ထိုနေရာမှတစ်နေရာ
Vol. 162 Ch. 2263
သူမ၏စိတ်ထဲတွင် မည်သည့်အရာရှိစေကာမူ ရှီမာယူယူသည် ထိုအတွေး များကို ထုတ်မပြောပေ။ သူမသည် ဖူရှီကိုခေါင်းညိတ်ပြပြီး နားလည်ကြောင်း ပြောလိုက်၏။
“အဲလူတွေ မကြာခင်ရောက်လာတော့မယ် ငါတို့လည်း သွားဖို့ပြင်သင့်ပြီ” ရှီမာယူယူ ပြောလိုက်လေသည်။
“မင်းတို့တွေက အဇူရာဆုန်းတိုက်ကို ဘယ်လိုသွားရမလဲဆိုတာ မသိဘူး မလား ငါလုပ်မယ်” ဖူရှီသည် ညာဘက်လက်ကိုမြှောက်လိုက်ရာ ကောင်းကင် ပြာရောင်စွမ်းအားသည် သူ၏လက်ဖဝါးတွင် စုစည်းလာသည်။ သူ၏ စွမ်းအား များ စုစည်းမှုပြီးဆုံးသည်နှင့် လေထဲသို့ပစ်လိုက်သည်။ တဖြည်းဖြည်းနှင့် လေ ထဲတွင် လေဟာနယ်ဝင်ပေါက်ပေါ်လာသည်။
“ဝူး…”
လေဟာနယ်အနောက်မှ ရောက်လာသောတွန်းအားတစ်ခုသည် ဖူရှီ၏ လေဟာနယ်ဝင်ပေါက်ကို ဖျက်ဆီးရန်ကြိုးစားလေသ်။ သို့သော် ထိုအရာ နီးကပ်လာသည်နှင့် ဝူလင်းယူသည် လက်ဝှေ့ယမ်းကာ ဖြေရှင်းလိုက်သည်။
ဦးဆောင်သူသည် အံ့ဩသွားသည်။ သူသည် ဧကရာဇ်အဆင့်သို့ရောက် နေပြီဖြစ်သော်လည်း ထိုလူသည် သူ၏စွမ်းအားကို ပြတ်ပြတ်သားသားချေဖျက် နိုင်သည်။ သူကအထွဋ်ဧကရာဇ်အဆင့်ကိုရောက်နေပြီလား။
သို့သော် ဝူလင်းယူသည် ဘာကိုမှထုတ်ဖော်ပြသခြ်ငးမရှိဘဲ ထိုနေရာ တွင်ရပ်နေရာ မည်သူမှ သူ့အင်အားကိုမမြင်ရပေ။
လူတစ်စုသည် လေဟာပြင်ထဲမှထွက်လာသည်။ သူတို့၏အင်္ကျီများမှ ထုံတုသင်္ကေတကိုမြင်သောအခါ ထိုလူများသည် ခေါင်းမာနန်းတော်မှလူများ ဖြစ်ကြသည်ကို သိလိုက်သဖြင့် ဖူရှီကိုပြောလိုက်သည် “မင်းဆက်လုပ်လိုက် ဒီလူတွေကို ငါတို့ကိုအပ်ထားလိုက်”
သို့သော် ကြက်သွေးရောင်မီးတောက်သည် ထိုလူများကို လွှဲထားရန် အချက်ပြလိုက်သဖြင့် သူမ မလှုပ်ရှားလိုက်ရပေ။ ဝူလင်းယူသည် ရှီမာယူယူ မလှုပ်ရှားသည်ကိုမြင်သောအခါ သူလည်းမလှုပ်ရှားတော့ပေ။
ကြက်သွေးရောင်မီးတောက်သည် သူ၏မူလအသွင်အပြင်ကို ပြောင်းလဲ လိုက်ပြီး သူ၏ဟင်္သပဒါးရောင်မီးတောက်သည် မြင့်မြတ်ထူးကဲပြီး ကြီးကျယ် ခမ်းနားသလို အလွန်တရာမွန်မြတ်ပုံပေါက်လေသည်။ သူသည် ခေါင်းမာ နန်းတော်မှလူများကို ကြည့်ရာ ထိုလူများ၏အနောက်တွင် ထုံတုကို မြင်လိုက် ရလေသည်။
“ဟင်္သပဒါငှက် မင်းတကယ်ပြန်လာတာပဲ” ဦးဆောင်လာသောလူသည် ခေါင်းမာနန်းတော်တွင် ရာထူးအဆင့်မြင့်မားကာ အံ့ဖွယ်သားရဲကြီးလေးပါးနှင့် ဘေးသင့်သားရဲလေးကောင်တို့ကြားမှ ကိစ္စများကို သိထားသူဖြစ်သည်။
“အခု ငါပြန်လာပြီ မင်းတို့သေရမယ့်အချိန်ရောက်ပြီ” ကြက်သွေးရောင် မီးတောက်ပြောလိုက်သည်။ ထို့နောက် အတောင်ပံခတ်ကာ သူတို့ကိုတိုက်ခိုက် လေသည်။
ကြက်သွေးရောင်မီးတောက်သည် ရှေးအကျဆုံးနည်းလမ်းသုံးခဲ့ပြီး သူ၏ ခြေသည်းနှစ်ဖက်သည် သင်တုန်းဓားကဲ့သို့ ထက်လေသည်။ သူ၏လက်ထဲတွင် မိသွားသူသည် နှစ်ပိုင်းပြတ်လေသည်။ သူ၏ရှည်လျားပြီးကြီးမားသော အတောင်ပံနှင့် ရိုက်မိသူသည် သွေးအန်ကြသည်။
ထိုလူများသည် သခင်များဖြစ်ကြသည်။ သူ၏မူလအသွင်အပြင်မှာ အားကောင်းခြင်းကြောင့်သာမဟုတ်လျှင် ဤရှေးကျသောနည်းလမ်းကို မည်သို့ သုံးနိုင်မည်နည်း။
ရှေးအကျဆုံနးည်းလမ်းမှာ သုံးရန်အတွက် တိကျသည့်အင်အားတစ်ခုရှိ ရန်လိုသည်။
ကြက်သွေးရောင်မီးတော်က၏ ဘေးပတ်ပတ်လည်တွင် အနီရောင် ခပ် ဖျော့ဖျော့အလင်းတန်းရှိနေပြီး ထိုအလင်းတန်းသည် သူ့ကိုတိုက်ခိုက်လာသူ များကို တိတ်တဆိတ် ခုခံပေးနေသည်ကို ရှီမာယူယူလည်း သတိထားမိသည်။
တစ်ဖက်တွင် ငှက်ပေါက်စသည်လည်း ပျော်ရွှင်စွာ မီးမြှိုက်နေလေသည်။ ထို့အပြင် သူတို့သည် သူ၏အပူချိန်ကိုခံနိုင်ရည်မရှိသဖြင့် ပစ်မှတ်အထားခံရသူ သည် ပြာအဖြစ်လောင်ကျွမ်းလေသည်။
ထိုလူများအားလုံးကို ရှင်းပစ်ပြီးချိန်တွင် ဖူရှီသည် လေဟာပြင်ဝင်ပေါက် ကို အပြည့်အဝဖွင့်ပြီးလေသည်။
ရှီမာယူယူသည် မြေပေါ်မှအလောင်းများကိုကြည့်ပြီးပြောလေသည် “သွားရအောင် လိပ်မည်းနဲ့ကျားဖြူကို စောစောရှာတွေ့လေ စောစောပြန်နိုင် လေပဲ”
သူတို့အဖွဲ့သည် လေဟာနယ်ဝင်ပေါက်ထဲသို့ဝင်ကြလေသည်။ လေဟာ ပြင်ဝင်ပေါက်ပိတ်သွားသည်နှင့် အလောင်းတစ်ခုသည် မျက်လုံးပွင့်လာသည်။ သူ၏ဗိုက်မှာပွင့်နေဆဲဖြစ်ပြီး လက်တစ်ဖက်မှာကျိုးနေသည်။
ထိုလူသည် ဆေးတစ်လုံးကိုခက်ခက်ခဲခဲသောက်လိုက်ရာ အလွန် ကံကောင်းသည်ဟု ခံစားရလေသည်။ ကံကောင်းစွာပင် သူသည် သေလူကဲ့သို့ ဟန်ဆောင်နိုင်ပြီး သူအသက်ရှင်သေးသည်ကို မည်သူမှ သတိမထားမိကြပေ။ မဟုတ်လျှင် သူ ယနေ့သေရမည်ဖြစ်သည်။
ခဏအကြာတွင် လူတချို့အပြေးလာလေသည်။ ထိုလူများသည် မြေပေါ် မှအလောင်းများကိုမြင်ပြီး လေထဲတွင်ဟင်္သပဒါးငှက်၏အနံ့ပြင်းပြင်းချန်နေ သေးသည်ကိုရသောအခါ သူတို့၏မျက်နှာထားများမှာ ပြောင်းလဲသွားလေ၏။
“အသက်ရှင်တဲ့သူမရှိဘူး”
သေချင်ယောင်ဆောင်ခဲ့သည့်လူကို ရှာတွေ့သွားကြသည်။ ထိုအဖွဲ့သည် သူ့ဆီသို့ပျံသွားပြီး မေးလေသည် “ဟင်္သပဒါးငှက်ကဘယ်မှာလဲ”
“ဟင်္သပဒါးငှက်နဲ့ အဇူရာနဂါးတို့က လိပ်မည်းနဲ့ကျားဖြူကိုရှာဖို့ နတ်ဘုံ ကနေထွက်သွားကြပြီ” ထိုလူသည် အားလျော့စွာဖြင့် ပြောလေသည် “ဒါပေမဲ့ သူတို့တွေ ဘယ်လောကကိုသွားကြလဲမသိဘူး”
သူပြောပြီးနောက် လူတစ်ယောက်သည် ချက်ချင်းပင် ဖူရှီတို့ လေဟာပြင် ဝင်ပေါက်ဖွင့်သွားသည့်နေရာဆီသို့ ပျံသွားလေသည်။ သူသည် မျက်လုံးမှိတ် ကာ လေထဲမှတုန်ခါမှုခပ်ဖျော့ဖျော့ကို အာရုံခံကာ သူ၏လက်ချောင်းများသည် ကျွမ်းကျင်စွာလှုပ်ရှားရာ လက်ချောင်းများမှ လှိုင်းဂယက်လေးများထွက်လာ သည်။ မဝေးသောတစ်နေရာတွင် လိုဏ်ခေါင်းတစ်ခုသည် ဖြည်းဖြည်းချင်း ပေါ် လာသည်။
ခဏအကြာတွင် သူမျက်လုံးပွင့်လာပြီး ပုံပေါ်လာသောဝင်ပေါက်ကို ကြည့်လိုက်သည်။ သူအဖြေရပြီးနောက်တွင် လက်ဝှေ့ယမ်းလိုက်သည်နှင့် ဝင် ပေါက်လိုဏ်ဂူသည် ပျောက်ကွယ်သွားလေသည်။
ထိုအရာသည် ဝင်ပေါက်အစစ်အမှန်မဟုတ်ဘဲ သူတည်ဆောက်ထား သည့် ပုံစံအတုအယောင်သာဖြစ်လေသည်။
“သခင်ကြီး သူတို့တွေဘယ်သွားလဲဆိုတာ တွေ့ပြီလား” လူတစ်ယောက် မေးလေသည်။
“အနီးစပ်ဆုံးတည်နေရာနဲ့ ဖြစ်နိုင်တဲ့တိုက်ကိုငါ တွက်ကြည့်နေတာ” ထိုလူပြန်ဖြေလေသည် “အရင်ဆုံး နန်းတော်ကိုပြန်ကြမယ်.. ဒီကိစ္စကို နန်းတော်သခင်နဲ့ အံ့ဖွယ်သားရဲအရှင်တို့နဲ့ဆွေးနွေးချင်တယ်”
“ဟုတ်ကဲ့ပါ”
လူနှစ်ယောက်သည် မြေပေါ်မှ အသက်ရှင်နေသည့်လူတစ်ယောက်ကို သွားထူကာ တခြားသူများသည် မြေပေါ်မှအလောင်းများကို မီးရှို့လေသည်။ ထို့နောက် သူတို့အဖွဲ့သည် လေဟာပြင်လိုဏ်ခေါင်းဖွင့်ကာ ထွက်သွားကြလေ သည်။
မကြာမီတွင် ဟင်္သပဒါးငှက်နှင့် အဇူရာနဂါးတို့သည် လိပ်မည်းနှင့် ကျားဖြူတို့ကိုရှာရန် နတ်ဘုံမှထွက်သွားကြောင်းကို နန်းတော်လေးဆောင်မှ လူအားလုံးသိသွားကြလေသည်။
ခေါင်းမာနန်းတော်မှလူများသည် နယ်ပယ်ပေါင်းဒါဇင်ကျော်ကို လူများ စေလွှတ်ကြသဖြင့် နန်းတော်လေးဆောင်သည် သူတို့၏တပ်စုများကို လောက များကိုစေလွှတ်ကြသည်။ ထိုထဲမှတစ်ခုသည် အဇူရာဆုန်းတိုက်ပါဝင်သည်။
အဇူရာဇုန်းတိုက်သည် နှင်းဖုံးနယ်မြေဖြစ်သည်။ ရှီမာယူယူနှင့် သူမ၏ အဖွဲ့သည် လေဟာနယ်လိုဏ်ခေါင်းမှထွက်လာကြသည်။
ရှီမာယူယူသည် လေထဲမှဝိညာဉ်စွမ်းအင်ကို အာရုံခံမိသဖြင့် ပြောလိုက် သည် “အဇူရာဆုန်းတိုင်းပြည်က နိမ့်ကျတဲ့တိုင်းပြည်ဆိုပေမဲ့ ဝိညာဉ်စွမ်းအင် ကတော့ တော်တော်ကောင်းတာပဲ”
“လိပ်မည်းက နေရာရွေးတာတော်သားပဲ” ဖူရှီသည် ပြုံးပြီးပြောလေသည် “အဲကောင်အခုဘယ်မှာလဲမသိဘူး”
“လိပ်မည်းက သူ့မူလနေရာကိုပြန်သွားတယ်လို့ပြောခဲ့တာဆိုတော့ အခု အနီးအနားမှာပဲ ပြန်ကုစားနေလောက်တယ်.. အဲလိုသာဆိုရင် သူကဘာလို့ နတ်ဘုံကိုမသွားခဲ့တာလဲ”
“မသိဘူးလေ” ဖူရှီ ပြောလိုက်သည် “ဒါပေမဲ့ အဲလူရဲ့အကျင့်က အရမ်း နှေးကွေးတာ.. သူ့မူလနေရာကိုပြန်ရင်တောင် အချိန်ကြာဦးမှာပဲ”
“ဒါဆို သွားမှပဲရှာလို့ရလိမ့်မယ်” ရှီမာယူယူသည်လည်း လိပ်မည်း၏ ဟန်ပန်ကိုတွေးမိပြီး မရယ်ဘဲမနေနိုင်တော့ပေ။
“မြန်မြန်လုပ်ရမယ် နန်းတော်လေးဆောင်ကလူတွေက အလကားတော် ကြတာမဟုတ်ဘူး.. ငါတို့တွေ တစ်ယောက်ကို တမင်အရှင်ထားခဲ့တာ.. အခု လောက်ဆို ငါတို့တည်နေရာကို သူတို့တွေသိနေလောက်ပြီ သူတို့အဲဒီကို မရောက်ခင် လိပ်မည်းကိုရှာဖို့လိုတယ်” ဖူရှီ၏ အသံတွင် အကူအညီမဲ့နေသော အရိပ်အမြွက်များပါလေသည်။
သူ၏မူလခန္ဓာကိုယ်ထဲတွင် နဂါးသွေးပါသည်။ ယခုအချိန်တွင် သွေးသား အပြည့်အဝနိုးထလာပြီး အဇူရာနဂါး၏စွမ်းအား အားလုံးကိုဆက်ခံပြီးဖြစ်ကာ ထိုခံစားချက်နှင့် မှတ်ဉာဏ်များအားလုံး ဆက်ခံပြီးလေသည်။ သူ လိပ်မည်း အကြောင်းပြောရာတွင် အဇူရာနဂါး၏ခံစားချက်ပါ ပါလေသည်။
“သူ့စာချုပ်သခင်က ဘယ်သူပဲဖြစ်ပါစေ ပင်လယ်နဲ့တော့ဝေးမှာမဟုတ် ဘူး.. ဒီတိုက်က သမုဒ္ဒရာကိုအရင်ရှာရအောင်” ကြက်သွေးရောင်မီးတောက် သည်လည်း လိပ်မည်းကိုနားလည်သည်။ အထူးသဖြင့် သူ၏ပင်လယ်ထဲတွင် နေလိုသည့်အကျင့်ကိုနားလည်၏။
ထိုသို့ဖြစ်ရာ ယခုအချိန်တွင် သူသည် ပင်လယ်ထဲတွင်ရှိနိုင်သည်။
သူတို့သည် ကျယ်ပြန့်သောနှင်းပြင်ကြီးကို အချိန်ကြာရှည်စွာ ဖြတ်ပြီး ပျံသန်းသည်။ တစ်ခါတရံတွင် ဝိညာဉ်သားရဲတချို့နှင့်တွေ့သည်။ သို့သော် ဘာမှလုပ်ရန်မလိုပေ။ သူတို့ခန္ဓာကိုယ်မှ အငွေ့အသက်ထုတ်လိုက်သည်နှင့် ဝိညာဉ်သားရဲများသည် တစ်ခါတည်းနှင့်ရှောင်ရှားကြလေသည်။
သူတို့သည် ဝိညာဉ်သားရဲတစ်ကောင်ကိုရှာပြီး သမုဒ္ဒရာအကြောင်းမေး လေသည်။ သို့သော် အနီးအနားတွင် သမုဒ္ဒရာမရှိကြောင်း သိလိုက်ရ၏။ အကြောင်းမှာ ဝိညာဉ်သားရဲများသည် အပြင်ကမ္ဘာနှင့် အထိအတွေ့နည်းသဖြင့် ပိုဝေးသောနေရာများအကြောင်း မသိခြင်းကြောင့်ပင်။
“အဲဝိညာဉ်သားရဲတွေက အားကောင်းတဲ့ပုံပဲ.. အောက်တိုင်းပြည်မှာ တော့ ထိပ်တန်းအဆင့်လို့သတ်မှတ်လို့ရတယ်.. လူတွေကလည်း ကိုယ့်ဆန္ဒနဲ့ ကိုယ် မလာရဲကြဘူးထင်တယ်.. လူအဝင်နည်းတော့ အပြင်ကမ္ဘာနဲ့ သတင်း အလဲအလှယ်က မများဘူး.. ဒီကနေထွက်ရင်တော့ မေးဖို့တစ်ယောက်ယောက် ရှာရအောင်”
သူတို့သည် အလောမကြီးတော့ဘဲ ဝိညာဉ်သားရဲကိုပြန်လွှတ်ကာ ပျံသန်း လာခဲ့လိုက်သည်။ နှင်းပြင်ကြီးသည် ထိုမျှကြီးမားလိမ့်မည်ဟု ထင်မထားပေ။ သူတို့သည် ရက်ပေါင်း ၁၀ ရက်ကျော်ပျံသန်းပြီးနောက် လူတစ်ယောက်ပုံရိပ်ကို မြင်လိုက်ရ၏။
***