← Chapters

ခံစားချက်ပါပါ သက်ပြင်းချခြင်း

Vol. 162 Ch. 2257

ခံစားချက်ပါပါ သက်ပြင်းချခြင်း

Vol. 162 Ch. 2257

ကျွင်းပိုင် သက်ပြင်းချလိုက်သည်။ ထိုသက်ပြင်းတွင် ခံစားချက်များစွာ ပါ နေသည်။ အစကတော့ ဖူရှီ၏အခြေအနေသည် အကျပ်အတည်းဖြစ်နေခဲ့ကာ နောက်ကျလုနီးပါးဖြစ်နေခဲ့သည်။ ကံကောင်းစွာပင် သူတို့ ဤနေရာသို့ ရောက် လာခဲ့သည်။

စိတ်ထဲမှ ရှုပ်ထွေးနေသော ခံစားချက်များနှင့်အတူ ကျွင်းပိုင်၏ အသံ သည် လေးလံနေသည် “ဖူရှီက နောက်ဆုံးနိုးထတာမပြီးသေးဘူး.. အဲဒါကြောင့် နဂါးအစစ်ဖြစ်ပြီလို့ သတ်မှတ်လို့မရသေးဘူး.. အစစ်အမှန်ကိုရောက်ပြီလို့ တွေးလို့မရသေးဘူး.. ပြီးခဲ့တဲ့တစ်ခေါက် ငါ မင်းကိုတွေ့ဖို့သွားခဲ့ရင်တောင် မင်းနဲ့ ယွမ်ရှောင်ကျယ်တို့ကြောင့် ဆက်သွယ်လို့ပဲရတယ်.. ဒီတစ်ခေါက် သူ ဂူပိတ်တရားကျင့်တာ စောင့်လို့လည်းရတယ်.. ဒါပေမဲ့ မင်းမှာ အဲလောက် အချိန်မရှိဘူးလေ.. ပြီးတော့ သားရဲလေးကောင်ထဲမှာ အံ့ဖွယဟင်္သပဒါးငှက်က ခေါင်းဆောင်လေ.. သူနဲ့ ကျန်သုံးကောင်ရဲ့ ဆက်ဆံရေးက အရမ်းထူးခြားတယ် သူ့ရဲ့ အငွေ့အသက်နဲ့ဆိုရင် ရလဒ်ကတွက်လို့ရနေပြီ.. လုံးဝမလွဲဘူး”

“ကျွန်မသိပြီ” ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “အဲဒီတော့ တခြား အံ့ဖွယ်သားရဲနှစ်ကောင်ရဲ့ တည်နေရာကို ရှင်ဂမ္ဘီရဉာဏ်နဲ့ကြည့်ပြီးပြီပေါ့”

“ကြည့်နိုင်ရင် ဒီခရီးကိုလာဖို့တောင်မလိုဘူး” ကျွင်းပိုင်သည် ခေါင်းခါ လေသည် “ငါ ဂမ္ဘီရဉာဏ်နဲ့ကြည့်မယ်ဆိုရင် အံ့ဖွယ်ဟင်္သပဒါးငှက်ရှိနေဖို့လို တယ်”

“အိုး” ရှီမာယူယူ နားလည်သွားသည် “ဒါပေမဲ့ အခုတော့မဟုတ်သေးဘူး”

ကြက်သွေးရောင်မီးတောက်ထွက်လာသည်နှင့် သားရဲလေးကောင်သည် သူ၏ အငွေ့အသက်ကို အာရုံခံမိမည်ဖြစ်သည်။ ကြက်သွေးရောင်မီးတောက် သာ ယခုအချိန်ထွက်သွားလိုက်လျှင် ဤနေရာမှ အချိန်တိုအတွင်း ထွက်သွားရ နိုင်သည်။ သူမသည် အိမ်တော်သို့ မပြန်ရသေသောကြောင့် စောစောပြန်ရလျှင် လက်ရှိနဝမမရဏာမျိုးနွယ်၏ အခြေအနေကို သိနိုင်တော့မည်မဟုတ်ပေ။ ထို့ကြောင့် အချိန်တစ်ခုကြာသည်အထိ စောင့်ရန်လိုသည်။

“အင်း ရပါတယ်” ကျွင်းပိုင်သည် ခေတ္တမျှရပ်သွားကာ သစ်ချသီးကို ခေါက်ပြီးပြောလေသည် “မင်းမှာနောက်တစ်ယောက်ထပ်ရှိရင် ဘေးကင်းပါ တယ်”

နောက်တစ်ယောက်မှာ မည်သူမည်ဝါဖြစ်သည်ကို ရှီမာယူယူ မမေးပေ။ သို့သော် သူ့ကိုထိုပုံစံအတိုင်း ကြည့်ရာ မည်သူ့ကိုရည်ညွှန်းနေသည်ကို ခံစား၍ ရသည်။

“သခင်ကျွင်း ကျွန်မ တစ်ခုလောက်မေးချင်ပါတယ်” သူမ ပြောလိုက် သည်။

“ကျေးဇူးပြုပြီး ပြောပါ” ကျွင်းပိုင်သည် ခေါင်းမမော့ဘဲ သာမန်ကာလျှံ ကာပြန်ဖြေလေသည်။

ဂမ္ဘီရပညာဖြင့် စစ်ဆေးကြည့်ရသည်မှာ သာမန်ထိခိုက်မှုမျိုးမဟုတ်ပေ။

“နဂါးနက်ကိုယ်ရံတော်.. သူတို့ကိုသိလား” ရှီမာယူယူ မေးလိုက်သည်။

ကျွင်းပိုင်၏ တူသည် ရုတ်တရက် ရပ်တန့်သွားသည်။ သူသည် ခေတ္တမျှ ရပ်တန့်သွားကာ သစ်ချသီးကိုဘေးချပြီး လက်ခုပ်တီးကာ ပြောလေသည် “မင်း အတွက် ဗေဒင်ကြည့်ပေးမယ်”

ရှီမာယူယူသည် အနည်းငယ် အံ့ဩသွားသည်။ သူမသည် အမှောင် အရာဝတ္ထုများကို သူသိနေမလားဟု နဂါးနက်ကိုယ်ရံတော်များအကြောင်း မေးရုံသာရှိသေးသည်။ သူက ဘာလို့ရုတ်တရက်ကြီး ဗေဒင်ကြည့်ပေးရတာလဲ။

ကျွင်းပိုင်သည် များများစားစားမပြောပေ။ သူသည် ပစ္စည်းကိရိယာများ ထုတ်ကာ စတင်တော့သည်။ ရှီမာယူယူသည် သူ့ကိုမနှောင့်ယှက်တော့ဘဲ သူ့ ဘေးသို့လျှောက်သွားကာ ထိုင်လိုက်သည်။

ကျွင်းပိုင်သည် အာရုံခံနေရင်းနှင့် မျက်မှောင်ကြုတ်နေသည်။ ပြီးနောက် ခေါင်းမော့လာကာ ရှီမာယူယူကို ကြည့်သည်။ သူသည် ခေတ္တမျှတုံ့ဆိုင်းသွား ကာ ဆုံးဖြတ်ချက်ချပြီးသည့်အလား လက်ဖက်ရည်စားပွဲကိုညွှန်ပြကာ ပြော လေသည် “ဒီမှာ မင်းလက်လာထားလိုက်”

ပထမဆုံးကံကြမ္မာကြည့်တာကို လက်တွေလိုလို့လား။ ရှီမာယူယူသည် လေသံဖြင့် ရေရွတ်လိုက်သော်လည်း ကျိုးနွံစွာပင် လက်များကိုတင်လိုက်၏။ အစက သူလှည့်စားတော့မည်ဟု ထင်လိုက်သည်။ သို့သော် သူမ လက်တင် လိုက်သောအခါ သူမပတ်ပတ်လည်တွင် အင်အားတစ်ခုမှဆွဲငင်နေသည်ကို ခံစားမိလိုက်သည်။ သူမသည် လက်များကို သိချင်စိတ်ဖြင့် စိုက်ကြည့်နေမိ သည်။

“ဖူး”

ကျွင်းပိုင်သည် ပါးစပ်အပြည့်သွေးများအန်ချရာ အစပိုင်း မဆိုင်သလိုနေ နေသော သူ့နောက်လိုက်များသည် ထိတ်လန့်သောမျက်နှာထားများဖြင့် အမြန် ပြေးလာပြီး သူတို့ထဲမှတစ်ယောက်သည် ဆေးတစ်လုံးထုတ်ပြီး သူ့ကိုကျွေး လေသည်။

ကျွင်းပိုင် ရုတ်တရက်သွေးအန်လိမ့်မည်ဟု ရှီမာယူယူ ထင်မထားပေ။ သူ ဆေးသောက်ပြီးနောက် ကောင်းလာသည်ကိုကြည့်ပြီး သူမသည် အပြစ်မကင်း စွာဖြင့် ပြောလိုက်သည် “တောင်ပန်ပါတယ် အဲလောက် ပြင်းထန်လိမ့်မယ်လို့ ထင်မထားဘူး”

ကျွင်းပိုင်သည် စကားမပြောပေ။ သို့သော် သူမကို ရှုပ်ထွေးသောမျက်နှာ ထားဖြင့် စိုက်ကြည့်လေသည်။

သူ့ကို ထိုပုံစံအတိုင်းမြင်ရသောအခါ ရှီမာယူယူ ထိတ်လန့်သွားကာ ပြော လေသည် “ဘာလဲ.. လိပ်မည်းနဲ့ကျားဖြူကို ရှာမတွေ့နိုင်ဘူးလား”

“မဟုတ်ဘူး” ကျွင်းပိုင်သည် ဟန်ဆောင်ပန်ဆောင် ချောင်းဟန့်လိုက် သည် “နဂါးနက်ကိုယ်ရံတော်က မင်းနဲ့ ပတ်သက်မှုရှိတေနယ်.. ဒါပေမဲ့ ဒီ တစ် ခေါက်ကစိတ်မပူပါနဲ့ လောလောဆယ် သူတို့က မင်းရဲ့စာရင်းရှင်းဖို့အချိန်မရှိ သေးဘူး”

သူတို့ မည်သူမည်ဝါဖြစ်သည်ကို သူမမသိပေ။ သို့‌သော် သူ အတပ်ပြော နေသည်ကို သူမ သိသည်။ သူမရှိလျှင် ရွှမ်ချုံးဟော်မှ သူမကိုရှာတွေ့သွားလျှင် ကျားဖြူနှင့် လိပ်မည်းတို့ကို ရှာဖွေရမည်မှာ အချည်းနှီးဖြစ်ပေတော့မည်။ ကျွင်းပိုင်နှင့် ထိုလူများသည် ထိုအဖြစ်အပျက်ကို ထိုင်ကြည့်နေမည်မဟုတ်ပေ။

“အခုချိန်မှာ လုပ်လို့ရတာဘာမှမရှိဘူး ဒီကနေပဲစောင့်ရမယ်” ကျွင်းပိုင် ပြောပြီးသည်နှင့် သူ့နောက်လိုက်များသည် ဆိုင်တာဝန်ခံဆီသို့သွားကာ ခြံဝင်း အလွတ်သွားငှားလေသည်။ ရှီမာယူယူ ထွက်လာချိန်တွင် ကျွင်းပိုင်အနောက်မှ လူမေးလေသည် “သခင် အဆင်ပြေလာပြီလား”

“နည်းနည်းတော့ နာသေးတယ်” ကျွင်းပိုင်သည် ခုံပေါ်တွင်ထိုင်ကာ သူ့ ရင်ဘတ်ကိုကိုင်ထားသည်မှာ နာကျင်နေပုံပေါက်သည်။

“သခင် ကျွန်တော်တို့တွေ ဘာလို့နေမှာလဲ” နောက်တစ်ယောက်သည် မမေးဘဲမနေနိုင်တော့ပေ။ သူတို့သည် ဤနေရာတွင်နေပြီး သူမနောက်လိုက် ရန် အရင်က အစီအစဉ်မရှိခဲ့ပေ။ ထိုအရာသည် သူ အခုချက်ချင်း ချလိုက်သော ဆုံးဖြတ်ချက်ဖြစ်သည်။

“ငါဒဏ်ရာရထားတာဆိုတော့ ဒီမှာနေပြီး နလန်ထူရမှာပေါ့” ကျွင်းပိုင် စောဒကတက်လေသည် “နဂါးနက်ကိုယ်ရံတော်တွေကို ဘယ်လောက်ပဲကုန် ကျပါစေ တားထားဖို့ သူတို့ကို အမိန့်ပေးလိုက်.. အံ့ဖွယ်သားရဲလေးကောင် ပြန်မလာခင် နဂါးနက်ကိုယ်ရံတော်တွေ ပြန်လာလို့မဖြစ်ဘူး”

“ဟုတ်ကဲ့ပါ သခင်” ကျွင်းပိုင်ကို တစ်ယောက်တည်းထားခဲ့ကာ နှစ်ယောက်လုံး ထွက်သွားလေသည်။

သူသည် သက်ပြင်းရှည်ချကာ ရေရွတ်လိုက်သည် “ကမ္ဘာကြီးက နောက် ဆုံးတော့ ပြောင်းလဲတော့မယ်.. ကောင်မလေး ဒါက မင်းရဲ့ဘေးဒုက္ခနဲ့ မင်းရဲ့ ဘဝပဲ.. နှစ်ပေါင်းသန်းချီ ဝင်စားပြီးနောက်ဆုံးမှာတော့…”

ရှီမာယူယူ သူမ၏အခန်းသို့ပြန်ချိန်တွင် အစောပိုင်းကကဲ့သို့ စိတ်အေး လက်အေးမဖြစ်နိုင်တော့ပေ။ ကျွင်းပိုင်က ဂမ္ဘီရပညာမှာ ဘယ်အဆင့်လဲ။ သူက သူမအတွက် ဗေဒင်ကြည့်ပေးတာနဲ့တင် သွေးအန်တယ်ဆိုတော့ သူမြင်လိုက် တာက သာမန်မဖြစ်နိုင်ဘူး။ ပြီးတော့ သူက ကောင်းကင်ရဲ့လျှို့ဝှက်ချက်ကို ခိုးကြည့်တာပဲဖြစ်ရမယ်။

သူမနှင့်ပတ်သက်သည့် လျှို့ဝှက်ချက်ဆိုလျှင် ကောင်းကင်တာအိုကို တွေးမိသည်။ ရွှမ်ချုံးဟော်ရဲ့ကိစ္စက ကောင်းကင်တာအိုနဲ့များ ဆက်စပ်နေ မလား။

သူမ၏ စိတ်ထဲတွင် ခန့်မှန်းမှုများစွာရှိသော်လည်း ကျွင်းပိုင်ကိုမမေးခဲ့ ပေ။ ဤကဲ့သို့ သူတော်စင်များကို သူမ မေးလျှင်လည်း အသုံးမဝင်နိုင်ပေ။ သူ ပြောပြမည်မဟုတ်ပေ။

ဝူရှောင်းသောင့်နှင့် ဝူချီယောင်တို့ အပြင်မှပြန်လာချိန်တွင် ကလေးနှစ် ယောက်ကို ခေါ်ပြီး ကျွင်းပိုင်ကို နှုတ်ဆက်ခိုင်းသည်။ ကလေးနှစ်ယောက်ကို ကြည့်ပြီး ကျွင်းပိုင်သည် မျက်ခုံးများကိုပင့်ပြီး သူ၏ဖောင်းပြည့်နေသော မျက်နှာကိုပွတ်သပ်ကာ ချီးကျူးလေသည် “မဆိုးဘူး မဆိုးဘူး”

“သခင်ကျွင်း ကျွန်မတို့ နဝမမရဏာအိမ်တော်ကို အရင်ပြန်ရမှာမို့လို့ပါ အဆင်ပြေမယ်ဆိုရင် နောက်မှ သခင့်ကိုလာရှာပါ့မယ်” ရှီမာယူယူ ပြောလိုက် သည်။

“စိတ်မပူပါနဲ့ အချိန်တန်ရင် ငါဆက်သွယ်လိုက်ပါမယ်” ကျွင်းပိုင် ပြန်ဖြေ လေသည်။

“ဟုတ်ကဲ့ပါ” သူပြောသည့် အချိန်တန်လျှင်ဆိုသည့်စကားသည် မည်သည်ကို ရည်ညွှန်းသည်တော့ ရှီမာယူယူမသိသော်လည်း ထပ်မမေးတော့ ပေ “ခေါင်းဆောင်က သခင်ကျွင်းလို့ ဖူရှီပြောပါတယ်.. သူ အခုဘယ်မှာလဲမသိ ဘူး”

“ယွမ်ရှောင်ကျယ်နဲ့ ဖန်ရူယန်တို့နှစ်ယောက်လုံးက ကမ်းပါးနန်းတော်မှာ မွေးခဲ့ကြတာ မင်းစိတ်ပူဖို့မလိုပါဘူး” ကျွင်းပိုင် ပြောပြီး စဉ်းစားပြီးနောက် ထပ် ပေါင်းပြောလေသည် “မင်းပြန်မလာခင် မင်းဘေးကအကုန်လုံးက အဆင်ပြေ မှာပါ.. စိတ်ပူဖို့မလိုဘူး”

ရှီမာယူယူ ရင်ခုန်မြန်သွားသည်။ သူတို့ ပြန်လာရင် အဆင်ပြေသွားမှာပါ။ အဲဒါကဘာလို့ အဲလောက်ထူးဆန်းနေတာလဲ။

“ဟုတ်ပြီ သွားတော့ သွားတော့ မင်းတို့မိသားစုတွေ ပြန်စုံတာ နှောင့်နှေး သွားဦးမယ်” ကျွင်းပိုင်သည် သူမ သူ့ကိုတစ်ခုခုမေးမည်ကို စိုးရိမ်သဖြင့် ပြော လိုက်သည်။

မိသားစု ပြန်စုံစည်းတယ်ဟုတ်လား။

သူမသည် နဝမမရဏာအိမ်တော်သို့ ပြန်သည့်ကိစ္စကို ပြောသည်ဟု ရှီမာယူယူတွေးလိုက်သည်။ သူမ တည်းခိုဆောင်မှထွက်မလာခင်အထိ သူ့ စကား၏အဓိပ္ပာယ်ကိုမသိခဲ့ပေ။

တည်းခိုဆောင်နှင့် မျက်နှာချင်းဆိုင် သစ်ပင်ကြီးတစ်ပင်အောက်တွင် ခရမ်းရောင်ဝတ်ထားသော ဆွဲဆောင်မှုရှိသည့် အမျိုးသားတစ်ဦးသည် သူတို့ သုံးယောက်ကို နွေးထွေးစွာဖြင့် ကြည့်လေသည်။

ရှီမာယူယူသည် ထိုအခိုက်တွင် အံ့ဩသွားကာ ပြုံးပြီးလျှောက်သွားလေ သည် “ဘယ်လိုလုပ် ဒီရောက်နေတာလဲ နတ်ဆိုးလောကက ကိစ္စတွေကို ရှင်း ပြီးသွားပြီလား”

ဝူလင်းယူသည် ခပ်ပေါ့ပေါ့ပင် ပြုံးလိုက်သည် “မင်းကိုယင်ရိုက်တံပေး မလို့လာတာ”

***

All Chapters