အပိုင်း(၄၁၆)
Vol. 28 Ch. 416
လူအိုကြီးက ဤကဲ့သို့ သေရေးရှင်ရေးအခိုက်အတန့်တွင် ဘာမှပြောကြားခြင်းမရှိဘဲ သူ့မျက်နှာပေါ်ရှိ လှောင်ပြုံးခပ်ယဲ့ယဲ့အားမြင်တွေ့
လိုက်ရသောအခါတွင်သူတို့အနေဖြင့်ဤအဘိုးအိုအား ပါးပိတ်ရိုက်စေချင်သွားသည်။
သူတို့က ၎င်းအားပြောလိုက်သည်။
“ခင်ဗျား သိလားမသိဘူးလား..ခင်ဗျားပြောမှာ
လားမပြောဘူးလား”
သို့သော် ဤအဘိုးအိုမှာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်လိမ့်
မည်ဖြစ်သည်။ ဤအဘိုးအိုမှာ ဘုရင်နယ်ပယ်အဆင့်တွင်သာရှိမည့်ပုံပေါ်သော်လည်း ထိုအဆင့်နှင့်ပင် ရှစ်ဖုန့်နှင့်ချီလင်ဘုရင်တို့၏နောက်၌ တိတ်တဆိတ်ပေါ်လာခဲ့သည်ဖြစ်သည်။ သူ့အနေဖြင့် တမင်သက်သက်သူသ၏အစစ်အမှန်ကျင့်ကြံမှုအား ဖုံးကွယ်ထားခြင်းဖြစ်ရမည်ဖြစ်သည်။
ထို့ကြောင့်ရှစ်ဖုန့်နှင့် ချီလင်ဘုရင်တို့မှား အဘိုးအိုအားပါးရိုက်ချင််စိတ်ကို
အောင့်အီးထားကြရသည်။
ခဏကြာပြီးနောက်တွင် မျက်နှာပေါ်တွင်လှောင်ပြုံးပြုံးနေသေးသော အဘိုးအိုမှာ ရှစ်ဖုန့်နှင့်ချီလင်ဘုရင်တို့အား ဖြည်းညှင်းစွာပြောလိုက်သည်။
“မင်းတို့မှန်တယ်. သေခြင်းတားမြစ်နယ်မြေထဲကနေထွက်လာခဲ့တဲ့အဲ့လူတွေကို ငါ့မျက်လုံးတွေနဲ့ကိုယ်တိုင်မြင်တွေ့ခဲ့တယ်..ဒါပေမဲ့ သူတို့တွေဘာလို့သေခြင်းတားမြစ်နယ်မြေထဲကနေထွက်လာလို့ရတာလဲဆိုတာကိုသိကြလား..ဟားဟား….”
အရေးပါလှသော အချက်သို့ရောက်လာသောအခါတွင် အဘိုးအိုမှာ နောက်တစ်ကြိမ်ထပ်မံ၍ သူ၏စကားလုံးတို့အားရပ်တန့်သွားပြီး သူ၏အမှတ်အသားဖြစ်သော “ဟီးဟီး”ဟူသည့်စက်ဆုပ်ဖွယ်အပြုံးအား လှစ်ဟာပြလိုက်သည်။ ချီလင်ဘုရင်မှာ အရမ်းကို ဆန္ဒတို့စောနေကာ
သူ၏နှလုံးသားက မခံမရပ်နိုင်လောက်အောင်ကို ရိုးတိုးရွတဖြစ်နေမိသည်။ သူတကယ်ပဲ သွားရောက်ကာ အဘိုးကြီးအားဆော်ပလော်တီးချင်နေမိပြီဖြစ်သည်။
“အကယ်၍ခင်ဗျားအနေနဲ့ သေခြင်းတားမြစ်နယ်မြေရဲ့
လျှို့ဝှက်ချက်ကိုသိမယ်ဆိုရင် ကျေးဇူးပြုပြီးကျုပ်ကိုအရာအားလုံး
ပြောပြပေးပါ..ကျုပ်အရမ်းကိုပဲ
ကျေးဇူးတင်မိပါလိမ့်မယ်”
ချီလင်ဘုရင်ကအဘိုးအိုအား လက်သီးတို့ကိုဆုပ်၍ ပြောဆိုလိုက်သည်။
“ဟားဟား”
ချီလင်ဘုရင်၏စကားတို့အား ကြားပြီးသည့်နောက်တွင် အဘိုးအိုက ထပ်မံဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။ထို့နောက်အဘိုးအိုကသူ၏အဝတ်အစားတို့အတွင်းမှ တစ်စုံတစ်ခုအားထုတ်ယူလိုက်သည်ကို ရှစ်ဖုန့်နှင့်ချီလင်ဘုရင်တို့တွေိ့လိုက်ရသည်။ ၎င်းမှာ အပြာရောင်မျက်နှာဖုံးနှင့် သစ်လွင်သောစာအုပ်တစ်အုပ်ဖြစ်သည်။
ထို့နောက် အဘိုးအိုက စာအုပ်အားရှစ်ဖုန့်နှင့်ချီလင်ဘုရင်
တို့ထံသို့လွှဲပေးလိုက်သည်။ရှစ်ဖုန့်နှင့်ချီလင်
ဘုရင်တို့မှာ အပြာရောင်စာအုပ်အဖုံးပေါ်ရှိ “သေခြင်းတားမြစ်နယ်မြေသို့ပြည့်စုံ
သောလမ်းညွှန်မှု” ဟူသည့်စကားလုံးတို့အားမြင်တွေ့
လိုက်ကြရသည်။
“ဘာလို့ဆိုသူတို့မှာ အဲ့တာရှိတာကြောင့်ပဲ”
အဘိုးအိုက စာအုပ်အား လွှဲပေးလိုက်သောအခါတွင် ဆန်းကြယ်ပြီး ထူးခြားသော အပြုံးတစ်ခုက သူ၏မျက်နှာထက်တွင်ထပ်မံ၍ပေါ်လာသည်။
“သေခြင်းတားမြစ်နယ်မြေသို့ ပြည့်စုံသောလမ်းညွှန်မှု”
“သောက်ချီး…ဒီလိုဟာမျိုးကရှိသေးတယ်ဟ”
အကယ်၍ ဤအဘိုးအိုသာသူတို့၏နောက်ကျောဘက်၌ သတိမထားမိစေပဲ မပေါ်လာခဲ့လျှင် ဤအဘိုးအိုအား လူလိမ်အိုကြီးတစ်ယောက်အဖြစ်သူတို့နှစ်ယောက်သေချာပေါက် ဆုံးဖြတ်မိလိမ့်မည်ဖြစ်သည်။
သို့သော် ဤအဘိုးအိုက ရှစ်ဖုန့်နှင့်ချီလင်ဘုရင်တို့၏ အနောက်ဘက်တွက်ဘယ်သူမှသတိမပြုမိစေဘဲပေါ်လာခဲ့သောကြောင့် သူတို့နှစ်ယောက်မှာ စာအုပ်အားအနည်းငယ်စတင်၍
ယုံကြည်မိသည်။
ဤအဘိုးအိုကသေခြင်းတားမြစ်နယ်မြေအတွင်းသို့ တစ်ကြိမ်ဝင်ခဲ့ပြီးခြင်းဖြစ်နိုင်မည်လော။ ထို့နောက် သေခြင်းတားမြစ်နယ်မြေအတွင်းမှာသူ၏အတွေ့အကြုံတို့အားအခြေခံ၍ သေခြင်းတားမြစ်နယ်မြေအတွင်းမှ အန္တရာယ်များအားမှတ်တမ်းတင်ခဲ့ပြီး မှတ်စုအဖြစ်ရေးမှတ်ထားကာ ဤစာအုပ်အတွင်း၌၎င်းတို့ရှိနေခြင်းဖြစ်လောက်သည်ဖြစ်သည်။
သူတို့နှစ်ဦးသားတစ်ချိန်တည်းတွင်းတွေးမိလိုက်ကြသည်။
ထို့နောက်ချီလင်ဘုရင်က အဘိုးအိုးအား ထပ်မံ၍မေးလိုက်သည်။
“စီနီယာ ဒီလမ်းညွှန်စာအုပ်ကို ဘယ်လောက်နဲ့များစီနီယာရောင်းချင်ပါသလဲ”
ဤကမ္ဘာပေါ်တွင်အလကားစားရသော နေ့လည်စာဟူ၍ရှိမနေပေ။ဤအဘိုးအိုက အရေးကြီးသောအချက်ကိုကိုင်
ထားပြီးဘာမှမပြောပဲနေကာ အဓိပ္ပါယ်ပါရှိပြီး စိတ်တိုစရာကောင်းသော အပြုံးတစ်ခုကိုလှဟ်ဟာပြထားသောကြောင့် ယင်းကချီလင်ဘုရင်အားပို၍ သူ၏သိချင်စိတ်တို့အား မြင့်တက်လာစေသည်။
ထို့နောက်သူတို့သိချင်စိတ်တို့ပြင်းပြ
လာချိန်တွင်သူကစာအုပ်အား ပြန်လည်၍သိမ်းယူသွားလိမ့်မည်ဖြစ်သည်။သူ့အနေဖြင့် သူတို့အား ဤလမ်းညွှန်စာအုပ်ကို အလကားပေးရလောက်သည်အထိသဘောကောင်းလိမ့်မည်မဟုတ်ပေ။
“ရောင်းဖို့တဲ့လား”
ချီလင်ဘုရင်၏စကားတို့အားကြားပြီး
သည့်နောက်တွင် အဘိုးအိုကပြုံးလိုက်ပြီး သူ၏ခေါင်းကိုခါယမ်းလိုက်သည်။
အဘိုးအိုသူ့ခေါင်းအားခါလိုက်သည်ကို
တွေ့ရသောအခါတွင်ချီလင်ဘုရင်မှာ ရုတ်ခြည်း အံ့အားသင့်သွားရသည်။ျ
ဖြစ်နိုင်သည်..ဖြစ်နိုင်သည်က သူတကယ်ပဲမွန်မြတ်ပြီးကိုယ်ကျိုးမငဲ့
စေတနာအပြည့်နဲ့ ကူညီတတ်တဲ့ သာမသမတ်ကျတဲ့အဘိုးအိုတစ်ယောက်ကိုတွေ့ဆုံးရခြင်းလော။
ထိုထက်ပိုသည်မှာ အဘိုးအိုက အဖိုးအခကိုပင်သူတို့အားပြော
ဆိုခြင်းမရှိသောကြောင့် ချီလင်ဘုရင်မှာ ဤလမ်းညွှန်စာအုပ်နှင့်ပက်သက်ပြီး
စစ်မှန်မှုကို ပို၍လက်ခံယုံကြည်သွားမိသည်။
ဤအဘိုးအိုက သေခြင်းတားမြစ်နယ်မြေအတွင်းသို့ကိုယ်တိုင်ကိုယ်ကျဝင်ခဲ့ပြီး နောက် သေခြင်းတားမြစ်နယ်မြေအတွင်းမှသူ၏ အတွေ့အကြုံများအားစိတ်ပါလက်
ပါချရေးခဲ့ခြင်းများဖြစ်နိုင်မည်လော။ ထို့နောက်သာမန်လူများအားသနားစိတ်ဝင်ပြီး သေခြင်းတားမြစ်နယ်မြေအတွင်းဝင်မည့်သူများအားနေ့တိုင်းစောင့်ကာ သူကိုယ်တိုင်ချရေးထားခဲ့သောသေခြင်းတားမြစ်နယ်မြေ၏လျှို့ဝှက်စာအုပ်အား ကျင့်ကြံသူများ သေဆုံးသွားရခြင်းမှတားဆီးရန်အတွက်ကိုယ်ကျိုးမငဲ့ ပေးနေခြင်းဖြစ်နိုင်မည်လော။
ရုတ်ခြည်း ချီလင်ဘုရင်မှာ အဘိုးအို၏ မွန်မြတ်မှုနှင့်ကိုယ်ကျိုးမငဲ့မှုတို့သရုပ်တို့အား သက်ဝင်ယုံကြည်သွားသည်ဖြစ်သည်။
ချီလင်ဘုရင်မှာ ဤအဘိုးအို ၏မျက်နှာအားကြည့်လိုက်မိသောအခါတွင် အဘိုးအို၏မျက်နှာ၌ ကြင်နာမှု၊ဖော်ရွှေမှုတို့ဖြင့်ပြည့်နှက်
နေသည်ဟုရုတ်တရက်ခံစားလိုက်သည်။ သဘောကောင်းလိုက်သည့်အဘိုးအိုပါတကား။
ချီလင်ဘုရင်၏ အဘိုးအိုထံကြည့်သောအကြည့်တို့က ရုတ်ခြည်းလေးစားမှုတို့ဖြင့်ပြည့်နှက်သွားသည်။
“ဟားဟား”
အဘိုးအိုက ဆက်လက်၍ ဟက်ဟက်ပက်ပက်ရယ်မောနေပြီး ရှစ်ဖုန့်နှင့်ချီလင်ဘုရင်တို့အား ဖြည်းညှင်းစွာပြောလိုက်သည်။
“လောဂျစ်ကျကျပြောရရင်တော့ ဒီအဘိုးအိုက သာမန်လူတွေနဲ့ပက်သက်ရင်ကြင််နာသမားမှုတွေတရားနည်းလမ်းကျမှုတွေနဲ့ဘဝကိုရှင်သန်နေထိုင်တဲ့သူပါ. ဒီလမ်းညွှန်စာအုပ်ကို ကူညီစောင်မှုနဲ့ကုသိုလ်တရားဆိုတဲ့စည်းမျဉ်းတွေအပေါ်အခြေခံပြီး ရေးထားတာကြောင့် ငါမင်းတို့ကို ငွေတစ်ပြားနဲ့တောင်မှ ရောင်းမှာမဟုတ်ဖူး…ဒါပေမဲ့…”
“ကောင်းပြီ လိုရင်းပဲပြောကြစို့..ခင်ဗျား ကမ္ဘာဦးကျောက်တုံး ဘယ်လောက်လိုအပ်တာလဲ”
ရှစ်ဖုန့်က အဘိုးအို၏ စကားတို့အားတိုက်ရိုက်ပင် ကြားဝင်ဖြတ်လိုက်သည်။
ချီလင်ဘုရင်မှာမူ အဘိုးအို၏ “လောဂျစ်ကျကျပြေရရင်”နှင့် “ဒါပေမဲ့..”ဆိုသောစကားလုံးတို့အား ကြားရပြီးနောက်တွင် သူ၏နှလုံးသားအတွင်း၌တည်
ဆောက်ထားခဲ့သော အဘိုးအို၏ အဆင့်အတန်းမြင့်မားပြီးကြီးမြတ်သောပုံရိပ်မှာ ရုတ်ခြည်း အစိတ်စိတ်အမွှာမွှာကွဲကြေ
ဖျက်ဆီးခံလိုက်ရသည်။
“သောက်လခွီးတဲ့မှ…ဒီဘုရင် ဒီအဘိုးကြီးနဲ့ပက်သက်ပြီးမှားသွားတယ်ဟ..ဒီဖျော့တော့တော့နဲ့အဘိုးအိုက သောက်ပေါက်ကရတွေအများကြီးပြောပြီးတော့ မွန်မြတ်ပြီး အဆင့်အတန်းမြင့်မားကြီးမြတ်တဲ့သူအဖြစ်ဟန်ဆောင်နေသေးတယ်..သောက်လခွီးလိုပဲပေါ့ အားလုံးက ဟန်ဆောင်နေတာကြီးပဲဟာ”
ဤကမ္ဘာပေါ်တွင်အလကားရသောနေ့လည်စာမရှိသည်ကို ချီလင်ဘုရင်သိသည်ဖြစ်သည်။ ဘယ်လိုလုပ်ပြီးကိုယ်ကျိုးစွန့်သောသူတစ်ယောက်ဖြစ်နိုင်ပါမည်နည်း။ နမည်ပင်နောက်တွင်ချန်ရစ်ထားခဲ့ခြင်းမရှိသည့် ကောင်းသောအရာများကိုသာလုပ်
ဆောင်ခဲ့သော ဒဏ္ဍာရီလာ မိုးကြိုးတောင်ထွတ်ဧကရာဇ်လိုလူမျိုးသာလျှင် တကယ့် အထင်ကပုဂ္ဂိုလ်ဖြစ်ထိုက်သူဖြစ်သည်။
ရှေးယခင်ကာလတုံးက မိုးကြိုးတောင်ထွတ်ဧကရာဇ်ဆိုသူသည် ကောင်းသော အရာများအားလုပ်ဆောင်ခဲ့ပြီး အခြားသူများ၏အသုံးတော်ခံခဲ့သည်ဆိုသော ဒဏ္ဍာရီတစ်ခုရှိသည်။ သူကသူ၏နမည်ကိုပင် နောက်တွင်ချန်ထားရစ်ခဲ့ခြင်းမရှိဘဲ ကောင်းသော အရာများကို လုပ်ဆောင်ခဲ့သည်။
ရှစ်ဖုန့်၏ကြားဖြတ်ဟန့်တားမှုကိုခံလိုက်ရပြီး စကားတို့ကိုကြားလိုက်ရပြီးနောက်
အဘိုးအိုက ထပ်မံ၍ ဟက်ဟက်ပက်ပက်ရယ်မောလိုက်ပြီး
ထပ်မံ၍ ပြောဆိုလိုက်သည်။
“ဟားဟား ..လူငယ်လေး ..မင်းကအရမ်းကိုစိတ်မရှည်တဲ့သူပဲ… အစတုံးက ဒီအဘိုးကြီက မင်းတို့ကိုခြူတစ်ပြားတောင်မ
တောင်းပဲနဲ့အလားကားပေးမလို့ပဲ”
“ဒါပေမဲ့… မင်းကဒီအဘိုးကြီးကို ကမ္ဘာဦးကျောက်တုံးတွေပေးချင်ပါတယ်မရမကပြောနေတာကြောင့် လက်မခံရင် မကောင်းဘူးလို့ဒီအဘိုးကြီးခံစားရတယ်… အဲ့တာက ဒီအဘိုးကြီး ကမ္ဘာကြီးက ကြောင်သူတော်လို့ထင်အောင်လုပ်နေတာပဲ..
ဒီတော့… ဒီလိုဆိုရင်ရောဘယ်လိုနေမလဲ..
ကမ္ဘာဦးကျောက်တုံးတစ်သိန်း ..ကမ္ဘာဦးကျောက်တုံးတစ်သိန်းထဲနဲ့ မင်းတို့တွေဒီ ပြိုင်ဘက်ကင်း လမ်းညွှန်စာအုပ်ကိုရနိုင်တယ်”
“ဒီအဘိုးကြီး..ကြောင်သူတော်ကြီး”
ကမ္ဘာဦးကျောက်တုံးတစ်သိန်းမှာရှစ်ဖုန့်နှင့် ချီလင်ဘုရင်တို့အတွက် ဘာမှမဟုတ်ချေ။သို့သော် ဤစာအုပ်သာတကယ်ပဲသေခြင်းတားမြစ်နယ်မြေအတွင်းမှအကြောင်းများ
ပါရှိလျှင်မည်ကဲ့သို့တစ်သိန်းသာ
တန်ပါမည်နည်း။အကယ်၍ ၎င်းသာ တကယ့်ကိုသေခြင်းတားမြစ်နယ်မြေ၏အကြောင်းများဆိုလျှင် ကမ္ဘာဦးကျောက်တုံးမီလီယံ သို့မဟုတ် ဘီလီယံ ချီလျှင် ဈေးကြီးသည်ဟုသတ်မှတ်၍ရမည်မဟုတ်ပေ။
၎င်းမှာသေခြင်းတရားအတွက်သေချာသော နေရာဖြစ်သည်။ ၎င်းသာတကယ်နည်းဗျူဟာစာ
အုပ်တစ်အုပ်ဖြစ်နေပြီး အဘိုးအိုက စာအုပ်အားပြည့်ပြည့်စုံစုံရေးထားခဲ့လျှင် ၎င်းမှာသေချာပေါက် တန်ဖိုးဖြတ်မရနိုင်သောလျှို့ဝှက်စာ
အုပ်တစ်အုပ်ဖြစ်လိမ့်မည်ဖြစ်သည်။
အဘိုးအိုက သူ့အနေဖြင့်ကမ္ဘာဦးကျောက်တုံး
တစ်သိန်းကိုသာ လိုသည်ဟုပြောခဲ့ပြီး ယင်းကရှစ်ဖုန့်နှင့်ချီလင်ဘုရင်တို့အား ဤစာအုပ်၏ စစ်မှန်မှုနှင့်ပက်သက်၍မယုံသင်္ကာဖြစ်သွားစေသည်။
ထိုထက်ပိုသည်ကား ချီလင်ဘုရင်၏ နှလုံးသားထဲရှိအဘိုးအို၏ပုံရိပ်က ဖျက်ဆီးခံလိုက်ရပြီးဖြစ်သည်။
“ဟားဟား ဘာဖြစ်လို့လဲ.. မင်းတို့က ဒီစာအုပ်ရဲ့စစ်မှန်မှုကိုသံသယဝင်
နေတာကြောင့် ဒီအဘိုးကြီးကအလကားပေးမယ်
လို့ထင်နေကြတာလား… မင်းတို့တွေအဲ့လိုတွေးတာက ပုံမှန်ပဲလို့ငါထင်တယ်..ဒါပေမဲ့ အဲ့တာက ငါ့ကိုလည်းစိတ်ပျက်မှုတော့ခံစားစေရတယ်”
“အား..ဟုတ်တယ် အမှန်ပဲ…စိတ်ပျက်မှု …ဒီအချိန်တိုလေးအတွင်းမှာ ဒီအဘိုးအိုအနေနဲ့ထျန်းဟန်တိုက်ကြီးတစ်ခုလုံးကိုတောင်စိတ်ပျက်သလိုခံစားရတယ်..
လူတွေက လူတစ်ယောက်အပေါ်မှာစိတ်ရင်း
အတိုင်းလေး မယုံနိုင်ကြဘူးလားကွာ..တကယ်မ
ယုံနိုင်ကြတာလား..အား…”
ဆက်ရန်…….
ဘာသာပြန်သူ-ARISE