← Chapters

ရှီမာယူလင်း

Vol. 162 Ch. 2260

ရှီမာယူလင်း

Vol. 162 Ch. 2260

ရှီမာယူယူ ဖြတ်လမ်းအစီအရင်မှထွက်လာချိန်တွင် အပြင်ဘက်၌ လူတစ် စုစောင့်နေကြသည်ကို မြင်လိုက်ရသည်။ သူတို့သည် ကျွင်းပိုင်ကိုမြင်သောအခါ အရိုအသေပြုကြလေသည် “သခင်ကျွင်းကို တွေ့ဆုံပါတယ်”

“အဘိုးကြီးရော”

“နန်းတော်သခင်က အမှောင်နဂါးကိုယ်ရံတော်ကိစ္စကို အကြီးအကဲတွေနဲ့ ဆွေးနွေးနေပါတယ်.. သခင်ကြီးပြန်လာမယ်ဆိုတာကိုသိလို့ ကျွန်တော်တို့ကို ဒီမှာစောင့်ဖို့ အထူးတလည်အမိန့်ပေးထားတာပါ”

ထိုလူသည် ပြောပြီးနောက် ကျွင်းပိုင်ကို နားမလည်သောအကြည့်ဖြင့် ကြည့်လေသည်။

တစ်လျှောက်လုံးတွင် ကမ်းပါးနန်းတော်သည် အမှောင်နဂါးကိုယ်ရံတော် နှင့် မည်သည့်ပတ်သက်မှုမျိုးမှမရှိခဲ့ပေ။ အမှောင်နဂါးကိုယ်ရံတော်သည် ကမ်းပါးနန်းတော်ကို ဦးညွှတ်ကြပြီး ကမ်းပါးနန်းတော်သည် အမှန်တရားဘက် တွင်ရပ်တည်ခဲ့သည်။ နှစ်ဦးနှစ်ဖက်သည် အပြင်းအထန်ဆန့်ကျင်ဘက်တွင်ရှိ ကြသော်လည်း ရန်ငြိုးရန်စတော့မရှိကြပေ။ သို့သော် ရုတ်တရက်ဆိုသလို အမှောင်နဂါးကိုယ်ရံတော်အား ဆန့်ကျင်မည့်ကိစ္စကို ဆွေးနွေးနေကြသည်။ ထို့အပြင် သခင်ကျွင်း၏ တိုက်ရိုက်အမိ့န်ဖြစ်သဖြင့် သူတို့တွေအားလုံး နားမလည်နိုင်ဖြစ်နေကြသည်။

“ငါတို့ ကိုယ့်ဘာသာသွားလိုက်ပါမယ်” ကျွင်းပိုင်သည်ပြောပြီးနောက် လမ်းကိုဦးဆောင်ဆက်လျှောက်သွားလေသည်။

အဲနှစ်ယောက်က ဘယ်သူတွေလဲ။ သခင်ကျွင်းက သူတို့ကို ကိုယ်တိုင် ခေါ်လာတာပဲ။ အားလုံးသည် ရှီမာယူယူနှင့် ဝူလင်းယူတို့၏ သရုပ်မှန်ကိုသိချင် နေကြသော်လည်း မည်သူမှမမေးမြန်းခဲ့ကြပေ။

ရှီမာယူလင်းသည် လမ်းလျှောက်လာသော ရှီမာယူယူကိုမြင်သောအခါ ခေတ္တမျှမှင်တက်သွားသည်။ သို့သော် ရှီမာယူယူသည် အရင်ရပ်ပြီး သူ့ကို နှုတ်ဆက်လေသည်။

“ယူလင်း” ရှီမာယူယူနှင့် ကျွင်းပိုင်တို့သည် စကားအနည်းငယ်ပြော ပြီးနောက် သူ့ဆီသို့လျှောက်သွားကာ ပြုံးပြီးပြောလိုက်၏ “မင်းဒီမှာရှိတယ်ဆို တာ ငါသိတယ် ဒါပေမဲ့ ဒီကိုရောက်တာနဲ့ တွေ့ရလိမ့်မယ်လို့ထင်မထားဘူး”

ရှီမာယူလင်းသည် သူမ၏ဆံထုံးကိုမြင်သောအခါ သူမအနောက်မှ ဝူလင်းယူကို ကြည့်လိုက်သည်။ သူ၏ပါးစပ်မှာ အနည်းငယ်ခါးသက်သွား သော်လည်း အပြုံးကိုထိန်းထားပြီးပြောလေသည် “နောက်ဆုံးတော့ မင်း လက်ထပ်သွားပြီပဲ နောက်ကျသွားပေမဲ့ မင်းတို့နှစ်ယောက်ကို ဂုဏ်ပြုပါတယ်”

“အင်း လွန်ခဲ့တဲ့နှစ်ပိုင်းလောက်က ငါတို့တွေ လူသားလောကမှာ လက်ထပ်လိုက်ကြတာ” ရှီမာယူယူ ပြောလေသည် “မင်း ဒီမှာ အကုန်အဆင် ပြေရဲ့လား”

“ငါဒီမှာရှိတယ်ဆိုတာကို တစ်ချိန်လုံးသိထားတာလား” ရှီမာယူလင်း၏ အပြုံးသည် သဲလွန်စမရှိ နက်ရှိုင်းလာသည်။

“ငါသိတယ်” သူ့ကို ဖက်တီးကျူနှင့်တခြားသူများ စိတ်ပူနေကြောင်းပြော ပြပြီး ချန်ကျိုးကို စုံစမ်းခိုင်းလိုက်ကြောင်းကို ရှီမာယူယူ ပြောပြလိုက်သည်။

ရှီမာယူလင်းသည် ဖက်တီးကျူတို့နာမည်ကိုကြားချိန်တွင် ခံစားချက်များ ပြည့်နှက်သွားကာ မေးလေသည် “သူတို့တွေ အဆင်ပြေကြရဲ့လား”

“အကုန်လုံးအဆင်ပြေကြတယ်.. အချိန်ပဲလိုတာ သူတို့တွေ မကြာခင် တက်လာကြမယ်ထင်တယ်” ရှီမာယူယူ ပြောလိုက်သည် “မင်းရဲ့နောက်ကနေ အရမ်းဝေးပြီးကျန်ခဲ့လို့မဖြစ်ဘူးလို့ ပြောနေကြတာ”

“သူတို့တွေ တက်လာရင်တော့ ကောင်းတာပေါ့” ရှီမာယူလင်း ပြန်ဖြေ လေသည်။

နတ်ဘုံ၏ ပတ်ဝန်းကျင်သည် ပိုကောင်းသည်။ သူတို့အားလုံး တက်လာ နိုင်လျှင်ပိုကောင်းသည်။

သူတို့နှစ်ယောက်သည် အတန်ကြာသည်အထိ စကားပြောကြသည်။ ရှီမာယူလင်းသည် အနောက်တွင်စောင့်နေသော ကျွင်းပိုင်ကိုကြည့်လိုက်သည်။ စဉ်းစားကြည့်ပြီးနောက် သူ့စိတ်ထဲမှမေးခွန်းကိုမေးလိုက်၏ “ကမ်းပါး နန်းတော်ကို ဘာကိစ္စရှိလို့လာတာလဲ”

“သခင်ကျွင်းက ငါ့ကိုဒီကိုခေါ်လာပေးတာ ငါဘာမှမပြောခဲ့ပါဘူး” ရှီမာ ယူယူပြန်ဖြေလေသည်။ ကျွင်းပိုင် ချောင်းဟန့်သည်ကို ကြားလိုက်သည်နှင့် သူမကို လောနေပြီဖြစ်ကြောင်း သိလိုက်သည်။

“သခင်ကျွင်းက ဒီကို မင်းကိုခေါ်လာတာဆိုတော့ လုပ်စရာရှိလို့ပဲဖြစ်မယ် သွား လုပ်စရာရှိတာလုပ်လိုက်ပါ” ရှီမာယူလင်းပြောလေသည်။

“အင်း နောက်မှ ပြောကြတာပေါ့” ရှီမာယူယူသည် ပြောပြီးနောက် ဝူလင်းယူနှင့်အတူ ပြန်သွားလေ၏။

ကမ်းပါးနန်းတော်မှလူနှင့် သူမတို့ မည်သို့သိကျွမ်းနေသည်ကို ကျွင်းပိုင် မသိချင်ပေ။ သူတို့ပြန်သွားကြသည်နှင့် သူသည် သူမကိုကမ်းပါးနန်းတော်သို့ ခေါ်သွားလေသည်။

ကမ်းပါးနန်းတော်၏ နန်းတော်သခင်သည် သတင်းရပြီးဖြစ်ရာ လူတစ် ယောက်သည် သူတို့ကိုခန်းမဆီသို့ တိုက်ရိုက်ပင် ဦးဆောင်ခေါ်သွားလေသည်။

“ခင်ဗျားက ဘာလို့ဒီကိုရောက်နေတာလဲ” ကမ်းပါးနန်းတော်၏ နန်းတော်သခင်သည် အနည်းငယ်လေးနက်ပုံပေါက်ကာ သူ၏မရယ်မပြုံးသော ပုံစံသည်လူအများကို တောင့်တင်းသွားစေသည်။

ယခုလိုပုံစံဖြင့် ဖူရှီ၏စိတ်နေစိတ်ထားကို သူ မည်သို့ပျိုးထောင်မည်ကို သူမသိချင်မိသည်။

“ငါ ယူယူ့ကိုခေါ်လာတယ်ဆိုတော့ သေချာပေါက် တစ်ခုခုရှိလို့ပဲပေါ့” ကျွင်းပိုင် ပြောလေသည်။

ရှီမာယူယူသည် အ‌ခြေအနေကို အခွင့်ကောင်းယူပြီး နန်းတော်သခင်ကို နှုတ်ဆက်လေသည်။

“မင်းက ရှီမာယူယူပဲ” ချောင်ရှိသည် သူမကိုခေါင်းညိတ်ပြလေသည် “ရှီအာရဲ့ကိစ္စအတွက် ကျေးဇူးတင်ပါတယ်”

“နန်းတော်သခင်က ယဉ်ကျေးလွန်းနေပါပြီ” ရှီမာယူယူသည် ပေါ့ပေါ့ပါး ပါးပင် ပြန်ဖြေလေသည်။

“အမှောင်နဂါးကိုယ်ရံတော်နဲ့ပတ်သက်ပြီး ဆွေးနွေးချင်လို့လား” ကျွင်းပိုင်မေးလေသည်။

“ဟုတ်ပါတယ်” အလုပ်ကိစ္စပြောရာတွင် ချောင်ရှီသည် အနည်းငယ် နားမလည်နိုင်ဖြစ်နေသေးသည် “အင်း အမှောင်နဂါးကိုယ်ရံတော်ကို ရှင်းဖို့ကိစ္စ ကို ဘာလို့စဉ်းစားနေတာလဲ”

ကျွင်းပိုင်သည် ရှီမာယူယူကိုကြည့်ပြီး ပြောလေသည် “ဒီကိစ္စကို နောက်မှ မင်းကိုရှင်းပြမယ်.. ငါ ဒီနေ့သူမကိုခေါ်လာတာက အဲနေရာကိုသွားဖို့ပဲ”

‘အဲနေရာ’ ဟု သူ ပြောလိုက်သည်နှင့် ထိုနေရာမှလူများသည် အံ့အားသင့် သွားသည်ကို ရှီမာယူယူ ရှင်းရှင်းလင်းလင်းခံစားမိသည်။

အဲနေရာက မကောင်းတာ တစ်ခုခုများရှိနေလို့လား။ ရှီမာယူယူသည် စိတ်ထဲတွင် ပရမ်းပတာခန့်မှန်းချက်မျိုးစုံကို တွေးတောမိတော့သည်။

ချောင်ရှီသည် ခေတ္တမျှမှင်တက်ပြီးနောက် သူ၏အကြည့်မှာပိုလေးနက် သွားပြီး ရှီမာယူယူကို ကြည့်လေသည်။ ခဏကြာပြီးနောက် သူ ခေါင်းညိတ်ကာ ပြောလေသည် “မကြာခင် စီမံခိုင်းလိုက်ပါမယ်”

ခဏကြာပြီးနောက် ရှီမာယူလင်းသည် အပြင်မှဝင်လာသည်။ သူသည် ခန်းမထဲမှလူကိုအရိုအသေပြုလိုက်သည်။ ထို့နောက် ချောင်ရှီပြောလာသည်ကို ကြားလိုက်ရသည် “ယူလင်း မင်းနဲ့ ယူယူတို့က မောင်နှမတွေပဲ အဲဒီတော့ မင်း ပဲ သူမကိုအဲနေရာခေါ်သွားပေးလိုက်”

သူမလာခင်တွင် သူတို့သည် သူ့ကိုရှာနေကြောင်းကို ရှီမာယူလင်းသိ သည်။ ထို့ကြောင့် သူလက်အုပ်ချီကာ ပြောလိုက်သည် “ဟုတ်ကဲ့ပါ နန်းတော် သခင်”

ကျွင်းပိုင်နှင့်တခြားသူများတွင် နားထောင်ရန်မသင့်တော်သည့် စကား များရှိနေသည်ကို ရှီမာယူယူသိသဖြင့် ရှီမာယူလင်းနှင့်အတူ ထွက်လာခဲ့လိုက် သည်။ ဝူလင်းယူသည် သူမသွားချင်သည့်နေရာကို သဘာဝကျကျပင်လိုက်လာ ခဲ့သည်။

သူတို့ထွက်လာသည်နှင့် လူတစ်ယောက်သည် မအောင့်နိုင်တော့ဘဲ ကျွင်းပိုင်ကိုဆွဲကာ မေးလေသည် “သူမက အဲဒီလူလား”

ကျွင်းပိုင်သည် ခေါင်းညိတ်ကာ ပြောလေသည် “လွန်ခဲ့တဲ့နှစ်ရက်က ငါ သူမအတွက် ဗေဒင်ကြည့်ပေးခဲ့တယ် အဲဒါကတကယ့်ကိုပဲ ကောင်းကင်ရဲ့ ဂမ္ဘီရ ဉာဏ်ပဲ”

“အဲဒီတော့ ငါတို့တွေက သူမကို အနောက်ကနေ ကာကွယ်ရမယ်ပေါ့”

“သူမနဲ့ အမှောင်နဂါးကိုယ်ရံတော်တွေကြားမှာ မကျေနပ်ချက်တွေနဲ့ အရှုပ်အထွေးတွေရှိတယ်.. သူမနဲ့ရှီအာတို့ ကျားဖြူနဲ့ လိပ်မည်းတွေကိုသွားရှာ ရင် သူတို့ကို စိတ်မပူအောင်လုပ်ပေးရမယ်” ကျွင်းပိုင်သည် အမှောင်နဂါးကိုယ် ရံတော်ကိစ္စကို ရှင်းပြသည်။ သို့သော် ရွှမ်ချုံးဟော်နှင့်ကိစ္စကိုတော့ မပြောပေ။

တချို့ကိစ္စများသည် သိထားသော်လည်း မပြောသင့်ပေ။

“ရှီအာက ထွက်လာတော့မှာမလား”

“သူတို့တွေ အတူထွက်လာကြမှာ.. ပြီးတာနဲ့ သူတို့ကိုပို့ပေးရမယ်.. အဲမတိုင်ခင်အကုန်လုံးကို ပြင်ဆင်ရမယ်” ကျွင်းပိုင် ပြောလိုက်သည်။

သူပြောပြီးသည်နှင့် အခန်းထဲမှလေထုသည် ငြိမ်ကျသွားလေသည်။

ကျွင်းပိုင်သည် ရိုးရိုးရှင်းရှင်းပြောလိုက်သော်လည်း သူတို့အတွက် ဒုက္ခ များလှသည်။

အမှောင်နဂါးကိုယ်ရံတော်သည် ကမ်းပါးနန်းတော်လက်အောက်တွင်ရှိ သည်။ သူတို့သာ အမှောင်နဂါးကိုယ်ရံတော်ကို ပြောင်းရွှေ့လိုက်ပါက ကမ်းပါး နန်းတော်သည် အကြောင်းမဲ့ထိုင်နေမည်မဟုတ်ပေ။ အဇူရာနဂါးနှင့် အံ့ဖွယ် ဟင်္သပဒါးငှက်တို့ သူတို့၏မူလနေရာသို့ ပြန်သွားသည်ကိုသိသည်နှင့် သူတို့ ကြီးထွားလာမည်ကို စောင့်ကြည့်နေမည်မဟုတ်ပေ။ ထို့ကြောင့် ထိုအရာသည် ကြီးမားသည့် လှုပ်ရှားမှုကြီးဖြစ်လာမည်မှာ အသေအချာပင်။

ကံကောင်းစွာပင် သူတို့သည် နှစ်ပေါင်းများစွာ တိတ်တဆိတ်စီစဉ်ခဲ့ရာ အားလုံးသည် အချိတ်အဆက်မိနေပြီဖြစ်သည်။ နန်းတော်လေးဆောင် လှုပ်ရှား လျှင်တောင် သူတို့တွင် စွမ်းအားမဲ့နေမည်မဟုတ်ပေ။

“ငါတို့တွေ ဒီနေ့အတွက် အကြာကြီးအစီအစဉ်ချခဲ့ရတာ အခု နောက်ဆုံး တော့ရောက်လာပြီ” ချောင်ရှီသည် ခံစားချက်ပါပါပြောလေသည်။

“ဟုတ်တယ် အဲနေ့ရောက်လာရင် ငါ့ရဲ့အိုမင်းနေတဲ့ အရိုးတွေလည်း သက်တမ်းပြည့်ပြီ” ကျွင်းပိုင်လည်း သက်ပြင်းချလေသည်။ ကောင်းကင်တာအို ပြောင်းလဲမည့်နေ့ရက်သည် မဝေးတော့ပေ။ သို့သော် သာယာဝပြောသည့် ကမ္ဘာကြီး ထွက်ပေါ်သည်ကို ကြည့်ရန်မစောင့်နိုင်တော့ပေ။

ချောင်ရှီသည် ပါးစပ်ဟပြီး တစ်စုံတစ်ရာပြောရန်ကြိုးစားသော်လည်း နောက်ဆုံးတွင် ဘာမှမပြောတော့ပေ။

သူတော်စင်တစ်ဘောက်အနေနှင့် ကျွင်းပိုင်သည် ထိုအငြင်းအခုံများ အကြားတွင် မပါဝင်သင့်ပေ။ သူသည် ဤကမ္ဘာကြီးအတွက် ရပ်တည်နေကာ လျှို့ဝှက်ချက်များကို ပြောပြခဲ့သည်။ သူတို့အားလုံးသည် သူ့ကိုမှီခိုနေရသည်။ ယခု သူ့ကျန်းမာရေးသည် ပိုပိုဆိုးလာသည်။ ဒါကအပြစ်ပေးတာမဟုတ်ဘူး လား။

သို့သော် သူတို့လုပ်နိုင်သည့်အရာ ဘာမှမရှိပေ။ နန်းတော်လေးဆောင်နှင့် အောက်မှအင်အားစုများသည် အလွန်အားကောင်းကြကာ အံ့ဖွယ်သားရဲလေး ကောင်သည် သူတို့နေရာသို့ပြန်မရောက်သေးသဖြင့် အားလုံး၏ ဘဝများမှာ ဆင်းရဲကျပ်တည်းခဲ့ရသည်။ အကယ်၍ အရာအားလုံးကို တည့်မတ်ရန်အတွက် သာမဟုတ်လျှင် ကျွင်းပိုင်သည် ဘာကြောင့် ရွှံ့ရေထဲသို့ ဖြတ်တော့မည်နည်း။

ထိုအကြောင်းကို တွေးမိလျှင် အားလုံး၏စိတ်များ လေးလံသွားကြသည်။ သို့သော် ကျွင်းပိုင်သည် နည်းနည်းမှစိတ်အားမငယ်ပေ။ တစ်စုံတစ်ခုကို စတေး ရသည့်အရာရှိစမြဲဖြစ်သည်။ သူ့အတွက်တော့ သူ့အသက်ကို စွန့်စားရုံသာဖြစ် သည်…

***

All Chapters