← Chapters

အကုန်လုံးက သူမနဲ့သက်ဆိုင်နေတယ်

Vol. 162 Ch. 2261

အကုန်လုံးက သူမနဲ့သက်ဆိုင်နေတယ်

Vol. 162 Ch. 2261

ရှီမာယူယူသည် ခန်းမထဲမှလေးလံနေသည့် လေထုကိုမသိပေ။ ဝူလင်းယူ နှင့် သူမသည် ရှီမာယူလင်းနောက်သို့လိုက်သွားကာ တစ်ဦးနှင့်တစ်ဦး၏ အတိတ်မှအခြေအနေများကို ပြောကြရင်း သိပ်မကြာခင်တွင် ‘ထိုနေရာ’ သို့ ရောက်လေသည်။

“ဒါကဂိုဏ်းရဲ့တားမြစ်နယ်မြေပဲ.. ဒီထက်ပိုသွားလို့မရတော့ဘူး မင်းတစ် ယောက်ပဲ ဝင်သွားလို့ရမယ်လို့ နန်းတော်သခင်ပြောလိုက်တယ်” ရှီမာယူလင်း သည် ပြောပြီးနောက် ဝူလင်းယူကို ကြည့်လိုက်သည်။

“ဒါကကမ်းပါးနန်းတော်ရဲ့ တားမြစ်နယ်မြေဖြစ်နေတာကို ဘာလို့ငါ့ကို ဝင်သွားစေချင်တာလဲ” ရှီမာယူယူသည် နားမလည်နိုင်ဖြစ်သည်။

“ငါလည်း အဲဒါကိုမသိဘူးလေ” ရှီမာယူလင်းသည် ထိုစကားကြားသော အခါ အံ့ဩမိသည်။ သို့သော် အထက်မှအမိန့်ဖြစ်သဖြင့် သူ မေးခွန်းထုတ်ပိုင်ခွင့် မရှိပေ။ ရှီမာယူယူ ကြောက်မည်ကို သူစိုးရိမ်သဖြင့် ပြောလိုက်သည် “တားမြစ် နယ်မြေမှာ ထူးထူးခြားခြားမရှိဘူးလို့ ကြားဖူးတယ် ဒီအတိုင်းဂူသင်္ချိုင်းတစ်ခုပဲ”

‘ဂူသင်္ချိုင်း’ ဟု ရှီမာယူယူကြားသည်နှင့် သူမ၏ ရင်များခုန်သွားသည်။ ဧကရာဇ်ချင်းဒေါင်ရဲ့ ဂူသင်္ချိုင်းများဖြစ်နေမလား။ ကျွင်းပိုင်က သူမ စွမ်းအား စုပ်ယူဖို့အတွက် ဒီကိုခေါ်လာတာလား။

သူမသည် အသိစိတ်ပင်လယ်ထဲမှ မြေပုံကိုထုတ်ပြီး ကြည့်လိုက်သည်။ ကမ်းပါးနန်းတော်ဟု ပြမထားသော်လည်း တောင်ထိပ်တွင်ရှိနေသည်မှာတော့ မှန်သည်။ ကမ်းပါးနန်းတော်သည် ဧကရာဇ်ချင်းဒေါင်၏ဂူသင်္ချိုင်းအကြောင်းကို အရင်ကတည်းက သိထားပုံရသည်။ ထိုဂူသင်္ချိုင်းသည် သူတို့နှင့် မသက်ဆိုင် ကြောင်းကို ကျွင်းပိုင်ဆီမှကြားပြီးနောက် ရေစက်ပါသည့်သူကို စောင့်ဆိုင်းနေ ပုံရသည်။ ဤအရာကသာ သူတို့၏ အပြုအမူအတွက် ရှင်းပြချက်ဖြစ်သည်။

သူမကို အံ့ဩသွားစေသည်မှာ ဧကရာဇ်ချင်းဒေါင်၏ ဂူသင်္ချိုင်းသည် ကမ်းပါးနန်းတော်တွင်ရှိနေခြင်းပင်။ သူမသည် ‘သူ့’ ကိုမကြာခင်တွင် တွေ့ရ တော့မည်။

ဤအကြောင်းကို ရွှမ်ချုံးဟော် သိနေမလား သူမမသိပေ။

သို့သော် သိသည်ဖြစ်စေ မသိသည်ဖြစ်စေ အရေးမကြီးပေ။ ဤနေရာ ဘေးတွင် တခြားနေရာမရှိပေ။ သူမသာ တခြားစွမ်းအားများကို မစုပ်ယူလျှင် အချိန်တစ်ခုကြာသည်အထိ သူ သူမကိုလာရှာမည်မဟုတ်ပေ။

ထိုသို့တွေးပြီးနောက် သူမ ဝူလင်းယူဘက်သို့ လှည့်ကာ ပြောလိုက်သည် “ကျွန်မကို အပြင်မှာပဲစောင့်နေပေးပါ”

သူမ ဧကရာဇ်ချင်းဒေါင်၏ စွမ်းအားကို စုပ်ယူတော့မည်ကို ဝူလင်းယူ လည်းသိသဖြင့် သူမကို ဤနေရာမှစောင့်ရန်သာရှိတော့သည်။

ရှီမာယူယူသည် တားမြစ်နယ်မြေကို တစ်ယောက်တည်းလျှောက်သွား ကာ ဂူသင်္ချိုင်းကို တရင်းတနှီးပင် ဝင်လာခဲ့ပြီး ဧကရာဇ်ချင်းဒေါင်ထားခဲ့သည့် စွမ်းအားကို စတင်စုပ်ယူတော့သည်။

သူမ ဧကရာဇ်ချင်းဒေါင်၏ စွမ်းအားကို စုပ်ယူသည်နှင့် ရွှမ်ချုံးဟော်သည် အာရုံခံမိသည်။ သူသည် အနီရောင်ဝတ်ရုံဝတ်ထားပြီး မြင့်မားသောပုလ္လင်ပေါ် တွင် ထိုင်နေသည်။

“အဲတော့ မကြာတော့ဘူးပဲ.. မင်း အချိန်ဆွဲဦးမယ်လို့ထင်ထားတာ…”

ရှီမာယူယူသည် တားမြစ်နယ်မြေတွင် လအနည်းငယ်နေသည်။ သူမ တစ်ဦးတည်း တရားကျင့်ကြံနေသဖြင့် မျက်လုံးပိတ်ထားသည်ဖြစ်စေ ဖွင့်ထား သည်ဖြစ်စေ အရေးမဟုတ်တော့ပေ။ သူမ ထွက်လာချိန်တွင် ဖူရှီလည်း ထွက် လာသည်။

ကျွင်းပိုင်နှင့်တခြားသူများ သူ့အတွက် မည်သို့လုပ်ပေးလိုက်သည်ကို သူမ မသိပေ။ အတိုချုပ်ပြောရလျှင် နန်းတော်လေးဆောင်ဘက်မှ လေတိုက်ခြင်းမရှိ သလို တုံ့ပြန်မှုလည်းမရှိပေ။

ဖူရှီသည် ရှီမာယူယူကို တွေ့ရသည်ကို အလွန်ပျော်ရွှင်ကာ သူမဆီသို့ အမြန်ပြေးလာပြီး ပြောလေသည် “ယူယူ နောက်ဆုံးတော့ နတ်ဘုံကို ရောက် လာပြီပဲ.. ငါ့ကိုဘာလို့ကြိုမပြောတာလဲ”

ရှီမာယူယူသည် သူ့ကိုပြုံးပြပြီးပြောလိုက်သည် “မင်း ဒီကိုရောက်တာနဲ့ တံခါးပိတ်ကျင့်ကြံနေတယ်လို့ကြားတယ်.. ကြိုပြောလည်း မင်းသိမှာတောင် မဟုတ်ဘူး.. ငါ့ကိုစောင့်ဖို့နဲ့ မင်းရဲ့အရေးကြီးကိစ္စတွေ နှောင့်နှေးသွားလို့မဖြစ် ဘူးလေ မဟုတ်ဘူးလား”

သူ လုပ်ချင်လျှင်လည်း ဆရာက သဘောတူမည်မဟုတ်ပေ။

“ဘယ်လိုပဲဖြစ်ဖြစ် နောက်ကျရင် ငါတို့တွေ လိပ်မည်းနဲ့ကျားဖြူကို သွား ရှာမှာပဲ.. စကားပြောဖို့အချိန်ရှိပါသေးတယ်” ဖူရှီသည် ပြုံးပြီးပြောလေသည်။

“မသေချာပါဘူး” သူ့တွင် ကိုယ်ပိုင်အတွေးရှိနေမလားကိုလည်း သူမ မသိသောကြောင့် သွားရမည့်လမ်းမှာ လွယ်ကူမည်မဟုတ်ကြောင်းကို ရှီမာယူ ယူ မပြောခဲ့ပေ။

ခဏအကြာတွင် ကြက်သွေးရောင်မီးတောက်တည်ရှိရန် လိပ်မည်းနှင့် ကျားဖြူလိုအပ်ကြောင်းခန့်မှန်းကြ၏။ ဟင်္သပဒါးငှက်၏ အငွေ့အသက် ထွက် လာသည်နှင့် ဘေးသင့်သားရဲကြီးလေးကောင်၏ အာရုံကိုစိုက်လာစေသည်။ သူတို့သည် ကမ်းပါးနန်းတော်ကို ချက်ချင်းပြဿနာဖြစ်စေသဖြင့် ကြက်သွေး ရောင်မီးတောက်ကို အားလုံးရှေ့တွင် နတ်ဘုံမှထွက်သွားစေလိုသည်။

သို့သော် သူသည် အံ့ဖွယ်ဟင်္သပဒါးငှက်ဖြစ်သဖြင့် လိပ်မည်းနှင့် ကျားဖြူ ကိုရှာရမည့်ကိစ္စတစ်ခုတည်းကြောင့်သာ ထွက်သွားမည်ဖြစ်သည်။ နန်းတော် လေးဆောင်သည် ဤကိစ္စကိုအလွတ်ပေးမည်မဟုတ်သဖြင့် သေချာပေါက် လူလွှတ်ပြီးတားမည်ဖြစ်သည်။ သူတို့သည် လိပ်မည်းနှင့် ကျားဖြူကို သူတို့ လက်နှင့် ကိုယ်တိုင်ရှင်းပစ်လိုက်နိုင်သည်။

ထို့ကြောင့် သူတို့၏ခရီးမှာ အေးချမ်းမည်မဟုတ်ပေ။

သူမ စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ သို့သော် ဖူရှီသည် စိတ်ပူခြင်းမရှိ ဘဲ ဆက်မေးလေသည် “မင်း တက်လာပြီးကတည်းက ဘယ်သူနဲ့တွေ့ပြီးပြီလဲ ကျားနန်ရှင်းနဲ့ မူယဲ့ချီကိုတွေ့ပြီးပြီလား”

“ကျားနန်ရှင်းကိုပဲတွေ့ရသေးတယ် ကျန်တဲ့လူတွေနဲ့ တွေ့ဖို့အချိန်မရှိ သေးဘူး” ရှီမာယူယူသည် ပြောပြီးသည်နှင့် ရင်းနှီးသောအသံနှစ်သံကြားလိုက် ရသည်။ သူမ လှည့်လိုက်သည်နှင့် လူနှစ်ယောက် လျှောက်လာသည်ကို တွေ့ လိုက်ရသည် “အဒေါ်ဖန်” ရှီမာယူယူသည် ဖန်ရူယန်ကိုမြင်သည်နှင့် ပျော်ရွှင်စွာ ပြေးသွားကာ ယွမ်ရှောင်ကျယ်ကို အရိုအသေပြုလိုက်သည် “ဆရာဦးလေး”

“မင်း ဂိုဏ်းကိုရောက်နေတယ်လို့ ကြားတာနဲ့ ဒီကိုလာခဲ့လိုက်တာ” ဖန်ရူယန်သည် အရင်ကလိုပင် မသေမျိုးကဲ့သို့ သိမ်မွေ့နူးညံ့နေဆဲဖြစ်ကာ သူမ ၏ နှုတ်ခမ်းပေါ်မှ အပြုံးသည် လက်ရှိ သူမခံစားချက်ကောင်းနေကြောင်းကို ဖော်ပြနေသည်။

“နတ်ဘုံကိုမလာခင် ဖန်မျိုးနွယ်ကို သွားလည်ခဲ့သေးလို့ အဒေါ် နတ်ဘုံ မှာ ရှိတယ်ဆိုတာသိခဲ့တာ.. ကျွန်မတက်လာရင် အဒေါ့်ကိုရှာမယ်လို့တွေးနေ တာ ဒီလောက်မြန်မြန်တွေ့ရလိမ့်မယ်လို့ ထင်မထားဘူး” ရှီမာယူယူသည် ဖန်ရူယန်၏ လက်ကိုဆွဲယူပြီး ချစ်ခင်စွာပြောလေသည်။

ဖန်ရူယန်သည် ရှီမာယူယူ ကြီးပြင်းလာသည်ကို ကောင်းစွာဂရုစိုက်ပေးခဲ့ သဖြင့် သူမသည် ဖန်ရူယန်ကိုသံယောဇဉ်တွယ်ပြီး အကြီးအကဲတစ်ယောက် သဖွယ်ဆက်ဆံသောကြောင့် သူမ၏ အပြုအမူသည် ထူးဆန်းနေခြင်းမရှိပေ။

သူမ၏လက်ရှိအင်အားကိုမြင်လိုက်ရချိန်တွင် ဖန်ရူယန်နှင့် ယွမ်ရှောင် ကျယ်တို့ခံစားချက်ပြင်းသွားမိသည်။ ရှီမာယူယူသည် ဤကဲ့သို့လျင်မြန်စွာ ကြီးထွားလာပြီး လေးလံသောတာဝန်ကို ထမ်းထားရလိမ့်မည်ဟု သူတို့လည်း တွေးမထားကြပေ။

နောက်တွင် ရှီမာယူယူသည် ကောင်းကင်ဂိုဏ်း၏လက်ရှိအခြေအနေကို ယွမ်ရှောင်ကျယ်အား အနည်းအကျဉ်းပြောပြသည်။ သူတို့၏ကျောင်းအုပ် ထွက်သွားသဖြင့် အားလုံးသည် ဒေါသထွက်ခဲ့ကြသေးသည်။

ယွမ်ရှောင်ကျယ်သည် သူ့အပြုအမူအတွက် နည်းနည်းမှပင် အပြစ် မခံစားရသကဲ့သို့ ပျော်ရွှင်စွာပင် ပြုံးလိုက်သည်။

ပြောပြီးချိန်တွင် လူတစ်ယောက်သည် သူတို့ကိုလာရှာသည်ကို ရှီမာယူ ယူ မြင်လိုက်ရသည်။ ထိုလူသည် ထိုနေ့က ကျွင်းပိုင်နောက်သို့လိုက်ခဲ့သူဖြစ် ကြောင်းကိုသတိထားမိ၏။ သူသည် သူမကိုလာရှာသည်ကိုသိပြီးနောက် ဖန်ရူယန်နှင့်တခြားသူများကို မပြောတော့ပေ။

သူမသည် ဖန်ရူယန်၏ လက်ထဲသို့ ကျောက်စိမ်းပုလင်းထည့်ကာ ပြော လိုက်သည် “အဘိုးက ဒါသောက်ပြီးတော့ တစ္ဆေလောကမှာ ဧကရာဇ်အဆင့်ကို တက်သွားခဲ့တာ”

ဖန်ရူယန်သည် ကျောက်စိမ်းပုလင်းကို တင်းကြပ်စွာကိုင်လိုက်သည်။ အစပိုင်းတွင် တခြားနည်းလမ်းများကိုသုံးကာ ဧကရာဇ်အဆင့်သို့တက်ခဲ့သည်။ သို့သော် ကောင်းကင်တာအို၏ အသိအမှတ်ပြုခြင်းကိုမခံခဲ့ရပေ။ ထို့ကြောင့် ဧကရာဇ်အဆင့်သို့ စစ်မှန်စွာတက်ခဲ့သူများနှင့်စာလျှင် အားနည်းသည်။ ကောင်းကင်တာအို အသိအမှတ်ပြုတာခံရဖို့ ရှီမာယူယူ သူမကိုပေးခဲ့တာ ဘာ ဖြစ်မလဲ။

သို့သော် သူမ မမေးခင်မှာပင် ရှီမာယူယူနှင့် ဖူရှီတို့သည် ထိုလူနောက် လိုက်သွားလေသည်။

“တစ္ဆေဘုရင်က တစ္ဆေလောကမှာ ဒါသုံးပြီးအဆင့်တက်ခဲ့တာဆိုတော့ မင်းအတွက်ကောင်းတာဖြစ်မှာပါ” ယွမ်ရှောင်ကျယ် ပြောလေသည်။

“ကျွန်မသိပါတယ်” ဖန်ရူယန်သည် ကျောက်စိမ်းပုလင်းကိုသိမ်းကာ သူမ ထွက်သွားသည့်ဘက်သို့ ကြည့်ကာ ပြောလေသည် “သူမက လိမ္မာတဲ့ကလေး ဆိုတာကို အဲတုန်းကသိခဲ့တယ်.. နှစ်တွေအများကြီးကြာပြီးတာတောင် ဒါတွေ ကို ကျွန်မအတွက်လုပ်ပေးဖို့ တွေးနေသေးတယ်”

“သူမက အမြဲတမ်း လိမ္မာတဲ့ကလေးဖြစ်နေတာပါ” ယွမ်ရှောင်ကျယ် လည်း သက်ပြင်းချလေသည်။

ရှီမာယူယူနှင့် ဖူရှီတို့သည် ကျွင်းပိုင်နှင့် ချောင်ရှီတို့ကို သွားတွေ့ကြသည်။ ဝူလင်းယူသည် ထိုနေရာတွင်ရှိနေကာ သုံးယောက်သား တစ်စုံတစ်ခုကို ဆွေးနွေးနေကြသည်။

သူမ ဝင်လာသည်ကို ကျွင်းပိုင်မြင်သောအခါ မျက်မှောင်အသာကြုတ် လေသည် “မင်းက ဘာလို့အခုထိ ဧကရာဇ်အဆင့်ကိုမတက်သေးတာလဲ”

သူမ ဧကရာဇ်ချင်းဒေါင်၏ စွမ်းအားကိုစုပ်ယူပြီးနောက် ဧကရာဇ်အဆင့် သို့ တက်သင့်နေပြီဖြစ်သည်။ သူမက ဘာလို့နည်းနည်းကြာနေတာလဲ။

“ကျွန်မ ဖိနှိပ်ထားတာပါ” သူမ၏ အဆင့်တက်ခြင်းအကြောင်းကို ကျွင်းပိုင် မည်သို့သိသည်ကို ရှီမာယူယူ မမေးပေ “ကျွန်မက ဒီလောက်အဆင့် တွေအများကြီးကျော်တက်နေတာကို ရှင်သိတာပဲ.. ပြီးတော့ အနောက်မှာ ယင် တွေခြင်တွေကလည်း တောက်လျှောက်လိုက်နေတာ.. အဲဒါကြောင့် အဲဒါကို ရှင်းဖို့ မိုးကြိုးဘေးဒုက္ခကိုသုံးခဲ့ရတယ်”

အရေးအကြီးဆုံးမှာ သူမအဆင့်တက်ခြင်းကြောင့် မိုးကြိုးဘေးဒုက္ခ ရင်ဆိုင်ရခြင်းသည် သူမ၏ခန္ဓာကိုယ်ကို ထိခိုက်စေသည်။ အကယ်၍ ထိုသို့ဖြစ် သွားလျှင် သူမသည် လိပ်မည်းနှင့် ကျားဖြူတို့ကို အချိန်တိုအတွင်းရှာနိုင်မည် မဟုတ်ပေ။ သူတို့တွင် လက်ရှိတွင် အချိန်မရှိတော့ပေ။ အဆင့်တက်ခြင်းသည် အရင်ကလောက် အရေးမကြီးတော့ပေ။ မည်သို့ပင်ဖြစ်စေကာမူ သူမ၏ခန္ဓာ ကိုယ်အတွင်းတွင် ဖိနှိပ်ထားသည့်စွမ်းအားသည် အဆင့်တက်မည့်အချိန်တွင် သူမ၏ ဆုံးဖြတ်ချက်အပေါ်တွင် မူတည်နေသည်။

***

All Chapters