စကားချိုချိုလေး
Vol. 162 Ch. 2258
သူမကို ယင်ရိုက်တံပေးမလို့ဟုတ်လား။
ရှီမာယူယူသည် တဒင်္ဂမျှ မှင်တက်ပြီးမှ ကလေးနှစ်ယောက် တစ်စုံတစ် ရာပြောလိုက်မှပင် သဘောပေါက်သွားလေသည်။
“ဒီမှာ ဘယ်လောက်ကြာအောင်နေမှာလဲ”
“အင်း အရမ်းကြာမှာ”
ရှီမာယူယူ၏ မျက်နှာမှ အပြုံးသည် ပို၍နက်ရှိုင်းလာသည်။
“အဖေ နတ်ဆိုးလောကကို မပြန်တော့ဘူးလား” ဝူရှောင်းသောင့်သည် ရောက်လာပြီး ဝူလင်းယူ၏လက်မောင်းကို ချွဲပြီးဆုပ်ကိုင်လိုက်သည်။
“အင်း နတ်ဆိုးလောကက ကိစ္စတွေအကုန်လုံးကို စီစဉ်ပြီးသွားပြီဆိုတော့ ပြန်သွားဖို့မလိုတော့ဘူး” ဝူလင်းယူ ပြောလေသည်။
နှစ်ပေါင်းများစွာအတွင်းတွင် သူသည် နတ်ဆိုးလောကတွင် ကိစ္စများစွာ ကို ဖြေရှင်းခဲ့သည်။ အရှုပ်အထွေးများအပြီးတတွင် သူသည် အမိန့်ကိုပြန်တည် ဆောက်ရသည်။ ယခုအချိန်တွင် အရာအားလုံးသည် အခြေခံလမ်းကြောင်းပေါ် ရောက်သွားသဖြင့် နတ်ဆိုးလောကတွင် အကြာကြီးနေရန်မလိုတော့ပေ။
အစပိုင်းတွင် သူ တာဝန်များနှင့် အလုပ်များနေခဲ့ရာ စောစောမလာနိုင်ခဲ့ ပေ။ ဝူချီယောင်ဆီမှ သတင်းများရပြီးနောက် ချက်ချင်းပင် ဟုန်းယွမ်အား အလုပ်လွှဲခဲ့ပြီး မရပ်မနား အပြေးလာခဲ့သည်။
သို့သော် ဤကလေး၏ လှည့်စားခြင်းကိုခံလိုက်ရပုံပင်။
“ဟုတ်သားပဲ ကျွန်မတို့ နဝမမရဏာအိမ်တော်ကိုသွားမလို့ ရှင်လည်း အတူလိုက်ခဲ့လေ” ရှီမာယူယူ ပြောလိုက်သည်။
“ဟုတ်ပြီ” သူခေါင်းညိတ်ပြီး ဝူချီယောင်ကို ကြည့်လိုက်သည်။
ချန်ကျိုးသည် သူတို့ကို အိမ်တော်သို့ခေါ်သွားသည်။ အထွတ်အမြတ် သမင်တောင်မှ မိုးကြိုးအကြောင်း သူတို့ကြားလိုက်ရချိန်တွင် ရှီမာယူယူ နတ်ဘုံသို့ ရောက်လာကြောင်းကို ခန့်မှန်းမိကြသည်။ သို့သော် ဤမျှမြန်မြန် ဆန်ဆန်ရောက်လာလိမ့်မည်ဟု ထင်မထားကြပေ။
ဂိတ်စောင့်သည် ရှီမာယူယူကို မမြင်ဖူးပေ။ သို့သော် ချန်ကျိုးသည် ရှီမာ ယူယူကိုကာကွယ်ရန် တာဝန်ထမ်းဆောင်နေကြောင်း သိသဖြင့် ချန်ကျိုးနှင့် သူ့ဘေးနားမှလူများကို မြင်သည်နှင့် ရှီမာယူယူ၏သရုပ်မှန်ကိုခန့်မှန်းမိလေ၏။
“ဘုရင်မလေးပြန်လာပြီ”
“ဘုရင်မကိုသွား သတင်းပေးလိုက်”
“ငါ သွားမယ် ငါ သွားမယ်”
ဂိတ်စောင့်နှစ်ယောက် ပြေးဝင်သွားပြီး တခြားသူများမှာ ရှီမာယူယူကို အရိုအသေပြုကြလေသည်။
“ဘုရင်မလေးနဲ့ ညာလက်ရုံးတမန်တော်တို့ကို တွေ့ဆုံပါတယ်”
“အားလုံးပဲ ထကြပါ” ရှီမာယူယူသည် လက်ကိုဝှေ့ယမ်းလိုက်ရာ အားလုံးသည် အင်အားကြောင့် ဆွဲငင်ခံလိုက်ရသည်။ “အဘွား ဒီမှာရှိလား”
“ဘုရင်မက လွန်ခဲ့တဲ့ ၂ ရက်ကပဲပြန်ရောက်ပါတယ် ဘုရင်မလေးက နတ်ဘုံကိုရောက်နေတယ်ဆိုတဲ့ သတင်းကြားတော့ ကြိုဖို့လူလွှတ်မယ်လို့ပြော နေတာ.. ဒီလောက် မြန်မြန်ရောက်လာလိမ့်မယ်လို့ထင်မထားဘူး ကျွန်တော်နဲ့ လိုက်ခဲ့ပေးပါ”
ရှီမာယူယူနှင့် တခြားသူများသည် ထိုလူနောက်လိုက်ကာ ဝင်ခဲ့သည်။ သူတို့ ဝေးဝေးမရောက်ခင်တွင် ချန်ရှန်းကိုရှေ့မှာတွေ့လိုက်ရသည်။ ချန်ရှန်း ထိုနေရာတွင်ရှိသည်ကိုမြင်သောအခါ လူအများသည် ပြေးသွားကြသော်လည်း ထိုနေရာသို့မသွားရဲကြပေ။
“အဘွား” ရှီမာယူယူသည် ချန်ရှန်းကိုအရိုအသေပြုရာ ဝူလင်းယူတို့ လည်း အရိုအသေပြုကြသည်။
“ဘွားဘွားကြီးကို နှုတ်ဆက်ပါတယ်” ဝူရှောင်းသောင့်နှင့် ဝူချီယောင်တို့ သည် ချန်ရှန်းကိုအရိုအသေပြုကြသည်။ ဝူရှောင်းသောင့်၏အသံမှာ ချိုမြနေရာ ထိုစကားပြောလိုက်ချိန်တွင် ချန်ရှန်း၏အာရုံမှာ သူမအပေါ်သို့ကျရောက်နေ သည်။
“နောက်ဆုံးတော့ ရှောင်းသောင့်နဲ့ ရှောင်းယောင်ယောင်တို့နဲ့တွေ့ရပြီပေါ့ အခု ကြီးလာကြပြီ ဘွားဘွားကြီးဆီကိုလာကြပါဦး”
ဝူရှောင်းသောင့်သည် ချက်ချင်းပင်ပြေးသွားကာ ချန်ရှန်း၏လက်ကိုကိုင် ပြီး ချွဲနွဲ့စွာပြောလေသည် “ဘွားဘွားကြီး နောက်ဆုံးတော့ ရှောင်းသောင့်က ဘွားဘွားကြီးကိုတွေ့ရပြီ.. အရင်က ဘွားဘွားကြီးအကြောင်းကို အဖေနဲ့အမေ ပြောတာကြားဖူးတယ်.. ရှောင်းသောင့်ကလည်း ဘွားဘွားကြီးကို တွေ့ချင် တယ်လို့ အမြဲတွေးနေတာ.. အခု နောက်ဆုံးတော့ ဆန္ဒတွေပြည့်သွားပြီ.. ဘွားဘွားကြီး ရှောင်းသောင့်ကိုတွေးဖူးလား”
ရှီမာယူယူနှင့် ဝူချီယောင်တို့၏ နှုတ်ခမ်းများ တွန့်သွားသည်။ သူမက ဘွားဘွားကြီးကို အဲလောက်တောင် တွေ့ချင်နေမှန်း သူတို့တွေ ဘာလို့မသိခဲ့ တာလဲ။ ဒီကောင်မလေးက ပတ်ဝန်းကျင်ကလူတွေကို ချော့ဖို့ စကားကောင်း ကောင်းပြောတတ်တာပဲ။
သို့သော် ချန်ရှန်းသည် ထိုစကားကြားပြီးနောက် အလွန်ပျော်သွားသည်။ သူမ၏လက်ကိုပုတ်ပြီးပြောလေသည် “ဘွားဘွားကြီးလည်း သမီးကိုလွမ်းနေ တာ”
“ဘွားဘွားကြီးလွမ်းနေမယ်ဆိုတာ သမီးသိတယ်” ဝူရှောင်းသောင့်သည် ပျော်ရွှင်စွာ ပြောလေသည်။
“ဟား ဟား သွားကြမယ် ဘွားဘွားကြီးက မျိုးနွယ်ကိုအလည်လိုက်ပြ မယ်” ချန်ရှန်းသည် ပြုံးပြီးပြောလေသည်။
“ဟုတ်ကဲ့ ဟုတ်ကဲ့ သမီးတို့လည်း နဝမမရဏာမျိုးနွယ်အကြောင်းကို သိချင်နေတာ” ဝူရှောင်းသောင့်သည် လျင်မြန်စွာ ပြန်တုံ့ပြန်လေသည်။
“အတူသွားကြမယ်” ချန်ရှန်းသည် ရှီမာယူယူတို့ကို ပြောလိုက်သည် “မင်းတို့ပြန်လာတာလည်း ကြိုမပြောကြဘူး မဟုတ်ရင် မျိုးနွယ်ဝင်တွေ ပြင်ဆင်ဖို့အချိန်ရတာပေါ့.. သူတို့က သမီးကိုညနေကျရင် ကြိုဆိုပွဲအခမ်းအနား လုပ်ပေးလိမ့်မယ်”
“ကျေးဇူးတင်ပါတယ် အဘွား” ရှီမာယူယူသည် ပြုံးပြီးပြောလိုက်သည်။
ထို့ကြောင့် လူတစ်စုသည် မိသားစုအိမ်တော်အတွင်း လည်ပတ်ကြလေ သည်။ ဝူရှောင်းသောင့်နှင့် ဝူချီယောင်တို့သည် အရှေ့တွင်ချန်ရှန်းအား အဖော် ပြုပေးကြပြီး ရှီမာယူယူနှင့် ဝူလင်းယူတို့သည် အနောက်မှလိုက်လာကြသည်။ ချန်ရှန်းသည် နဝမမရဏာမျိုးနွယ်ကို ဦးဆောင်နေရသဖြင့် သူမ၏ စရိုက်သည် အနည်းငယ် အေးစက်သည်။ သို့သော် ဝူရှောင်းသောင့်သည် သူမကို ပျော်ရွှင် အောင်မည်သို့လုပ်ရမည်ကို သိသည့် ထက်မြက်သည့်မိန်းကလေးဖြစ်သည်။
“သူမက ဘယ်သူနဲ့တူတာလဲကိုမသိတော့ဘူး” ရှီမာယူယူ သက်ပြင်းချ လေသည်။
“သူမက လိမ္မာပါတယ်” ဝူလင်းယူသည် ဝူရှောင်းသောင့်ကို အလွန်ချစ် သည်။ သူမ၏အကျင့်စရိုက်မှာ မည်သို့ဖြစ်စေကာမူ သူမသည် အလွန်ကောင်း သည်ဟု ခံစားရသည်။
“ရှင် သူမကို ဘယ်လိုအလိုလုပ်ရမလဲဆိုတာပဲသိတယ်” ရှီမာယူယူသည် သူ့ကိုစိုက်ကြည့်လေသည်။
“မင်းကျ မဟုတ်တာကျနေတာပဲ” ဝူလင်းယူသည် တစ်ယောက်တည်း အပြစ်တင်မခံလိုပေ။
“အဲဒါကြောင့် ရှင်က သူမကို ကြပ်ကြပ်အလိုလိုက်နော်”
“ကိုယ့်သမီးလေ အလိုလိုက်မှာပေါ့ ဘယ်သူဘာပြောရဲလဲ” ဝူလင်းယူ သည် လွှမ်းမိုးစွာဖြင့် ပြောလေသည်။
ဝူရှောင်းသောင့်ကို မည်သူမှ လက်လွတ်စပယ်မထိရဲကြပေ။ သူသည် သူမကို လိုလိုလားလားပင် အရင်းရှင်ဆန်ခွင့်ပေးထားသည်။
လျှောက်ရင်းနှင့် ဝူချီယောင်သည် နောက်ကျန်နေခဲ့ကာ ချန်ရှန်းသည် ရှီမာယူယူကို အရှေ့သို့ခေါ်လေသည်။ သားအဖနှစ်ယောက်သည် ဖြည်းဖြည်း ချင်းလျှောက်လာပြီး အမျိုးသမီးသုံးယောက်သည် အရှေ့မှလျှောက်လေသည်။
“ဘာဖြစ်လို့လဲ” ဝူလင်းယူ မေးလေသည်။
“အမေ အန္တရာယ်ရှိနေလို့” ဝူချီယောင်သည် သူတို့နတ်ဘုံသို့ရောက်စဉ်က အကြောင်းများကို ပြန်ပြောပြလေသည် “အစပိုင်းက အမေက နဝမမရဏာ အိမ်တော်ကို လာဖို့အစီအစဉ်မရှိဘူး.. သူမက အစ်မနဲ့ကျွန်တော့်ကို ဒီမှာထားခဲ့ ပြီး အန္တရာယ်များတာတစ်ခုခုလုပ်မလို့ထင်တယ်.. အစ်မနဲ့ကျွန်တော်က အားနည်းတော့ သူမကိုဆွဲထားသလိုဖြစ်ပြီး စိတ်ပျံ့သွားလိမ့်မယ်.. အဲဒါကြောင့် အဖေ့ကိုခေါ်လိုက်တာ အကောင်းဆုံးပဲ”
“ဒါဆို မင်းငါ့ကိုလိမ်တာပေါ့” ဝူလင်းယူသည် သုန်မှုန်စွာဖြင့် ပြောလေ သည်။
“အဲလိုမှ အဖေက အမြန်ဆုံးရောက်လာမှာလေ” ဝူချီယောင်သည် သူ့ကို မကြောက်ပေ။
ဝူလင်းယူသည် မျက်ခုံးများကို ပင့်လိုက်သည်။ ဒီကောင်လေးက တကယ် ရိုက်ချင်စရာကောင်းတာပဲ။
အရှေ့တွင် ချန်ရှန်းသည် ရှီမာယူယူကို ဆူနေသည် “ကမ္ဘာမြေကြီး အကြောင်းကို အဘွားကြားတယ်.. သမီးက အရမ်းသတိလက်လွတ်နေတာပဲ.. ကမ္ဘာမြေကြီးအကြောင်းကို ကမ္ဘာကသိသွားကြပြီဆိုတော့ သတိထားနေရမယ် သူမရဲ့သရုပ်မှန်ပေါ်သွားရင် ပြဿနာအများကြီးဖြစ်လိမ့်မယ်”
အနာဂတ်တွင် သူမ နတ်ဘုံ၌ လျှောက်သွားသည်နှင့် သူမလုပ်သမျှကို လူအများက စိုက်ကြည့်ကြလေသည်။
“သမီးသိပါတယ် ဒီတစ်ခါက သတိလက်လွတ်ဖြစ်သွားတာပါ” ရှီမာယူယူ ဝန်ခံလေသည် “ဒါပေမဲ့ ကိစ္စကဖြစ်ပြီးသွားပြီလေ အနာဂတ်အတွက် ခြေလှမ်း တစ်ဆင့်ရောက်သွားတယ်လို့ ထားလိုက်တာပေါ့”
“ဘွားဘွားကြီး အမေ့ကို စိတ်ပူဖို့မလိုပါဘူး.. အမေသာ အားကောင်းနေ ရင် အဲလူတွေက ရှောင်ချီ့ကို တိုက်ခိုက်ရဲမှာမဟုတ်ဘူး” ဝူရှောင်းသောင့်သည် ရှီမာယူယူအား ကာကွယ်လေသည် “အမေက ငယ်ပါသေးတယ်.. နောက်ဆိုရင် ပိုအားကောင်းလာတော့မှာ”
“ဟုတ်တယ် အကြွင်းမဲ့အာဏာရှေ့ဆိုရင် ဘယ်လိုအတွေးပဲရှိရှိ စိတ်ချလို့ ရတယ်” ချန်ရှန်းသည် သူမ၏ စကားအတိုင်း လိုက်ပြောလေသည်။
“ဘွားဘွား နဝမမရဏာမျိုးနွယ်က အခုအဆင်ပြေလား” ရှီမာယူယူ မေး လိုက်သည်။
“ကံကောင်းလို့ မျိုးနွယ်ထဲမှာ အကြီးအကျယ်ဘာမှမရှိဘူး” ချန်ရှန်း ပြော လိုက်သည် “မျိုးနွယ်ထဲက လူတွေရဲ့သွေးသားက အားနည်းပြီးရင်း နည်းလာ တာပဲရှိတယ်.. အဲဒီတော့ နဝမမရဏာမျိုးနွယ်ရဲ့ အဆင့်အတန်းက နိမ့်လာ တယ်”
“မျိုးနွယ်ရဲ့သွေးသားကို လှုံ့ဆော်ဖို့ နည်းလမ်းတစ်ခုခုမရှိဘူးလား” ရှီမာယူယူ မေးလိုက်သည်။
“အဘွားလည်း ရှာကြည့်သေးတယ် ဒါပေမဲ့ ရှာမတွေ့သေးဘူး” ချန်ရှန်း ပြောလေသည် “ဒီကိစ္စက လောလို့မရဘူး”
“အင်း နည်းလမ်းရှိမှာပါ” ရှီမာယူယူ ပြန်ဖြေလေသည်။
နဝမမရဏာမျိုးနွယ်၏ သွေးသားသည် ရှီမာမျိုးနွယ်နှင့်မတူပေ။ ရှီမာ မျိုးနွယ်၏ မျိုးဆက်များသည် အပြင်ပန်းအခြေအနေများကြောင့် အားနည်း သွားခြင်းဖြစ်သဖြင့် သူတို့တွင်သာ လုံလောက်သည့် အခြေအနေများရှိသရွေ့ ပြန်တိုးတက်လာနိုင်သည်။ ထို့ကြောင့် ဝိညာဉ်ပေါင်းစပ်သိုင်း၊ ဆေးများနှင့် ဆေးနည်းများ၊ ဝိညာဉ်ရှာဖွေနည်းလမ်းများ၊ ရှေးဟောင်းအံ့ဖွယ်သားရဲနှင့် စာချုပ်ချုပ်ပေးခြင်းများနှင့် ဆက်သွယ်နည်းများပေးထားခဲ့သည်။ ရှီမာမျိုးနွယ် သည် လျင်မြန်စွာ တိုးတက်လာခဲ့သည်။
သို့သော် သူတို့မှာ မတူညီပေ။ သူတို့သည် နဝမမရဏာမျိုးနွယ်၏ သွေးသားကို ဆက်ခံခဲ့ကာ အတွင်းပိုင်းအကြောင်းအရင်းဖြစ်သည့် သွေးသား အားနည်းခြင်းကြောင့်ဖြစ်သည်။ သူမ မည်မျှပင် အားကောင်းစေကာမူ မျိုးနွယ် ၏ သွေးသားကို မပြောင်းနိုင်ပေ။
***