ဇာတ်လမ်းခွဲ ၄
Vol. 208 Ch. 2970
“ဘုရားရေ”
ထိုက်ချူဘုံမှ ကျင့်ကြံသူများအားလုံး ကောင်းကင်ထက်သို့ အလန့်တကြား မော့ကြည့်လိုက်ကြသည်။ သူတို့သည် ကောင်းကင်အရှိန်အဝါကို ခံစားလိုက်ရသဖြင့် ဦးညွှတ်လိုက်ကြ၏။
ကောင်းကင်လမ်းစဉ်ကို ဒေါသထွက်အောင် လုပ်ခဲ့သူမှာ မည်သူနည်း။
နတ်ဘုရားနန်းတော်သည် နတ်ဘုရားလောကကို အုပ်စိုး၏။ ထိုနန်းတော်လက်အောက်တွင် နတ်ဘုရားများစွာ ရှိပေသည်။
“အဲဒါက ရှေးဟောင်းအင်ပါယာတစ်ပါးပဲ”
လူများစွာသည် နတ်ဘုရားနန်းတော်ရှိ အုပ်စိုးသူများထဲမှ တစ်ပါးဖြစ်သော ရှေးဟောင်းအင်ပါယာကို မှတ်မိသွားကြသည်။ ဂူဖေးရန်သည် ရှေးဟောင်းအင်ပါယာတစ်ပါး၏ မျိုးဆက်ပင်။
ရှေးဟောင်းအင်ပါယာသည် သူ့ဘဝတစ်လျှောက်လုံး တိုက်ခိုက်ခဲ့သဖြင့် အတုမဲ့ဂုဏ်ရည်ရှိ၏။ သူသည် တစ်ကြိမ်မှ မရှုံးနိမ့်ခဲ့ဖူးဘဲ နတ်ဘုရားနန်းတော်မှနေ၍ နတ်ဘုရားများကို အုပ်စိုးပေသည်။ ဂူဖေးရန်က သူ့ဘိုးဘေးများကဲ့သို့ ဂုဏ်ရှိန်ကြီးလာလိုသူ ဖြစ်သည်။
သို့သော် ယနေ့တွင် ဂူဖေးရန်သည် မထင်မရှားလူတစ်ယောက်၏ လက်ထဲတွင် ရှုံးနိမ့်သွားပေပြီ။
ထိုက်ချူဘုံတစ်ခုလုံးသည် ရှေးဟောင်းအင်ပါယာ၏ ဖိအားအောက်တွင် ရှိနေ၏။ သိမ်းငှက်လေးက အသံရှည်တစ်သံ ပြုလိုက်သည်။ သူ့ခန္ဓာကိုယ်က ပိုကြီးမားလာလေသည်။ ရုတ်တရက် မရေမတွက်နိုင်သော နတ်အလင်းများက ရီကျစ်ရင်၊ ယူရှိုနှင့် အခြားသူများကို ကာကွယ်လိုက်ပြီး ဖိအားကို လျှော့ချလိုက်သည်။ သို့ပင်လျှင် ကောင်းကင်အရှိန်အဝါ ကျဆင်းလာသောအခါ သိမ်းငှက်လေးသည် ဆက်မတောင့်ခံနိုင်တော့ဘဲ သူ ဖိချေခံရတော့မည်ဟု ခံစားလိုက်ရလေသည်။
သို့သော် သိမ်းငှက်လေး၏ ရွှေရောင်မျက်ဝန်းများက စူးရှနေဆဲပင်။ သူ၏အကြည့်က ကောင်းကင်ကို ဖောက်ထွင်းသွား၏။ ထို့နောက် သူ ပြောလိုက်သည်။
“မင်းတော့ အဆုံးသတ်ပြီပဲ”
ရှေးဟောင်းအင်ပါယာ၏ ရွှေရောင်ဆံနွယ်များ လေထဲတွင် ဝဲလွှင့်သွား၏။ သူ အောက်သို့ ငုံ့ကြည့်လိုက်သည်။ ရုတ်ခြည်းပင် ကောင်းကင်အရှိန်အဝါက ပို၍ အားကောင်းလာ၏။ ရီကျစ်ရင် ညည်းတွားလိုက်သည်။ ယူရှိုသည်လည်း တောင့်မခံထားနိုင်တော့ချေ။ သူက ရီကျစ်ရင်ကို ကြည့်လိုက်၏။ ထို့နောက် သူ့ခန္ဓာကိုယ်ပေါ်တွင် အလင်းတောက်ပလာလေသည်။ သူသည် ဟင်းလင်းပြင်ဆီသို့ အော်ပြောလိုက်၏။
“အဖေ... အဖေ့ရဲ့ ချွေးမ အနိုင်ကျင့်ခံနေရပြီ”
ပတ်ဝန်းကျင်မှ ကျင့်ကြံသူများက ယူရှိုကို ကြည့်လိုက်ကြ၏။ သူ၏အဖေသည်လည်း နတ်ဘုရားတစ်ပါးပေလော။
သို့ဆိုလျှင် ရှေးဟောင်းအင်ပါယာနှင့် ဂူဖေးရန်တို့က သူတို့ကို မမှတ်မိဘဲနေမည် မဟုတ်ပေ။
ထို့ပြင် မည်သူ၏ ချွေးမက အနိုင်ကျင့်ခံနေရခြင်းနည်း။
ထိုနတ်ဘုရားက အရေးမပါသော နတ်ဘုရားတစ်ပါးလော။
ဤလူကရော ထိုနတ်ဘုရား၏ သားအရင်း ဟုတ်ပါသလော။
ယူရှိုက ထိုသို့ပြောလိုက်သောအခါ ကောင်းကင်ထက်မှနေ၍ သွေးရောင် နတ်အလင်းတန်းများ ရုတ်တရက် ကျဆင်းလာပြီး ထိုနေရာရှိ ကောင်းကင်ကို ဖောက်ထွင်းသွားလေသည်။ ရုတ်တရက် ထိုက်ချူဘုံတစ်ခွင်လုံး အဖျက်ဘုံတစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။
“ဘာတွေ ဖြစ်နေတာလဲ”
အားလုံးသည် လောကထဲတွင် ဖြစ်ပေါ်နေသော ပြောင်းလဲမှုများကို အံ့ဩတကြီး ကြည့်နေကြလေသည်။
ထိုအရှိန်အဝါက အလွန်အားကောင်း၏။
သွေးရောင်အလင်းတန်းများအားလုံးသည် ကောင်းကင်ကို ဖောက်ထွင်းနိုင်ကြပေသည်။
ထိုက်ချူဘုံ၏ ကောင်းကင်ထက်တွင် လူတစ်ယောက် ထွက်ပေါ်လာ၏။ ထိုလူက အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ၏အနက်ရောင်ဆံနွယ်များကလည်း လေထဲတွင် တဖျပ်ဖျပ်ခတ်နေသည်။ သူသည် သက်ရှိအားလုံး၏ အထက်တွင် ရှိသကဲ့သို့ အေးအေးလူလူ ရပ်နေလေသည်။
“ဒုတိယသခင်”
သိမ်းငှက်လေးက အော်ပြောလိုက်သည်။
“အဖေ...”
“ဦးလေးယူ”
ရီကျစ်ရင်နှင့် အခြားသူများကလည်း အော်ခေါ်လိုက်သည်။ ထိုရောက်ရှိလာသူမှာ ယူချင်းပင်။
“ကျစ်ရင်... မင်း အဆင်ပြေရဲ့လား”
ယူချင်းသည် သူ၏သားကို ကြည့်ပင်မကြည့်လိုက်ဘဲ ရီကျစ်ရင်ကိုသာ ကြည့်လိုက်၏။
“သမီးအဆင်ပြေပါတယ်”
ရီကျစ်ရင်က ပြန်ပြောလိုက်၏။
ယူချင်း အတန်ငယ် ခေါင်းညိတ်လိုက်သည်။ ပြီးနောက်မှသာ သူက ယူရှိုကို ကြည့်လိုက်လေသည်။ သူ့မျက်လုံးထဲရှိ သိမ်မွေ့မှုက တင်းမာမှုအဖြစ် ပြောင်းလဲသွား၏။ သူ အေးစက်စက် ဆူလိုက်သည်။
“မင်းက ကျစ်ရစ်ကို အနိုင်ကျင့်ခံရစေတယ်ပေါ့လေ”
“အဲဒါက ငါနဲ့ဘာဆိုင်လို့လဲဟ”
ယူရှိုက စိတ်ထဲမှ မကျေမနပ် ပြောလိုက်၏။ ရီကျစ်ရင်က သူ့အဖေ၏ သမီးအရင်းလော။
ယူရှိုသည် သူ့အဆင့်ကိုသူသိ၍ ရီကျစ်ရင်၏အမည်ကို သုံးကာ အကူအညီတောင်းလိုက်ခြင်းပင်။ အကယ်၍ သူသာ သူ အနိုင်ကျင့်ခံနေရသည်ဟု ပြောလိုက်ပါက သူ့အဖေသည် လှည့်ပင်ကြည့်မည် မဟုတ်လောက်ပေ။ နောင်တွင် သူသာ လက်ထပ်လိုက်လျှင် မိသားစုထဲတွင် သူ့အဆင့်အတန်က စိုးရိမ်စရာ ဖြစ်လာပေလိမ့်မည်။
“အဲဒီကောင်က သူ့ကိုယ်သူ ဆရာကြီးလို့ထင်နေတာ။ သူက ကျစ်ရစ်ကို သူ့အတွက် သေရည်ငှဲ့ပေးခိုင်းတယ်။ ဒါပေမဲ့ သူ သားတို့ကို မနိုင်တော့ လူကြီးတွေဆီ လှမ်းပြီးအကူအညီတောင်းတာပါ။ အားနည်းတဲ့သူကို အနိုင်ကျင့်တာက သူပါ”
ယူရှိုက ကောင်းကင်ထက်ရှိ ရှေးဟောင်းအင်ပါယာကို လက်ညှိုးညွှန်၍ ပြောလိုက်သည်။
“အဲဒီမျိုးမစစ်အဘိုးကြီးက ကျစ်ရင်ကို ဒူးထောက်စေချင်နေတာ”
ယူရှိုသည် စိတ်ထဲတွင် မကျေနပ်သော်လည်း ပါးစပ်မှ အမှန်တရားကိုသာ ပြောလိုက်၏။ သူသည် သူ့အကြောင်းကို မပြောဘဲ ရီကျစ်ရင်အကြောင်းကိုသာ ပြောလိုက်သည်။
ယူချင်းက ဂူဖေးရန်ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
“သူ့ကို သတ်လိုက်”
“ဟုတ်ကဲ့ပါ”
ယူရှို ခေါင်းညိတ်လိုက်၏။ ထို့နောက်တွင် သူ ဂူဖေးရန်ဆီသို့ ပျံသန်းသွားလိုက်၏။ သူ့ခန္ဓာကိုယ်မှနေ၍ နတ်ဆိုးအရှိန်အဝါ ထွက်လာသည်။ သူ့မျက်လုံးများထဲတွင်လည်း သတ်ဖြတ်လိုသည့် အရိပ်အယောင်များ ပြည့်နေလေသည်။
ဂူဖေးရန်က အတန်ငယ် မျက်မှောင်ကြုတ်လိုက်၏။ ထိုလူစုက ရူးနေခြင်းလော။ ရှေးဟောင်းအင်ပါယာ ထွက်ပေါ်လာပြီဖြစ်ပြီး နတ်ဘုရားများလည်း ဆင်းသက်လာပေပြီ။ သို့ပင်လျှင် ထိုကောင်က သူ့ကို သတ်ဝံ့သေးသည်လော။
“ရိုင်းစိုင်းလိုက်တာ”
ရှေးဟောင်းအင်ပါယာက ဒေါသတကြီး အော်လိုက်သည်။ ကောင်းကင်အရှိန်အဝါ ကျဆင်းလာ၏။ ကောင်းကင်မှနေ၍ မဟာနတ်စွမ်းအား ကျဆင်းလာပြီး ယူချင်းထံသို့ ဦးတည်သွားလေသည်။ ထိုအခိုက်တွင် ဤဘုံ၏ နတ်စွမ်းအားက ယူချင်းကို တိုက်ရိုက်သတ်ဖြတ်ရန် သွားနေသကဲ့သို့ ထင်လိုက်ရ၏။
ယူချင်း၏ လက်ထဲတွင် သွေးနီရောင် နတ်ဆိုးဓားတစ်ချောင်း ထွက်ပေါ်လာသည်။ သူသည် နတ်ဆိုးဓားကိုကိုင်ကာ ကောင်းကင်ဆီသို့ ခုတ်ပိုင်းလိုက်၏။ ဓားက ကောင်းကင်ကို နှစ်ခြမ်းခွဲသွားသည်။ ကြောက်မက်ဖွယ် သွေးနီရောင်နတ်အလင်းကလည်း မဟာနတ်စွမ်းအားကို တိုက်ရိုက် ခုတ်ပိုင်းသွားသည်။ ကောင်းကင်တွင် ကြောက်မက်ဖွယ် အက်ကြောင်းတစ်ခု ထွက်ပေါ်လာ၏။ ဤဘုံ၏ စည်းမျဉ်းများသည် တိုက်ရိုက်ခုတ်ပိုင်းခံလိုက်ရ၍ သူ့ကို မဖိနှိပ်နိုင်တော့ပေ။
ကောင်းကင်ထက်တွင်လည်း ကြောက်မက်ဖွယ် အနက်ရောင်အက်ကြောင်းကြီးတစ်ခု ထွက်ပေါ်လာ၏။ ထိုက်ချူကုန်းမြေတစ်ခွင်လုံး ဓား၏ ပိုင်းဖြတ်ခြင်းကို ခံလိုက်ရသည်။ ထို့ကြောင့် ထိုက်ချူကုန်းမြေမှ ကျင့်ကြံသူများ အံ့အားသင့်သွားပြီး အပြင်းအထန် ရင်တုန်သွားကြလေသည်။ ထိုသူက မည်သို့သော ဖြစ်တည်မှုမျိုးနည်း။
ထိုအသစ်ရောက်ရှိလာသူမှာ အလွန်ကြောက်မက်ဖွယ်ကောင်းပေသည်။ သူသည် ရှေးဟောင်းအင်ပါယာနှင့် အဆင့်တူသည်လော။
ထိုအင်ပါယာနတ်ဘုရားများပင် ကြောက်ရွံ့တုန်လှုပ်နေကြသည်။ ထိုလူသည် သေချာပေါက် အခြားဘုံတစ်ခုမှ ပညာရှင်တစ်ယောက်ပင်။ ထိုသူသည် သူတို့နတ်ဘုရားလောကသို့ ရောက်လာသော အခြားစကြဝဠာမှ အုပ်စိုးသူတစ်ယောက် ဖြစ်နိုင်သည်။
“ခင်ဗျားက ဘယ်သူလဲ”
ရှေးဟောင်းအင်ပါယာသည်လည်း ထိုသူက ခေသူတစ်ယောက် မဟုတ်ကြောင်း သိသွားသည်။ ထိုသူသည် အခြားစကြဝဠာ၏ အုပ်စိုးသူတစ်ယောက် ဖြစ်နိုင်သည်။ သဘာဝစည်းမျဉ်းကို ဓားချက်တစ်ချက်တည်းနှင့် ခုတ်ဖြတ်နိုင်သူက သေချာပေါက် မဟာအဆင့်တွင် ရှိနေသူ ဖြစ်ပေမည်။
“မင်းကို သတ်မယ့်သူပဲ”
ယူချင်းက အေးစက်စက်မျက်ဝန်းများဖြင့် ကောင်းကင်ကို ဝေ့ဝဲကြည့်လိုက်သည်။
ယူချင်း၏ စကားကို ကြားသောအခါ ရှေးဟောင်းအင်ပါယာ၏မျက်လုံးများ စူးရှသွား၏။ သူ၏ ကောင်းကင်အရှိန်အဝါ ကျဆင်းလာပြီး အောက်ဘက်ရှိ ဧရိယာကို ဖိနှိပ်လိုက်လေသည်။ ထို့နောက် သူ အေးစက်စွာ ပြောလိုက်သည်။
“ခင်ဗျားက အပြင်စကြဝဠာက အုပ်စိုးသူတစ်ယောက် ဖြစ်နေရင်တောင် အခု နတ်ဘုရားလောကကို ရောက်နေပြီဆိုတော့ နတ်ဘုရားလောကရဲ့ စည်းမျဉ်းတွေကို လိုက်နာရမှာပဲ။ ခင်ဗျားက ဘယ်လိုလုပ် ဒီလောက် ရိုင်းစိုင်းနေရဲရတာလဲ”
ယူချင်းက စကားများစွာ မပြောပေ။ ဓားချက်နောက်တစ်ချက် ထွက်ပေါ်လာပြီး ထိုက်ချူဘုံ ထက်ခြမ်းပိုင်းခံလိုက်ရလေသည်။ သဘာဝစည်းမျဉ်းလည်း ပျက်စီးသွားပြီး ထိုဓားချက်က ရှေးဟောင်းအင်ပါယာဆီသို့ တိုက်ရိုက်ဦးတည်သွားသည်။
“ရိုင်းစိုင်းလိုက်တာ”
ရှေးဟောင်းအင်ပါယာက အော်ပြောလိုက်သည်။ ကောင်းကင်မှနေ၍ နတ်လက်သီး ကျဆင်းလာကာ ကောင်းကင်နှင့် နေလုံးကို ကွယ်သွား၏။ ၎င်းသည် အကန့်အသတ်မဲ့ကြယ်တာရာတစ်စင်းကဲ့သို့ အဖျက်နတ်အလင်းကို သယ်ဆောင်လာလေသည်။ ၎င်းက နတ်ဆိုးဓားချက်နှင့် ထိတိုက်သွား၏။ ရုတ်ခြည်းအတွင်းမှာပင် ကောင်းကင်နှင့်မြေကြီး အက်ကွဲသွားသည်။ ထိုက်ချူဘုံသည်လည်း ပြင်းထန်စွာ ပြိုပျက်လာပြီး ဘုံအတွင်းမှ ကျင့်ကြံသူများအားလုံး တုန်ယင်သွားကြသည်။
ထိုတိုက်ပွဲ၏အဆင့်က အဘယ်နည်း။
ထိုအခိုက်တွင် ကောင်းကင်ထက်မှနေ၍ အရှိန်အဝါကြီးသော နတ်အလင်း ဖြာကျလာ၏။ ကောင်းကင်နှင့်မြေကြီးကြားတွင် အတုမဲ့အသံတစ်သံ ပျံ့လွင့်သွားသည်။ တုန်ခါနေသောဘုံအတွင်းမှ မရေမတွက်နိုင်သော ကျင့်ကြံသူများက ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။ ကောင်းကင်ထက်တွင် ဘုံကျောင်းများ ထွက်ပေါ်လာ၏။
နတ်ဘုရားဘုံကျောင်းများမှနေ၍ မဟာအင်ပါယာနတ်ဘုရားများ ထွက်ပေါ်လာသည်။ စကြဝဠာထဲတွင် ခမ်းနားသော ဘုံကျောင်းများ ရှိနေ၏။ သူတို့သည် ဤလောကကို အုပ်စိုးသော နတ်ဘုရားများပင်။
နတ်ဘုရားများအားလုံး ထွက်ပေါ်လာပေပြီ။
ရိုးရှင်းသော ဆူပူမှုလေးတစ်ခုက ထိုကဲ့သို့ ကြီးကျယ်သွားလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားပေ။ နတ်ဘုရားလောကကို အုပ်စိုးသော နတ်ဘုရားများက အမှန်ပင် ထွက်ပေါ်လာပြီဖြစ်သည်။
ဂူဖေးရန်က စားသောက်ဆိုင်အတွင်း၌ မိန်းမပျိုလေးတစ်ယောက်ကို သေရည်ငှဲ့ခိုင်းရာမှ ထိုအရာအားလုံး အစပြုလာခြင်းပင်။
နတ်ဘုရားလောက၏ ထိပ်တန်းကျင့်ကြံသူ ဂူဖေးရန်သည် သူစိမ်းတစ်ယောက်ကို သူ့အတွက် သေရည်ငှဲ့ခိုင်းရုံဖြင့် ဤကဲ့သို့ ကြောက်မက်ဖွယ်မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်လာစေလိမ့်မည်ဟု မည်သူက ထင်ခဲ့မိမည်နည်း။
ထိုအခိုက်တွင် ဂူဖေးရန်က ယူရှိုနှင့် တိုက်ခိုက်နေပေသည်။ ထိုတိုက်ပွဲတွင် ဂူဖေးရန် အရေးနိမ့်နေ၏။ တိုက်ပွဲပြင်သည် ယူချင်း၏ နတ်ဆိုးစက်ကွင်းထဲတွင် ဖြစ်သည်။ ရှေးဟောင်းအင်ပါယာက သတိလက်လွတ်ဖြစ်သွားခဲ့၍ ဂူဖေးရန်ကို ချက်ချင်း အဝေးသို့ မဆွဲခေါ်မိခြင်းပင်။ ယင်းသတိလက်လွတ်ဖြစ်မှုက ဂူဖေးရန်ကို သေဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရစေလေသည်။
ရွှက်...
ထိုအခိုက်တွင် ယူရှိုက ထပ်မံ ခုတ်ချလိုက်ရာ ဂူဖေးရန်၏ ခံစစ် ပျက်သွား၏။ ဂူဖေးရန်၏လက် ပြတ်ထွက်သွားကာ သွေးများ စီးကျလာသည်။ သူ့မျက်နှာက ဖြူဖျော့နေ၏။ နတ်ဆိုးအရှိန်အဝါက သူ့ကိုယ်တွင်းသို့ ကျူးကျော်ဝင်ရောက်နေပြီဖြစ်၍ နိုင်နိုင်ရန် မျှော်လင့်ချက် မရှိတော့ချေ။
ဂူဖေးရန် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်၏။ ရှေးဟောင်းအင်ပါယာလည်း ရပ်တန့်ခံလိုက်ရပေပြီ။ မည်သို့ပင်ဖြစ်စေ စကားတစ်ခွန်းကြောင့် နတ်ဘုရားလောကထဲတွင် သေခြင်းတရားနှင့် ရင်ဆိုင်ရလိမ့်မည်ဟု သူ တစ်ခါမှ မမျှော်လင့်ခဲ့ဖူးပေ။
***