← Chapters

သူမ၏ခန့်မှန်းချက်ကို အတည်ပြုခြင်း

Vol. 162 Ch. 2262

သူမ၏ခန့်မှန်းချက်ကို အတည်ပြုခြင်း

Vol. 162 Ch. 2262

ရှီမာယူယူ၏အတွေးကို မည်သူမှ မှတ်ချက်မပေးကြပေ။ မည်သို့ပင်ဖြစ် စေကာမူ သူမတွင် ကိုယ်ပိုင်ထင်မြင်ချက်ရှိသည်။ ကျွင်းပိုင်သည် မေးရုံမျှ မေး ခြင်းသာဖြစ်သည်။

ကျွင်းပိုင် ဘာကြောင့်ထိုမျှအံ့ဩသွားသည်ကို ရှီမာယူယူသိသည်။ တကယ်တော့ သူမသည် ပြီးခဲ့သည့်တစ်ခေါက်က ဧကရာဇ်အဆင့်သို့ တက်နိုင် သည်။ သို့သော် အရှိန်အဟုန်နှင့်တိုးတက်နေခြင်းကြောင့် သူမ၏အခြေခံ အုတ်မြစ်ကိုဖုံးကွယ်ဖို့အတွက် ကျင့်စဉ်ကိုဖိနှိပ်ခဲ့သဖြင့် အဆင့်တက်ရန် မလောတော့ပေ။ ထိုအရာကိုကျွင်းပိုင်မြင်ခဲ့ခြင်းဖြစ်မည်။ ထို့ကြောင့် သည်တစ် ခေါက် ဧကရာဇ်ချင်းဒေါင်၏စွမ်းအားကို စုပ်ယူပြီးနောက် သေချာပေါက် အဆင့် တက်လိမ့်မည်ဟု ထင်ထားခဲ့သည်။ သို့သော် သူမသည် အဆင့်မတက်ဘဲ အရင် အတိုင်းဖြစ်နေလိမ့်မည်ဟုထင်မထားပေ။

သူမ ပြောသည့်အတိုင်းပင် ယခုအချိန်တွင် သူမသည် အချိန်မရွေးအဆင့် တက်နိုင်သည်။ သို့သော် သူမ၏ဘေးဒုက္ခရင်ဆိုင်ရခြင်းကြောင့် မနှောင့်နှေး စေလိုသည်။ ထို့ကြောင့် နောက်မှ အကူအညီဖြစ်ရန် ဖုံးကွယ်ထားလိုက်သည် က ပိုကောင်းသည်။

“အခုစကြတော့မလား” သူမသည် ကျွင်းပိုင်ကိုမေးလိုက်သည်။

“အင်း စကြတာပေါ့”

ကျွင်းပိုင်ခေါင်းညိတ်လိုက်သည်။ ရှီမာယူယူသည် ကြက်သွေးရောင် မီးတောက်ကိုခေါ်ထုတ်ပြီး ကျွင်းပိုင်သည် စတင်အာရုံခံတော့သည်။ လမ်းတစ် ဝက်အရောက်တွင် သူသည် ကြက်သွေးရောင်မီးတောက်၏ ရောင်ဝါကို သူ့ ခန္ဓာကိုယ်အတွင်းသို့ ဝင်စေသည်။ ခဏအကြာတွင် ကျွင်းပိုင်သည် ပါးစပ် အပြည့်သွေးအန်တော့သည်။

ရှီမာယူယူသည် ထိုမြင်ကွင်းကိုကြည့်ပြီး အရင်က သူမအတွက် ဗေဒင် ဟောပေးခဲ့သည့်အကြောင်းကို ပြန်အမှတ်ရမိသည်။ ထိုစဉ်ကလည်း သူ သွေးအန်ခဲ့သည်။ ယခု အံ့ဖွယ်သားရဲလေးကောင်နှင့် ပတ်သက်နေရာ မှန်ကန် စွာကျင့်ကြံခြင်းဟူသော အမည်နှင့် စပ်လျဉ်းနေသည်။ သဘာဝကျကျပင် ဤ အရာသည် အဓိကအဖြစ်အပျက်ကြီးဖြစ်သည်။ အရင်တစ်ခါ သူမအတွက် ဗေဒင်ဟော‌ပေးတာက သူမတစ်ယောက်တည်းအတွက်မဟုတ်ဘူးလား၊ ဒါမှမဟုတ် အဲထက်ပိုသေးတာလား။

အတန်ကြာမှပင် ကျွင်းပိုင်ပြီးစီးလေသည်။ သူသည် ဗေဒင်ရလဒ်ကို မမြင် ရသေးခင်မှာပင် အလွန်အမင်းဖြူဖျော့သွားရာ ဖူရှီသည် ဆေးတစ်လုံးထုတ် တိုက်ရသည်။

ဆေးသောက်ပြီးနောက် ကျွင်းပိုင်၏အသားအရေမှာ များစွာကောင်းလာ သော်လည်း စက္ကူတစ်ရွက်ကဲ့သို့ ဖြူနေတုန်းပင်ဖြစ်သည်။ သူသည် အစောက အားကုန်သွားသည့်အလား ကုလားထိုင်ကိုမှီလိုက်သည်။

“အဖြေကို ကိုယ့်ဘာသာကြည့်လိုက်တော့” သူသည် အားလျော့နည်းစွာ ဖြင့်ပြောလေသည်။

အရင်တစ်ခေါက် ရှီမာယူယူအတွက် ဗေဒင်ဟောပေးရာမှရခဲ့သည့် ဒဏ်ရာသည်ရှိနေဆဲပင်။ သို့သော် ယခုတစ်ခါထပ်ဖြစ်သဖြင့် သူ့ခန္ဓာကိုယ် သည် အားအင်ခမ်းခြောက်တော့မည့်အတိုင်းပင်။ ဖူရှီသည် စိတ်မချမ်းမြေ့စွာ ဖြင့် သူ့ကိုအနားယူခိုင်းကာ အဖေကိုကိုယ်တိုင်ဖတ်သည်။

အတန်ကြာနှုတ်ဆိတ်ပြီးနောက် ဖူရှီသည် ပစ္စည်းများကိုသိမ်းလိုက်၏။

“ဆရာ ၂ ကျွန်တော်မြင်ပြီးပါပြီ” ကျွင်းပိုင်၏ ချိနဲ့နေသောခန္ဓာကိုယ်ကို မြင်သောအခါ ဖူရှီသည် စိတ်မချမ်းမြေ့တော့ပေ။ သို့သော် သူပြောရဦးမည် “ဆရာ၂ အံ့ဖွယ်ဟင်္သာပဒါးငှက်ထွက်လာတာနဲ့ နန်းတော်လေးဆောင်က သတင်းရမှာပဲ.. ကျွန်တော်တို့ အခုပဲထွက်သွားရမယ်.. ဆရာ့ခန္ဓာကိုယ်က..”

ကျွင်းပိုင်သည် အားတင်းပြီးပြုံးကာ ပြောလေသည် “ငါ့ကိုစိတ်မပူနဲ့ အချိန်တစ်ခုထိသေမှာမဟုတ်ဘူး.. မင်းတို့စိတ်ချပါ.. မင်းတို့ပြန်လာတဲ့အချိန် ကျရင် ငါ့ခန္ဓာကိုယ် ကောင်းသွားလိမ့်မယ်”

“ကျွန်တော်.. ဆရာ ကျွန်တော်တို့ တတ်နိုင်သလောက် မြန်မြန်ပြန်လာပါ မယ်” ဖူရှီသည် ခေါင်းမာမာဖြင့် ပြောလေသည်။ ထို့နောက် ရှီမာယူယူကို ပြော လိုက်သည် “သွားကြမယ်”

“နေဦး” ရှီမာယူယူသည် ကျွင်းပိုင်ဆီသို့သွားကာ သေတ္တာတစ်လုံးထုတ် ပြီး ပြောလိုက်သည် “ဒါက ဂမ္ဘီရပညာရှင်ဖြစ်တဲ့ ကျွန်မသူငယ်ချင်းတစ် ယောက်က ရှာခိုင်းထားတာပါ.. နည်းနည်းကျန်သေးတယ်.. ရှင့်ကို အထောက် အကူဖြစ်စေဖို့မျှော်လင့်ပါတယ်”

ဖူရှီယူလိုက်ကာ သေတ္တာကိုဖွင့်ကြည့်သည်နှင့် အထဲမှအရာကိုမြင်လိုက်ရ ချိန်တွင် သူစိတ်မလှုပ်ရှားဘဲမနေနိုင်တော့ပေ “ဒါကိုယ်ကနေ ရှာလာတာလဲ”

“ထာဝရရှင်သန်နယ်မြေက ရှေးဟောင်းစစ်မြေပြင်က” ရှီမာယူယူ ပြော လိုက်သည် “ဒါက သူတော်စင်တွေရဲ့ခန္ဓာကိုယ်အတွက် အရမ်းကောင်းတယ်လို့ ငါ့သူငယ်ချင်းပြောတယ်.. ဒါပေမဲ့ သခင်ကျွင်းအတွက် အသုံးဝင်ပါ့မလား ငါ မသိတတ်ဘူး”

“အသုံးဝင်တယ် အရမ်းအသုံးဝင်တယ်.. အရင်က ငါတို့တွေ အသန့်စင် ဆုံးရေကို လူလွှတ်ပြီးရှာခိုင်းဖူးတယ်.. ဒါပေမဲ့ ဘာသတင်းမှမရှိခဲ့ဘူး” ဖူရှီသည် အလွန်စိတ်လှုပ်ရှားနေသည် “ပြီးတော့ မင်းမှာ တစ်ခုနှစ်ခုတင်ရှိတာမဟုတ်ဘူး အခု ဆရာ့ခန္ဓာကိုယ်ကို ကယ်လို့ရပြီ”

ရှီမာယူယူသည် အသန့်စင်ဆုံရေပါနေသည့် အချစ်ကျောက်တုံးပေးလာ လိမ့်မည်ဟု ကျွင်းပိုင်မမျှော်လင့်ထားပေ။ ထိုအရာသည် သူ၏လက်ရှိခန္ဓာ ကိုယ်အတွက် တခြားအရာများထက်ပိုကောင်းသည်။

နောက်ဆုံးအောင်ပွဲမတိုင်ခင်အထိ သူ၏ယိုယွင်းနေသော ခန္ဓာကိုယ်မှာ ခံနိုင်ရည်မရှိတော့မည်ကို သူစိုးရိမ်ခဲ့ရသည်။ သို့သော် ယခုအချိန်တွင် စိတ်ပူရန် မလိုတော့ပေ။

ရှီမာယူယူသည် ခေတ္တမျှစဉ်းစားပြီးနောက် ကျောက်စိမ်းပုလင်းနှစ်လုံး ထုတ်ကာ ပြောလိုက်သည် “သခင်ကျွင်းရဲ့ခန္ဓာကိုယ်က နတ်ဘုံနဲ့ ကမ္ဘာတစ်ခု လုံးအတွက် အရမ်းအရေးကြီးတယ်.. အဲဒါကြောင့် ခန္ဓာကိုယ်ကို ဂရုစိုက်ရမယ်”

အသန့်စင်ဆုံးရေကို ထုတ်လိုက်ချိန်တွင် သူမထုတ်လာသည့်ပစ္စည်းသည် ရိုးရှင်းသည်ဟု ဖူရှီနှင့် ကျွင်းပိုင်တို့ မတွေးခဲ့ကြပေ။ သို့သော် အသက်သစ်ပင်၏ အဆီအနှစ်နှင့် ဝိညာဉ်သစ်ပင်၏အဆီအနှစ်ကို ကျောက်စိမ်းပုလင်းနှစ်ပုလင်း ဖြင့် ထုတ်လာချိန်တွင် သူတို့မှင်တက်မိကြသည်။

ထိုပစ္စည်းသုံးခုသည် အလွန်အဖိုးတန်ပြီးရှားပါးကာ ဂမ္ဘီရပညာရှင်များ အတွက် ကောင်းသည့်အရာများဖြစ်သည်။ ထိုပစ္စည်းတစ်ခုရှိလျှင် သူသက်သာ လာနိုင်သည်။ နှစ်ခုရှိလျှင် အသက်ရှည်နိုင်သည်။

“ယူယူ ကျေးဇူးတင်ပါတယ်” ရိုးရှင်းသောကျေးဇူးစကားတစ်ခွန်းသည် သူတို့၏ ကျေးဇူးတင်စိတ်ကို ဖော်ပြ၍မရနိုင်ပေ။

“ကျွန်မတို့မကြာခင် ထွက်သွားတော့မှာ.. ဒီကိစ္စတွေကို ရှင်စိတ်ပူနေ သေးတယ်ဆိုတာကို ကျွန်မတို့မြင်နေရပါတယ်.. ပြီးတော့ သခင်ကျွင်းက အရင် က ကျွန်မကို ဗေဒင်ဟောပေးထားတာပဲ.. အခုအရမ်းကြီးထိခိုက်သွားလို့မဖြစ် ဘူးလေ.. တစ်ဖက်ကကြည့်ရင်လည်း ကျွန်မလုပ်ပေးနိုင်တာဆိုလို့ ဒါတွေပေး တာပဲရှိတယ်” ရှီမာယူယူပြောလေသည် “စောစောသွားကြတာပေါ့ လူတွေကို ဆွဲခေါ်သလိုဖြစ်ရင် ကမ်းပါးနန်းတော်ကို ပြဿနာဖြစ်စေလိမ့်မယ်”

ဖူရှီသည် ကမ်းပါးနန်းတော်မှလူဖြစ်သည်ကို သူမသိသော်လည်း ဤနေရာမှ ထွက်လာသည်နှင့် အပြင်တွင် သွားလာရသည်မှာမတူပေ။

ဖူရှီသည်လည်း လက်ရှိအခြေအနေကိုသိသည်။ ယခု ဤအရာသုံးခုကို ရှီမာယူယူဆီမှရသဖြင့် ဆရာဖြစ်သူ၏ခန္ဓာကိုယ်ကို စိတ်ပူရန်မလိုတော့ပေ။ ထို့ကြောင့် ရှီမာယူယူနှင့်အတူ ထွက်သွားရာ အမည်မသိသောနေရာတစ်ခုတွင် ပြန်ပေါ်လာလေသည်။

“မင်းပြောကြည့် အဲလူတွေ ဘယ်လောက်ကြာမယ်ထင်လဲ” ဖူရှီသည် ပြုံး ပြီးမေးလေသည်။

ရှီမာယူယူသည် သူ့ကိုကြည့်လိုက်ရာ သူ၏ရောင်ဝါမှာ အရင်အတိုင်းဖြစ် တုန်းပင်။ သူသည် အဇူရာနဂါးရောင်ဝါကို ဖုံးကွယ်ထားကြောင်းကို သူမ သိ၏။ သို့သော် အရင်နှင့်ယခုမှာ ကွာခြားမှုမကြီးလှပေ။

“လိပ်မည်းနဲ့ ကျားဖြူက ဘယ်မှာလဲ” အစောက ကျွင်းပိုင်သည် အဖြေကို မပြောဘဲ ဖူရှီသာကြည့်ခဲ့သည်ကို ရှီမာယူယူ မှတ်မိသည်။ ဖူရှီသည် ဖတ် ပြီးနောက် ဘာမှမပြောခဲ့ပေ။ သူမ မည်သည့်နေရာသို့သွားရမည်ကို မသိသေး ပေ။

“လိပ်မည်းက သူ့နေရာကိုပြန်သွားတယ်.. သူ့ကိုရှာဖို့ အဇူရာဆုန်တိုက် ကိုသွားဖို့လိုလိမ့်မယ်.. ကျားဖြူကိုတော့ မြန့်တိုက်ကိုသွားရှာရမှာ” ဖူရှီ ပြော လိုက်သည်။

“ငါတို့ရောက်တာနဲ့ ရှာလို့ရနိုင်မလား”

လိပ်မည်းနှင့် ကျားဖြူတို့၏ တည်နေရာအတိအကျကိုသိထားလျှင် သူတို့ ကိုရှာရန်လွယ်သွားမည်။

“ကံပေါ်မူတည်တယ်.. အနှေးနဲ့အမြန်တော့တွေ့မှာပေါ့.. ဒါပေမဲ့ နောက်ဆုံးရလဒ်ကတော့ ကောင်းတယ်” ဖူရှီ ပြောလေသည် “ဒါနဲ့ အောက်ကို ဆင်းသွားရင် ငါတို့အင်အားက အကန့်အသတ်ရှိမှာကို ကြိုသတိပေးထားရဦး မယ်.. မင်း ဧကရာဇ်အဆင့်တက်ဖို့ဆို နည်းနည်းခက်လိမ့်မယ်”

အောက်ပိုင်းလောကများကိုသွားလျှင် မိမိ၏အင်အားကို ထိုလောက၏ အမြင့်ဆုံးအဆင့်၌ဖိနှိပ်ထားရမည်။ အကယ်၍ ကောင်းကင်တာအိုကို စော်ကား ပြီး အသုံးမပြုသင့်သည့် စွမ်းအားကိုသုံးခဲ့လျှင် ကောင်းကင်တာအို၏ အပြစ်‌ပေး ခြင်းကိုခံရလိမ့်မည်။ ထို့အပြင် အောက်ဘက်ရှိတိုက်တွင် ဧကရာဇ်အဆင့်သို့ တက်ရန်မဖြစ်နိုင်ပေ။ ကောင်းကင်တာအိုမှခွင့်မပြုသဖြင့် သူမအဆင့်တက်ချင် တိုင်း အဆင့်တက်ရန်မဖြစ်နိုင်ပေ။

သို့သော် ရှီမာယူယူသည် ထိုကိစ္စကို ဂရုမစိုက်ပေ။ သို့မဟုတ် ထိုအရာ သည် သူမကိုချုပ်နှောင်မထားနိုင်ပေ။

အကယ်၍ တစ္ဆေဘုရင်၏အဆင့်တက်ခြင်းသည် ကစဥ့်ကလျားမြစ်ရေ နှင့် ဆက်စပ်နေပါက သူမဤအဆင့်သို့ရောက်လာချိန်တွင် အကြောင်းအရင်း သေချာနေပြီဖြစ်သည်။

ဤသို့ဖြစ်ရခြင်းမှာ သူမ၏ဝိညာဉ်သည် ကစဥ့်ကလျားလောကသို့ရောက် ဖူးခြင်းကြောင့်လား သို့မဟုတ် ကစဥ့်ကလျားလောက၏ရေကို သောက်ဖူးခြင်း ကြောင့်လား သူမ မသိပေ။ သူမသည် ကောင်းကင်တာအို၏ ဖိနှိပ်ခြင်းကို မခံစားရပေ။ လွန်ခဲ့သည့် ၂ နှစ် အောက်ဘက်တိုက်များတွင် သွားစဉ်ကတည်း က ထိုသို့ခံစားရခြင်းဖြစ်သည်။ အဆင်ပြေသွားနိုင်သည်။

လက်ရှိလူများ၏ ရှေ့မတိုးနိုင်သည့် အဆင့်များသည် ကစဥ့်ကလျား လောကကို ပိတ်လိုက်ခြင်းနှင့် ဆက်စပ်နေသည်ဟု သူမ၏ခန့်မှန်းချက်ကို လည်း အတည်ပြုပြီးဖြစ်သွားလေသည်။

***

All Chapters