← Chapters

ပြန်လည်ဆုံတွေ့ခြင်း

Vol. 162 Ch. 2255

ပြန်လည်ဆုံတွေ့ခြင်း

Vol. 162 Ch. 2255

အထွတ်အမြတ်သမင်တောင်တွင် ကျန်ခဲ့သည်မှာ ဖွတ်ဖွတ်ညက်ညက်‌ ကြေနေသည့်မြင်ကွင်းသာဖြစ်သည်။ မြေပေါ်မှအရာအားလုံးသည် ပျက်စီးနေ ကာ သစ်ပင်များလဲကျနေပြီး ကမ္ဘာမြေကြီးတစ်ခုလုံး မီးမြှိုက်ထားခံခဲ့ရသည်။ မဲတူးနေသောအလောင်းများသည် မမှတ်မိနိုင်လောက်အောင်ပင်။ ဤအလွမ်း အဆွေးမြင်ကွင်းသည် ထိုနေရာတွင်ရှိနေသည်လူများကို မမေ့နိုင်လောက် အောင်ဖြစ်စေသည်။

ထိုကိစ္စကိုအစပြုသူများသည် တင့်တယ်သည့်အင်္ကျီများကို ဝတ်စားထား ပြီး ကြော့မော့သည်အပြုအမူဖြင့်လူများကိုခေါ်သွားခဲ့ရာ သူတို့၏မှတ်ဉာဏ် များထဲတွင် သန့်ရှင်းပြီးလှပသည့်အရာများသာ ကျန်ခဲ့လေတော့သည်။

ထိုလူများသည် ကမ္ဘာမြေကြီးမျက်လုံးကိုလိုချင်သော်လည်း သူမ၏ ရက်စက်မှုများကိုမြင်ပြီးနောက် မည်သူမှ ဘာမှမလုပ်ရဲကြတော့ပေ။

ဒီလိုအားကောင်းတဲ့ မိုးကြိုးဘေးဒုက္ခမှာ အသက်ရှင်ကျန်ခဲ့တဲ့လူတစ် ‌ယောက်ကို ဘယ်သူကများ သူမကို ဘာမှမဖြစ်သလို ဆန့်ကျင်ရဲတော့မှာလဲ။ အဲဒါက ကိုယ့်သေတွင်းကိုယ်တူးတာမဟုတ်ဘူးလား။ သူမသာ စိတ်ခံစားချက် မကောင်းနေလို့ နောက်ထပ် မိုးကြိုးဆင့်ခေါ်လိုက်ရင် ဘယ်သူက လွှတ်နိုင်ဦး မှာလဲ။

ရှောင်ချီနှင့်တခြားသူများကိုတွေးပြီး သူတို့သည် စေ့စပ်တော့မည်မဟုတ် ပေ။ ဒီလိုရတနာမျိုးက တခြားတစ်ယောက်ရဲ့ စာချုပ်သားရဲဖြစ်နေတာ။ သူတို့ သာ ရလိုက်ရင် ဘယ်လောက်ကောင်းမလဲ။

ရှီမာယူယူသည် သူတို့အဖွဲ့ကို အထွတ်အမြတ်သမင်တောင်မှခေါ်ထုတ် ပြီး လေဟာနယ်ထဲမှထွက်လိုက်သည်။ ရှီမာယူယူသည် သားရဲများကိုခေါ်ထုတ် ကာ ထိုအချိန်က အဖြစ်အပျက်ကိုမေးမြန်းလေသည်။

“ဟိန်းသံလေး မင်း ထပ်ပြီးအပျော်ရှာပြန်ပြီလား” ရှီမာယူယူသည် တည်တံ့သောမျက်နှာထားဖြင့် မေးလေသည်။

တကယ်တော့ ဟိန်းသံလေးသည် စိတ်ထဲမှဒေါသကို ထိန်းချုပ်နေရခြင်း ဖြစ်သည်။ သူနှင့်အတူ ရှောင်ချီကိုခေါ်သွားရမည်ဟု သူခံစားရသည်။ ထိုအချိန် က ရှောင်ချီသည် သူ့ထက်သန်မာကာ အတူရှိလျှင်ဘေးကင်းနိုင်သည်။ သူသာ ခေါ်မလာခဲ့လျှင် ထိုမလိုလားအပ်သည့်ကိစ္စဖြစ်ပြီး အားလုံးကို သက်ရောက်မှု ဖြစ်စေမည်မဟုတ်ပေ။

နောက်ပိုင်းတွင် သူဘေးကင်းသွားသော်လည်း အပြစ်မကင်းသလိုခံစားရ သည်။ ယခုအခါ ရှီမာယူယူ ထိုမေးခွန်းကိုမေးသောအခါ သူ မျက်ရည်များ ကျ လာသည်။

“ယူယူ ဒါကဟိန်းသံလေးအမှားမဟုတ်ပါဘူး” အိပ်မက်လေးပြောလေ သည် “အဲတုန်းက ငါတို့တွေတောင်ပေါ်မှာ ဂူသင်္ချိုင်းအကြောင်းကို ဝိညာဉ် သားရဲတွေကိုလိုက်မေးနေတာ.. ဟိန်းသံလေးက ဘာအပိုလုပ်မှမလုပ်ဘူးရယ် အဲလိုနဲ့ ရှောင်ချီရဲ့သရုပ်မှန်ပေါ်သွားတာပါ.. အရမ်းလည်းတိုက်ဆိုင်သွားတာပါ အားနည်းတဲ့သူက ရှောင်ချီရဲ့ အနံ့ကိုမှတ်မိလိမ့်မယ်လို့ ထင်မထားမိကြဘူး”

“ဟုတ်တယ် အဲလူတွေက အရမ်းများတော့ ရှောင်ချီရဲ့သရုပ်မှန်လည်း ပိုပိုပြီးပြန့်သွားတာပဲ” ပန်းလေးသည်လည်း ဟိန်းသံလေးအတွက် ကူပြောပေး လေသည်။

“ယူယူလေး တောင်းပန်ပါတယ် ငါသာခေါင်းမာပြီးအပြင်သွားဖို့ မပြောခဲ့ ရင် ဒီလိုကိစ္စတွေဖြစ်လာမှာမဟုတ်ဘူး” ရှောင်ချီသည် ခေါင်းငုံ့ကာ နောင်တရ စွာဖြင့် လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။

တကယ်တော့ ရှောင်ချီ၏ သရုပ်မှန်သာပေါ်ပေါက်သွားလျှင် နောက်ပိုင်း တွင်ရှီမာယူယူအား ပြဿနာများယူလာနိုင်သည်ကို သူတို့အားလုံးသိထားကြ သည်။ ထို့ကြောင့် အားလုံးသည် သူတို့ကိုယ်သူတို့ အပြစ်တင်ကြသည်။

“ဒီကိစ္စကိုသိပြီးသွားပြီ ကောက်မနေနဲ့တော့” ရှီမာယူယူသည် ဟိန်းသံ လေးကိုဖက်လိုက်သည် “ရှောင်ချီကိစ္စကတော့.. ဟင်း သူတို့ကလေးတွေ ဘယ်လောက်သေစေချင်ကြလဲ ကြည့်ရတာပေါ့”

သူမခန္ဓာကိုယ်မှ လူသတ်တော့မည့်အကြည့်များ ထွက်လာသည်ကို ကြည့်ပြီး သူမသည် အခုလေးတင် မည်သည့်အားစိုက်မှုမှမရှိဘဲ လူများစွာသတ် ခဲ့သည်ကို ကျားနန်ရှင်းတွေးနေမိသည်။ သူမ ဒေါသထွက်သည်ကို သူသိသည်။ သို့သော် သူမ၏စာချုပ်သားရဲများကြောင့် ဖြစ်လိမ့်မည်ဟုထင်မထားပေ။

ရှောင်ချီသည် လူအများ၏အာရုံစိုက်ခြင်းကို ခံရလောက်အောင် မည်သည့်သရုပ်မှန်ရှိသည်ကို သူ မသိပေ။

မကြာမီတွင် သူ သတင်းရလာသည်။ ရှောင်ချီသည် ဝူရှောင်းသောင့် အသက်အရွယ်ခန့်ရှိလောက်သည့် မိန်းကလေးတစ်ယောက်အသွင်ဖြစ်သည်။ သို့သော် သူမသည် ကမ္ဘာမြေကြီးမျက်လုံးဖြစ်လိမ့်မည်ဟု သူ ထင်မထားပေ။

သူတို့ တည်းခိုဆောင်သို့ ပြန်ရောက်ချိန်တွင် ရှီမာယူယူသည် သူ့ကို ခေတ္တမျှစောင့်ခိုင်းပြီး ထွက်သွားလေသည်။ မကြာခင်မှာပင် ကျားနန်တန့်နှင့် အတူ ပြန်လာသည်။

ကျားနန်ရှင်းကို မြင်သောအခါ ကျားနန်တန့်သည် ပျော်ရွှင်စွာဖြင့် ပြေး လာကာ သူ့ကိုဖက်ပြီး ပြောလေသည် “အစ်ကိုကြီး နောက်ဆုံးတော့ တွေ့ရပြီ”

ပုံမှန်အချိန်တွင် တည်ကြည်နေတတ်သည့် ကျားနန်ရှင်း၏ မျက်နှာသည် ကျားနန်တန့်ကိုမြင်သည်နှင့် ပြုံးလိုက်သည်။ သို့သော် တဒင်္ဂမျှသာဖြစ်ကာ စက္ကန့်ပိုင်းအတွင်းမှာပင် အေးစက်သော မျက်နှာထားဖြစ်သွားသည်။ ထိုတင် သာ မကဘဲ သူသည် ကျန်းနန်တန့်ကိုဆွဲခေါ်ပြီး သူ့တင်ပါးကိုနှစ်ချက်မျှရိုက် ကာ အော်လေသည် “မင်း ဘာမှားလဲသိလား”

ကျားနန်တန့်၏ ပျော်မြူးနေသောမျက်နှာသည် ချက်ချင်းပင် ပြိုလဲသွား ကာ ခေါင်းငုံ့ပြီး သူ့အမှားသူဝန်ခံလေသည် “အစ်ကိုကြီးက အရမ်းအန္တရယ်များ တဲ့အခြေအနေ ရောက်နေတယ်ပြောလို့…”

“မင်း အလောတကြီးထွက်လာတော့ ကိုယ်ရံတော်တွင် ဘယ်လောက် တောင် အသတ်ခံလိုက်ရလဲသိလား.. မင်းသာ ယူယူနဲ့မတွေ့ရင် သူမသာ မင်း ကိုကယ်ပြီး ဒီကိုခေါ်မလာရင် အသက်ရှင်နိုင်ဦးမယ်ထင်လား.. မင်းတစ်ခုခုဖြစ် သွားရင် ငါ ဘယ်လိုလုပ်ရတော့မှာလဲ.. မိသားစုကရော ဘယ်လိုလုပ်ရမှာလဲ” ကျားနန်ရှင်းသည် သူ့ကို အပြစ်တင်ဆုံးမလေသည်။

သေသွားသည့် ကိုယ်ရံတော်များကို တွေးပြီး ကျားနန်တန့်သည် သူ့ကိုယ် သူ အပြစ်တင်၍မဆုံးနိုင်ကာ မျက်ရည်များကျလာသည် “ကျွန်တော်လည်း သူတို့ကို မသေစေချင်ပါဘူး.. ဒါပေမဲ့ သူတို့သေသွားကြပြီ အကုန်လုံးက ကျွန်တော့်အမှားတွေပါ ဟူး ဟူး အစ်ကိုကြီး ကျွန်တော်မှားပါတယ်”

ရှီမာယူယူ၏ရှေ့တွင် သူသည် မျက်ရည်တစ်စက်မှမကျခဲ့ပေ။ ယခုအချိန် မှာ သူ၏ဆွေမျိုးများကို တွေ့နေရ၍လားမသိပေ.. သူ့စိတ်ထဲမှ ကြောက်ရွံ့မှုနှင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မှုများထွက်လာပြီး ကျားနန်ရှင်းကို တင်းကြပ်စွာ ဖက်ပြီးငိုလေသည်။

ကျားနန်ရှင်း သက်ပြင်းချမိသည်။ သူသည် သူ့ကိုယ်သူ ကာကွယ်ရန် သန်မာလှသည်မဟုတ်ပေ။

ရှီမာယူယူသည် သူ့ကိုတစ်ချက်ကြည့်ပြီး တံခါးဖွင့်ကာ ထွက်သွားလေ ၏။

ဝူရှောင်းသောင့်သည် ဘေးအခန်းမှထွက်လာပြီး ရှီမာယူယူကို ကြည့်ကာ ပြောလေသည် “အမေ သူ့ကိုကျားနန်အိမ်တော်ကို ပြန်လိုက်ပို့မှာလား”

ရှီမာယူယူသည် ခေါင်းခါလိုက်သည် “အမေတို့မသွားဘူး.. အရင်ဆုံး နဝမ မရဏာအိမ်တော်ကို သွားကြတာပေါ့”

“ဟမ် အမေ နဝမမရဏာအိမ်တော်ကို ဘာလို့ပြန်ချင်တာလဲ” ဝူရှောင်း သောင့်သည် သိချင်စိတ်ဖြင့်မေးလေသည်။

“ဘယ်လိုပဲဖြစ်ဖြစ် လုပ်စရာမှမရှိတာ” ရှီမာယူယူသည် ပြောပြီးနောက် သူမ၏ အခန်းသို့ပြန်လေသည်။

ဝူရှောင်းသောင့်သည် ဝူချီယောင်ကို ဘေးသို့ဆွဲပြီးမေးလေသည် “ရှောင်း ယောင်ယောင် အမေက နဝမမရဏာအိမ်တော်ကို ပြန်ချင်နေတာ ဘာလို့လဲ ဆိုတာ နင်သိလား”

“အမေက နဝမမရဏာမျိုးနွယ်ရဲ့ ဘုရင်မလေးလေ.. ပြန်တာက ဘာ ထူးဆန်းလို့လဲ” ဝူချီယောင်သည် သူမကို ပြန်မေးလေသည်။

“သူမ ပြန်မယ်လို့ အမေက ဘယ်တုန်းကမှ မပြောခဲ့ဘူးလေ”

“စိတ်ပြောင်းသွားလို့နေမှာပေါ့” ဝူချီယောင် ပြောလေသည် “ဘယ်လိုပဲ ဖြစ်ဖြစ် ငါလည်းပြန်ရမှာပဲ စောသွားတာပဲရှိတာ… နင်တကယ်သိချင် အမေ့ကို ပဲ တိုက်ရိုက်သွားမေးပါလား”

ဝူရှောင်းသောင့် နှုတ်ခမ်းဆူသွားသည်။ သူမသာ အမေ့ကိုမေးလို့ရရင် ဘာလုပ်ဖို့ သူ့ကိုလာမေးနေဦးမှာလဲ။

နှစ်ရက်အတွင်းတွင် ကျားနန်မိသားစုမှလူများ ရောက်လာကြသည်။ ရှီမာယူယူသည် အဆင့်မြင့်သောလူများကို တွေ့ပြီး ကျားနန်ရှင်းမှာ မည်သည့် ပြဿနာမှမရှိဘဲ ပြန်နိုင်တော့မည်ကို သိလိုက်သည်။

“အစ်မယူယူ နောက်မှ အချိန်ပေးပြီး ကျွန်တော်တို့အိမ်ကို လာလည်ပါ” ကျားနန်တန့်သည် မခွဲနိုင်ဘဲမျက်လုံးများသည် နီရဲနေသည်။

“ဟုတ်ပါပြီ”

ကျားနန်ရှင်းသည် ရှီမာယူယူကို ခေါင်းညိတ်ပြပြီး သူ့အခြွေအရံများဖြင့် ထွက်သွားလေသည်။

ရှီမာယူယူသည် ချန်ကျိုးကိုခေါ်ထုတ်လိုက်သည်။ သူသည် နတ်ဘုံနှင့် ရင်းနှီးနေပြီး နဝမမရဏာအိမ်တော်ကို မည်သို့သွားရမည်ကို သိသည်။

သို့သော် သူတို့တည်းခိုဆောင်မှ ထွက်မလာခင်တွင် ရှောင်ချီကို လိုက်ဖမ်း သည့်လူ ပထမအသုတ်နှင့်တွေ့လေသည်။ သူတို့သည် သူမ၏ မိုးကြိုးဘေးဒုက္ခ ကိုကြောက်၍လားမသိပေ၊ ထိုလူများသည် ရောက်လာသည်နှင့် စကားတစ် ခွန်းမှမပြောဘဲ တိုက်ခိုက်ကာ မိုးကြိုးဘေးဒုက္ခကိုဆွဲခေါ်သည့် အခွင့်အရေး မပေးပေ။ မိုးကြိုးဘေးဒုက္ခကို ဆွဲခေါ်ရန် အခွင့်အရေးမပေးသ၍ ထိုအမျိုးသမီး ၏ အင်အားမှာ မကြီးလှပေ။ သူမကိုသတ်ရန်ဖြစ်နိုင်သည်။ သူမ သေသွားသည် နှင့် ကမ္ဘာမြေကြီးမျက်လုံးတွင် သခင်ရှိတော့မည်မဟုတ်ပေ။

အစပိုင်းကပင် တိုက်ခိုက်မှုကြမ်းတမ်းလှသဖြင့် သူတို့၏ဆိုလိုရင်းကို ရှီမာယူယူမသိပေ။ ဒါပေမဲ့ ဒီလောက်အားနဲ့ဆိုရင် သူမကိုသတ်ချင်နေတာ လား။ အိပ်မက်မက်နေလိုက်တော့။

ရှီမာယူယူသည် မီအာနှင့်တခြားသူများကိုခေါ်ထုတ်လိုက်သည်။ လူနည်း စုကို လူနည်းစုနှင့်ရှင်းရမည်။ ထို့နောက် မကြာခင်တွင် သူတို့ကို ရှင်းပြီးလေ သည်။

“ဒီလူတွေ လှုပ်ရှားတာမြန်တယ်.. ဒီကနေအမြန်ထွက်သွားမှဖြစ်မယ့်ပုံပဲ” ရှီမာယူယူသည် ဝိညာဉ်စေတီအတွင်းသို့ လူများထည့်လိုက်ပြီး ပုလ္လင်ငယ်ထုတ် ကာ ထိုင်လိုက်သည်နှင့် ချက်ချင်းပျောက်ကွယ်သွားလေသည်။

သူမ ထွက်သွားပြီးမကြာမီတွင် တည်းခိုဆောင်အပြင်ဘက်၌ ထောင်ချီ သောလူများစုဝေးကြလေသည်။ သူတို့အားလုံးသည် အထွတ်အမြတ်သမင် တောင်မှဖြစ်ကြသည်။

သူတို့ တည်းခိုဆောင်ကိုဝိုင်းလိုက်ချိန်တွင် အလောင်းများကိုမြင်သည်နှင့် ရှီမာယူယူထွက်ပြေးသွားသည်ကိုသိလိုက်သဖြင့် နောင်တရကြလေသည်။

မကြာမီတွင် နတ်ဘုံတွင် ကမ္ဘာမြေကြီးမျက်လုံးပေါ်လာသည့်သတင်း သည် ပြန့်သွားလေသည်။ ထိုအချိန်တွင် ရှီမာယူယူ ပျောက်သွားပြီဖြစ်သည်။

***

All Chapters