← Chapters

အဆုံးစွန်တိုက်ပွဲ(၃)

Vol. 207 Ch. 2945

အဆုံးစွန်တိုက်ပွဲ(၃)

Vol. 207 Ch. 2945

“မဆိုးပါဘူး”

လူသားဘုံမှနေ၍ အသံတစ်သံ ရောက်ရှိလာသည်။ ကောင်းကင်ထက်တွင် နတ်အလင်း ဆက်၍စီးဆင်းနေပြီး ပုံရိပ်ယောင်တစ်ခု ဖြစ်ပေါ်လာ၏။ ၎င်းသည် ဆန်းကြယ်၍ အကောင်အထည်မရှိသော ခံစားချက်တစ်ခုကို ပေးလေသည်။

“အချိန်နဲ့နေရာစည်းမျဉ်း... ပြီးတော့ မင်းက ‘ရုပ်ဝတ္ထု’ အဆင့်ကိုတောင် ရောက်နေပြီပဲ။ ဖန်ဆင်းရှင်နတ်ဘုရားဆိုတဲ့ အတိုင်းပဲ တကယ်စွမ်းပါပေတယ်”

အသံက ဆက်ပြောလိုက်၏။

“ရီဖူရှင်း... ငါက နတ်ဘုရားတွေရဲ့ လောကတစ်ခုကို ဖန်တီးချင်တယ်။ အဲဒါက အနာဂတ်မှာ စံပြလောကတစ်ခုဖြစ်လာမှာ.. လောကထဲက စည်းမျဉ်းတွေအကုန်လုံးက ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ လောကပေါ့။ အရာအားလုံးက ငါ့သဘောအတိုင်း လည်ပတ်ရမယ်။ အဲဒီလောက,က လက်ရှိလောကထက် အဆပေါင်းများစွာ ပိုပြီးပြည့်စုံလိမ့်မယ်”

“ခင်ဗျားလိုချင်တာက ရုပ်သေးရုပ်လောကတစ်ခုပဲ။ အဲဒီလောကထဲမှာ ခင်ဗျားသဘောတစ်ခုပဲ ရှိတယ်။ အဲဒီလိုလောကရဲ့ ရည်ရွယ်ချက်က ဘာများလဲ”

ရီဖူရှင်းသည် လူသားဘုံဆီသို့ ကြည့်ကာ ပြန်ပြောလိုက်၏။ သူ၏အသံသည် ဟင်းလင်းပြင်တစ်ခွင်တွင် ပဲ့တင်ထပ်သွားသည်။

“လက်ရှိလောကရဲ့ ရည်ရွယ်ချက်က ဘာလဲ။ ပြီးတော့ ရှေးဟောင်းကောင်းကင်လမ်းစဉ်လောကရဲ့ ရည်ရွယ်ချက်ကရော ဘာလဲ”

လူသားဘုံမှနေ၍ အသံ ဆက်၍ ထွက်ပေါ်လာ၏။

“အဆင့်အတန်း၊ သေကျေမှု... ဘယ်တော့မှ ငြိမ်းချမ်းရေးဆိုတာ ရှိမှာမဟုတ်ဘူး။ အဲဒါက မဆုံးနိုင်အောင် သံသရာလည်နေမှာပဲ။ အတိတ်တုန်းက နတ်ဘုရားတွေရဲ့ စစ်ပွဲမှာ လူတွေဘယ်နှစ်ယောက်တောင် သေသွားခဲ့လဲ။ ဒီလိုလောကကြီးအတွက် လူဘယ်နှစ်ယောက်လောက်က သနားစိတ်ရှိဦးမလဲ။ လူတွေက စံပြလောကတစ်ခုကို လိုအပ်တယ်... နတ်ဘုရားတွေရဲ့ ပြီးပြည့်စုံတဲ့လောကပေါ့”

ရီဖူရှင်းက ပြန်မပြောလိုက်ပေ။ လူများဖြစ်စေ၊ လောကဖြစ်စေ အမြဲ ပြစ်ချက်များ ရှိနေမည်ဖြစ်သည်။ ပြီးပြည့်စုံမှုဆိုသည်မှာ ထောင်ချောက်တစ်ခုပင်။ လောကထဲတွင် အကြွင်းမဲ့ပြီးပြည့်စုံမှုဟူ၍ မရှိပေ။ လူသားဘိုးဘေး ဖန်တီးရန် ကြံစည်နေသည့် လောကသည် အမှန်တကယ် ပြီးပြည့်စုံပါမည်လော။ ထိုလောကကို အလိုရှိသူမှာ သူသာဖြစ်သည်။ သူသည် အရာအားလုံးကို သူ့သဘောအောက်တွင် လည်ပတ်စေလိုသည်။ ထို့အပြင် ယခုတွင် လူသားဘုံသည် သူ၏ထိန်းချုပ်မှုအောက်တွင် ရှိနေပြီဖြစ်သည်။ သို့သော် လူသားဘုံမှ ကျင့်ကြံသူများသည် သတ်ဖြတ်စက်များအဖြစ် နိမ့်ကျသွားပြီဖြစ်သည်။

သူ ရှေ့သို့ တက်လိုက်ပြီး လူသားဘုံသို့ လျှောက်သွားကာ လူသားဘုံ၏ ကောင်းကင်အောက်တွင် ရပ်လိုက်သည်။ လက်ရှိတွင် ဘုံခုနစ်ခုလုံး၏ လူသားဘိုးဘေး၏ လွှမ်းမိုးမှုအောက်တွင် ရှိနေသည်။ အကယ်၍ လူသားဘိုးဘေး မသေလျှင် ပဋိပက္ခများသည် မည်သည့်အခါမှ ပြီးဆုံးမည်မဟုတ်ပေ။ ဘုံခုနစ်ခု၏ ဘေးဒုက္ခများသည် ဆက်ရှိနေမည်ဖြစ်ပြီး လူများလည်း ဆက်၍ သေနေဦးမည်ဖြစ်သည်။

နတ်ဘုရားများ၏ စစ်မြေပြင်တွင် နောက်တစ်ယောက် ထွက်ပေါ်လာ၏။ ထိုသူသည် ရိုးရှင်းသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ့ထံမှ ခက်ထန်သောအရှိန်အဝါကို ရနေလေသည်။ သူသည် လူသားဘုံ၏ ကောင်းကင်သို့ ကြည့်လိုက်ပြီး စစ်မြေပြင်တစ်ခွင်လုံးကို ဝေ့ဝဲကြည့်သည်။ သူ၏မျက်လုံးများထဲတွင် အထင်သေးသည့် အရိပ်အယောင်တစ်ခု ရှိနေ၏။

ထိုသူသည် နတ်ဆိုးအင်ပါယာပင်။

“ခင်ဗျားက အချိန်မီရောက်လာတာပဲ။ အခု သူ့ကိုသတ်လိုက်။ ကျုပ် ခင်ဗျားကို ကူညီပေးမယ်”

လူသားဘုံအထက်ရှိ ကောင်းကင်မှ အသံထွက်ပေါ်လာ၏။ နတ်ဆိုးအင်ပါယာသည် ရီဖူရှင်းကို ကြည့်လိုက်၏။ ရီဖူရှင်းမှာလည်း သူ့ကိုကြည့်ကာ ခေါ်လိုက်သည်။

“စီနီယာ...”

သူသည် အခြားစကားများကို မပြောလိုက်ပေ။ ဤတိုက်ပွဲသည် နတ်ဘုရားများ၏ တိုက်ပွဲတစ်ပွဲပင်။ ရှေးဟောင်းနတ်ဘုရားများနှင့် ဤခေတ်မှ မဟာအင်ပါယာများအားလုံး ဤနေရာတွင် ရှိနေသည်။ ဤနေရာသို့ နတ်ဆိုးအင်ပါယာ ရောက်လာပြီဖြစ်၍ သူ့တွင်လည်း ကိုယ်ပိုင် ဆုံးဖြတ်ချက်နှင့် ရွေးချယ်မှု ရှိပေလိမ့်မည်။

နတ်ဆိုးအင်ပါယာ၏‌ရွေးချယ်မှုသည် မိစ္ဆာအင်ပါယာကဲ့သို့ ဖြစ်မည်လော၊ သို့မဟုတ် သူသည် အခြားလမ်းကို ရွေးချယ်မည်လောကို ရီဖူရှင်းသိချင်နေသည်။

ရီဖူရှင်းသည် အဖြေကို စောင့်နေ၏။

ထိုစဉ်တွင် နတ်ဆိုးအင်ပါယာ၏ခန္ဓာကိုယ်မှနေ၍ ကြောက်မက်ဖွယ်နတ်ဆိုးအရှိန်အဝါထွက်ပေါ်လာ၏။ သူ၏အရှိန်အဝါသည် လွန်စွာ ကြောက်မက်ဖွယ်ကောင်းလှသည်။ သူသည် ကပ်ဘေးများ၏ခန္ဓာကိုယ်ကဲ့သို့ပင်။ မရေတွက်နိုင်သော ကပ်ဘေးအလင်းတန်းများသည် သူ့ခန္ဓာကိုယ်ကို ဖြတ်ကာ စီးဆင်းနေသည်။ ထိုအလင်းတန်းများတွင် အားကောင်းသော အဖျက်စွမ်းအား ပါဝင်ပေသည်။

သူ လက်တစ်ဘက် ဆန့်တန်းလိုက်ရာ နတ်ဆိုးဓားတစ်ချောင်း ရုတ်ခြည်း ထွက်ပေါ်လာ၏။ နတ်ဆိုးအင်ပါယာသည် နတ်ဆိုးဓားကို ကိုင်ကာ ဦးတည်ရာတစ်ဘက်သို့ ခုတ်ချလိုက်၏။ ဓားသည် ဟင်းလင်းပြင်ကို ခုတ်ဖြတ်သွားပြီး တစ်နေရာသို့ ကျဆင်းသွားသည်။ ထိုနေရာသည် တိုက်ပွဲပြင်တစ်ခု ရှိနေသည်။ ထိုတိုက်ပွဲပြင်တွင် ယွီထူသည် မဟာအင်ပါယာတစ်ပါးကို တိုက်ခိုက်နေသည်။

ထိုအချိန်တွင် ကြောက်မက်ဖွယ် နတ်ဆိုးဓားသည် လျှပ်တစ်ပြက်အတွင်း ရောက်လာလေသည်။ ယွီထူရှေ့မှ ပြိုင်ဘက်သည် မျက်နှက်ပျက်သွားကာ အံ့အားသင့်သွားသည်။ သူသည် ထိုဓားချက်ကို ကာလိုသော်လည်း သူ၏နတ်စွမ်းအားအကာအရံသည် ခုတ်ဖြတ်ခံလိုက်ရ၏။ နတ်ဆိုးဓား ကျရောက်လာပြီး သူ့ကို တိုက်ရိုက် သတ်ဖြတ်သွားသည်။

မဟာအင်ပါယာတစ်ပါးသည် ဓားချက်တစ်ချက်ဖြင့် အသတ်ခံလိုက်ရပေပြီ။

ယွီထူသည် နောက်လှည့်ကာ ကောင်းကင်ထဲတွင် ရပ်နေသော နတ်ဆိုးအင်ပါယာကို ကြည့်လိုက်၏။ သူ့မျက်နှာပေါ်တွင် တွေ့ရခဲသည့် အပြုံးတစ်ချက် ထွက်ပေါ်လာပြီး သူပြောလိုက်၏။

“အစ်ကိုတော်... ကျုပ်တို့ ညီအစ်ကိုနှစ်ယောက် အတူ မတိုက်ခိုက်ရတာ နှစ်တွေဘယ်လောက်ကြာခဲ့ပြီလဲ”

ယခု သူ့အပြုံးတွင် ရင်းနှီးသည့်အငွေ့အသက်အချို့ ရှိနေလေသည်။

သူသည် လမ်းမှန်ကို ရွေးခဲ့ပြီး ယင်းအပေါ် နောင်တမရဟု သူအမြဲ ယုံကြည်ခဲ့သော်လည်း သူသည် သစ္စာဖောက်တစ်ယောက် ဖြစ်နေပေသေးသည်။ ယင်းမှာ သူ့အပေါ် နတ်ဆိုးအင်ပါယာ၏ စွပ်စွဲချက်သာ မဟုတ်ပေ။ သူသည် အမှန်ပင် သူတို့ကို သစ္စာဖောက်ခဲ့ပေသည်။

နတ်ဆိုးလောကသည် ရှေးဟောင်းကောင်းကင်လမ်းစဉ်၏ အကျဉ်းထောင်တစ်ခုဖြစ်သည်။ နတ်ဆိုးလောကသည် ကောင်းကင်နန်းတော်၊ ကောင်းကင်အင်ပါယာ၊ ကောင်းကင်ဒေသတို့နှင့် ပြဒါးတစ်လမ်း၊ သံတစ်လမ်းဖြစ်သည်။ သူတို့သည် အမြဲ ရန်သူများဖြစ်ခဲ့သည်။ နတ်ဆိုးလောကမှ ကျင့်ကြံသူအားလုံးသည် နတ်ဆိုးလောက၏ စစ်တပ်ကို နတ်ဆိုးလောကအပြင်သို့ ဦးဆောင်သွားနိုင်ရန် ကိုယ့်အစွမ်းကိုယ်သုံးကာ ဘဝတစ်လျှောက်လုံး ကြိုးစားခဲ့ရသည်။

သူသည် နတ်ဆိုးလောကကို တုံ့ဆိုင်းခြင်းမရှိ စွန့်ပစ်ခဲ့ပြီး အခြားလမ်းတစ်ခုကို လျှောက်သွားခဲ့သည်။ ထို့ကြောင့် သူသည် အမြဲပင် သူ့ပခုံးထက်၌ လေးလံသောအပြစ်ရှိစိတ်ကို ထမ်းထားခဲ့ရသည်။

နတ်ဆိုးအင်ပါယာက ယွီထူကို ကြည့်ကာ ပြောလိုက်၏။

“ငါက မင်းအတွက် လုပ်ခဲ့တာ မဟုတ်ဘူး”

“ကျုပ် သိပါတယ်”

ယွီထူသည် စိတ်ထဲမထားဘဲ ပြန်ပြောလိုက်၏။

နတ်ဆိုးအင်ပါယာသည် လူသားဘုံ၏ ကောင်းကင်သို့ လှမ်းကြည့်ကာ ပြောလိုက်၏။

“နတ်ဆိုးလောကရဲ့ ကျင့်ကြံသူတွေက ကျွန်တွေ ဖြစ်လာမှာ မဟုတ်ဘူး”

အကယ်၍ နတ်ဆိုးလောကသာ လက်အောက်ခံဖို့ ရွေးချယ်လိုက်လျှင် သူတို့သည် ထာဝရ လူသားဘုံ၏ လက်အောက်ခံများ ဖြစ်နေမည်ကို သူသိပေသည်။ အကယ်၍ သူတို့ လက်အောက်မခံလျှင်လည်း သူတို့ ဖျက်ဆီးခံရမည်ဖြစ်သည်။ သို့ဆိုလျှင် ထိုခေတ်နှင့် ကောင်းကင်လမ်းစဉ်ခေတ်သည် မည်သို့ ကွာခြားမည်နည်း။

သူတို့သည် နှစ်ပေါင်းမရေမတွက်နိုင်သော အကျဉ်းသားများဟူသော ဂုဏ်ပုဒ်ကို သယ်ဆောင်ခဲ့ရသည်။ သူတို့သည် ကျွန်ဟူသော ဂုဏ်ပုဒ်ကို ထပ်၍ မသယ်ဆောင်လိုတော့ပေ။

ထို့အပြင် လူသားဘိုးဘေးသည် နတ်ဆိုးလောကမှ သက်ရှိအားလုံး၏ အသက်ဖြင့် သူ့ကို ခြိမ်းခြောက်ခဲ့သည်။ ထိုခြိမ်းခြောက်မှုသည် သူ၏စည်းကို ကျော်သွားပြီဖြစ်သည်။

ထို့ကြောင့် သူသည် ရီဖူရှင်း၏ဘက်တွင်သာ ရပ်တော့ပေမည်။

“ဒွန်ဟောင်၊ ရီဖူရှင်း...”

နတ်ဆိုးအင်ပါယာ ကြေညာလိုက်၏။

“ကျုပ် နတ်ဆိုးလောကရဲ့ စစ်တပ်ကို ကောင်းကင်ဒေသကို ဆက်မကျူးကျော်တော့ဖို့ အမိန့်ပေးခဲ့ပြီ။ တကယ်လို့ ကျုပ်တို့ ဒီနေ့ ဒီနေရာမှာ ရှုံးနိမ့်သွားရင် လောကကြီးက နတ်ဆိုးလောက,က ကျင့်ကြံသူတွေကို ခွဲခြား မမြင်ဖို့ ကျုပ် မျှော်လင့်ပါတယ်”

ရှုံးနိမ့်ခြင်းသည် သေခြင်းပင်။ အကယ်၍ သူသေသွားလျှင် နတ်ဆိုးလောကမှ ကျင့်ကြံသူများက ဤလောကထဲတွင် ဆက်ရှင်သန်နိုင်ရန် သူမျှော်လင့်ပေသည်။

“စီနီယာ မစိုးရိမ်ပါနဲ့”

ရီဖူရှင်း ပြောလိုက်၏။

“ပြီးတော့ တကယ်လို့ ကျုပ်တို့ ရှုံးသွားရင် ကျုပ်လည်း စီနီယာလိုပဲ အနာဂတ်ကို မြင်နိုင်မှာ မဟုတ်တော့ပါဘူး”

ဤတိုက်ပွဲသည် သေမြေကြီး၊ ရှင်ရွှေထီး တိုက်ပွဲပင်။ သူတို့ ရှုံးသွားလျှင် သူတို့အားလုံး သေသွားမည်ဖြစ်သည်။ သူတို့သည် အနာဂတ်ကို မြင်နိုင်တော့မည် မဟုတ်ပေ။ ယင်းသည် အမှန်ပင် အမှောင်ခေတ်တစ်ခေတ် ဖြစ်လာပေလိမ့်မည်။

“ကောင်းပြီ”

နတ်ဆိုးအင်ပါယာ ခေါင်းညိတ်လိုက်သည်။ သူသည် ကပ်ဘေးတစ်ခုနှင့် တွေ့ကြုံရလိမ့်မည်ဟု ကံကြမ္မာဗုဒ္ဓက ရှေ့ဖြစ်ဟောခဲ့သည်။ အကယ်၍ ယနေ့သည် သူ၏ကပ်ဘေးဖြစ်ပါက နတ်ဆိုး‌လောကမှ ကျင့်ကြံသူများ မထိခိုက်ဘဲ နတ်ဆိုးချောက်ကမ်းပါး၏ အချုပ်အနှောင်များအောက်မှ လွတ်ရန် သူ မျှော်လင့်ပေသည်။ အနာဂတ်တွင် နတ်ဆိုးလောက မရှိတော့လျှင်ပင်၊ အနာဂတ်မှ လူအားလုံးသည် နတ်ဆိုးလောကအကြောင်းကို မေ့သွားလျှင်ပင် အရေးမကြီးတော့ပေ။

နတ်ဆိုးအင်ပါယာသည် ရှေ့သို့ ထွက်ကာ တစ်နေရာသို့ လျှောက်သွားလိုက်ပြီး တိုက်ပွဲပြင်တွင် ဝင်ပါလိုက်လေသည်။

နတ်ဆိုးအင်ပါယာ တိုက်ပွဲတွင် ဝင်ပါလာပြီးနောက်တွင် အင်ပါယာခြောက်ပါးလုံး စုံသွားပြီဖြစ်သည်။ သူတို့အားလုံးသည် တိုက်ခိုက်နေကြသည်။ ဤတိုက်ပွဲသည် ထိပ်သီးပုဂ္ဂိုလ်အားလုံကို စုစည်းခဲ့လေသည်။

သို့သော် ပျောက်နေသူတစ်ယောက်ကို ပြောရလျှင် ထိုသူမှာ ကျိဝူတောက် ဖြစ်ပေသည်။ သူက လက်ရှိကောင်းကင်အင်ပါယာကြောင့် အဝေးသို့ ရောက်နေလေသည်။

အရှင်ဒွန်ဟောင်၏ တိုက်ပွဲပြင်တွင် သူနှင့် ထာဝရဓားသခင်တို့သည် သရေအခြေအနေမှာပင် ရှိနေသေးသည်။ အရှင်ဒွန်ဟောင်သည် နတ်ဆိုးအင်ပါယာက တိုက်ပွဲတွင် လာရောက်ပူးပေါင်းသည်ကို မြင်လိုက်သောအခါ ကျေးဇူးတင်သွားမိသည်။ အင်ပါယာခြောက်ပါးသည် နှစ်ပေါင်းမရေမတွက်နိုင်အောင် တိုက်ခိုက်ခဲ့ပြီး တစ်ပါးနှင့်တစ်ပါး ထိန်းကာ မျှခြေ ယူထားကြသည်။ သို့သော် သူသည် သူ၏ပြိုင်ဘက်မှာ မည်သူဖြစ်ကြောင်း အမြဲသိခဲ့သည်။ သူသည် နတ်ဆိုးလောကကို သူ၏ရန်သူဟု တစ်ခါမှ မမြင်ခဲ့ဘဲ နတ်ဆိုးအင်ပါယာကိုလည်း နက်နက်ရှိုင်းရှိုင်း လေးစားခဲ့သည်။

ယခုတွင် သူတို့သည် ပခုံးချင်းယှဉ်တိုက်ခိုက်ရန် အခွင့်အရေး ရလာပေပြီ။ အင်ပါယာ‌ခြောက်ပါးမှ လေးပါးသည် သူတို့ဘက်တွင် ဖြစ်သည်။ ယခုတွင် မှော်နက်အရှင်သည်ပင် လူသားဘိုးဘေးကို ဆန့်ကျင်နေပြီဖြစ်သည်။

ခက်ထန်သော ဓားချီ ရုတ်တရက် ထွက်ပေါ်လာ၏။ သို့သော် အရှင်ဒွန်ဟောင်သည် ယင်းကို မရှောင်လိုက်ပေ။ ထိုအခိုက်တွင် ထုတ်ဖော်ခြင်းနတ်စွမ်းအားသည် ဆင့်ကဲတိုးတက်သွားပုံပေါ်၏။ ကောင်းကင်ထဲတွင် ပြည့်နှက်နေသော သတ်ဖြတ်လိုသည့် ဓားအငွေ့အသက် ပြန့်ကျဲ၊ ပျောက်ကွယ်သွားသည်။ သူ့ခန္ဓာကိုယ်ကို မည်သည့်ဓားစွမ်းအားမှ မချဉ်းကပ်နိုင်ပေ။ ထိုဗဟာနယ်စက်ကွင်းသည်လည်း ကျယ်ပြန့်လာကာ ထာဝရဓားသခင်ထံသို့ လွှမ်းခြုံသွားသည်။

All Chapters