗုဒ္ဓအသံတော် ပဲ့တင်ထပ်သွားကာ ကြက်သွေးရင့်ရောင်လျှပ်စီးတန်းများနှင့် ထိတိုက်သွားသည်။

ဝုန်း...ဝုန်း...ဝုန်း...

ကမ္ဘာဖျက်တိုက်ခိုက်မှုအားလုံး လုံးဝ လွင့်ပျယ်သွား၏။ ရီဖူရှင်းသည် ခေါင်းမော့၍ ကောင်းကင်သို့ ကြည့်လိုက်ရာ အကြွင်းမဲ့ဗုဒ္ဓသည် သူ၏ ဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူတပ်ဖွဲ့ကို ဦးဆောင်ကာ စစ်ကူများအဖြစ် ရောက်လာသည်ကို တွေ့လိုက်ရ၏။

“ခင်ဗျားတို့ ဘာကို စောင့်နေတာလဲ”

ရီဖူရှင်းက အသံဩဩဖြင့် မေးလိုက်၏။ သူ့နောက်တွင် ရပ်နေသော မဟာအင်ပါယာများစွာ ရှိပေသည်။ သူတို့သည် ရီဖူရှင်း၏မေးခွန်းကို မေးလိုက်သောအခါ သွေးများ အေးစက်သွားသည်။ ထိုသူများသည် အရှင်ဟောင်ထျန်းနှင့် သူ့လူများဖြစ်သည်။ အမှန်ဆိုရလျှင် သူတို့သည် တစ်ချိန်က ရီဖူရှင်းနှင့် ရန်သူများဖြစ်ခဲ့ဖူး၍ ရီဖူရှင်းနှင့် သဘောထားမတူညီကြပေ။ သို့သော် သူတို့တွင် ရွေးချယ်စရာ မရှိသဖြင့် လောလောဆယ်တွင် ရီဖူရှင်းထံတွင် လက်အောက်ခံထားရလေသည်။

ထို့နောက်တွင် သူတို့သည် နတ်ဘုရားများ၏ စစ်မြေပြင်သို့ ဦးတည်သွားလိုက်ရလေသည်။

အရှင်ဟောင်ထျန်းသည် လှည့်ပတ်ကြည့်ပြီးနောက်တွင် ကလေးတစ်ယောက်ကို တွေ့လိုက်ရ၏။ ထိုကလေး၏အသက်သည် ဆယ်နှစ်ပင် မကျော်လောက်သေးပေ။ သို့သော် သူထုတ်လွှတ်နေသော အရှိန်အဝါသည် အတော်လေး ရှိန်လောက်ဖွယ် ကောင်းပေသည်။ မည်သို့ပင် ဖြစ်စေ ကလေးတစ်ယောက်ကို ပြိုင်ဘက်အဖြစ် ရွေးခြင်းသည် နတ်ဘုရားများ ပြည့်နှက်နေသော စစ်မြေတွင် တိုက်ခိုက်ရသည်ထက် ပိုကောင်းပေလိမ့်မည်။

ရုတ်ခြည်းပင် သူသည် ရှေ့သို့သွားလိုက်ပြီး လူသားဘိုးဘေးဘက်မှ ထွက်လာသော ထိုကလေးထံသို့ အင်ပါယာအရှိန် ထုတ်လွှတ်လိုက်သည်။ သူသည် ဟောင်ထျန်းနတ်စွမ်းအား ထုတ်၍ ဧရာမ မဟာလက်ဝါးကြီးကို ထုတ်လွှတ်လိုက်သည်။ ယင်းသည် ကောင်းကင်နေရာ တော်တော်များများကို လွှမ်းခြုံသွားပြီး ကလေးကို သတ်ရန်အတွက် ကလေးထံ ပျံဝင်သွားသည်။

သို့သော် ထိုကလေးသည် ခေါင်းမော့၍ အရှင်ဟောင်ထျန်းကို အရေးမထား၊ အထင်သေးသော မျက်နှာထားဖြင့် ကြည့်လိုက်လေသည်။ အရှင်‌ဟောင်ထျန်းသည် ကလေး၏ အထင်သေးမှုနှင့် ပြည့်နေသော မျက်နှာထားကို မြင်လိုက်သောအခါ မျက်မှောင်ကြုတ်သွားသည်။ ထိုစဉ်တွင် သူသည် အန္တရာယ်အငွေ့အသက်တစ်ခုကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရ၏။

စက္ကန့်ဝက်အတွင်းမှာပင် ထိုကလေးသည် လှုပ်ရှားလိုက်ပြီး လျှပ်စီးတန်းတစ်ခုအဖြစ် ပြောင်းလဲသွား၏။ ထို့နောက်တွင် သူသည် သူ၏လက်ကလေးဖြင့် လက်သီးတစ်ချက် ထိုးလိုက်သည်။ ထိုလက်သီးချက်သည် အစတွင် အားပျော့သည်ဟု ထင်ရသော်လည်း အရှင်ဒွန်ဟောင်၏ ဟောင်ထျန်းမဟာလက်ဝါးကို အသာကလေး ထိုး‌ဖောက်သွားပြီး အရှင်ဟောင်ထျန်းဆီသို့ မယုံနိုင်လောက်သော အမြန်နှုန်းဖြင့် ဦးတည်သွားသည်။

အရှင်ဟောင်ထျန်း၏မျက်နှာတွင် သွေးမရှိတော့ပေ။ သူ၏နတ်စွမ်းအားဖြင့် ဖန်တီးထားသော ဟောင်ထျန်းမဟာလက်ဝါးသည် အလွယ်တကူ ဖျက်ဆီးခံလိုက်ရသည်မှာ မယုံနိုင်ဖွယ်ပင်။ ထိုလက်သီးချက်သည် မည်မျှ စွမ်းအားကြီးသနည်း။

ထို့ကြောင့် အရှင်ဟောင်ထျန်းသည် ထိုနေရာမှ အသည်းအသန် ပြန်ဆုတ်လိုက်သည်။

သို့သော် ထိုကလေးသည် သူ့ကိုယ်သူ လျှပ်စီးတန်းတစ်ခုအဖြစ် ပြောင်းလဲထားပြီဖြစ်၍ အရှိန်အဟုန်အပြည့်ဖြင့် ပျံသန်းလာသည်။ အရှိန်သည် မြန်လွန်းသဖြင့် အရှင်ဟောင်ထျန်းသည် ကလေးထံမှ ပြေးမလွတ်ခဲ့ချေ။ ထို့နောက်တွင် ထိုကလေးသည် သူ၏လက်သီးကို မြှောက်ကာ သူ၏ရန်သူကို ထိုးချလိုက်သည်။ သူ၏သေးငယ်သော လက်ကလေးမှ ထိုကဲ့သို့ ရိုးရှင်းသော လက်သီးချက်တစ်ချက်တွင် စွမ်းအာပမာဏ များစွာ ပါဝင်ပေသည်။ လက်သီးချက်မှ အဟုန်လှိုင်းများသည် လေထုကိုပင် တုန်ခါသွားစေသည်။

အရှင်ဟောင်ထျန်းနောက်တွင် ဟောင်ထျန်းနတ်ဘုရားပုံရိပ် ထွက်ပေါ်လာ၏။ သူသည် သူ၏လက်များကို ရှေ့သို့ဆန့်တန်းကာ တိုက်ခိုက်မှုကို ကာကွယ်ရန် ကြိုးစားလိုက်သည်။ သို့သော် ကလေး၏ သေးငယ်သော လက်သီးနှင့် ထိသွားသောအခါ ကလေး၏လက်သီးချက်သည် သူ၏အကာအရံကို ဖျက်ဆီးသွားပြီး ဟောင်ထျန်းနတ်ဘုရားပုံရိပ်အပါအဝင် သူ့ခန္ဓာကိုယ်ကို ထိသွားသည်။ ထိုလက်သီးချက်ကို မည်သည်ကမှ မတားဆီးနိုင်ပေ။ တဖြည်းဖြည်းဖြင့် အရှင်ဟောင်ထျန်း၏ခန္ဓာကိုယ်သည် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားလေတော့သည်။ သူ၏မျက်နှာ ဖြူဖျော့သွားပြီး သူ၏မျက်လုံးများထဲတွင် ကြောက်ရွံ့မှုအရိပ်အယောင် ဖြတ်သန်းသွားသည်။

သူ၏ အတတ်သည် လက်သီးချက်တစ်ချက်ဖြင့်ပင် ထပ်မံ ဖျက်ဆီးခံလိုက်ရပေပြီ။ အရှင်ဟောင်ထျန်း၏ စိတ်ဝိညာဉ်သည် လေထုထဲသို့ မျှော်လင့်ချက်ကင်းမဲ့စွာ ငေးကြည့်နေရင်း ပျောက်ကွယ်သွားသည်။ နောက်ဆုံးတွင် သူ၏ခန္ဓာကိုယ်နှင့် မဟာလမ်းစဉ်တို့လည်း ပျောက်ကွယ်သွားသည်။

ထိုတိုက်ပွဲသည် ပတ်ဝန်းကျင်မှ ကျင့်ကြံသူများစွာကို အာရုံစိုက်သွားစေသည်။ အရှင်ဟောင်ထျန်းကို သတ်လိုက်သူမှာ ကြောက်မက်ဖွယ်နတ်စွမ်းအား ပိုင်ဆိုင်သည့် ကလေးတစ်ယောက် မဟုတ်ပါလား။

ရီဖူရှင်းသည် ထိုဘက်သို့ ကြည့်လိုက်ရာ ထိုကလေးကို တွေ့လိုက်၏။

ထိုကလေးသည် သာမန်ကလေးတစ်ယောက်မဟုတ်ကြောင်း ပြောရန်ပင် မလိုပေ။ ထိုကလေးသည် ထိုအဆင့်ရှိသည့် နတ်စွမ်းအားကို ပိုင်ဆိုင်ထားသဖြင့် လူသားဘိုးဘေး၏ ကိုယ်ပွားတစ်ယောက် ဖြစ်နေမလော။

ဝှစ်...

ဂူတုံးလျှိုသည် သူ၏ခန္ဓာကိုယ်ကို အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲ၍ ထိုကလေး၏ အထက်တွင် ထွက်ပေါ်လာ၏။ ထို့နောက်တွင် နတ်နတ်ဆိုးပုံချပ် ထွက်ပေါ်လာပြီး လေထု၏ အငွေ့အသက်ကို လျင်မြန်စွာ ပြောင်းလဲသွားစေ၏။

သို့သော် ထိုကလေးသည် ဂူတုံးလျှိုကို လှောင်ပြောင်သရော်ဟန်ဖြင့် ကြည့်သည်။ ထို့အပြင် ထိုကလေးည် သူ့မျက်လုံးများမှနေ၍ ပျက်သုဉ်းခြင်းနတ်အလင်းတန်းနှစ်တန်းကို ထုတ်လွှတ်လိုက်၏။ ထိုအလင်းတန်းများသည် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ဂူတုံးလျှိုထံ ပျံဝင်သွားသည်။

ရုတ်ခြည်းပင် လေထုထဲတွင် ကျယ်‌လောင်သောအသံတစ်သံ ပြည့်နှက်သွားပြီး ဂူတုံးလျှိုနောက်မှ မြင်ကွင်းသည် လောကတစ်ခုပါသည့် ဧရာမပုံချပ်ကြီးအဖြစ် စတင်ပြောင်းလဲသွား၏။ အင်မော်တယ်များ၊ မိစ္ဆာများ၊ နတ်ဆိုးများနှင့် နတ်ဘုရားများ ပြည့်နှက်နေသော ထိုပုံချပ်ကြီးမှနေ၍ သွေးပျက်ဖွယ် နတ်စွမ်းအားအရှိန်အဝါတစ်ခု ထွက်လာလေသည်။ ပျက်သုဉ်းခြင်းနတ်အလင်းတန်းများ လျင်မြန်စွာ ချဉ်းကပ်လာစဉ်တွင် ပုံချပ်အတွင်းမှနေ၍ စွမ်းအားကြီး ဓားချီ ထွက်လာပြီး ပျက်သုဉ်းခြင်းနတ်အလင်းတန်းများနှင့် ထိတိုက်သွားကာ ယင်းတို့နှစ်ခုစလုံး ပျက်ပြယ်သွားကြသည်။

ရီဖူရှင်းသည် ထိုတိုက်ခိုက်မှုကို ကြည့်ပြီးနောက်တွင် သူ၏အစ်ကိုသုံး ဂူတုံးလျှိုအတွက် မစိုးရိမ်တော့ပေ။ အကယ်ကြောင့်ဆိုသော ဂူတုံးလျှိုသည် လမ်းစဉ်ဖျက်ဆီးကာ ကျင့်ကြံခဲ့သဖြင့် လွန်စွာစွမ်းအားကြီးသော ကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီဖြစ်၍ ဖြစ်သည်။

သူသည် လူသားဘိုးဘေး တစ်ယောက်တည်း ဖန်တီးထားသော ပြင်ပကိုယ်ပွားတစ်ယောက်ကို ယှဉ်နိုင်လောက်ပေသည်။

စစ်မြေပြင် နေရာအနှံ့တွင် အဖျက်မုန်တိုင်းများ ရှိနေသည်။ တိုက်ပွဲ၏ ပြင်းအားသည် လွန်စွာပြင်းထန်သဖြင့် အာကာပြင်လွှာသည် အစိတ်စိတ်အမွှာမွှာ စုတ်ဖြဲခံနေရသည်။ ထို့ကြောင့် ထိုစစ်ပွဲကို နတ်ဘုရားများ၏ စစ်ပွဲဟု ခေါ်ခြင်းပင်။ သူတို့၏ နေရာအနှံ့တွင် တိုက်ခိုက်မှုများသည် ကောင်းကင်ဘုံ၏ လေထုကို ပျက်စီးစေနေပြီး အာကာပြင်လွှာတွင် အက်ကြောင်းများ ထွက်ပေါ်လာစေသည်။ ထို့ကြောင့် သူတို့ထဲမှ အချို့သည် ထိုနေရာမှနေ၍ အခြားနေရာတစ်ခုသို့ ဦးတည်သွားကြသည်။

ဝှစ်...

အဖျက်လှိုင်းအချို့သည် ရီဖူရှင်းရှိနေရာသို့ ပျံဝင်လာ၏။ ရုတ်ခြည်းပင် သူသည် လူသားဘိုးဘေးဘက်သို့ ကြည့်လိုက်ရာ လူသားဘိုးဘေးသည် နေရာတွင်ပင် ရပ်နေသေးပြီး သူ့ကို ကြည့်နေသည်ကို တွေ့လိုက်၏။

သူသည် ရှေ့သို့ ထွက်လိုက်ပြီး သူ့နတ်စွမ်းအားကို နှိုး၍ ယင်းစွမ်းအားကို သူ့ကိုယ်တွင်း၌ လှည့်ပတ်လိုက်သည်။ မျှော်လင့်ထားသကဲ့သို့ပင် သူသည် လူသားဘိုးဘေးကို ကိုယ်တိုင် တိုက်ခိုက်ရပေလိမ့်မည်။

သူ စတင် မတိုက်ခိုက်နိုင်ခင်မှာပင် အနက်ရောင် လျှပ်စီးတန်းတစ်ခုသည် ဟင်းလင်းပြင်ကို ဖြတ်၍ သူ့မြင်ကွင်းသို့ ရောက်လာလေသည်။

ရီဖူရှင်းသည် ယင်းကို သတိပြုမိလိုက်သောအခါ ရပ်လိုက်ပြီး လူရိပ်ကို ငေးကြည့်သည်။ ထိုသူသည် မှော်နက်အရှင်ဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် သူအံ့အားသင့်သွားသည်။

သို့သော် ဤတစ်ကြိမ်တွင် မှော်နက်အရှင်သည် မျက်နှာဖုံးချွတ်ထားပြီး သူမ၏ ရုပ်ရည်အစစ်အမှန်ကို လျှို့ဝှက်မထားတော့ပေ။ ရီဖူရှင်း သူမကို ကြည့်လိုက်သောအခါ သူမ၏ မျက်နှာအစစ်ကြောင့် မှင်တက်အံ့အားသင့်သွားသည်။

ကံကြမ္မာဗုဒ္ဓသည် ရီဖူရှင်းကို ထိုအကြောင်း မပြောပြထားသော်လည်း ရီဖူရှင်းသည် ဤသို့ တွေ့လိုက်ရသဖြင့် စိတ်သက်သာရာရသွားသည်။ သူမသည် မှော်နက်လောကတွင် ဆန်းကြယ်သောကျွန်းဟု ခေါ်နိုင်သော ကျွန်းတစ်ကျွန်းကို ထိန်းချုပ်နိုင်ခဲ့ခြင်းမှာ ယခု  ပြန်တွေးကြည့်လျှင် အံ့ဩစရာ မရှိတော့ပေ။ သူမသည် မှော်နက်အရှင် မဟုတ်ပါလား။

သို့ဆိုလျှင် မှော်နက်အရှင်၏ ရင်ထဲတွင် အလင်းအနည်းငယ် ကျန်ပေးလိမ့်ဦးမည်ဖြစ်သည်။ ထို့ကြောင့်သာ မှော်နက်လောကတွင် ကြင်နာတတ်၍ ရိုးရှင်းသော သူများ ပြည့်နေသော မည်သည့်ပဋိပက္ခမှ မရှိသည့် အလင်းကျွန်းတစ်ကျွန်း တည်ရှိနေနိုင်ခြင်းဖြစ်သည်။

ယင်းသည် မှော်နက်အရှင် လိုချင်ခဲ့သော စံပြလောကတစ်ခု ဖြစ်နိုင်သည်။

ကံဆိုးစွာပင် ထိုစိတ်ကူးယဉ်လောကသည် စိတ်ကူးယဉ်အဖြစ်သာ ဆက်ရှိနေမည်ဖြစ်သည်။

မှော်နက်အရှင်သည် ဤလောကကို စိတ်ပျက်နေကြောင်း ရီဖူရှင်း ပြောနိုင်၏။ ထို့ကြောင့် သူမသည် ဤလောကကို ဖျက်ဆီးရန် မှော်နက်လောကတွင် အမှောင်ထုတိုင်းပြည်တစ်ပြည်ကို တည်ထောင်ခဲ့ကာ ဤလောကအတွင်းသို့ အမှောင်ထုများ ဆောင်ကျဉ်းလာခြင်းဖြစ်သည်။ ထိုမှ အကျင့်ပျက်ပြားမှုများနှင့် ပြည့်နှက်နေသော လောကထဲတွင် အလင်းဖြစ်တည်လာနိုင်မည်ဖြစ်သည်။

သူမသည် တစ်ယူသန်ပင်။

သို့ပင်လျှင် သူမ၏ရင်ထဲတွင် ကောင်းခြင်းရှိသေးသည်မှာ ငြင်းမရနိုင်သောအချက်ပင်။

လူသားဘိုးဘေးသည် လူသားမျိုးနွယ်ဟု ဘိုးဘေးဟု ဆိုနိုင်ပြီး ဖြောင့်မတ်မှု၏ ပြယုဂ်ဟု သတ်မှတ်ခံရသော်လည်း သူ၏ဟန်ဆောင်မျက်နှာဖုံးအောက်တွင်မူ သူသည် အပြစ်မဲ့သူများကို သေဆုံးစေခဲ့သည့် ရင်ထဲတွင် အမှောင်ထု ကြီးစိုးနေသူတစ်ယောက်ဖြစ်လေသည်။ သူသည် ဘုံခုနစ်ခု၏ စစ်ပွဲကို စတင်ခဲ့သူဖြစ်ကာ လူများ၏အသက်ကို အရေးမထားခဲ့သူဖြစ်သည်။ သူသည်လည်း သူ၏ စံပြလောကတစ်ခုကို တည်ထောင်လိုခဲ့သည်။ ထိုလောကမှာ သူ အကြွင်းမဲ့ထိန်းချုပ်နိုင်ပြီး အကြွင်းမဲ့အုပ်စိုးနိုင်မည့် လောကတစ်ခုဖြစ်သည်။ သူက ဖန်ဆင်းရှင်ဖြစ်မည့် နတ်ဘုရားများ၏လောကတစ်ခုဖြစ်သည်။

ကျင့်ကြံခြင်း၏အထွတ်အထိပ်သို့ ရောက်ခဲ့သူ အားလုံးက ထိုသို့ တစ်ယူသန်အစွဲများ ရှိလေသလော။

မှော်နက်အရှင်သည် ရောက်လာကတည်းက လူသားဘိုးဘေးကို ခပ်တန်းတန်း မျက်လုံးများဖြင့် စိုက်ကြည့်နေသည်ကို ရီဖူရှင်း သတိပြုမိသည်။ သူမသည် သေစေနိုင်လောက်သော အဖျက်အရှိန်အဝါတစ်ခုကို အဆက်မပြတ် ထုတ်လွှတ်နေသည်။ သူမသည် မကြာသေးခင်က မှော်နက်လောက၏ စစ်တပ် အာဏာဖီဆန်လာမှုနောက်ကွယ်မှ အကြောင်းပြချက်ဖြစ်နိုင်သည်။ မှော်နက်အရှင်နှင့် လူသားဘိုးဘေးကြားတွင် ရန်ငြိုး သို့မဟုတ် အမုန်းတရား ရှိနေသလော။

All Chapters