← Chapters

ကောင်းကင်နတ်ဘုရားအသွင်

Vol. 113 Ch. 1582

ကောင်းကင်နတ်ဘုရားအသွင်

Vol. 113 Ch. 1582

စတုတ္ထမန္တန်၊ ကိုယ်မန္တန်

မန်ဟိုသည် လောကပါလနတ်မင်းဆီ တန်းတန်းမတ်မတ် ဦးတည်သွား၏။ မျက်စိတစ်မှိတ်အတွင်း မရေမတွက်နိုင်သော ပုံရိပ်များ ပေါ်လာသည်။ ယောက်ျား၊ မိန်းမ၊ ကလေး၊ လူကြီးအကုန်လုံး ပါဝင်သည်။ သူတို့သည် မန်ဟိုနှင့်မတူညီသော်လည်း အခြေခံသဘာဝအရတော့ အတူတူပင် ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် အကုန်လုံးက မန်ဟို၏ကိုယ်မန္တန်မှ ဖန်ဆင်းပေးလိုက်သော ကိုယ်ပွားများဖြစ်သည့်အတွက်ကြောင့်ပင်။

ကိုယ်မန္တန်သည် မရေမတွက်နိုင်သောကိုယ်ပွားများကို တစ်ကမ္ဘာလုံးအပြည့် ဖန်ဆင်းနိုင်၏။ ၎င်းက မိုးကောင်းကင်နှင့်မြေပြင်အား ပြောင်းလဲကာ နိုင်ငံတစ်နိုင်ငံပမာ ဖြစ်လာစေနိုင်သည်။

ကိုယ်ပွားတစ်ရာ ပေါ်လာသည်။ ထို့နောက် တစ်ထောင်၊ ထို့နောက် ထောင်ပေါင်းများစွာ။

ယောက်ျားမန်ဟို၊ မိန်းမမန်ဟို၊ ကလေးမန်ဟို၊ လူအိုမန်ဟို အစရှိသော မန်ဟို၏အသွင်အမျိုးမျိုးသည် လောကပါလနတ်မင်း၏ကိုယ်ပွားဆီ ချဉ်းကပ်သွားနေကြသဖြင့် ထစ်ချုန်းသံများ ကြားနေရသည်။ မန်ဟိုက လက်ဝှေ့ယမ်းလိုက်သည့်အခါ သူ၏ကိုယ်ပွားအားလုံးလည်း လက်ဝှေ့ယမ်းလိုက်ကြသည်။ ပူးပေါင်းတိုက်ကွက်ကား လေဆင်နှာမောင်းကြီးသဖွယ် ဖြစ်ကာ ကြယ်တာရာကောင်းကင်ကို ဖြိုခွင်း၍ သက်ရှိဖြစ်တည်မှုအားလုံးအား သုတ်သင်နိုင်လောက်အောင် အင်အားကြီးမားပေ၏။

လောကပါလနတ်မင်း၏ကိုယ်ပွားက လေအဟပ်ကြောင့် ဆံပင်များအကြမ်းပတမ်း လူးလွန့်လှုပ်ခတ်နေလျက် ပျံဝဲနေသည်။ ဤအခြေအနေဖြင့် မန်ဟို၏ ကိုယ်မန္တန်ကို မယှဉ်နိုင်မှန်း သူ သိလေသည်။ ဤသည်က သူ၏ကိုယ်အစစ်မဟုတ်ဘဲ ကိုယ်ပွားသာမဟုတ်ပါလော။ ဤကိုယ်ပွားပင်လျှင် ဘိုးဘေးနယ်ပယ်တစ်ပိုင်းအဆင့် မန်ဟို့အား မကိုင်တွယ်နိုင်ပေ။

အုန်းခနဲ မြည်ဟည်းသွားသည်။ လောကပါလနတ်မင်းမှာ သွေးအန်ရင်း နောက်ရောက်သွား၏။ သို့‌သော် သူ၏မျက်လုံးများက အေးစက်စက်လင်းလက်နေပြီး မန်ဟို၏အနှစ်သာရကို ကိုယ်စီပိုင်ဆိုင်ထားသော မန်ဟိုကိုယ်ပွားအားလုံးကို ကြည့်နေစဉ် သူ့မျက်နှာပေါ်၌ ခက်ထန်ကြမ်းကြုတ်သည့်အမူအရာ ရှိလေသည်။ ရုတ်တရက် လောကပါလနတ်မင်း၏မျက်ဝန်းများသည် အာရုံစူးစိုက်သွား၏။

“စတုတ္ထလောကပါလအသွင်” သူက ဟိန်းဟောက်သည်။ “နတ်ဆိုးဝိညာဉ်အသွင်”

စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည့်အချိန်မှာပင် သူ၏အမူအရာသည် ပို၍ပင်ကြမ်းကြုတ်လာ၏။ တဖျစ်ဖျစ်မြည်သံများနှင့်အတူ ချွန်မြနေသောအရိုးဆူးများက သူ့အသားများကို ခွဲ၍ ထွက်လာကြလေပြီ။ သူ့ခေါင်းလည်း ပြောင်းလဲသွားကာ ချိုရှည်ကြီးနှစ်ချို ပေါက်လာသည်။

အကြေးခွံများက သူ့အရေပြားတစ်လျှောက် ဖုံးလွှမ်းနေသည့်အပြင် နတ်ဆိုးမီး၏ အနက်ရောင်မီးတောက်မီးလျှံတို့သည် သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးကို မည်းခြစ်သွားစေရင်း တဟုန်းဟုန်းတောက်လာ၏။

လောကပါလနတ်မင်း၏ကိုယ်ပွားကား လုံးဝဥဿုံပြောင်းလဲသွားခဲ့ပြီး ယခုတွင် အနက်ရောင်မီးတောက်မီးလျှံတို့ဖြင့် ခြံရံလျက် ရှိချေပြီ။ သူသည် မီတာသုံးတာမျှသာ မြင့်မားသော်လည်း ထိုနေရာ၌ ပျံဝဲနေစဉ် သူ့ကို ရစ်သိုင်းနေသော နတ်ဆိုးချီတို့က ကြယ်တာရာကောင်းကင်တစ်ခုလုံးကို လွှမ်းမိုးနိုင်ပုံရ၏။

အလျှံတညီးညီးတောက်လောင်နေသည့် မီးတောက်မီးလျှံများ၏အလယ်တွင် လောကပါလနတ်မင်းသည် အပေါ်ရှိမိုးကောင်းကင်ကို ပင့်မနေသည့်အလား လက်တစ်ဖက်အား အပေါ်တွန်းလိုက်၏။ ကျန်လက်တစ်ဖက်ကိုမူ အောက်ရှိမြေပြင်အား ထွေးပိုက်ဖို့အား အောက်နှိမ့်လိုက်သည်။ ထို့နောက် သူသည် ခြေခုနစ်လှမ်းလျှောက်လာ၏။

လောကပါလတစ်ခွင်တွင် သူက အဆင့်အမြင့်ဆုံးဖြစ်တည်မှုအလားပင်။

သူသည် အတုမရှိနတ်ဆိုးဖြစ်၏။

အာကာပြင်ကျယ်စကြဝဠာ၏ လောကပါလကြယ်တာရာကောင်းကင်ထဲတွင် နတ်ဆိုးက တန်ခိုးအဆင့်တက်သွားသော ဒုတိယပုဂ္ဂိုလ်ဖြစ်သည်။ သူသည် စတုတ္ထအသွင်၊ နတ်ဆိုးဝိညာဉ်အသွင်၏ မူလအခြေခံပင် ဖြစ်၏။

လောကပါလနတ်မင်းက ခံစားချက်မဲ့သောအမူအရာဖြင့် ခေါင်းမော့လိုက်ရာ မီးတောက်များက ဟုန်းခနဲ ထတောက်လာသည်။ သူ၏မျက်ဝန်းများသည် ကြက်သွေးရောင်စွန်းထေးနေပြီး သူ၏ကြမ်းကြုတ်သည့်အသွင်အပြင်အရ မည်သည့်အရာကိုမဆို စားပစ်ချင်နေဟန်တူသည်။ လောကပါလနတ်မင်းသည် ဆင်ခြင်တုံတရားအလုံးစုံ ကင်းမဲ့ကာ ချက်ချင်း ရူးသွပ်သွားပုံရ၏။

“သေစမ်းးးးးးးးးးးးးးး” သူက ခပ်ဝါးဝါးအတန်းတစ်တန်းအသွင်ပြောင်ကာ မန်ဟို့အရှေ့တည့်တည့်၌ ပေါ်လာသည်။ ထို့နောက် လက်သီးဆုပ်၍ ထိုးချလိုက်သည်။

ထိုလက်သီးချက်က ကြယ်တာရာကောင်းကင်မှ အားဖြည့်ပေးထားသော အဖျက်အစီးမဟူရာမီးတောက်များကို သယ်ဆောင်လာသည်။ တစ်ကမ္ဘာလုံးအား ထိုလက်သီးထဲ သိပ်ထည့်လိုက်သကဲ့သို့ ထင်ရရာ ကြီးမားလှသောစွမ်းအားက မန်ဟို့သူငယ်အိမ်များအား ကျဉ်းမြောင်းသွားစေသည်။ ဤစတုတ္ထလောကပါလအသွင်က ကျန်အသွင်များထက် အဆများစွာပို၍ အစွမ်းထက်ကြောင်း မန်ဟို ခံစားလိုက်ရ၏။

၎င်းက မယုံနိုင်လောက်အောင်လည်း မြန်သည်။ မန်ဟိုသည် အင်္ကျီလက်စအား အရှေ့သို့ ခါလိုက်၏။ သူ၏ကိုယ်ပွားများလည်း လိုက်လုပ်ကြသည်။ လှိုင်းတစ်လှိုင်းသည် နတ်ဆိုးအသွင်အပေါ် စုဆုံလျက် ဖြာဆင်းသွားကြသည်။

ဝုန်းးးးးးးးးးးးးးးး

တိုက်ပွဲကြောင့် ဟင်းလင်းပြင်မှာ ထပ်ခါတလဲလဲ အက်ကွဲပျက်စီးနေသဖြင့် ကြယ်တာရာကောင်းကင်၏ ဤအပိုင်းလည်း ကြေမွနေခဲ့သည်မှာ ကြာလေပြီ။

မန်ဟိုနှင့် လောကပါလနတ်မင်းသည် တစ်ယောက်ကိုတစ်ယောက် သဲကြီးမဲကြီးတိုက်ခိုက်နေကြ၏။ သူတို့၏တန်ခိုးများက ပတ်ဝန်းကျင်ကို အဆက်မပြတ် ရိုက်ခတ်နေရာ ဤကြယ်တာရာကောင်းကင်မှာ သိပ်ကြာကြာမခံနိုင်တော့မည့်ပုံပေါ်လေသည်။

မန်ဟို့ကိုယ်မန္တန်၏ စွမ်းအားက မရေမတွက်နိုင်သောကိုယ်ပွားများအား ဖန်ဆင်းကာ မန်ဟို့အား လောကပါလနတ်မင်းနှင့် တန်းတူရပ်စေနိုင်ခဲ့သည်။ နတ်ဆိုးအသွင် ယူထားသော လောကပါလနတ်မင်းက ‌ခေါင်းနောက်လှန်ကာ မည်သည့်အရာကိုမဆို ထိုးဖောက်နိုင်သော အမျက်ဒေါသအပြည့်ဖြင့် ဟိန်းဟောက်လိုက်သည်။ “ပြိုင်ဘက်ကင်းသော နတ်ဆိုးစိတ်ဆန္ဒ”

တစ်ဆက်တည်းမှာပဲ မိုးကောင်းကင်နှင့်မြေပြင်ကို ကိုင်လှုပ်နိုင်သော နတ်ဘုရားအာရုံ ဖြာထွက်လာသည်။ ၎င်းသည် အမျက်ဒေါသ၊ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် မန်ဟို့အား ပိုင်းချလိုက်၏။ ၎င်း သူ့ကို ထိလိုက်သောအခါ မန်ဟို့မျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။ သူ၏တန်ခိုးရှင်အဆင့်ဝိညာဉ်ဖြင့်ပင်လျှင် အဆိုပါနတ်ဘုရားအာရုံ၏စွမ်းအားကို တောင့်ခံဖို့ ခက်ခဲ၏။

သူ နောက်ဆုတ်လိုက်စဉ် သူ့နှုတ်ခမ်းထောင့်များမှ သွေးများ စီးကျလာသည်။ ဤသည်မှာ လောကပါလနတ်မင်းနှင့်တိုက်ပွဲအတွင်း ပထမဆုံးအကြိမ် ဒဏ်ရာရခြင်းဖြစ်ပေသည်။

ထိုအခိုက်အတန့်တွင် လောကပါလနတ်ဆိုး၏မျက်လုံးများက ပို၍ပင်နီရဲလာသည်။ သူက ဟိန်းဟောက်ရင်း နောက်တစ်ကြိမ် တိုက်ခိုက်လိုက်၏။

“မြေအောက်ကမ္ဘာပူးကပ်ခြင်း” စကားလုံးများ ပဲ့တင်ထပ်သွားသည်နှင့် လောကပါလနတ်ဆိုးသည် အရပ်လေးမျက်နှာသို့ ဖြာထွက်လာသော အနက်ရောင်အမျှင်များအသွင် ပြောင်းသွား၏။ မန်ဟို မတုံ့ပြန်နိုင်ခင် ယင်းအမျှင်များက သူ့ကို ပူးကပ်ရန်အလား သူ၏မျက်စိ၊ နား၊ နှာခေါင်းနှင့် ပါးစပ်များထဲ ထိုးဖောက်ဝင်ရောက်လာတော့သည်။

မန်ဟိုက အသက်ပြင်းပြင်းရှူပြီးနောက် လက်နှစ်ဖက်လုံးအား ဖြန့်ကားလိုက်သည်။

“ကိုယ်မန္တန်၊ ကိုယ်ပွားအားလုံး တစ်ကိုယ်တည်းအဖြစ်‌ ပေါင်းစည်းလော့” ချက်ချင်းပင် သူနှင့်တူညီသည့်တိုင် ကွဲပြားသော မန်ဟိုများ သူ၏ပတ်ပတ်ပတ်လည်၌ ပေါ်လာသည်။ အရေအတွက်ကား များပြားလွန်းသဖြင့် ‌ရေတွက်၍ပင် မရပေ။

“ကြယ်တာရာကောင်းကင် ၊ ငါ၏ခန္ဓာ ဖြစ်လာတော့” ပတ်ဝန်းကျင်ရှိ ကြေမွနေသော ကြယ်တာရာကောင်းကင်သည် တွန့်လိမ်ကွေးညွတ်လာပြီး မန်ဟို့ကိုယ်ပွားများဖြင့် ဖွဲ့စည်းထားသကဲ့သို့ ရောင်ပြန်များကို ဖြန့်ကျက်နေသည့် မှန်တစ်ချပ်ပမာ ဖြစ်လာ၏။

“ငါ ရပ်တည်တဲ့နေရာဟာ ငါ၏နိုင်ငံတော်ဖြစ်လာစေသား” မန်ဟို့မျက်လုံးများ ဖျတ်ခနဲပွင့်လာကာ နေမင်းကြီးသဖွယ် တောက်ပနေသည်။ သူသည် ညာခြေကို မြှောက်၍ ဆောင့်နင်းချလိုက်သည်။

ကြယ်တာရာကောင်းကင်မှာ တသိမ့်သိမ့်တုန်သွားလေသည်။

“ငါ၏နိုင်ငံ‌တော်သား ကလေးတို့၊ ငါ့ဝိညာဉ်ကို ကာကွယ်ဖို့ ပေါင်းစည်းကြကုန်လော့” သူက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ထိုသို့ရှူလိုက်လျှင် သူ့ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်တစ်ခုလုံး ကျွံကျသွားတော့သည်။

ဘီလူးကြီးတစ်ကောင် အသက်ရှူလိုက်သကဲ့သို့ပင်။ ဘီလူးမရှိဘဲ မန်ဟိုသာ ရှိသည်က လွဲ၍။ ထိုအသက်လေးတစ်ရှိုက်က ပတ်ဝန်းကျင်ရှိ အရာအားလုံးကို လုံးလုံးလျားလျား ပျက်စီးသွားစေလေသည်။

ပျက်စီးမှုနှင့်အတူ မန်ဟို၏အနှစ်သာရကိုယ်ပွားများသည် သူ့ကိုယ်ထဲ ဝင်ရောက်လာသော အလင်းတန်းများအသွင် ပြောင်းသွား၏။ ကြေမွနေသော ကြယ်တာရာကောင်းကင်၊ သူ၏နိုင်ငံတော်အစရှိသဖြင့် ကိုယ်မန္တန်မှ လာသည့် အရာအားလုံး သူ့ကိုယ်ထဲ ပြန်လည်ဝင်ရောက်လာ၏။

ထို့နောက် မန်ဟိုကား တစ်ကိုယ်လုံး ရွှေအတိပြီးနေသည့်တိုင်အောင် ရွှေရောင်တောက်ပလာတော့သည်။ ရုတ်တရက် သူသည် ခံတပ်ကြီးတစ်ခုပမာ မယိုင်မလဲနိုင်သယောင် ထင်ရ၏။ ယခုတွင် သူ၏ဝိညာဉ်ကား ကိုယ်မန္တန်၏ကာကွယ်မှုအောက်သို့ ရောက်ရှိသွားပြီဖြစ်ရာ နတ်ဆိုး၏ပူးကပ်မှုကား မအောင်မြင်စေတော့ပေ။

“ငါ့ကိုယ်ထဲက ထွက်သွားစမ်း” မန်ဟိုက ကြိမ်းမောင်းလိုက်သည်။ သူ့ကိုယ်ထဲ ထိုးဖောက်ဝင်ရောက်လာခဲ့သည့် အနက်ရောင်အမျှင်များမှာ အတင်းအကြပ် နှင်ထုတ်ခံလိုက်ရတော့သည်။ သူ့ခန္ဓာကိုယ်က နတ်ဆိုးကို အနိုင်ယူလိုက်သော စစ်မြေပြင်ပမာပင်။

သို့သော် အနက်ရောင်အမျှင်များ မောင်းထုတ်ခံလိုက်ရသည့်အချိန်မှာပင် နတ်ဘုရားတစ်ပါး၏အသံကဲ့သို့ အသံတစ်သံ ပဲ့တင်ထပ်လာသည်။ နတ်ဘုရား၏အသံက သက်ရှိသတ္တဝါအားလုံးကို တုန်ရီသွားစေသော မိုးခြိမ်းသံကြီးပမာ ဩဇာကြီးမားလှ၏။

“ပဉ္စမလောကပါလအသွင် ၊ ကောင်းကင်နတ်ဘုရားအသွင်”

All Chapters