← Chapters

အကြီးကြီးတစ်ခုခုဖြစ်တော့မယ်

Vol. 162 Ch. 2256

အကြီးကြီးတစ်ခုခုဖြစ်တော့မယ်

Vol. 162 Ch. 2256

အဖော်မဲ့မြို့သည် ထူးခြားပြီး အင်အားကောင်းသည် အင်အားစုမရှိသဖြင့် နတ်ဘုံတွင် မထင်မရှားမြို့တစ်မြို့ဖြစ်သည်။ သို့သော် ထိုမြို့သည် အရင်က စည်ပင်သာယာခဲ့သည်။ သို့သော် နဝမမရဏာမျိုးနွယ်မကျဆင်းခင်ကဖြစ်ခဲ့ ခြင်းပင်။

ရှီမာယူယူ အဖော်မဲ့မြို့သို့ရောက်သောအခါ ချန်ရှန်းဆီသို့ ချက်ချင်း မသွားဘဲ တည်းခိုရန် တည်းခိုဆောင်ရှာလိုက်သည်။

ဝူရှောင်းသောင့်သည် ရှီမာယူယူ၏ ခန္ဓာကိုယ်ကိုမှီကာ သူမ၏လက်ကို ဆုပ်ကိုင်ထားပြီး ခေါင်းတင်ထားကာ ပုခုံးပေါ်တွင် သက်တောင့်သက်သာနား နေလေသည်။ ထိုပုံစံသည် သူ ကလေးဘဝကတည်းကပင် အနှစ်သက်ဆုံး အနေအထားဖြစ်သည်။

“အမေ ဒီကိုရောက်နေပြီကို ဘာလို့ပြန်မသွားသေးတာလဲ” သူမ၏ မိခင် ဖြစ်သူသည် အထွတ်အမြတ်သမင်တောင်မှ ထွက်လာကတည်းကပင် မည်သည့် အတွေးများတွေးနေသည်ကို မသိတော့ပေ။

သူမ ဤနေရာသို့ ပြန်လာချင်သည်ဟုဆိုသော်လည်း ရောက်လာချိန်တွင် ပြန်မသွားခဲ့ပေ။ ဝူရှောင်းသောင့်သည် သူမ၏ အပြုအမူများကို နားမလည် တော့ပေ။

“အင်း အမေတို့မပြန်ခင် သူတို့နှစ်ယောက်ကို အရင်တွေ့ရမယ်” ရှီမာယူ ယူသည် သူမ၏လက်ကိုပုတ်လိုက်သည်။ “ဒါက ချန်မိသားစုရဲ့နေရာလေ.. သမီးနဲ့ ရှောင်းယောင်ယောင်တို့ အပြင်သွားချင်ရင် သွားလည်ကြလေ”

ဝူရှောင်းသောင့်သည် မျက်လုံးလှိမ့်ကာ ပြုံးပြီးပြောလိုက်သည် “ဟုတ်ပြီ ရှောင်းယောင်ယောင် နင် ငါနဲ့အပြင်လိုက်ခဲ့”

ဝူချီယောင်သည် ထကာ သူမနှင့်အတူ ထွက်သွားလေသည်။ အပြင်သို့ ရောက်သည်အထိစောင့်ပြီး သူ မေးလေသည် “နင် ဘာလုပ်ချင်လို့လဲ”

“အဖေ့ကို ဒီကိုခေါ်လာမယ်လေ လုပ်ကြမလား” ဝူရှောင်းသောင့် ပြော လေသည် “အမေက ငါတို့နောက်ကွယ်မှာ တစ်ခုခုလုပ်တော့မယ်လို့ ငါ ခံစား နေရတယ်.. အဖေသာ ဒီမှာရှိရင် အမေ့ကို ဘယ်သူမှအနိုင်ကျင့်လို့မရဘူး”

ဝူချီယောင် ပြုံးလိုက်သည် “တစ်ခါတစ်ခါ နင်ဉာဏ်ကောင်းတဲ့အချိန်ဆို တာ ရှားတယ်”

“တစ်ခါတစ်ခါ ဆိုတာဘာအဓိပ္ပာယ်လဲ ငါကအရမ်းဉာဏ်ကောင်းတာပါ နော်” ဝူရှောင်းသောင့်သည် မောင်လေးဖြစ်သူကို လက်သီးဆုပ်ဝှေ့ယမ်းပြလိုက် သည် “နင် ငါ့အကြံကို သဘောတူမှတော့ အဖေနဲ့ဆက်သွယ်လိုက်ရအောင်.. သူ ဒီကိုလာဖို့ အဲဒီကကိစ္စတွေ ဖြေရှင်းဖို့ ရက်နည်းနည်းကြာလောက်တယ်”

“မလိုဘူး ငါ သူ့ကိုပြောပြီးပြီ” ဝူချီယောင် ပြောလိုက်သည်။

“အဖေ့ကို ပြောပြီးပြီဟုတ်လား ဘယ်တုန်းကလဲ ဘာလို့ငါ့ကိုမပြောတာ လဲ” ဝူရှောင်းသောင့်သည် ဒေါသထွက်ထွက်ဖြင့် သူ့ကိုစိုက်ကြည့်လေသည်။

“လွန်ခဲ့တဲ့ရက်ပိုင်းကပဲ နင် ဒီအကြောင်းတွေ မတွေးမိတဲ့အချိန်ကပေါ့.. ငါ နင့်ကိုပြောလိုက်ရင် ချက်ချင်းလှည့်ပြီး အမေ့ကိုပြောမှာပေါ့” ဝူချီယောင် သည် အစ်မဖြစ်သူကို ကောင်းစွာသိသည်ဆိုသည့် ပုံစံဖြင့်ကြည့်လေသည်။ သူ သည် သူအကြောင်း ကောင်းကောင်းကြီးသိသည်။

ဝူရှောင်းသောင့်သည် နှုတ်ခမ်းဆူကာ သူ့စကားများကို မငြင်းပယ်ဘဲ ဆက်ပြောလေသည် “အဖေက မကြာခင်လာတော့မှာလား.. လက်ထဲကကိစ္စ တွေရှင်းလို့မပြီးသေးတာလား”

“မဟုတ်ဘူး” ဝူချီယောင်သည် အသေအချာပင် ပြန်ပြောလေသည်။

“အဖေ့ကို ဘယ်လိုပြောလိုက်တာလဲ”

“အမေ နတ်ဘုံကိုရောက်ပြီးတော့ သူမနားမှာ ပျားရိုင်းတွေနဲ့ လိပ်ပြာတွေ အရမ်းများနေတယ်.. တချို့က တော်တော်လေးကြည့်ကောင်းတယ်.. နင် ဈေးဝယ်ထွက်ချင်တာမဟုတ်ဘူးလား သွားရအောင်”

ဝူချီယောင်သည် ပြောပြီးနောက် ထွက်လာခဲ့လေသည်။ သူ ပြောခဲ့သည့် စကားကိုတွေးပြီးနောက် ဝူရှောင်းသောင့်သည် သူ့နောက်သို့ ပျော်ရွှင်စွာ လိုက် ခဲ့လေသည် “နင့်ချဉ်းကပ်နည်းက မဆိုးဘူးပဲ”

“ဒါပေါ့”

“ဒါပေမဲ့ နင်က ငါ့နောက်ကွယ်မှာ လုပ်ခဲ့တာဆိုတော့ ငါ့ကို ကြာကြာ လေး အဖော်ပြုပေးရမယ်”

“ဟုတ်ပြီ”

“ရှောင်းယောင်ယောင် နင် ဒီလောက်အေးစက်တာ အနာဂတ်မှာ မိန်းမ ရှာတွေ့ပါဦးမလား”

…..

ရှီမာယူယူသည် အခန်းထဲတွင်ရှိနေကာ ကလေးနှစ်ယောက် အပြင်သွား သည်ကို စိတ်မပူနေပေ။ သို့သော် ချန်ကျိုးကို နောက်မှလိုက်သွားခိုင်းလိုက်၏။

သူမ အထွတ်အမြတ်သမင်တောင်မှ ထွက်လာပြီးနောက် သူမ၏ တည်နေရာကို ခြေရာခံနေသူ များပြားလှသည်ကို သိသည်။ ထိုလူများသည် ရှောင်ချီကို လုယူရန် အကြံရှိကြသည်။ သို့သော် သူတို့သည် ပြဿနာငယ်များ သာဖြစ်ကာ စိတ်ပူရလောက်သည်အထိမဟုတ်ပေ။ သူမ စိတ်ပူသည်မှာ နတ်ဘုံတွင် အတားအဆီးမရှိ သွားနိုင်သည့် နန်းတော်လေးဆောင်မှလူများကို ဖြစ်သည်။ အဖော်မဲ့မြို့သို့လာရာလမ်းတစ်လျှောက်တွင် မြို့တိုင်း၌ နန်းတော် လေးဆောင်မှလူများရှိသည်ကို တွေ့ခဲ့ရသည်။ ငမ်းငမ်းတက်နန်းတော်၊ သွေးဆာနန်းတော်၊ ခေါင်းမာနန်းတော်၊ အကျော်အမော်နန်းတော် တစ်ခုမှ မကျန်ပေ။ ပြီးနောက် သူတို့သည် ကမ္ဘာပေါ်ရှိ လှုပ်ရှားမှုများကို မဖုံးကွယ်ပေ။ ထို့ကြောင့် နန်းတော်လေးဆောင် လုပ်နေသည့်အရာများကို အားလုံးသိကြ သည်။

သူတို့ အတူတကွဖြေရှင်းသည့် ကိစ္စသည် နှစ်ပေါင်းသောင်းချီအတွင်း ဖြစ်ပျက်ခြင်းမရှိခဲ့ပေ။ အချိန်အတိုင်းအတာတစ်ခုအထိ အားလုံးသည် ပျာယာ ခတ်နေကြကာ နတ်ဘုံတွင် အကြီးအကျယ်တစ်ခုခုဖြစ်တော့မည်ဟု အားလုံး ခန့်မှန်းထားကြသည်။

သူတို့ မည်သည့်အရာကို ရှာနေကြသည်ကို ရှီမာယူယူသိသည်။ အံ့ဖွယ် ဟင်္သပဒါးငှက်၏ အငွေ့အသက်ထွက်လာကာ အများစုမှာထိုအကြောင်းကို မသိကြပေ။ သတ္တဝါကြီးလေးကောင်သည် အာရုံခံမိနိုင်သည်။ ဘေးအန္တရာယ် သားရဲများနှင့် အံ့ဖွယ်သားရဲလေးကောင်တို့သည် ရန်သူဟောင်းများဖြစ်ကြ သည်။ အရင်က အံ့ဖွယ်သားရဲများကို အနိုင်ရရန်နှင့် သူတို့ နတ်ဘုံတွင်အုပ်စိုး ရန်အတွက် မည်သည့်နည်းလမ်းကိုသုံးခဲ့သည်ကို သူမမသိပေ။ အံ့ဖွယ်ဟင်္သ ပဒါးငှက်သေသွားပြီဟု သူတို့အားလုံးထင်ထားကြသည်။ သို့သော် နှစ်ပေါင်း များစွာ ကြာပြီးမှ ပြန်လာလိမ့်မည်ဟု သူတို့ထင်မထားကြပေ။

သူမသည် ပြတင်းပေါက်ဘေးတွင်ထိုင်ကာ လူများ သွားသွားလာလာလုပ် နေသည်ကို ကြည့်နေချိန်တွင် လူတချို့သည် အခန်းထဲတွင် တိတ်တဆိတ် ပေါ် လာသည်။

သူမ၏ မအံ့ဩသောအသွင်အပြင်ကို ကြည့်ပြီး ဧည့်သည်များသည် မျက်ခုံးများပင့်သွားကြသည် “ငါတို့ကိုစောင့်နေတာလား”

“သခင်ကျွင်း ဒီနာမည်ကို ကြားဖူးတာကြာပြီ” ရှီမာယူယူသည် ထကာ အရိုအသေပေးလိုက်သည်။

“ငါတို့လာမယ်ဆိုတာ သိနေတာလား” ဦးဆောင်လာသူသည် ဖူရှီ၏ ဆရာ ၂ ကျွင်းပိုင်ဖြစ်ကာ ကမ္ဘာပေါ်မှ သူတော်စင်ဖြစ်သည်။

ကျွင်းပိုင်၊ ရင်လင်း၊ ဟုန်းယွမ်နှင့် လက်ထောက်လေးတို့သည် ရောင်ဝါ များမတူကြပေ။ သူ့တွင် လျှို့ဝှက်သောအသွင်အပြင်မရှိပေ။ သူသည် ဝဖိုင့်ပြီး ဟန်ဆောင်မှုမရှိဘဲ လက်တွေ့ကျသည့် ဗုဒ္ဓကဲ့သို့အပြုံးရှိသည်။

ကျွင်းပိုင်သည် သူမကိုကြည့်ပြီး ပြုံးကာ ပြောလေသည် “ကောင်မလေး နောက်ဆုံးတော့ မင်းကိုတွေ့ရပြီပဲ”

ရှီမာယူယူ ပြုံးလေသည် “ဖူရှီရော အဆင်ပြေရဲ့လား”

“တရားကျင့်ကြံနေတယ်.. နောက်ဆုံးမှာ နိုးပြီးအမွေဆက်ခံရုံပဲ.. မင်း မလာခင်ကတည်းက လုပ်နေတာ” ကျွင်းပိုင်ပြောလေသည် “သူ ပြန်ထွက်လာ ရင် အရင်လိုကလေးမဟုတ်နိုင်တော့ဘူး”

သူထွက်လာချိန်တွင် နဂါးးပြန်လာတော့မည်။ ပင်လယ်လေးစင်းသည် အညံ့ခံရတော့မည်။

“နန်းတော်လေးဆောင်က သူ့ကို ချောချောမွေ့မွေ့အဆုံးသတ်နိုင်အောင် ခွင့်ပြုပါ့မလား” ဖူရှီသည် အရေးအကြီးဆုံးအချိန်ကာလကို ရောက်နေလိမ့်မည် ဟု ရှီမာယူယူ ထင်မထားပေ။

သူတို့အားလုံးသည် ကြက်သွေးရောင်မီးတောက်နှင့် ပတ်သက်ပြီး အလွန် စိတ်ပူပန်နေကြသည်။ ပြီးနောက် နောက်တစ်ယောက်ဖူရှီပေါ်ထွက်လာပြန် သည်။ သူတို့သည် ဒီအတိုင်းထိုင်ကြည့်နေမည်မဟုတ်ပေ။

“နန်းတော်လေးဆောင်က လုပ်မှာမဟုတ်ဘူး.. ဒါပေမဲ့ မင်းကူညီနေတာ မဟုတ်ဘူးလား” ကျွင်းပိုင် ပြောလိုက်သည်။

ရှီမာယူယူသည် တဒင်္ဂမျှမှင်တက်သွားသော်လည်း တစ်ခါတည်း နားလည်လိုက်သည်။ ထိုနေ့က သားရဲလေးကောင်သည် ကြက်သွေးရောင်မီး တောက်၏ ရောင်ဝါကို အာရုံခံမိလိုက်ကြသည်။ ရောင်ဝါသည် အချိန်တစ်ခဏ မျှသာ ပေါ်ပေါက်သွားသဖြင့် သူ၏တည်နေရာကိုခြေရာခံရန် လူအများအပြား စေလွှတ်ရသည်။ သည်လိုနှင့် ဖူရှီဘက်မှာ သာသာယာယာြဖစ်နေသည်။

“အဲနေ့က မြွေတွေကိုခြောက်လှန့်ချင်ရုံပါပဲ ဒီလိုဖြစ်သွားမယ်လို့ ထင်မထားမိဘူး” သူမ ပြုံးလိုက်သည် “ဒါပေမဲ့ ရပါတယ်”

“မင်းရဲ့အခြေအနေကလည်း အကောင်းဘက်မှာတော့မရှိဘူး” ကျွင်းပိုင် သည် နေရာတစ်ခုရှာကာ တရင်းတနှီးရှိသလိုပင် ထိုင်လိုက်သည်။

ရှီမာယူယူသည် မျက်ခုံးများကို ပင့်လိုက်သည်။ ဒီလူက ရောက်လာတာနဲ့ သူမ လုပ်မယ့်ဟာကို သိနေပြီလား။

“ငါ့ကို အဲလိုမျိုးမကြည့်နဲ့” ကျွင်းပိုင်သည် သစ်ချသီးနှစ်လုံးထုတ်ပြီး ခေါက်နေလေသည်။ ထိုမြင်ကွင်းသည် ဖူရှီလုပ်နေကျအတိုင်းပင်။ ပြီးနောက် သူခေါ်လာသောလူများသည် တုံ့ပြန်မှုမရှိပေ။ သူတို့သည် အသားကျနေပုံပင်။ ကျွင်းပိုင်သည် သစ်ချသီးကိုခွဲပြီး အထဲမှအသားကိုယူကာ ပြောလိုက်သည် “အစကတော့ ဒီအကြောင်းကို မင်းရောက်လာတာနဲ့ မပြောချင်ပါဘူး.. ဒါပေမဲ့ အခုမင်းမှာအချိန်မရှိတော့ဘူး.. မင်း အားနည်းတာကိုတော့ ထည့်ကိုမပြောနဲ့.. မင်းသာ အဲလူတွေဖမ်းတာခံလိုက်ရရင် အားလုံးရဲ့ကံကြမ္မာလည်း ကျိုးပျက် သွားပြီး ပြန်လှည့်ဖို့အခွင့်အရေးမရှိတော့ဘူး”

“ပြီးခဲ့တဲ့နှစ်တွေမှာ နန်းတော်လေးဆောင်က သန်မာပြီးရင်း သန်မာ လာခဲ့တယ် အရင်ကဆိုရင် နဝမမရဏာမျိုးနွယ်.. ကျားနန်မျိုးနွယ်လိုမျိုး ဖြောင့်မတ်တဲ့အင်အားစုတွေလည်းရှိခဲ့တယ် ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ သူတို့ အားလုံးက အခုအချိန်မှာ ပျောက်ကွယ်သွားကြပြီ အဲဒါကြောင့် သားရဲကြီးလေး ကောင်ကို အနိုင်ယူချင်ရင် သူတို့အကုန်လုံးကိုစုဖို့လိုလိမ့်မယ်”

“ကြည့်ရတာ တခြားအံ့ဖွယ်သားရဲနှစ်ကောင်ကိုလည်း ရှာစေချင်တဲ့ပုံပဲ” ရှီမာယူယူသည် ချက်ချင်းပင် သူလာလည်ရသည့်အကြောင်းအရင်းကို ခန့်မှန်း နိုင်လိုက်သည်။

ကျွင်းပိုင်သည် သူမကို ချီးကျူးသည့်အကြည့်ဖြင့် ကြည့်ပြီး ပြောလိုက် သည် “ဒါက မင်းနဲ့ အံ့ဖွယ်သားရဲလေးကောင်ရဲ့ ဆက်သွယ်ချက်ပဲ.. မင်း တခြား နှစ်ကောင်ကိုတွေ့နိုင်တယ်.. အဲဒီတော့ ဒီအလုပ်က မင်းအတွက်ပဲ”

“ဒါဆိုရင် သူတို့ကိုရှာဖို့ ဖူရှီကိုအရင်က ခိုင်းဖူးလား” ရှီမာယူယူ မေးလိုက် သည်။

***

All Chapters