← Chapters

ဝမ်းမနည်းပါနဲ့

Vol. 162 Ch. 2259

ဝမ်းမနည်းပါနဲ့

Vol. 162 Ch. 2259

သူမ ကူညီနိုင်စရာမရှိသလို မိသားစုအတွင်းတွင် ပြဿနာကြီးမရှိသဖြင့် သူမ ဤနေရာတွင်နေရန်မလိုပေ။

သူမ၏စိတ်ထဲတွင် တစ်စုံတစ်ရာရှိနေသည်ကို ချန်ရှန်းအာရုံခံမိပြီး သူတို့ ကို လှည့်ပတ်ကြည့်ကာ မျိုးနွယ်မှလူများကို အပ်ခဲ့ပြီး ရှီမာယူယူနှင့်အတူ ထွက် လာခဲ့လိုက်သည်။

“သမီးက ရုတ်တရက်ကြီး ပြန်လာတာ ဘာကိစ္စရှိလို့လဲ” ချန်ရှန်းမေးလေ သည်။

“အဘွားကို ဘာမှကိုဖုံးကွယ်လို့မရပါလား.. ဒီတစ်ခါ တကယ်ပဲ အကူအညီတောင်းစရာရှိလို့ပါ” ရှီမာယူယူ ပြုံးလေသည် “သမီး နတ်ဘုံကနေ ခဏလောက် ထွက်သွားချင်တယ်.. အဲအချိန်အတွင်းကို ရှောင်းသောင့်နဲ့ ရှောင်းယောင်တို့ကို မိသားစုထဲမှာထားခဲ့ချင်တယ်.. သူတို့အပြင်ထွက်ရတဲ့ အချိန်ဆိုတာရှားတယ်လေ အဲဒါကြောင့် အပြင်မှာ ခဏလောက် နေခွင့်ပေး လိုက်ပါ.. အချိန်တန်ရင် သူတို့ကိုခေါ်ပြီး နတ်ဘုံကိုသွားမှာပါ”

“သမီးက ဘာသွားလုပ်မလို့လဲ အံ့ဖွယ်ဟင်္သာပဒါးငှက်ကြောင့်လား”

“ဟုတတယ် သမီး လိပ်မည်းနဲ့ကျားဖြူကို သွားရှာမလို့” အံ့ဖွယ်သားရဲ လေးကောင်နှင့် ဘေးသင့်သားရဲကြီးလေးကောင်ကြားမှ ကိစ္စသည် နတ်ဘုံတွင် လျှို့ဝှက်ချက်မဟုတ်ပေ။ ယခုအချိန်တွင် နန်းတော်လေးဆောင်တွင် လှုပ်ရှားမှု များဖြစ်နေသဖြင့် ချန်ရှန်းခန့်မှန်းနိုင်သည်မှာ အံ့ဩစရာတော့မဟုတ်ပေ။ ထို့ကြောင့် သူမသည် ဖုံးကွယ်နေရန်ဘာမှမရှိပေ။

ချန်ရှန်းသည် စကားမပြောပေ။ ခေတ္တမျှနှုတ်ဆိတ်ပြီးနောက် ခေါင်းညိတ် ကာ ပြောလေသည် “နန်းတော်လေးဆောင်က သမီးကို သတိထားမိပြီဆိုမှ တော့ ကြီးထွားခွင့်ပေးမှာမဟုတ်တော့ဘူး.. နောက်ကျရင် အများကြီး အလိုက် ခံရလိမ့်မယ် သေချာရဲ့လား”

“သေချာသည်ဖြစ်စေ မသေချာသည်ဖြစ်စေ လုပ်ရမှာပါပဲ.. ကျန်တဲ့ တခြားအံ့ဖွယ်သားရဲနှစ်ကောင်ကိုရှာပြီး ဘေးသင့်သားရဲကြီးလေးကောင်နဲ့ တစ္ဆေတွေကို သူတို့နေရာသူတို့ပြန်ထားမှပဲ ဒီကိစ္စကို ဖြေရှင်းလို့ရမှာ” ရှီမာယူ ယူ ပြောလိုက်သည် “အဲဒါကြောင့် ဒီတစ်ခါ ထွက်သွားမှဖြစ်မယ်”

“သမီးက အဲလိုတွေးရင် ကမ္ဘာတစ်ခုလုံးက သမီးကိုကျေးဇူးတင်လိမ့်မယ်” ချန်ရှန်း ပြောလေသည်။

အံ့ဖွယ်သားရဲလေးကောင် သေဆုံးပြီး ပျောက်ကွယ်သွားသည့်နောက် နတ်ဘုံသည် နန်းတော်လေးဆောင်၏ အုပ်ချုပ်မှုအောက်သို့ ကျရောက်ခဲ့ရ သည်။ အင်အားအများအပြား ဖျက်ဆီးခံလိုက်ရပြီး လူအများသည် မရေမရာ ဖြစ်ခဲ့ရသည်။ အံ့ဖွယ်သားရဲလေးကောင်သာ ပြန်လာနိုင်ခဲ့ပြီး ဘေးသင့်သားရဲ ကြီးလေးကောင်၏ အုပ်ချုပ်မှုကို ပယ်ဖျက်နိုင်လျှင် အားလုံးကို မီးထဲမှ ရေဖြင့် ကယ်တင်လိုက်ခြင်းဖြစ်သည်။

ရှီမာယူယူသည် များများစားစားမတွေးပေ။ အမှန်အတိုင်းပြောရလျှင် သူမသည် ထိုလူများ မည်သို့ဖြစ်တည်နေသည်ကို ကြီးကြီးမားမားခံစားချက်မရှိ ပေ။ သူမ ဤအရာကိုလုပ်ရခြင်းမှာ ကြက်သွေးရောင်မီးတောက်အတွက် လက်စားချေပေးလိုခြင်းဖြစ်သည်။

ကြက်သွေးရောင်မီးတောက်သည် ဘေးသင့်သားရဲလေးကောင်ကို တစ် ယောက်တည်းမနိုင်နိုင်သဖြင့် တခြားသားရဲနှစ်ကောင်ကို ရှာရန်သွားရမည်။ သာမန်လူများကို ကယ်တင်သည့်ကိစ္စသည် တိုက်ဆိုင်သွားခြင်းသာဖြစ်သည်။

“အဲကလေးနှစ်ယောက်ကို မရဏာလောကကလူတွေက ကာကွယ်ပေး ထားကြတာ.. သူတို့ဘာပဲလုပ်ချင်ချင်၊ ဘေးသင့်သားရဲလေးကောင်နဲ့မတွေ့ သရွေ့တော့ လုပ်ခွင့်ပေးလိုက်ပါ.. သူတို့ဘာသာအတွေ့အကြုံယူပြီး လေ့ကျင့် ခိုင်းပေးပါ” ရှီမာယူယူသည် ကလေးနှစ်ယောက်ကို သီအိုရီအရသာ အတွေ့ အကြုံရှိစေလိုခြင်းမဟုတ်ဘဲ လက်တွေ့အတွေ့အကြုံကိုသာ ရစေချင်သည်။ အနာဂတ်တွင် သူတို့ဘာသာ လျှောက်လှမ်းရမည်ဖြစ်သည်။

“ဟုတ်ပါပြီ” ချန်ရှန်း ပြန်ဖြေလေသည် “သမီးက ဘယ်တော့ထွက်သွား မှာလဲ”

“မကြာခင်ဖြစ်မှာပါ” ရှီမာယူယူ ပြောလိုက်သည် “သခင်ကျွင်းက သမီးကို စောင့်ခိုင်းထားတယ်.. ဖူရှီက မကြာခင်တရားကျင့်တာကနေ ထွက်လာတော့ မယ်ထင်တယ်.. အဲဒါကြောင့် သူ သမီးနဲ့အတူလိုက်ဖို့ကို စောင့်နေတာပါ”

“ကျွင်းပိုင်နဲ့တွေ့ပြီးသွားပြီလား”

“ဟုတ်ကဲ့ ပြန်မလာခင်တုန်းက တွေ့ခဲ့တာပါ.. သူက အပြင်ဘက်က တည်းခိုဆောင်မှာ နားနေတုန်းပါပဲ” သူ သူမအတွက် ဗေဒင်ကြည့်ပေးခဲ့သည် ကို တွေးကြည့်ပြီး သူမ၏ အတွေးထဲတွင် တဒင်္ဂမျှနစ်မြောမိသည်။

“သမီးက ချင့်ချိန်တတ်မယ်ဆိုတာကို အဘွားယုံပါတယ်.. သမီးက အကုန်လုံးကို အစီအစဉ်ဆွဲထားမှတော့ ဘာမှထပ်မပြောတော့ပါဘူး” ချန်ရှန်း ၏ စကားများသည် သူမကို အံ့အားသင့်စေသည် “အဲအချိန်ကျရင် သမီးနဲ့အတူ မျိုးနွယ်အကြီးအကဲနှစ်ယောက်ထည့်ပေးလိုက်မယ်”

“မလိုတော့ပါဘူး အဘွား ဖူရှီနဲ့ သမီးတို့နှစ်ယောက်တည်း သွားလိုက်ပါ မယ်.. လူနည်းလေ သက်ရောက်မှုရှိလေပါပဲ” ရှီမယူယူသည် သူမ၏ ကြင်နာမှု ကို ငြင်းဆန်လေသည်။

“ဟုတ်ပါပြီ” သူမ အရှုပ်အထွေးများ မလုပ်သည်ကို ချန်ရှန်း သိသည်။ သူမသည် သူမနောက်သို့ လူများမလိုက်စေချင်သဖြင့် ဤအတိုင်းသာ ထား လိုက်သည်။

ညနေခင်းတွင် သူတို့အတွက် ကြိုဆိုပွဲအခမ်းအနားကျင်းပပေးသည်။ ဘုရင်မငယ်လေးပြန်လာသဖြင့် အားလုံးသည်ပျော်ရွှင်ကြပြီး ထိုညတွင် သေရည်များ တစ်လုံးပြီးတစ်လုံးကုန်လေသည်။ ရှီမာယူယူသည် မူးနေပြီး ဝူရှောင်းသောင့်နှင့်တခြားသူများ သောက်စားနေကြသည်ကိုကြည့်ပြီး ဝူရှောင်း သောင့်ကိုခေါ်ကာ အနားယူရန်သွားလိုက်သည်။ ဝူလင်းယူနှင့် ဝူချီယောင်တို့ သည် သူတို့နှစ်ယောက် ထွက်သွားသည်ကိုမြင်သည်နှင့် အတူပြန်ကြလေ သည်။

ကလေးနှစ်ယောက်ကို နေရာချပြီးနောက် ရှီမာယူယူနှင့် ဝူလင်းယူတို့ သည် အခန်းသို့ပြန်လာကြသည်။

ရှီမာယူယူသည် ရေချိုးပြီးနောက် ပြန်လာချိန်တွင် ဝူလင်းယူသည် အိပ်ရာပေါ်တွင် ဘေးစောင်းလှဲနေသည်ကိုမြင်လိုက်ရသည်။ သူသည် ခေါင်းကို လက်တစ်ဖက်ဖြင့်ထောက်ပြီး ပြုံးကာကြည့်လေသည်။ ထိုအပြုအမူ၊ ထိုပြင်းပြ လှသောအကြည့်များသည် သူမကိုချုပ်ထားပြီး ဆွဲဆောင်နေသလိုပင်။

“မင်းအဘွားနဲ့ သဘောတူညီချက်လုပ်ဖို့လာတာလား” ဝူလင်းယူမေးလေ သည်။

“ဟုတ်တယ် ရှောင်းသောင့်နဲ့ ရှောင်းယောင်ယောင်တို့ကို ခဏလောက် ဂရုစိုက်ပေးဖို့ အဘွားကိုလာပြောတာ” ရှီမာယူယူသည် လျှောက်သွားရာ အိပ်ရာဆီသို့ရောက်သည်နှင့် ဝူလင်းယူ၏ ဆွဲခြင်းကိုခံလိုက်ရပြီး သူ့ရင်ခွင်ထဲ ရောက်သွားလေသည်။

“ကိုယ်တို့ ဘယ်တော့ထွက်သွားကြမလဲ” တစ်စုံတစ်ယောက်၏ လက်များသည် စတင်ကစားလာကာ မရိုးသားနိုင်တော့ပေ။

“ကျွင်းပိုင် ဘာပြောမလဲလို့ ကြည့်ရအောင်” ရှီမာယူယူ ပြောလေသည် “သူဒဏ်ရာရထားတယ်.. သူ့ကိုမနက်ဖြန် သွားကြည့်ကြမယ်လေ.. တစ်လက်စ တည်း သူ့အစီအစဉ်ကိုမေးရမယ်”

“အဆင်ပြေတယ်”

“ဒါနဲ့ ရှင်ကရုတ်တရက်ကြီး ဘာလို့ ဒီကိုလာတာလဲ… ဟင်…”

“ညတာကအရမ်းတိုတယ်.. အဲဒီအရေးမပါတဲ့အကြောင်းတွေမပြော တော့ဘူး”

နောက်ရက်တွင် ရှီမာယူယူနှင့် ဝူလင်းယူတို့သည် ကျွင်းပိုင်ဆီသို့သွားကြ ကာ ဤနေရာတွင်လုပ်စရာမရှိတော့သဖြင့် အချိန်မရွေးထွက်သွားနိုင်ကြောင်း နှင့် မည်သည့်အချိန်တွင် သွားရမည်ဖြစ်ကြောင်းကို မေးမြန်းလေသည်။

ကျွင်းပိုင်၏ အသားအရေသည် မနေ့ကထက်ပိုကောင်းလာသည်။ ရှီမာယူ ယူ၏ စကားများကိုနားထောင်ပြီးနောက် သူ ခေတ္တမျှတိတ်ဆိတ်သွားပြီးပြော လေသည် “နှစ်လလိုသေးတာပဲ.. မင်းနေရာတစ်ခုကို အရင်သွားလို့ရတယ်”

“အဲဒီကို ငါ ခေါ်သွားပေးမယ်” ကျွင်းပိုင်ပြောလေသည် “မနက်ဖြန် ငါ့ ဒဏ်ရာတွေပျောက်သွားရင် ကမ်းပါးနန်းတော်ကိုအရင်သွားကြမယ်.. မင်းပြန် ပြီး အမျိုးတွေကိုနှုတ်ဆက်လိုက်ဦး”

“ဟုတ်ပါပြီ”

ရှီမာယူယူသည် ပြန်သွားကာ ချန်ရှန်းကိုပြောလိုက်သည်။ သူမ ဤမျှ စောစီးစွာထွက်သွားလိမ်မည်ဟု ထင်မထားသဖြင့် မှင်တက်သွားကာ ပြောလေ သည် “စောစောသွားလိမ့်မယ်လို့သိထားပေမဲ့ ဒီလောက်မြန်လိမ့်မယ်လို့ထင် မထားဘူး.. ဒါပေမဲ့ ဒီကိစ္စကို နှောင့်နှေးနေလို့မရဘူး.. မြန်လေကောင်းလေပဲ.. သမီး ကလေးနှစ်ယောက်ကို သေချာလေးသွားပြောတာ ကောင်းမယ်”

ရှီမာယူယူထွက်သွားမည့်သတင်းကို ကြားသောအခါ ဝူရှောင်းသောင့်နှင့် ဝူချီယောင်တို့သည် မအံ့ဩတော့ပေ။ ဝူရှောင်းသောင့်သည် ရှီမာယူယူကို ပွေ့ဖက်ပြီး သူမ၏ရင်ခွင်ထဲတွင်ချုပ်ထားကာ ပြောလေသည် “အမေ့ကို မသွား စေချင်ပေမဲ့ အမေကအရေးကြီးတာလုပ်ရမှာဆိုတာသိပါတယ်.. အမေ.. အပြင် သွားရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရမယ်နော်.. ရှောင်းယောင်ယောင်နဲ့ သမီး ကလိမ္မာပါ့မယ်.. စိတ်ချသွားပါ သမီးတို့ကိုစိတ်မပူပါနဲ့”

နောက်ပိုင်းတွင် ပြဿနာရှာပြီး ဆိုးသွမ်းမည့် သူမ၏အတွေးကို ရှီမာ ယူယူသိသော်လည်း ထိုသို့ပြောပေးသည်နှင့်ပင် စိတ်ထဲမှပျော်မိသည်။

ကလေးနှစ်ယောက်လုံးသည် ဂရုစိုက်တတ်လွန်းသည်။

“ကျွန်တော် အစ်မကိုကောင်းကောင်းဂရုစိုက်မှာပါ” ဝူချီယောင် ပြောလေ သည်။

ရှီမာယူယူသည် ဝူချီယောင်၏ ခေါင်းကို မေတ္တာအပြည့်ဖြင့် ထိတွေ့ကာ ပြောလိုက်သည် “သားသာဒီမှာရှိရင် နှစ်ယောက်လုံးကို အမေစိတ်ချပါတယ်.. အမေကိစ္စတွေပြီးတာနဲ့ ပြန်လာခေါ်လိုက်မယ်”

“အဖေနဲ့အမေ ပြန်လာတာကိုစောင့်နေမယ်” ဝူချီယောင်သည် ပြုံးပြီး ခေါင်းညိတ်ပြလေသည်။ သူ၏လက်ကို အနောက်တွင်ပို့ထားပြီး လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလေသည်။

အမေက အရေးကြီးတဲ့ကိစ္စသွားလုပ်မှာ.. အဲဒါကို ဘယ်လိုလုပ် သူမကို ဆွဲထားရမလဲ။ တည်တည်ငြိမ်ငြိမ်နေစမ်းပါ အမေက သူတို့ကို စိတ်ပူနေရမှာ မဟုတ်ဘူး။

ရှီမာယူယူသည် ကလေးနှစ်ယောက်၏ အတင်းလုပ်ယူပြုံးထားသော အပြုံးကိုမြင်သည်။ သူမ စိတ်မကောင်းဖြစ်သွားသောလည်း ထွက်သွားရဦးမည် ဖြစ်သည်။

နောက်တစ်နေ့တွင် ဝူရှောင်းသောင့်နှင့် ဝူချီယောင်တို့သည် ရှီမာယူယူကို နဝမမရဏာအိမ်တော်ဝင်ပေါက်အထိ လိုက်ပို့သည်။ ရှီမာယူယူနှင့် ဝူလင်းယူ တို့ ထွက်သွားသည်ကိုကြည့်ပြီး ဝူရှောင်းသောင့်သည် မငိုမိအောင် နှုတ်ခမ်း ကိုက်ထားလေသည်။

ဝူချီယောင်၏ မျက်လုံးများလည်း နီရဲလျက်ရှိသည်။ ဝူရှောင်းသောင့်၏ ခန္ဓာကိုယ် တုန်ယင်သွားသည်ကိုကြည့်ပြီး သူမ၏ပခုံးပေါ်သို့လက်တင်ကာ ပြောလိုက်သည် “ဝမ်းနည်းမနေပါနဲ့ အမေက မကြာခင်ပြန်လာမှာရယ်”

ရှီမာယူယူ တည်းခိုဆောင်သို့သွားချိန်တွင် ကျွင်းပိုင်သည် အသင့်ဖြစ်နေ ပြီဖြစ်သည်။ သူတို့ရောက်လာချိန်တွင် ကျွင်းပိုင်သည် ဘာမှမပြောတော့ဘဲ ဖြတ်လမ်းအစီအရင်ထုတ်ကာ သူတို့ကိုဤနေရာမှ ခေါ်သွားလေတော့သည်။

***

All Chapters