← Chapters

ဗလာအဖြစ်သို့

Vol. 207 Ch. 2952

ဗလာအဖြစ်သို့

Vol. 207 Ch. 2952

မူလဘုံမှ လူများသည်လည်း လောက၏ ပြောင်းလဲမှုများကို တဖြည်းဖြည်း သတိပြုမိလာကြသည်။

ထိုစဉ်တွင် ရီဖူရှင်းသည် ထိုအရာအားလုံးကို သိနေသည်။ သူ့တွင် ရုပ်ခန္ဓာမရှိတော့ပေ။

သူသည် လမ်းစဉ်ဖြစ်လာပြီးနောက်တွင် ရုပ်ခန္ဓာ၊ ကျင့်ကြံခြင်းအဆင့်နှင့် သေခြင်း၊ ရှင်ခြင်းတို့ မရှိတော့ချေ။

သူသည် ယခုတွင် အစစ်အမှန်“လမ်းစဉ်”ဖြစ်လာပြီဖြစ်သည်။ သူသည် လမ်းစဉ်ဖြစ်သည်။ လောကအတွင်းမှ အရာအားလုံးသည် သူဖြစ်သည်။

သူသည် စကြဝဠာကြီးနှင့်အတူ အသက်ရှူနေသည်။ အလင်းတန်းတိုင်းနှင့် လေညှင်းတိုင်းသည် သူ၏ ထွက်သက်ဝင်သက်များ ဖြစ်သည်။

သူသည် သက်ရှိအားလုံးကို အာရုံခံနိုင်ပြီး သူတို့၏ အံ့အားသင့်မှုနှင့် ပျော်ရွှင်မှုတို့ကို မြင်နိုင်သည်။

ရီဖူရှင်းသည် ထိုအရာအားလုံးကို တိတ်တဆိတ်ခံစားနေရင်းဖြင့် အဘယ်ကြောင့် သူ လမ်းစဉ်ဖြစ်လာရန် လိုအပ်ကြောင်း တဖြည်းဖြည်း နားလည်လာလေသည်။ သူသည် လမ်းစဉ်ဖြစ်လာပြီးနောက်တွင် ကောင်းကင်နှင့်၊ စကြဝဠာနှင့် တစ်သားတည်းဖြစ်သွားသည်။ စကြဝဠာအတွင်း စီးဆင်းနေသော ချီတန်းအားလုံးသည် သူဖြစ်ကာ လမ်းစဉ်လည်းဖြစ်ပေသည်။

ရီဖူရှင်းသည် ချင်းကျူမြို့ကို အာရုံခံလိုက်၏။ ယခင်က ကွယ်ပျောက်နေခဲ့သော ချင်းကျူမြို့သည် ယခု ပြန်ထွက်ပေါ်လာပေပြီ။ လေညှင်းတစ်ချက် တိုက်ခတ်သွား၏။ အတွေးတစ်ချက်ဖြင့်ပင် ချင်းကျူမြို့ဘေးတွင် သစ်ပင်တစ်ပင် ထွက်ပေါ်လာ၏။ ၎င်းတွင် အသက်ဓာတ်နှင့် ပြည့်နှက်နေပြီး ဝိညာဉ်စွမ်းအား ပါပေသည်။

အကယ်၍ သူရှုံးနိမ့်သွားလျှင်လည်း ဤသစ်ပင်တွင် သူ၏အငွေ့အသက် ကျန်ခဲ့မည်ဖြစ်သည်။

ထို့နောက်တွင် ရီဖူရှင်းသည် လမ်းစဉ်ဖြစ်လာရင်း အရာအားလုံးကို ဆက်ခံစားလိုက်သည်။

အချိန်သည် နှေးကွေးစွာ ကုန်ဆုံးနေ၏။

လူသားဘုံ၊ လူသားဘိုးဘေးနှင့် ကောင်းကင်ဘုံတစ်ခွင်လုံးသည် ချုပ်နှောင်ခံထားရသည်။ ယင်းတို့သည် သူ့ဆရာသခင်၏ အချိန်ထဲတွင် ပိတ်မိနေဆဲပင်။

လူသားဘုံတွင် လူသားဘိုးဘေးသည် လောကထဲရှိ စွမ်းအင်ကို ဆက်၍ စုပ်ယူနေပြီး လူသားဘုံးကို ပို၍ ပြီးပြည့်စုံလာအောင် မွမ်းမံနေသည်။ အချိန်ခရီးသွားသည်ပင် သူ့ကို ဆက်၍ ထိန်းမထားနိုင်တော့ပေ။ ထိုအချိန်တွင် လူသားဘုံအတွင်းရှိ မဟာလမ်းစဉ်စည်းမျဉ်းသည် အချိန်အတွင်းသို့ ပျော်ဝင်သွားကာ ဖြည်းဖြည်းချင်း ပေါင်းစည်းလာလေသည်။ တစ်ချိန်တည်းမှာပင် အတွင်းမှနေ၍ အသံတစ်သံ ထွက်ပေါ်လာ၏။

“အချိန်ခရီးသွား... ခင်ဗျားနဲ့ကျုပ်က ရှေးဟောင်းအင်ပါယာတွေပဲ။ ဘာလို့ ကျုပ်တို့ တိုက်ခိုက်နေရမှာလဲ။ ခင်ဗျား ကျုပ်ကို အကြာကြီး မချုပ်နှောင်ထားနိုင်ပါဘူး။ ဘာလို့ ကျုပ်နဲ့အတူ ဒီလောကကို မအုပ်စိုးရတာလဲ”

“ခင်ဗျားရဲ့ ကံကြမ္မာကို အရင်ကတည်းက ဆုံးဖြတ်ပြီးသွားပြီ”

ဆရာသခင်က ပြောလိုက်၏။

“ခင်ဗျား ဘာပြောတာလဲ”

လူသားဘိုးဘေးက ပြောလိုက်၏။

“အသတ်ခံရမလား ဒါမှမဟုတ် ဝါးမျိုခံရမလား”

ဆရာသခင်က ပြောလိုက်၏။

“ကျုပ်က ဘယ်တုန်းကမှ ကံကြမ္မာနဲ့ နတ်ဘုရားတွေကို မယုံခဲ့ဘူး။ ကျုပ်က ကျုပ်ကိုယ်ကျုပ်ပဲ ယုံတယ်”

လူသားဘိုးဘေး၏အသံသည် ခက်ထန်နေသည်။

“ဒါက ကံကြမ္မာမဟုတ်ဘူး။ အချိန်က ကျုပ်ကို ပြောတဲ့အရာပဲ။ ကျုပ် ဘယ်သူလည်းဆိုတာ မမေ့နဲ့”

ဆရာသခင်က ခပ်တိုးတိုး ပြောလိုက်၏။ သူ၏အသံသည် တည်ငြိမ်ပေသည်။ သူသည် အချိန်ခရီးသွားဖြစ်သည်။

လူသားဘိုးဘေးသည် ရုတ်တရက် ဒေါသထွက်သွား၏။ ခက်ထန်သော မဟာလမ်းစဉ်စည်းမျဉ်းက အချိန်ကို ထိတိုက်သွားသည်။

“ခင်ဗျား ကျုပ်ကို မတားနိုင်ပါဘူး”

လူသားဘိုးဘေးက အေးစက်စွာ ပြောလိုက်၏။ သူ၏အရှိန်အဝါသည် အပြင်လောကသို့ ပျံ့နှံ့သွား၏။

ထိုစဉ်တွင် ကပ်ဘေးအလင်းတန်းများသည် နတ်ဆိုးလောကနှင့် လူသားဘုံကြားရှိ အာကာသလမ်းကြောင်းအတွင်းသို့ ဝင်သွားကာ လူသားဘုံသို့ ဝင်လာလေသည်။

လူသားဘိုးဘေးသည် ထိုဖြစ်ရပ်ကို အာရုံခံမိသည်။ ထို့နောက် ထိုဘက်မှနေ၍ မရေမတွက်နိုင်သော အနီရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး လူသားဘုံအတွင်းသို့ အဆက်မပြတ် ဝင်ရောက်လာသည်။ ၎င်းတို့သည် ကမ္ဘာဖျက်ကပ်ဘေးစွမ်းအားများပင်။

တစ်ချိန်တည်းမှာပင် လူသားဘုံ၏ နေရာအနှံ့တွင် အဆုံးမဲ့ သွေးနီရောင်ကပ်ဘေးအလင်း ထွက်‌ပေါ်လာပြီး ကောင်းကင်လမ်းစဉ်ဆီသို့ ဦးတည်သွားကြလေသည်။

ဒုန်း...

ကမ္ဘာဖျက်တိုက်ခိုက်မှု ကျဆင်းလာပြီး လူသားဘုံ တုန်ခါသွားသည်။

“နတ်ဆိုးချောက်ကမ်းပါးရဲ့ စွမ်းအား... နတ်ဆိုးအင်ပါယာလား”

လူသားဘိုးဘေးက အေးစက်စွာ ပြောလိုက်၏။ သူ နတ်ဆိုးချောက်ကမ်းပါးကို ထိန်းချုပ်ခဲ့လျှင်ပင် ယင်းမှာ ကိုယ့်သေလမ်းကိုယ်ရှာခြင်းပင် ဖြစ်သေးသည်။

လူသားဘိုးဘေး၏ အာရုံ လှုပ်ရှားသွား၏။ ထို့နောက်တွင် မရေမတွက်နိုင်သော အဖျက်အလင်းတန်းများ ကျဆင်းလာကာ နတ်ဆိုးချောက်ကမ်းပါး၏ ကပ်ဘေးများကို ပြန်တိုက်ခိုက်လိုက်သည်။ ရုတ်ခြည်းအတွင်း လူသားဘုံတစ်ခုလုံးသည် လောကငရဲဖြစ်သွားသည်။ ကုန်းမြေများပေါ်ရှိ မြို့များအားလုံးသည် ကပ်ဘေးအလင်းနှင့် ပြည့်နှက်နေသည်။

လူသားဘုံထဲတွင် ယူချင်း ထွက်ပေါ်လာ၏။ သူ့ကို အကန့်အသတ်မဲ့ ကပ်ဘေးအလင်းက လွှမ်းခြုံထားပြီး ဖန်ဆင်းခြင်းနတ်ပုဆိန်ကို ဖြစ်ပေါ်လာစေသည်။ နတ်ပုဆိန်ကိုလည်း ကပ်ဘေးအလင်းက ရစ်သိုင်းထား၏။ ထို့အပြင် သူ့ခန္ဓာကိုယ်သည် မီတာထောင်ကျော် မြင့်မားနေသည်။ သူသည် လောကထက်တွင် ပျံသန်းကာ သူ၏နတ်ပုဆိန်ဖြင့် လူသားဘိုးဘေးမှနေ၍ ဖြစ်လာသည့် လမ်းစဉ်ကို ခုတ်ချလိုက်သည်။

နတ်ပုဆိန်သည် ကောင်းကင်ကို ထက်ခြမ်းခွဲသွား၏။ ကောင်းကင်သည် ထက်ခြမ်းကွဲကာ နှစ်ပိုင်းဖြစ်သွားသည်။

သို့သော် တစ်ချိန်တည်းမှာပင် အဖျက်နတ်အလင်းတန်းတစ်တန်း ကျဆင်းလာပြီး ယူချင်းရှိနေသောနေရာသို့ ဆင်းသက်သွားသည်။ ယင်းအလင်းတန်းက ယူချင်း၏ စိတ်ဝိညာဉ်ကို အပြင်းအထန် တုန်ခါသွားစေ၏။ သူ၏စိတ်ဝိညာဉ်သည် ပျက်စီးတော့မလို ဖြစ်သွားသည်။

နတ်ဆိုးလောကနှင့် လူသားဘုံ၏ တိုက်ပွဲအဟုန်များသည် လွန်စွာ ကြောက်မက်ဖွယ်ကောင်းသဖြင့် မူလဘုံ၏ ကောင်းကင်လမ်းစဉ်ဖြစ်လာသော ရီဖူရှင်းသည်ပင် ယင်းတို့ကို ခံစားလိုက်ရလေသည်။

“ယူချင်း...”

ရီဖူရှင်းသည် တရားထိုင်နေဆဲဖြစ်သော်လည်း ယခုတွင် သူ တိုက်ခိုက်ရန်လိုပြီဖြစ်ကြောင်း သိရှိလိုက်သည်။ ယူချင်းအနေဖြင့် လူသားဘိုးဘေးကို အနိုင်ယူရန် မဖြစ်နိုင်ချေ။

ရီဖူရှင်း ခန့်မှန်းခဲ့သလိုပင် ယူချင်းသည် နတ်ဆိုးချောက်ကမ်းပါး၏ စွမ်းအားဖြင့် လူသားဘုံ၏ စစ်မြေပြင်သို့ ရောက်လာကာ တိုက်ခိုက်ခဲ့သည်။ သို့သော် သူသည် လူသားဘိုးဘေးကို မဖျက်ဆီးနိုင်သေးပေ။ ယူချင်းတစ်ယောက် ဖန်ဆင်းခြင်းနတ်ပုဆိန်နှင့် တိုက်ခိုက်လိုက်သောအခါ ကောင်းကင်ထဲတွင် မရေမတွက်နိုင်သော မျက်လုံးများ ထွက်ပေါ်လာသည်ဟု ထင်ရသည်။ မျက်လုံးတိုင်းသည် ယူချင်းကို စိုက်ကြည့်နေကြသည်။ ယူချင်းသည် အချိန်နှင့်နေရာသည် ပရမ်းပတာဖြစ်လာသည်ကို ခံစားလိုက်ရ၏။ သူသည် သူ၏ ဖန်ဆင်းခြင်းနတ်ပုဆိန်ဖြင့် ဆက်၍ ခုတ်ချလိုက်ပြီး နတ်ဆိုးချောက်ကမ်းပါးကို သယ်ဆောင်ကာ ကောင်းကင်ထက်သို့ ပျံတက်သွားသည်။

သို့သော် ကောင်းကင်ထဲ၌ ဧရာမနတ်ဘုရားတစ်ပါး ထွက်ပေါ်လာ၏။ သူ လက်သီးဖြင့်ထိုးချလိုက်ရာ လောကတစ်ခွင်လုံး၏ စွမ်းအားသည် ထိုလက်သီးချက်ပေါ်တွင် စုစည်းသွားသည်။ အခြားလှုပ်ရှားမှုများ မပါသော်လည်း ထိုလက်သီးချက်တစ်ချက်ဖြင့်ပင် ကောင်းကင်၏ တစ်စိတ်တစ်ပိုင်းကို ဖျက်ဆီးပစ်နိုင်ပေသည်။

ထိုလက်သီးချက်သည် လောကကို ဖြတ်ကာ ယူချင်း၏ခန္ဓာကိုယ်ကို လမ်းကြောင်းအတွင်းသို့ လွင့်ပျံသွားစေပြီး နတ်ဆိုးလောကသို့ ပြန်ရောက်သွားစေ၏။ ယူချင်း၏ခန္ဓာကိုယ်သည် ပေါက်ကွဲထွက်သွားတော့ပေမည်။ သို့သော် သူသည် မသေနိုင်သော မဟာနတ်ဆိုးခန္ဓာကိုယ်ကို ဖန်တီးထားပြီးဖြစ်သည်။ ထို့ကြောင့် သူ တစ်စစီဖြစ်မသွားခြင်းပင်။ သို့ပင်လျှင် သူ သွေးအန်သွားပေသေးသည်။ သူသည် အပြင်းအထန် ဒဏ်ရာရသွားပေသည်။

သို့သော် လောကအတွင်းမှ လူမည်မျှသည် လူသားဘိုးဘေး၏ တိုက်ခိုက်မှုတစ်ခုကိုခံကာ ဆက်အသက်ရှင်နိုင်ပါသနည်း။

အင်ပါယာခြောက်ပါးထဲမှ မိစ္ဆာအင်ပါယာသည်ပင် ထိုသို့ မလုပ်နိုင်ခဲ့ပေ။ နတ်ဆိုးအင်ပါယာသည်လည်း ထိုသို့ မလုပ်နိုင်ခဲ့သလို အရှင်ဒွန်ဟောင်သည်လည်း တိုက်ခိုက်ရန် လမ်းစဉ်အဖြစ် ပြောင်းလဲခဲ့သည်ပင် သေဆုံးသွားခဲ့သေးသည်။

“တကယ်လို့ နတ်ဆိုးလောက,က ရှင်းပစ်ခံချင်နေတယ်ဆိုရင် ငါ မင်းတို့ကို ကူညီပေးနိုင်ပါတယ်”

လူသားဘိုးဘေးက ပြောလိုက်၏။ ယူချင်း တိုက်ခိုက်နေချိန်တွင် အချိန်ခရီးသွား ထွက်သွားပြီဖြစ်သည်။ ထို့ကြောင့် လူသားဘိုးဘေးသည် အချုပ်အနှောင်မှ လွတ်သွားပေပြီ။ သူ သူ၏အင်အားကို စုစည်းနေချိန်တွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။ လူသားဘုံတစ်ခွင်လုံးသည် ပြိုပျက်ကာ အဆက်မပြတ် ပျက်စီးနေလေသည်။

စွမ်းအားကြီး၍ ပြိုင်ဘက်ကင်းသော လမ်းစဉ်တစ်ခု ကျူးကျော်လာပြီး လူသားဘုံတစ်ခွင်လုံးကို ဖျက်ဆီးပစ်ရန် ကြိုးစားနေသည်။

လူသားဘုံ၏ ကောင်းကင်သည် ပြင်းထန်စွာ ဖျက်ဆီးခံနေရသည်။ လူသားဘိုးဘေးသည် ရီဖူရှင်းက လမ်းစဉ်ဖြစ်သွားကာ ထပ်မံတိုက်ခိုက်ရန် ရောက်လာပြီဖြစ်ကြောင်း သိလေသည်။ ယခုတွင် ရီဖူရှင်းသည် ပို၍ပင် အန္တရာယ်ကြီးလာပြီဖြစ်သည်။ သူသည် ပိုသန်မာလာပြီး သူ့အမေထက် ပို၍သာလွန်သွားပြီဖြစ်သည်။

လမ်းစဉ်မှနေ၍ မရေမတွက်နိုင်သော အလင်းတန်းများ ထွက်ပေါ်လာပြီး လူသားဘုံကို ထွင်းဖောက်ကာ ဖြစ်တည်မှုအားလုံးနှင့် ဤအာကာအလွှာအတွင်းရှိ အရာအားလုံးကို ဖျက်ဆီးသွားသည်။

လူသားဘိုး‌ဘေး၏မျက်နှာ ထွက်ပေါ်လာ၏။ သူ၏အေးစက်စက်မျက်လုံးများသည် ထိုဘက်သို့ ငေးကြည့်နေ၏။ အတွေးတစ်ချက်ဖြင့် မရေမတွက်နိုင်သော အဖျက်အလင်းတန်းများသည် သတ်ဖြတ်ရန် ကျဆင်းလာကာ အခြားအလင်းတန်းများနှင့် ထိတိုက်သွားသည်။ လောကသည်လည်း ရုတ်ခြည်း ကွဲအက်လာသည်။ လူသားဘုံသည် ပြင်းထန်စွာ တုန်ခါနေပြီး ကြောက်မက်ဖွယ် အာကာပြင်အက်ကြောင်းများစွာ ထွက်ပေါ်လာ၏။

မရေမတွက်နိုင်သော ကျင့်ကြံခြင်းကုန်းမြေများပေါ်တွင် မြေငလျင်များနှင့် လေမုန်တိုင်းများ ဖြစ်ပေါ်လာပြီး ကမ္ဘာဖျက်ကပ်ဘေးများ ကျဆင်းလာလေသည်။

ကောင်းကင်ထဲတွင် မျက်နှာနှစ်ခု ထွက်ပေါ်လာ၏။ ထိုမျက်နှာများမှာ ရီဖူရှင်းနှင့် လူသားဘိုးဘေးတို့၏ မျက်နှာများဖြစ်သည်။

လူသားဘုံတစ်ခွင်လုံးသည် အပြင်းအထန် ပြိုပျက်နေသည်။ ယင်းမှာ ရီဖူရှင်း ယူဆောင်လာသော စွမ်းအားပင်။ အချိန်ကိုပင် ဖျက်ဆီးနိုင်သော ထိုစွမ်းအားသည် ကော်းကင်လမ်းစဉ်ကို ဖျက်ဆီးလိုနေသည်။

“မင်းက ငါ့ကို ဒီလိုမျိုး ဖျက်ဆီးပစ်နိုင်မယ်လို့ ထင်လား”

လူသားဘိုးဘေးက ရီဖူရှင်းကို စိုက်ကြည့်ကာ ပြောလိုက်၏။

“ငါက ရှေးခေတ်က လာခဲ့တာ... ပြီးတော့ ငါက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ကောင်းကင်လမ်းစဉ်အဖြစ် ပြောင်းလဲပြီးခဲ့ပြီ။ ငါက မသေနိုင်တဲ့ နတ်ဘုရားတစ်ပါးပဲ”

“လူသားဘုံလည်း ပျက်စီးရမယ်... ခင်ဗျားလည်း သေရလိမ့်မယ်”

ရီဖူရှင်းက ပြန်ပြောလိုက်၏။

“တကယ်လား... ငါ့ရဲ့ စွမ်းအားက လူသားဘုံတစ်ခုလုံးကနေ လာတာပဲ”

လူသားဘိုးဘေး၏အသံသည် အေးစက်နေ၏။ သူ ပြောပြီးနောက်တွင် အာကာပြင် ပြိုပျက်နေမှုသည် နှေးလာ၏။ လောကတစ်ခွင်လုံး နှေးသွားသကဲ့သို့ပင်။ ကြောက်မက်ဖွယ် လောကစွမ်းအားတစ်ခုသည် အရာအားလုံးကို တားဆီးနေလေသည်။

ဝုန်း...

ထိုစဉ်တွင် ယူချင်းသည် နတ်ဆိုးချောက်ကမ်းပါး၏ စွမ်းအားဖြင့် ထပ်ရောက်လာသည်။ သူသည် နတ်ဆိုးချောက်ကမ်းပါး၏စွမ်းအားကို သယ်ဆောင်၍ လူသားဘုံကို ခုတ်ချလိုက်သည်။ ရုတ်ခြည်းပင် နတ်ဆိုးချောက်ကမ်းပါး၏ ကပ်ဘေးများသည် လူသားဘုံကို ရိုက်ခတ်သွားပြီး နှေးကွေးနေသော လောကထဲတွင် အက်ကြောင်းများ ထွက်ပေါ်လာစေလေသည်။

လူသားဘိုးဘေး၏ မျက်လုံးများသည် ရေခဲတမျှ အေးစက်နေ၏။ သူသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ ထို့နောက် လူသားဘုံအတွင်းရှိ သက်ရှိအားလုံးနှင့် အရာအားလုံးသည် သူအသုံးပြုနိုင်သော စွမ်းအင်များအဖြစ် ပြောင်းလဲသွား၏။

“ဖျက်ဆီး...”

လူသားဘိုးဘေး အော်လိုက်သည်။ သူ အော်လိုက်သည်နှင့် တစ်ပြိုင်နက် အားကောင်းသော တုန်ခါမှုကြီးတစ်ခု ဖြစ်ပေါ်လာပြီး အချိန်ကို ဖျက်ဆီးနေသော စွမ်းအား အားလုံး ပျောက်ကွယ်သွားသည်။ သူသည် လူသားဘုံတစ်ခုလုံး၏ စွမ်းအင်များကို သုံး၍ အဖျက်တုန်ခါလှိုင်းများ ထုတ်လွှတ်လိုက်၏။ ရီဖူရှင်းသည် သူက စွမ်းအားကြီးတိုက်ခိုက်မှုတစ်ခုကို ရင်ဆိုင်နေရသည်ဟု ခံစားလိုက်ရ၏။ ကောင်းကင်လမ်းစဉ် ပြိုပျက်သွားသည့် ခေတ်ကတည်းက တည်ရှိခဲ့သော ထိုနတ်ဘုရားသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် စွမ်းအားကြီးပေသည်။

သို့သော် လက်ရှိတွင် ရီဖူရှင်းမှာလည်း မသေနိုင်ပေ။ သူသည် လမ်းစဉ်အဖြစ် ပြန်ရောက်လာပြီး လူသားဘိုးဘေးကဲ့သို့ပင် အဆုံးမဲ့ကာ အနိုင်ယူရမရနိုင်သူတစ်ဦး ဖြစ်နေပေပြီ။

ထိုအချိန်တွင် လူသားဘုံဆီသို့ အနက်ရောင်အလင်းတန်းတစ်ခု ရုတ်တရက် ပျံဝင်လာ၏။ ထိုအလင်းတန်းသည် အလွန် မည်းနက်ပေသည်။ ၎င်းသည် ငရဲမှ လာခဲ့သည်ဟုပင် ထင်ရ၏။

ထိုအနက်ရောင်အလင်းတန်းသည် လူသားဘုံအထက်တွင် ပျံဝဲနေသည်။ စစ်မြေပြင်တွင် လူသားဘိုးဘေးသည် ထိုအလင်းတန်းအတွင်း၌ ပါဝင်သော စွမ်းအင်ကို အာရုံခံမိလိုက်ပြီး ၎င်းကို ကြည့်သည်။ ယင်းမှာ အနက်ရောင်ကြာပွင့်တစ်ပွင့်ပင်။ အနက်ရောင်ကြာပွင့်မှနေ၍ ချီတန်းများ ထွက်လာပြီး နက်မှောင်သော လူရိပ်တစ်ခုအဖြစ် ပြောင်းလဲသွား၏။ ထိုလူရိပ်မှာ မိန်းမငယ်လေးတစ်ဦးပင်။

သူမထွက်ပေါ်လာသောအခါ သူမသည် စကားလုံးများ ရွတ်ဆိုလိုက်၏။ ပတ်ဝန်းကျင်သည် ရုတ်ခြည်း မည်းမှောင်သွားသည်။ အမှောင်ထုသည် ဆက်၍ ပြန့်ကားလာပြီး အာကာပြင်တစ်ခွင်လုံးကို လွှမ်းခြုံသွားကာ လောကတစ်ခွင်လုံးကို မည်းမှောင်သွားစေသည်။ လောကသည် ကျိန်စာမိသွားသကဲ့သို့ပင်။

“ချင်းယောင်...”

ရီချင်းယောင်သည်လည်း စစ်မြေပြင်သို့ ရောက်လာလိမ့်မည်ဟု ရီဖူရှင်း မမျှော်လင့်ထားပေ။ သူမသည် အမှောင်ထု၏ စွမ်းအားကို အမွေဆက်ခံပြီးသွားပြီလော။

ထို့အပြင် ရီချင်းယောင် သယ်‌ဆောင်လာသော မရဏစွမ်းအားသည် ရိုးရှင်းသော မရဏနတ်စွမ်းအား မဟုတ်တော့ပေ။ ၎င်းမှာ အကြွင်းမဲ့ အမှောင်ထုနှင့် ပျက်သုဉ်းခြင်း ဖြစ်နေပေပြီ။

သူမသည် မွေးကတည်းက အမှောင်ထု၊ ပျက်သုဉ်းခြင်းတို့နှင့် သက်ဆိုင်ခဲ့ပြီး အသက်၊ ဖန်ဆင်းခြင်းတို့နှင့် ဆန့်ကျင်ဘက်တွင် ရှိခဲ့သည်။

လူသားဘိုးဘေးသည် ရီချင်းယောင်ထံ အဖျက်အလင်းတန်းတစ်ခု စေလွှတ်လိုက်သည်။ သို့သော် ၎င်းအဖျက်အလင်းတန်းသည် သူမအနား ချဉ်းကပ်သွားသောအခါ လွင့်ပါး ပျောက်ကွယ်သွားသည်။

ရီချင်းယောင်၏ ခန္ဓာကိုယ်ကို ဗဟိုပြု၍ လောကအတွင်းရှိ အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။ မည်သည့် အသက်ဓာတ်မှမရှိတော့ဘဲ အရာအားလုံးသည် ဖျက်ဆီးခံရတော့ပေမည်။

သူမ အရှေ့သို့ လျှောက်လာ၏။ သူမ၏လမ်းကြောင်းရှိ အရာအားလုံးသည် အကြွင်းမဲ့ငြိမ်သက်သွားကြသည်။

သူမသည် တစ်လောကလုံးသို့ သေခြင်းတရား ဆောင်ကျဉ်းလာတော့မည်ဖြစ်သည်။

မရဏစွမ်းအားအောက်တွင် သူသည် လောက၏ စွမ်းအင်များကို ငှားယူ၍ မရတော့ကြောင်း လူသားဘိုးဘေး သိလိုက်၏။ အရာအားလုံး ငြိမ်သက်သွားပြီဖြစ်သည်။ သူ ငှားယူနိုင်သော စွမ်းအင် မရှိတော့ပေ။

ဝုန်း...

မရေမတွက်နိုင်သော ကမ္ဘာဖျက်အလင်းတန်းများသည် ရီချင်းယောင်ထံသို့ သတ်ဖြတ်ရန် ကျဆင်းသွားကြသည်။ သို့သော် ယင်းတို့ကဲ့သို့ပင် ကြောက်မက်ဖွယ်ကောင်းသော လမ်းစဉ်တစ်ခု ထွက်ပေါ်လာ၏။ ထိုလမ်းစဉ်က သူ၏စွမ်းအားကို လွှမ်းခြုံသွား၏။ ရီဖူရှင်း လှုပ်ရှားလိုက်ခြင်းပင်။ သူသည် လူသားဘိုးဘေး၏ တိုက်ခိုက်မှုကို ကွဲအက်ပျက်စီးသွားစေ၏။

မကြာခင်တွင် ရီချင်းယောင်သည် လောကနေရာအနှံ့သို့ ရောက်သွားကာ ကျယ်ပြောသောလောကထဲတွင် မရဏစွမ်းအားကို ပျံ့နှံ့စေခဲ့လေသည်။ အသက်ဝင်လှုပ်ရှားနေခဲ့သော နေရာတိုင်းသည် ယခုတွင် မရဏစွမ်းအားအောက်တွင် ရောက်နေကာ ငြိမ်သက်သွားပြီဖြစ်သည်။

နတ်ဆိုးချောက်ကမ်းပါး၏ ကပ်ဘေးများသည် ကောင်းကင်လမ်းစဉ်အတွင်းသို့ ထိုးဖောက်ကာ ကောင်းကင်တစ်ခွင်လုံးကို သွေးနီးရောင်သမ်းနေစေလေသည်။ ရီဖူရှင်း၏အာရုံ လှုပ်ရှားသွား၏။ ကောင်းကင်သည် ဆက်၍ ကွဲအက်ပြိုပျက်နေသည်။

ယခုမြင်ကွင်းသည် ရှေးခေတ်မှ ကောင်းကင်လမ်းစဉ်စစ်ပွဲတွင် ကောင်းကင်လမ်းစဉ် ပြိုပျက်ခဲ့စဉ်က မြင်ကွင်းကဲ့သို့ပင်။

“မင်းက ဘယ်လိုလုပ် မရဏကို ကျော်လွှားနိုင်ခဲ့တာလဲ”

လူသားဘိုးဘေး၏ အသံသည် ဟင်းလင်းပြင်ထဲတွင် ပြည့်သွား၏။ သူသည် ရီချင်းယောင်ကို ပြောလိုက်ခြင်းပင်။

“ကျွန်မက အမှောင်ထုကို စတေးပြီး အမှောင်ထုကို ကျော်လွှားခဲ့တာပဲ။ လူသားဘိုးဘေး... ရှင်က ကျွန်မကို အဲဒီလိုလုပ်နိုင်စေခဲ့တာပဲ”

အသံတစ်သံ ပြောလိုက်၏။ ထိုသို့‌ပြောလိုက်သူမှာ ရီချင်းယောင်မဟုတ်ပေ။ မှော်နက်အရှင်ဖြစ်သည်။ သူမသည် သူမကိုယ်သူမ စတေးခဲ့သည်။

“မျိုးမစစ်မ...”

လူသားဘိုးဘေး ‌အော်ပြောလိုက်၏။ သူသည်လည်း အန္တရာယ်ကို အာရုံခံမိခဲ့ကြောင်း ထင်ရှား၏။

“ရှင်က အရာအားလုံးကို ကောင်း‌ကောင်း ပြင်ဆင်ထားခဲ့တာပဲ။ ဒါပေမဲ့ ဒီနေ့မှာ အဲဒီပြင်ဆင်မှုတွေက အချည်းနှီးဖြစ်တော့မှာပဲ။ ဒီနေ့ ရှင် ဖျက်ဆီးခံရလိမ့်မယ်”

မှော်နက်အရှင်၏အသံ ထပ်မံ ထွက်ပေါ်လာ၏။ ရီဖူရှင်းသည် လမ်းစဉ်နှင့်အတူ ပြင်းထန်စွာ ဆင်းသက်လာပြီး လူသားဘိုးဘေးဖန်တီးထားသည့် လမ်းစဉ်ကို ဆက်၍ပျက်စီးစေနေလေသည်။

ကောင်းကင်ထက်ရှိ လူသားဘိုးဘေး၏မျက်နှာသည် ရှုံ့တွသွားသည်။ နောက်ဆုံးတွင် သူသည် အမှန်တကယ် မသေနိုင်သူ၊ အနိုင်ယူ၍မရနိုင်သူမဟုတ်ကြောင်း သိရှိသွားပေသည်။ သူသည်လည်း သေနိုင်ပေသည်။ အကယ်၍ ကောင်းကင်လမ်းစဉ်သာ ပျက်စီးသွားလျှင် အရာအားလုံး ငြိမ်သက်သွားမည်ဖြစ်ပြီး သူသည်လည်း ဆက်တည်ရှိနိုင်တော့မည် မဟုတ်ပေ။

ရှေးဟောင်းကောင်းကင်လမ်းစဉ်သည် နတ်ဘုရားစစ်ပွဲတွင် ပြိုပျက်ခဲ့သည်။ သူသည်လည်း ထိုသို့ ပြိုပျက်သွားနိုင်ပေသည်။

“ရီဖူရှင်း... ငါက လူသားဘုံကို အုပ်စိုးမယ်.. မင်းက မူလဘုံကို အုပ်စိုးပေါ့။ ငါတို့ တစ်ယောက်နဲ့တစ်ယောက် ဝင်မစွက်ဖက်ဘဲနေလို့ ရပါတယ်”

လူသားဘိုးဘေး၏အသံ ထွက်ပေါ်လာ၏။ သူသည် အလျှော့ပေးကာ ခြေတစ်လှမ်းဆုတ်လိုနေသည့်ပုံပင်။

ရီဖူရှင်းက သူ့ကို လျစ်လျူရှုလိုက်သည်။ သူသည် အရာအားလုံးကို ဖျက်ဆီးနေဆဲပင်။

“ငါက လောကရဲ့ မူလအကျဆုံးစွမ်းအားကို ထိန်းချုပ်ပြီး စွမ်းအားရဲ့ သဘာဝနဲ့ အတော်လေး ရင်းနှီးတယ်။ တကယ်လို့ မင်းသာ ဒီလို ဆက်လုပ်နေမယ်ဆိုရင် မင်းလည်း ငါနဲ့အတူ သေသွားမှာပဲ”

လူသားဘိုးဘေးက ဆက်ပြောလိုက်၏။ သို့သော် ရီဖူရှင်းတို့အုပ်စုသည် အရေးမစိုက်သေးပေ။

သူတို့သုံးယောက်သည် မရပ်တန့်လိုက်ပေ။ သူတို့သည် ဆက်၍ အရာအားလုံးကို အပြင်းအထန် ဖျက်ဆီးနေသည်။ လူသားဘိုးဘေးသည် သူ၏စွမ်းအားက အဆက်မပြတ်အားနည်းလာကြောင်း ခံစားလိုက်ရ၏။ သူ၏မျက်နှာသည် ပို၍ ရှုံ့မဲ့လာသည်။ သူ ရှုန်းကန်နေရပုံပေါ်လေသည်။

“ရီဖူရှင်း... ဒီနေ့ ဒီနေရာမှာ ငါတို့အကုန်လုံးသေသွားရင် ဖြစ်လာမယ့် နောက်ဆက်တွဲတွေရဲ့အကြောင်းကိုရော မင်းတွေးမိရဲ့လား”

လူသားဘိုးဘေးက သူတို့ကို ဆက်ခြိမ်းခြောက်နေ၏။

“ခင်ဗျား ပျောက်ကွယ်သွားရမယ်”

ပြတ်သားသော အသံတစ်သံက ပြန်ပြောလိုက်၏။ ရုတ်တရက် လူသားဘိုးဘေးသည် ခွက်ထိုးခွက်လန် ရယ်မောလိုက်လေသည်။

“ငါက နှစ်ပေါင်းများစွာ ကြံစည်လာခဲ့တာ... ဒီကိစ္စကို ကစားပွဲတစ်ခုလို့ပဲ တွေးထားခဲ့တာ။ ငါ ဒီနေ့ ရှုံးနိမ့်သွားလိမ့်မယ်လို့ တစ်ခါမှ မမျှော်လင့်ထားခဲ့ဘူး။ ဒါပေမဲ့ ဒီလိုဆိုမှတော့ အကုန်လုံးကို ဖျက်ဆီးပစ်ကြတာပေါ့”

“ဗလာအဖြစ်သို့...”

လူသားဘိုးဘေး ပြောလိုက်သည့်အခိုက်တွင် ရီဖူရှင်းသည် အလွန်အားကောင်းသော အန္တရာယ်အငွေ့အသက်ကို ရုတ်တရက် ခံစားလိုက်ရ၏။ ထိုအခိုက်တွင် လူသားဘုံတွင် ကျန်ရှိနေသေးသော စွမ်းအင်အားလုံးသည် တစ်ပြိုင်တည်း ပေါက်ကွဲသွားကြသည်။ ထိုစွမ်းအင်များ ပေါက်ကွဲသွားလျှင် အရာအားလုံး ဗလာဖြစ်သွားမည်ဖြစ်ကြောင်း သူခံစားနေရသည်။

ယင်းမှာ သူအဖေ၏ စွမ်းအားအကြီးဆုံးနတ်စွမ်းအား၏ နောက်ဆုံးအဆင့်ကဲ့သို့ပင်။

လူသားဘိုးဘေး၏မျက်နှာသည် မျက်လုံးများ မှိတ်လိုက်၏။ သူ့ပတ်ပတ်လည်ရှိ အရာအားလုံးသည်လည်း ဗလာအဖြစ်သို့ ‌ပြောင်းလဲသွား၏။ ထိုအခိုက်တွင် သူသည် သူ့အမေနှင့်အဖေ အသက်ရှိနေသေးပြီး သူ့ကို ပျိုးထောင်နေကာ သူ၏ဆရာသည် သူ့ကို ကျင့်ကြံခြင်းသင်ပေးနေသည့် လွန်ခဲ့သော မရေမတွက်နိုင်သည့်နှစ်ပေါင်းများစွာဆီသို့ ပြန်ရောက်သွားသကဲ့သို့ ထင်လိုက်ရလေသည်။

ထိုအရာအားလုံးသည် နတ်ဘုရားများ၏ စစ်ပွဲအတွင်း၌ ပျက်စီးသွားခဲ့သည်။ သူသည် အရာအားလုံးကို ဆုံးရှုံးခဲ့ရသည်။ ယခုတွင် အရာအားလုံးသည် အဆုံးသတ်နေပေပြီ။

ရီဖူရှင်းသာ ထပ်မတိုက်ခိုက်လျှင် လောကအတွင်းရှိ အရာအားလုံးသည် ဗလာအဖြစ်သို့ ရောက်သွားပေတော့မည်။ လူသားဘိုးဘေးသည် ကောင်းကင်လမ်းစဉ်ကို ထိန်းချုပ်ခဲ့သည်။ သူသည် ဖန်တီးခြင်းကို လေ့လာခဲ့သလို ဖျက်ဆီးခြင်းကိုလည်း လေ့လာခဲ့သည်။ သူသာ ‘ဗလာအဖြစ်သို့’ကို ထုတ်လိုက်လျှင် သူအပါအဝင် အရာအားလုံးသည် ဗလာဖြစ်သွားမည်ဖြစ်သည်။

ရီဖူရှင်းသည် သူ၏လမ်းစဉ်မှာလည်း လျင်မြန်စွာ ကွဲအက်ကာ ဗလာဖြစ်ကြောင်း ခံစားလိုက်ရ၏။ သူ ကြောက်ရွံ့နေ၏။

‘ယူချင်းနဲ့ ချင်းယောင်...’

အချိန်စွမ်းအားသည် လောကတစ်ခွင်လုံးကို လွှမ်းခြုံသွား၏။ သို့သော် အချည်းနှီးသာ။ အရာအားလုံး ဗလာဖြစ်သွားလျှင် အချိန်လည်း ရှိတော့မည်မဟုတ်ပေ။

ရီဖူရှင်းသည် သူ၏လမ်းစဉ်မှ စွမ်းအား,အားလုံးကို အသုံးပြုကာ ယူချင်းနှင့် ရီချင်းယောင်တို့ကို လွှမ်းခြုံလိုက်သည်။ အတွေးတစ်ချက်စာအတွင်းမှာပင် သူသည် သူ၏နောက်ဆုံးကြိုးပမ်းမှုကို လုပ်လိုက်သည်။ ထို့နောက်တွင် သူ၏အသိစိတ်သည်လည်း ဗလာဖြစ်သွားလေတော့သည်။

လူသားဘုံတစ်ခုလုံး ပျောက်ကွယ်သွား၏။ လူသားဘိုးဘေး၏ အဆုံးစွန်အဖျက်စွမ်းအား၏အောက်တွင် အရာအားလုံးသည် ဗလာဖြစ်သွားပေပြီ။ လူသားဘုံထဲတွင် မည်သည့်အရာမှ မတည်ရှိတော့ပေ။ ဤစကြဝဠာနှင့်လောကသည် မည်သည့်အခါကမှ မတည်ရှိခဲ့ဖူးသလိုပင်။

အတော်အတန် ကြာပြီးနောက်တွင် လူတစ်စုသည် ဤပျက်စီးသွားသောလောက၏ လေထုကို ဖြတ်ကာ ဟင်းလင်းပြင်ထဲ၌ ရုတ်တရက် ထွက်ပေါ်လာလေသည်။ သူတို့၏ ခန္ဓာကိုယ်များမှ ချီတန်းများ ထွက်လာ၏။ ၎င်းချီတန်းများ ပေါင်းစည်းသွားကာ လူသားဘိုးဘေး၏ခန္ဓာကိုယ် ဖြစ်တည်လာလေသည်။

“ငါ ပြန်လာခဲ့မယ်”

ဖြစ်ပေါ်လာသော ခန္ဓာကိုယ်က အေးစက်စွာ ပြောလိုက်၏။ ရီဖူရှင်းနှင့် အခြားသူများသည် ပျက်စီးသွားလောက်ပြီ မဟုတ်‌လော။

မူလဘုံ၏ ကောင်းကင်လမ်းစဉ်တွင်လည်း အသိမရှိတော့သော အာရုံတစ်ခုသာ ကျန်ခဲ့နိုင်ပေသည်။ အနာဂတ်တွင် သူ့ကို မည်သူတားနိုင်မည်နည်း။

“ခင်ဗျား ထပ်ပြီး ပြန်လာနိုင်မှာ မဟုတ်ဘူး”

ထိုအချိန်တွင် နောက်ထပ်အသံတစ်သံ ထွက်ပေါ်လာ၏။ လူသားဘိုးဘေးသည် အံ့အားသင့်သွားပြီး မျက်နှာပျက်သွားသည်။ ထို့နောက်တွင် သူသည် သူ့ရှေ့တွင် ထွက်ပေါ်လာသော ခံ့ညားထူးကဲသော လူငယ်တစ်ယောက်ကို တွေ့လိုက်ရလေသည်။

“မင်းလား...”

လူသားဘိုးဘေးသည် ထိုလူငယ်ကို ငေးကြည့်ကာ အေးစက်စက် ပြောလိုက်၏။ သူ ကြည့်နေစဉ်တွင် လူငယ်သည် လက်တစ်ဘက် ဆန့်တန်းလိုက်၏။ ရုတ်ခြည်းပင် ကြောက်မက်ဖွယ် လေဆင်နှာ‌မောင်းကြီးတစ်ခု ထွက်ပေါ်လာ၏။ လူသားဘိုးဘေးနှင့် ထိုသူများအားလုံးသည် လေဆင်နှာ‌မောင်းထဲသို့ ဝါးမျိုခံလိုက်ရလေသည်။

လူငယ်သည် လူသားဘိုးဘေး ပျောက်ကွယ်သွားသည်ကိုကြည့်နေရင်း ခေါင်းမော့၍ အဆုံးမဲ့ဟင်းလင်းပြင်ကို တစ်ချက်ကြည့်သည်။

“ခင်ဗျားကို လက်စားချေဖို့က ကျုပ် အချိန်အကြာကြီး စွဲလမ်းခဲ့တဲ့ အစွဲတစ်ခု ဖြစ်ခဲ့တယ်”

သူ သူ့ဘာသာ ရေရွတ်လိုက်သည်။

“ဒီနေ့ ကျုပ် ခင်ဗျားကို လက်စားချေနိုင်ခဲ့ပြီ”

All Chapters