← Chapters

လေလုံးထွားသောဆရာ

Vol. 207 Ch. 2953

လေလုံးထွားသောဆရာ

Vol. 207 Ch. 2953

တစ်နှစ်ကြာပြီးနောက် မူလဘုံသည် ပြီးပြည့်စုံသော လောကတစ်ခု ဖြစ်လာလေသည်။

ကောင်းကင်လမ်းစဉ်တွင်လည်း လိုအပ်ချက်များ မရှိတော့ပေ။ သက်ရှိအားလုံး ရှင်သန်နိုင်နေပေပြီ။ ကောင်းကင်ဒေသ၊ ကောင်းကင်ဘုံ၊ ဗုဒ္ဓလောကနှင့် မှော်နက်လောကတို့ပင် မူလဘုံနှင့် ပူးပေါင်းခဲ့ကြသည်။ ယင်းတို့သည် မူလဘုံတွင် ကျယ်ပြောသောနယ်မြေများကို ယူခဲ့ကြပြီး ထိပ်တန်းအင်အားစုများ ဖြစ်လာခဲ့သည်။ ယင်းတို့သည် မူလဘုံတွင် တိုးတက်လာပြီး ရီဖူရှင်း လမ်းစဉ်ဖြစ်လာသောအခါ သူသည် ယင်းတို့အားလုံးကို လွှမ်းခြုံခဲ့သည်။ ယခုတွင် ဘုံအားလုံးသည် ကြီးကျယ်ခမ်းနားသော လောကတစ်ခုကို အတူတကွ တည်ထောင်ရန် သဘောတူညီချက် ယူပြီးကြပြီဖြစ်သည်။

ယနေ့ခေတ်တွင် လောကကြီး၌ ထိပ်တန်းအင်အားစုများစွာ ရှိနေသည်။

ကောင်းကင်ဘုံကို တေးသံသာအင်ပါယာနှင့် စာအုပ်နတ်တို့က အတူတကွ အုပ်စိုးကြသည်။ သူမတို့လက်အောက်တွင် နတ်ဘုရားများစွာ ရှိပေသည်။

ဒွန်ဟောင်အင်ပါယာနန်းတော်ကို ဒွန်ဟောင်တိယွမ်က အုပ်စိုးပြီး သူမလက်အောက်တွင် မဟာအင်ပါယာများစွာ ရှိ၏။

လိပ်ပြာတောင်ကုန်းကိုမူ အကြွင်းမဲ့ဗုဒ္ဓကပဲ စီမံခန့်ခွဲဆဲဖြစ်ပြီး သူ့လက်အောက်တွင် ဗုဒ္ဓများစွာ ရှိသည်။

စီဝေ့အင်ပါယာနန်းတော်ကို စီဝေ့ကြယ်ကောင်းကင်၏ မူလအင်အားစုများက အုပ်စိုး၏။

လေးမျက်နှာကျေးရွာသည် ကောင်းကင်ဒေသနှင့် သက်ဆိုင်သောအင်အားစုတစ်စု ဖြစ်ခဲ့သော်လည်း ယခုတွင် တသီးတခြား ဖြစ်သွားပြီဖြစ်သည်။ သူတို့သည် ကောင်းကင်ဒေသမှ အမှီအခိုကင်းသွားပြီဖြစ်ပြီး ရီဖူရှင်း၏ တပည့်လေးယောက်က အုပ်စိုးပေသည်။

မှော်နက်နန်းတော်တွင်မူ ရီချင်းယောင်သည် မှော်နက်အရှင်အသစ်ဟူသော ရာထူးကို အမွေဆက်ခံခဲ့သည်။

ထို့အပြင် အခြား ထိပ်တန်းအင်ပါယာစုအသစ် တစ်စုလည်း ရှိလာသည်။ ယင်းမှာ ကောင်းကင်အာဏာစက်နန်းတော်ပင်။ ၎င်းကို ဂူတုံးလျှိုက အုပ်ချုပ်ပြီး သူ့လက်အောက်တွင် မဟာအင်ပါယာအဆင့်ရှိသည့် စွမ်းအားကြီးပုဂ္ဂိုလ်များစွာ ရှိပေသည်။ ကောင်းကင်အာဏာစက်နန်းတော်သည် မူလကောင်းကင်အာဏာစက်ဘုံတည်ရှိခဲ့သော နေရာတွင် တည်ရှိ၏။ သူတို့သည် ရီဖူရှင်း၏မွေးရပ်မြေ၊ ရီဖူရှင်း ကြီးပြင်ခဲ့သော နေရာများဖြစ်သည့် မဟာလမ်းစဉ်၏ ဘုံဟောင်း(၃၀၀၀)ကို အုပ်စိုးသည်။

ယင်းတို့သည် ကောင်းကင်လမ်းစဉ်ဟောင်း၏ တပ်ဖွဲ့ရှစ်ဖွဲ့ကဲ့သို့ပင်။ ယင်းတို့ကို လက်ရှိကောင်းကင်လမ်းစဉ်၏ မဟာအင်အားစုခုနစ်စုဟု ခေါ်ကြသည်။

ယခင်က ရီဖူရှင်းနှင့်အတူ စစ်ပွဲတွင် ပါဝင်ခဲ့ပြီး မသေခဲ့သည့် တပ်ဖွဲ့ အဖွဲ့ဝင်များသည် မဟာအင်အားစုအသီးသီး၏ အရေးပါသော အဖွဲ့ဝင်များ ဖြစ်ကြသည်။ သူတို့အားလုံးသည် အနာဂတ်မဟာအင်ပါယာများအဖြစ် လေ့ကျင့်ပေးခြင်းခံကြရသည်။

သို့သော် စိတ်မကောင်းစရာတစ်ခုမှာ ကောင်းကင်လမ်းစဉ်သည် ငြိမ်သက်သွားခြင်းဖြစ်သည်။ ၎င်းသည် ရီဖူရှင်းနှင့် လူသားဘိုးဘေးတို့၏ တိုက်ပွဲပြီးနောက်တွင် ထပ်မံ ထွက်ပေါ်မလာတော့ပေ။

ယနေ့ခေတ်တွင် လွန်ခဲ့သော တစ်နှစ်မှ တိုက်ပွဲသတင်းသည် တစ်လောကလုံးသို့ ပျံ့နှံ့သွားပြီဖြစ်သည်။ ရီဖူရှင်းသည် လမ်းစဉ်ဖြစ်သွားခဲ့သဖြင့် ယခု သူတို့တွင် လောကအသစ်တစ်ခု ရှိလာခြင်းပင်။ နောက်ဆုံးအခိုက်အတန့်တွင် လူသားဘိုးဘေးသည် အရာအားလုံးကို ဗလာအဖြစ်သို့ ပြောင်းလဲခဲ့သည်။ ထိုထဲတွင် ရီဖူရှင်း၏ အသိစိတ်လည်း ပါဝင်ပေသည်။ အရေးအကြီးဆုံး အခိုက်တွင် ရီဖူရှင်းသည် ယူချင်းနှင့် ရီချင်းယောင်တို့ကို အာကာအလွှာအပြင်ဘက်သို့ ပို့လိုက်သည်။ တစ်ချိန်တည်းမှာပင် သူနှင့် လူသားဘုံတို့သည် အတူတကွ ဖျက်ဆီးခံလိုက်ရပြီး ဗလာအဖြစ် ပြောင်းလဲသွား၏။

သို့သော် ရီဖူရှင်းသည် လမ်းစဉ်ဖြစ်သွားပြီးဖြစ်သည်။ သူသည် ကောင်းကင်လမ်းစဉ်နှင့် တစ်သားတည်းဖြစ်သည်။ ကောင်းကင်လမ်းစဉ် ဖျက်ဆီးမခံရသေးသ၍ ရီဖူရှင်းမှာလည်း သေမည် မဟုတ်ပေ။

*****

အချို့လူများသည် ရီဖူရှင်း၏ အသိစိတ်သာ ရှင်းပစ်ခံလိုက်ရခြင်းဖြစ်ပြီး သူသည် ကောင်းကင်လမ်းစဉ်အတွင်း၌ ရှိနေသေးကြောင်း ခန့်မှန်းကြသည်။

အခြားသူများက ရီဖူရှင်းသည် အိပ်မောကျနေခြင်းသာဖြစ်ပြီး အနာဂတ် တစ်ရက်ရက်တွင် ပြန်နိုးလာလိမ့်မည်ဟု ခန့်မှန်းကြသည်။

မည်သို့ပင်ဖြစ်စေ လောကအတွင်းမှ လူအားလုံးသည် ရီဖူရှင်းအပေါ် ကျေးဇူးတင်ကြပေသည်။ လွန်ခဲ့သော တစ်နှစ်မှ တိုက်ပွဲသည် ကမ္ဘာဖျက်တိုက်ပွဲတစ်ခုကဲ့သို့ပင်။ လောကအတွင်းမှ သက်ရှိများသည် ပြာဖြစ်သွားခဲ့ပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများ သေဆုံးသွားခဲ့သည်။ အကယ်၍ ရီဖူရှင်းသာ ယင်းကို မတားခဲ့လျှင် လူသားဘိုးဘေးသည် အမှန်ပင် တစ်လောကလုံးကို ဖျက်ဆီးပစ်နိုင်ပေသည်။

ရီဖူရှင်းသည် ထိုအတွက် စတေးခဲ့ပြီး လမ်းစဉ်ဖြစ်လာကာ လက်ရှိလောကကို ကာကွယ်ပေးခဲ့သည်။

ရီဖူရှင်းသည် ဤလောကအသစ်ကို ဖန်တီးခဲ့သည်ဟုပင် ဆိုနိုင်ပေသည်။

ထို့ကြောင့် ကောင်းကင်နန်းတော်၊ ဒွန်ဟောင်အင်ပါယာနန်းတော်နှင့် အခြားအင်ပါယာစုများသည် လက်ရှိလောကကို”ဖူရှင်းခေတ်”ဟု ခေါ်ကြလေသည်။ ပြီးခဲ့သောနှစ်သည် ဖူရှင်းပြက္ခဒိန်၏ ပထမဆုံးနှစ်ဖြစ်သည်။

လောကကြီး၏ ထိပ်တန်းအင်အားစုခုနစ်စုသည် ရီဖူရှင်းကို ယုံကြည်ကြသည်။ လောကအတွင်းမှ လူများသည်လည်း ရီဖူရှင်းအ‌ပေါ် ကျေးဇူးတင်ကြသည်။ ထို့ကြောင့် မည်သူမှ ထိုသို့သတ်မှတ်သည်ကို မကန့်ကွက်ခဲ့ကြချေ။ သူတို့အားလုံး လက်ခံခဲ့ကြလေသည်။

လက်ရှိခေတ်သည် ခေတ်သစ်တစ်ခေတ်ဖြစ်သည်။ ကောင်းကင်လမ်းစဉ် ပြိုပျက်ခဲ့ပြီးနောက်ခေတ်ကို နတ်ဘုရားများကင်းမဲ့သော ခေတ်ဟု ခေါ်ခဲ့သည်။ ယခုခေတ်တွင် ရီဖူရှင်းက ကောင်းကင်လမ်းစဉ်အဖြစ် ရှိနေပြီဖြစ်၍ ခေတ်သစ်တစ်ခုဖြစ်ပြီး နတ်ဘုရားခေတ် ပြန်လည်ထွက်ပေါ်လာပြီဖြစ်သည်။

တစ်နှစ်အတွင်းမှာပင် ဘုံအသီးသီးသည် တဖြည်းဖြည်းဖြင့် ပြန်လည် သက်ဝင်လှုပ်ရှားလာသည်။

ဒွန်ဟောင်တိယွမ်၏ အုပ်စိုးမှုအောက်တွင် ကောင်းကင်ဒေသသည် ပြန်၍ စည်းစနစ်ကျလာခဲ့သည်။ ကောင်းကင်ဒေသ၏ ကုန်းမြေ(၁၈)ခုစလုံးတွင် အုပ်ချုပ်သူအသစ်များ ရှိလာပြီဖြစ်သည်။ သူတို့တော်တော်များများသည် မဟာအင်ပါယာအဆင့်ရှိသော စွမ်းအားကြီးပုဂ္ဂိုလ်များပင်။ ရီဖူရှင်းနှင့် ပဋိပက္ခဖြစ်ခဲ့သူများအားလုံးသည် ရာထူးမှ ဆင်းပေးခဲ့ကြရသည်။ စစ်ပွဲတွင် မသေခဲ့သော ရှေးဟောင်းနတ်ဘုရားကလန်များမှ မဟာအင်ပါယာများအားလုံးသည် ဒွန်ဟောင်တိယွမ်၏ ရာထူးချခြင်းကို ခံခဲ့ရသည်။

ဒွန်ဟောင်အင်ပါယာနန်းတော်၏ လှေကားထစ်များထိပ်၌ မိုးထိအောင် မြင့်မားသော ဧရာမရုပ်တုကြီးနှစ်ရုပ် ရှိလာသည်။ တစ်ရုပ်မှာ အရှင်ဒွန်ဟောင်၏ ရုပ်တုဖြစ်ပြီး ကျန်တစ်ရုပ်မှာ အင်ပါယာရီချင်၏ ရုပ်တုဖြစ်သည်။ အမွှာအင်ပါယာများသည် ယခုတွင် ဒွန်ဟောင်အင်ပါယာနန်းတော်ကို ရုပ်တုများအဖြစ် ကာကွယ်နေကြသည်။

ယနေ့တွင် နတ်ဘုရားအနည်းငယ်သည် ဒွန်ဟောင်တိယွမ်ထံ လာလည်ကြသည်။ သို့သော် သူတို့သည် တံခါးပိတ်ထားသည်နှင့်သာ ကြုံခဲ့ရပြီး သူမနှင့် တွေ့ခွင့်မရခဲ့ပေ။

ဒွန်ဟောင်တိယွမ်သည် ကောင်းကင်ဒေသကို ပြုပြင်မွမ်းမံနေသည်။ သူမသည် ကောင်းကင်ဒေ၏ သိုင်းပညာများကို ပြန့်ပွားတိုးတက်အောင် အမိန့်ပေးခဲ့သည်။ သူမသည် ထိုကိစ္စအားလုံးကို လုပ်ပြီးနောက်တွင် လူအများရှေ့တွင် ထွက်ပေါ်လာခဲလေသည်။

ထိုအခိုက်တွင် ဒွန်ဟောင်တိယွမ်သည် အင်ပါယာနန်းတော်၏ မဟာအင်ပါယာခြံဝန်းထဲတွင် ဖြစ်သည်။ သူမသည် တိတ်တဆိတ်ထိုင်ကာ နားထောင်နေ၏။ သူမဘေး မြေပြင်ပေါ်တွင် အကြီးအကဲတစ်ဦး ထိုင်နေသည်။ သူသည် သူမကို လွန်ခဲ့သော နှစ်ပေါင်းများစွာက ဇာတ်လမ်းများကို ပြောပြနေသည်။

“အရင်တုန်းက အဲဒီကောင်လေးက ဉာဏ်လည်းကောင်းသလို ကျီလည်းကျီစယ်တတ်တယ်။ တပည့်အကြီးတွေအကုန်လုံးက သူတို့ရဲ့ ညီလေးကို စောင့်ရှောက်ခဲ့ကြတယ်။ အခု ပြန်တွေးကြည့်ရင် အဲဒီအချိန်တွေက အကောင်းဆုံးအချိန်တွေဖြစ်မယ်”

အကြီးအကဲက ပြုံး၍ ပြောလိုက်၏။ သူသည် ဆရာတုဖြစ်သည်။ ဒွန်ဟောင်တိယွမ်သည် လွန်ခဲ့သောနှစ်က သူ့ကို ကောင်းကင်ဒေသသို့ ပြန်ခေါ်လာခဲ့ခြင်းပင်။

“ပြီးတော့ ဘာတွေ ဆက်ဖြစ်ခဲ့သေးလဲ”

ဒွန်ဟောင်တိယွမ် မေးလိုက်၏။

“အရှင်အင်ပါယာက ထပ်ကြားချင်သေးတာပါလား”

ဆရာတုက မေးလိုက်သည်။ မေးခွန်းမေးလိုက်သော အရှင်အင်ပါယာသည် မြေပြင်တွင် ထိုင်နေသည်။ သူမ၏မျက်လုံးများသည် တလက်လက် တောက်ပနေလေသည်။ သူမသည် ထိုအတိတ်မှဇာတ်လမ်းများကို စိတ်ဝင်စားပုံပေါ်ပြီး အရာအားလုံးကို သိလိုနေသည်။ သူမသည် လက်ရှိကောင်းကင်ဒေသ၏ အုပ်စိုးသူဟု မထင်ရပေ။

“အင်း...”

ဒွန်ဟောင်တိယွမ်သည် လေးလေးနက်နက် ခေါင်းညိတ်လိုက်၏။

“ကောင်းပါပြီ”

ဆရာတုသည် ရယ်လိုက်ကာ ထိုအတိတ်ဇာတ်လမ်းများကို ဆက်၍ပြောလေသည်။ ထိုဇာတ်လမ်းများ၏ အဓိကဇာတ်ကောင်မှာ (၁၈)နှစ်အရွယ် ကောင်လေးတစ်ယောက်ဖြစ်သည်။ ထိုခေတ်သည် လွန်ခဲ့သော နှစ်ပေါင်းမျာစွာက ခေတ်ဖြစ်သည်။

****

မူလဘုံ အပြင်ဘက်ရှိ ဟင်းလင်းပြင်ထဲတွင် ကျင့်ကြံသူတစ်ယောက်သည် ရုတ်တရက် ရပ်သွား၏။ သူ့ခန္ဓာကိုယ်ပေါ်တွင် နတ်အလင်းတောက်ပလာ၏။ သူ့ထံတွင် အံ့အားသင့်ဖွယ် အရှိန်အဝါတစ်ခု ရှိပေသည်။ ထိုသူမှာ ရှေးခေတ်မှ ထိပ်တန်းမဟာအင်ပါယာတစ်ပါးဖြစ်သည်။

“သူ ကျန်ခဲ့လောက်ပြီမလား...”

သူစိတ်ထဲမှ တွေးလိုက်သည်။ သူ၏မျက်လုံးများထဲတွင် ‌အေးစက်စက်အလင်းတစ်ချက် လက်သွားသည်။

သို့သော် ထိုအခိုက်တွင် အနက်ရောင်လူရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။ ဟင်းလင်းပြင်သည် ပို၍ပင် မည်းမှောင်လာသည်။ မိန်းမပျိုလေးတစ်ယောက်၏ မျက်နှာ ထွက်ပေါ်လာ၏။ သူ၏မျက်လုံးများထဲတွင် မည်သည့်ခံစားချက်မှ မရှိပေ။ သူမသည် အသက်ဝင်နေသော အလောင်းကောင်တစ်ကောင်ကဲ့သို့ပင်။ မဟာအင်ပါယာသည် သူမကို တွေ့လိုက်သောအခါ မျက်နှာပျက်၍ တုန်လှုပ်သွားသည်။

“အရာအားလုံးက အတိတ်မှာဖြစ်ခဲ့တာတွေပဲ”

သူပြောလိုက်၏။

“အရင်တုန်းက လူသားဘိုးဘေးက အားလုံးကို ထိန်းချုပ်ခဲ့တာ။ ကျုပ်တို့က စစ်ပွဲမှာ ဝင်ပါဖို့ ဖိအားပေးခံခဲ့ရတာပါ။ ဘာလို့ မင်းက ကျုပ်တို့အားလုံးကို သတ်ရမှာလဲ”

မိန်းမပျိုသည် သူမ၏လက်ကို ဆန့်တန်းလိုက်၏။ မဟာအင်ပါယာ၏ခန္ဓာကိုယ်ကို ပုံရိပ်ယောင် အနက်ရောင်ကြာပွင့်တစ်ပွင့်က လွှမ်းခြုံသွား၏။ ရုတ်ခြည်းအတွင်းမှာပင် အရာအားလုံးသည် သုဿန်ပြင်ကဲ့သို့ ငြိမ်သက်သွားသည်။ ရှေးဟောင်း မဟာအင်ပါယာ၏ အသက်စွမ်းအင်အားလုံးသည် ရုတ်ခြည်း အငွေ့ပျံသွားပြီး ငြိမ်သက်သွားသည်။ သူ တိတ်ဆိတ်သွား၏။ ထို့နောက် သူသည် အနက်ရောင်ကြာပွင့်၏ ဝါးမျိုမှုကို ခံလိုက်ရကာ ပျောက်ကွယ်သွားလေတော့သည်။

မိန်းမပျိုသည် သူ့ကို သတ်ပြီးနောက် အမှောင်ထုအတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်။

အတိတ်မှ တိုက်ပွဲတွင် ရီဖူရှင်းသည် သူမနှင့် ယူချင်းတို့ကို လူသားဘုံအပြင်သို့ ပို့ခဲ့သည်။ လူသားဘုံ ဖျက်ဆီးခံလိုက်ရ၏။ ထို့နောက်တွင် ရီချင်းယောင်နှင့် ယူချင်းတို့သည် စတင် လက်စားချေခဲ့ကြသည်။ သူတို့သည် တိုက်ပွဲတွင် ပါဝင်ခဲ့သော ရှေးဟောင်းမဟာအင်ပါယာ အားလုံးကို သတ်ခဲ့ကြသည်။ သို့ပင်လျှင် ရီချင်းယောင်သည် မကျေနပ်သေးပေ။ သူမသည် အားလုံးကို တန်ကြေးပြန်ပေးစေလိုနေသည်။

ထို့ကြောင့် ထွက်ပြေးလွတ်မြောက်သွားသူများသည် သူမ၏ လိုက်လံသတ်ဖြတ်မှုကို ထာဝရခံနေရမည်ဖြစ်သည်။

****

ကောင်းကင်အာဏာစက်နန်းတော်သည် မဟာလမ်းစဉ်၏ ဘုံ(၃၀၀၀)ကို ထိန်းချုပ်ပြီး မူလကောင်းကင်အာဏာစက်ဘုံတွင် တည်ရှိပေသည်။ ကောင်းကင်အာဏာစက်ကျောင်းတော်သည် သူတို့၏ ထိန်းချုပ်မှုအောက်တွင် ရှိသည်။ ယင်း‌ကျောင်းတော်သည် ကောင်းကင်အာဏာစက်နန်းတော်က သူတို့၏ ဂျူနီယာများနှင့် တပည့်များကို လေ့ကျင့်ပေးရာနေရာဖြစ်ပေသည်။

ထို့အပြင် လက်ရှိ မဟာလမ်းစဉ်၏ ဘုံ(၃၀၀၀)သည် ယခင်ကနှင့် လုံးဝမတူတော့ပေ။ ယင်းတို့သည်လည်း မကြာခင်တွင် တိုးတက်ပြောင်းလဲလာတော့မည်ဖြစ်သည်။

ယခင်က ရီဖူရှင်းနောက်သို့ လိုက်သွားခဲ့သော ကျင့်ကြံသူများအားလုံး ပြန်ရောက်လာ၍ ဖြစ်ပေသည်။

ထိုလူအများစုသည် မဟာအင်ပါယာအဆင့်ရှိသော စွမ်းအားကြီးပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ယခုတွင် သူတို့သည် သူတို့၏ မွေးရပ်မြေများသို့ ပြန်ရောက်လာပြီဖြစ်၍ ကျင့်ကြံရုံသာ မဟုတ်ကြပေ။ သူတို့သည် လမ်းစဉ်ကို သင်ကြားပေးရန်အတွက်လည်း တာဝန်ရှိပေသည်။ ရီဖူရှင်းသည် လမ်းစဉ်ဖြစ်လာပြီး ဤခေတ်သစ်ကို ဖန်တီးခဲ့သည်။ ထို့ကြောင့် သူတို့သည် လက်ရှိလောကအတွက် သူတို့အစွမ်းရှိသ၍ ပံ့ပိုးပေးမည်ဖြစ်သည်။

အရှင်ထိုက်ရွှမ်၊ အင်ပါယာနန်နှင့် အခြားသူများသည် လမ်းစဉ်သင်ကြားပေးရန် သူတို့၏ မူလနေရာများသို့ ပြန်သွားကြသည်။ ထို့အပြင် သောကျောက်၊ ရှောင်မုယွီနှင့် အခြားသူများသည် မဟာအင်ပါယာဘုံကိုးဘုံတွင် ကျင့်ကြံခဲ့ကြပြီး ကောင်းကင်အာဏာစက်နန်း‌တော်တွင် အကြီးအကဲရာထူးများ ယူခဲ့ကြသည်။

မဟာအင်ပါယာဘုံကိုးဘုံသည် မည်မျှစွမ်းအားကြီးကြောင်း ပြောရန်ပင် မလိုပေ။

တစ်ချိန်တည်းမှာပင် မဟာလမ်းစဉ်၏ ဘုံ(၃၀၀၀)တွင် အင်ပါယာရှားသည်လည်း အင်ပါယာရှား၏ဘုံသို့ ပြန်သွားကာ နန်းပလ္လင်ထက်တွင် ဆက်ထိုင်ခဲ့သည်။ သူသည် ထိုပလ္လင့်ကို ရှားရှင်းယွန်ဆီ လွှဲပြောင်းပေးလိုသော်လည်း ရှားရှင်းယွန်က ငြင်းခဲ့၏။

ထို့ကြောင့် အင်ပါယာရှား၏ဘုံတွင် ထိုဘုံ၏ မင်းသမီးသည် ယခုတွင် မဟာအင်ပါယာအဆင့်ရှိသည့် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာပြီဟူသော သတင်းတစ်ခု စတင်ပျံ့နှံ့လာလေသည်။ ပြီးခဲ့သောနှစ်အတွင်း၌ ရှားရှင်းယွန်သည် လူပေါင်းများစွာကို ကယ်တင်ခဲ့သည်ဟု ဆိုကြ၏။ သူမသည် အသက်နတ်ဘုရားဖြစ်ပြီး သေသူများကို ပြန်ရှင်လာအောင် လုပ်နိုင်သည်။

ထို့အပြင် လီဟန်နန်းတော်တွင် အခြားဓားအင်ပါယာလည်း ရှိသည်။ ထိုသူမှာ ဓားသခင်လီဟန်ဖြစ်သည်။

ထို့ကြောင့် အင်ပါယာရှား၏ဘုံသည် မည်မျှအင်အားကြီးကြောင်း တွေးကြည့်နိုင်ပေသည်။

အင်ပါယာရှား၏ဘုံတွင် ဒေသကိုးခုလည်း ရှိပေသည်။ ဒဏ္ဍာရီများအရ ထိုဒေသကိုးခုသည်‌ ကောင်းကင်လမ်းစဉ်၏ ဆရာသခင်ဖြစ်သော ရီဖူရှင်း၏ မွေးရပ်မြေဖြစ်သည်ဟု သိရသည်။

သောကျောက်နှင့် သူ၏အုပ်စုသည်လည်း သူတို့၏ မွေးရပ်မြေသို့ ပြန်သွားကာ မဟာတော်ဝင်နန်းတော်ကို ပြန်တည်ဆောက်ခဲ့ပြီး ဒေသကိုးခုတွင် လမ်းစဉ်သင်ကြားပေးခဲ့သည်။

ဓားသူတော်စင်သည်ပင် အရှေ့ဘက်လွင်တီးကုန်းမြေသို့ ပြန်ကာ စာအုပ်တောင်ကုန်း၏ စံအိမ်သို့ ပြန်သွားခဲ့သည်။ အစ်ကိုလေးနှင့် အစ်ကိုငါးတို့လည်း အစ်ကိုတစ်နှင့်အတူ ပြန်သွားခဲ့သည်။ အစ်မနှစ်နှင့် အစ်ကိုသုံးတို့သည် ကောင်းကင်ဒေသတစ်ခွင်လုံးကို အုပ်ချုပ်ရန်အတွက် ကောင်းကင်အာဏာစက်ကျောင်းတော်တွင် နေခဲ့ရသဖြင့် မပြန်သွားနိုင်ပေ။ သူတို့သည် ရံဖန်ရံခါသာ သွားရောက်လည်ပတ်နိုင်ပေသည်။

****

ချင်းကျူမြို့၏ ချင်းကျူကျောင်းတော်ရှိ စာသင်ခန်းတစ်ခန်းအတွင်းမှနေ၍ စာအံသံများ အဆက်မပြတ် ထွက်ပေါ်နေသည်။

လူငယ်လေးများသည် စာသင်ခန်းတစ်ခန်းအတွင်း၌ ရေး၊ ဖတ်နေကြသည်။ ဆရာအတွက် စင်မြင့်ထက်တွင် လွန်စွာခံ့ညားသော အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ရှိနေသည်။ သို့သော် သူ၏ဆံပင်များသည် ဖြူနေပေပြီ။

“သင်ခန်းစာ ဒီမှာပဲ ပြီးပြီ”

ထိုအမျိုးသားက ပြုံး၍ ပြောလိုက်၏။

“ဟုတ်ကဲ့ပါ ဆရာ...”

လူငယ်များသည် ထရပ်ကာ ဦးညွှတ်လိုက်ကြ၏။ ထို့နောက်တွင် ခပ်ဆိုးဆိုး ကောင်လေးတစ်ယောက်က အသက်လတ်ပိုင်းအမျိုးသားကို မေးလိုက်၏။

“ဆရာ... ဆရာပြောပြတဲ့ ဒဏ္ဍာရီထဲက လူက တကယ်ရှိခဲ့တာလား။ ကျုပ်သာ အထွတ်အထိပ်ထိ ကျင့်ကြံရင် ကျုပ်ရော တောင်တွေကို ရွှေ့၊ ပင်လယ်တွေကို ဖြည့်နိုင်မှာလား”

“မင်းက တောင်တွေကိုရွှေ့၊ ပင်လယ်တွေကို ဖြည့်နိုင်ရုံတင်မကဘူး နေနဲ့လပါ ဖြစ်လာနိုင်လိမ့်မယ်”

အမျိုးသားက ပြုံး၍ ပြောလိုက်၏။

“ဆရာ.. ဆရာရော အဲဒါတွေကို အရင်က မြင်ခဲ့ဖူးလား”

တစ်စုံတစ်ယောက်က မေးလိုက်သည်။

“မြင်ခဲ့ဖူးတာပေါ့.. ငါ့ရဲ့ တပည့်ဟောင်းတစ်ယောက်က အဲဒီလိုတွေ လုပ်နိုင်ခဲ့တယ်”

အမျိုးသားက ရယ်ကာ ပြောလိုက်၏။

“သူ့ရဲ့ မျက်လုံးတစ်ဘက်က နေအဖြစ် ပြောင်းလဲနိုင်တယ်.. ကျန်တစ်ဘက်က လအဖြစ် ပြောင်းလဲနိုင်တယ်။ သူက သူ့ပါးစပ်ကနေပြီး နတ်လျှပ်စီးတွေ ထုတ်လွှတ်နိုင်တယ်”

သူ့စကားကို ကြားသောအခါ စာသင်ခန်းထဲတွင် ခွက်ထိုးခွက်လန် ရယ်သံများ ပြည့်နှက်သွားသည်။

“ဆရာ.. ဆရာက အရမ်း စိတ်ကူးယဉ်တတ်တာပဲ”

လူငယ်လေးတစ်ယောက်က ကျယ်လောင်စွာရယ်၍ ပြောလိုက်၏။ သူ၏အသံသည် အပြစ်ကင်းပေသည်။

“ဆရာက လေလုံးကြီးလွန်းနေပြီ”

“အဲဒါဆို ဆရာ့ရဲ့ တပည့်က အခု ဘယ်မှာလဲ”

“သူက နေရာတိုင်းမှာရှိတယ်”

အသက်လတ်ပိုင်း အမျိုးသားက ဖြေလိုက်၏။ လူငယ်များသည် သူ့ကို မယုံကြည်ပေ။ သူတို့၏ ဆရာသည် အလွန်ဆွဲဆောင်မှုရှိသော်လည်း သူ၏စကားများသည် ချဲ့ကားလွန်း၏။

“မမနန်းယွီ...”

တစ်စုံတစ်ယောက်က ကျောင်းအပြင်မှ သူကို လှမ်းခေါ်လိုက်သည်။ ဟွာနန်းယွီသည် ပြုံးကာ ခေါင်းညိတ်လိုက်သည်။ ကလေးများအားလုံးသည် ပြေးသွားကာ ဟွာနန်းယွီကို ဝန်းရံလိုက်ကြ၏။ ဟွာဖန်းလူသည် ရယ်ကာ စာသင်ခန်းမှနေ၍ တစ်ယောက်တည်း ထွက်သွားသည်။

အပြင်ဘက်တွင် ဆံပင်ဖြူနှင့် အကြီးအကဲတစ်ယောက်သည် ဟွာဖန်းလူ၏ နောက်ကျောကို လေးစားသောမျက်ဝန်းများဖြင့် ကြည့်နေသည်။ ထိုမျက်ဝန်းများထဲတွင် ကြည်ညိုသည့်အရိပ်အယောင်ပင် ရှိပေသည်။ သူသည် ချင်းကျူကျောင်းတော်၏ ပဲ့ကိုင်ရှင်ဖြစ်သဖြင့် ဒဏ္ဍာရီပုံပြင် အချို့ကို ကြားခဲ့ဖူးသည်။ ဟွာဖန်းလူ၏ တပည့်သည့် ထိုဒဏ္ဍာရီများကို ဖန်တီးသူဖြစ်သည်။

ယနေ့ခေတ်တွင် ဆရာသည် မျိုးဆက်သစ်တပည့်များကို သင်ကြားပေးရန်အတွက် သူ၏သမီးကို ချင်းကျူကျောင်းတော်သို့ ပြန်ခေါ်လာခဲ့သည်။ ယင်းသည် မည်မျှ ဂုဏ်ယူဖွယ်ကောင်းကြောင်း သူသိပေသည်။

သို့သော် သူသည် အနာဂတ်တွင် အခြားဒဏ္ဍာရီကို ဖန်တီးနိုင်ဦးမည်လော။

ယင်းမှာ မဖြစ်နိုင်လောက်ပေ။ သို့ပေသည့် ထိုမျှော်လင့်ချက်သည် ဆရာသခင်၏ စိတ်အာဟာရဖြစ်နိုင်ပေသည်။

All Chapters