ကျေးဇူးရှင်
Vol. 162 Ch. 2264
နှင်းထဲတွင် အဖြူရောင်ဝတ်ထားသော အမျိုးသမီးတစ်ဦးသည် အသည်း အသန်ပြေးလွှားနေသည်။ အဖြူရောင်ဝတ်စုံ၏ အစိတ်အပိုင်းတော်တော် များများတွင် နီရဲနေရာ နှင်းထဲတွင် မန္တလာပန်းပွင့်နေသကဲ့သို့ဖြစ်နေသည်။
သူမနောက်သို့ လူတစ်စုလိုက်နေကာ သူတို့၏ပါးစပ်မှ အကျည်းတန် သော စကားများရေရွတ်နေကြသည်။ တချို့စကားများမှာ သူမသည် မကောင်း သဖြင့် သူတို့၏ ၁၈ ယောက်မြောက် ကိုယ်လုပ်တော်လုပ်ရန်ဖြစ်သည်။ ပြီးနောက် တခြားယုတ်ညံ့သော မှတ်ချက်များ ပါလာသည်။
ထိုမိန်းကလေးသည် စိတ်ပျက်စွာကြည့်လေသည်။ အဝိုင်းခံရပြီးနောက် ထိုလူများကို သတ်ချင်သည့်ပုံပေါ်နေသည်။ သူမသည် ဒဏ်ရာအကြီးအကျယ် ရထားသည်မှာတော့ နှမြောဖယ်ကောင်းသည်၊ သူမသည် ထိုလူများ၏ ပြိုင်ဘက်မဖြစ်နိုင်ပေ။ ရမ္မက်ကြီးသောအပြုအမူဖြင့် သူမကိုကြည့်နေပုံကို မြင် ပြီး သူမသည် အော့အန်ချင်လာသည်။
“ကောင်မလေး ငါတို့စကားနားထောင်တာ ကောင်းလိမ့်မယ်.. ငါတို့ နောက်ကိုလိုက်တော့ ဘာဖြစ်လို့လဲ.. တကယ်ကို ကောင်းတဲ့အတွေ့အကြုံမျိုး ပေးမှာပါ” ထိုစကားပြောသူသည် မိန်းကလေးအား အကြည့်မခွာဘဲ ချက်ချင်း ပင် သူမ၏အင်္ကျီများကို ဖယ်ပစ်ချင်ပုံပေါက်နေသည်။
“ဟမ်း ငါသေရင်တောင် နင်တို့နောက်မလိုက်ဘူး” ထိုမိန်းကလေးသည် သွေးများအန်လေသည်။ သူမတွင် လွတ်မြောက်နိုင်သည့် မျှော်လင့်ချက်မရှိ တော့သည်ကိုကြည့်ပြီး ယနေ့သည် သူမ၏သေနေ့ဖြစ်သည်ဟု တွေးလိုက်၏။
“ကောင်မလေး မင်းသေသွားရင်တောင် မင်းရဲ့ခန္ဓာကိုယ်က ငါတို့ကို အချိန်ကောင်းလေးတွေ ပေးလို့ရပါသေးတယ်.. ဒါပေမဲ့ မင်းကတော့ ပျော်လို့ရ တော့မှာမဟုတ်ဘူး အဲဒါနှမြောဖို့မကောင်းဘူးလား” တခြာလူသည် ယုတ်ညံ့ စွာရယ်မောလေသည်။ သူမ မည်သို့ပြုလုပ်စေကာမူ သူတို့တွင် အချိန်ကောင်း များရှိနိုင်သေးသည်။
သူမရဲ့ အလောင်းကိုတောင် အလွတ်မပေးကြတော့ဘူးလား။
မိန်းကလေးသည် ထိုစကားကြားသောအခါ ထိုလူများကိုကြည့်သည့် အကြည့်ပြောင်းလဲသွားလေသည် “နင်တို့က ငါ့ကိုမတော်တဆတွေ့တာ မဟုတ်ဘူး အရင်ကတည်းက အစီအစဉ်ရှိနေတာပဲ.. နင်တို့ကို ဘယ်သူလွှတ် လိုက်တာလဲ မုဟုန်ရှား သူမပဲမလား”
“ကောင်မလေး ငါတို့ကို ဘယ်သူပဲလွှတ်လွှတ် မင်း ဒီနေ့ငါတို့နောက်ကို လိုက်ရမယ်”
“အိပ်မက်မက်နေလိုက်.. ငါ အဆုံးစီရင်ပြီး ငါ့ခန္ဓာကိုယ်ကို နင်တို့အတွက် မထားခဲ့နိုင်မှတော့ နင်တို့ကိုပါ ဆွဲခေါ်ပြီးသေလိုက်မယ်.. နောက်ဘဝဆိုတာ ရှိ ရင် ဒီနေ့အတွက် သေချာပေါက်လက်စားချေမယ်” သူမသည် တဖြည်းဖြည်း တိုးလာလေသည်။
သူမ အမှန်တကယ် ဖောက်ခွဲလိမ့်မည်ဟု ထိုလူများထင်မထားပေ။ အလန့်တကြားနှင့် သူတို့အားလုံးသည် အဘက်ဘက်သို့ပြေးကြသည်။ သို့သော် ခြေလှမ်းအနည်းငယ်ရောက်သောအခါ ပြေးမရတော့သည်ကိုသိလိုက်ရသည်။
လေဟာပြင် ပိတ်နေပြီပဲ။
ထို့နောက် ဖူးယောင်နေသည့် ထိုမိန်းကလေး၏ ခန္ဓာကိုယ်သည် တဖြည်း ဖြည်းလဲကျသွားသည်ကို လူတစ်ယောက် သတိထားမိလေသည်။ ကိုယ့်ကိုယ် ကိုယ် ဖောက်ခွဲအောင်လုပ်တာက တကယ်ပဲ ရပ်သွားတာလား။ လူတစ် ယောက်က ဖောက်ခွဲဖို့ရွေးလိုက်ပြီဆိုရင် ဘယ်သူကတားနိုင်မှာမို့လို့လဲ။
ထိုလူများတင် အံ့ဩသွားခြင်းမဟုတ်ဘဲ မိန်းကလေးကိုယ်တိုင်ကပင် အံအားသင့်သွားသည်။ သူမသည် ထိုလူများကိုပါ သေတွင်းပို့ရန် စိတ်အား ထက်သန်နေကာ ထိုအတွေးကိုမရပ်တန့်နိုင်ပေ။
ထိုလူများသည် မိန်းကလေး၏ မျက်နှာထားကိုမြင်သောအခါ သူမ ဘာသာ တားခြင်းမဟုတ်သည်ကို သိလိုက်ရချိန်တွင် ချက်ချင်းပင် နိုးနိုးကြား ကြားဖြစ်သွားပြီး အော်လေသည် “ဒီအဘိုးရဲ့ စွမ်းဆောင်မှုကို ဘယ်သူဖျက်ဆီး ရဲတာလဲ”
“ဖြန်း”
အားပါလှသောရိုက်ချက်သည် ထိုစကားပြောသူပေါ်သို့ ကျရောက်လာပြီး တစ်ချိန်တည်းမှာပင် ဂရုမစိုက်သလို ပျင်းရိသည့်အမျိုးသမီးတစ်ယောက်၏ အသံသည် အဘက်ဘက်မှပေါ်လာလေသည် “မင်းကိုယ်မင်း အဘိုးလို့ခေါ်ရဲ သေးတယ်ပေါ့”
ထိုရိုက်ချက်သည် သိုင်းကွက်ထည့်ထားသည်။ ထိုလူသည်လွှင့်မသွား သော်လည်း မျက်နှာမှာဖူးယောင်သွားကာ တစ်ဖက်မှသွားအားလုံးကျွတ်သွား ပြီး ပါးစပ်အပြည့်သွေးအန်လေသည်။
“ဘယ်သူလဲ.. သတ္တိရှိရင် ထွက်လာခဲ့လိုက်” နောက်တစ်ယောက်သည် ရဲတင်းစွာအော်လေသည်။
“ဖြန်း” နောက်တစ်ချက်ကျလာသည်။ အရိုက်ခံရသူသည် သွားများအန် ထွက်တော့သည်။
“ဒီယင်ကောင်တွေအတွက် ဘယ်လောက်တောင် အချိန်ဖြုန်းနေဦးမှာလဲ” ကြက်သွေးရောင်မီးတောက်သည် လေပေါ်တွင်ပေါ်လာပြီး ပြောလေသည်။ သူ ထွက်လာသည့်အချိန်တွင် အားလုံး၏ အာရုံမှာသူ့ဆီရောက်သွားကာ သူရှိနေ သည်ကို ထိုလူများသည် အစမှအဆုံးထိမသိခဲ့ပေ။
ထိုအကြောင်းအား တွေးမိချိန်တွင် အားလုံးသည် ထိတ်လန့်သွားသည်။ ရောင်ဝါကို အဲလောက်ကောင်းကောင်းဖုံးကွယ်ထားဖို့ ဘယ်လိုအင်အားရှိဖို့လို တာလဲ။
ငှက်ပေါက်စပျံထွက်လာသည်နှင့် ထိုလူများအားလုံးသည် မအော်လိုက် ခင်မှာပင် ဘဝကူးသွားလေသည်။ ခဏအကြာတွင် နှင်းထဲ၌ မိန်းကလေးတစ် ယောက်သာ ကျန်ခဲ့လေသည်။
မိန်းကလေးသည် မိုးပေါ်မှဆင်းလာသည့် သူတို့လေးယောက်ကိုကြည့် ရင်းနှင့် သူမကိုကယ်တင်လိုက်ကြောင်းကို နောက်မှသိလေသည်။ သူမ၏ ဒဏ်ရာမှာမပြင်းထန်သော်လည်း မြေပေါ်တွင် ရုန်းကန်နေရဆဲဖြစ်ကာ ရှီမာယူ ယူနှင့် တခြားသူများကို အရိုအသေပေးပြီး ပြောလိုက်သည် “အသက်ကယ်ပေး လို့ကျေးဇူးတင်ပါတယ်”
“မင်းက ဒဏ်ရာအရမ်းမပြင်းဘူးဆိုတော့ ဆေးအရင်သောက်လိုက်” ရှီမာ ယူယူသည် သန်လာပြီး ပြတ်သားသည့် ထိုမိန်းကလေး၏ စိတ်ထားကိုလေးစား သည်။ ထို့ကြောင့်ပင် ဝင်ပါခြင်းဖြစ်သည်။
ထိုမိန်းကလေး၏ အဝတ်အစားနှင့် စိတ်သဘောထားကို အကဲခတ်ကြည့် ရာ သူမ၏အဆင့်အတန်းသည် မနိမ့်သလို ထုတ်သောက်သည့်ဆေးမှာလည်း မနိမ့်လှပေ။ ရှီမာယူယူပြောပြီးနောက် ထိုမိန်းကလေးသည် မလှုပ်မယှက်နှင့် ပေါ့ပါးစွာပြုံးကာ ကိစ္စမရှိသဖြင့် ဒဏ်ရာကုရန်မလိုဘဲ သူမကို ရိုးရှင်းစွာပင် ဆက်ဆံနိုင်ကြောင်း ပြောလေသည်။
ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲရန် ကြိုးစားရာမှဖြစ်လာသော ဒဏ်ရာသည် သာမန်ဒဏ်ရာလေးဖြစ်သဖြင့် မည်သည့်ဆေးမှသောက်ရန်မလိုကြောင်း ဆိုလို သည်ကို ရှီမာယူယူ နားလည်လိုက်သည်။ သူမသည် ကျောက်စိမ်းပုလင်း ထုတ်ပြီး ပြောလိုက်သည် “အရင်ဆုံး ဒါသုံးလိုက်”
ထိုမိန်းကလေးသည် ကျောက်စိမ်းပုလင်းဖွင့်ကြည့်ရာ အထဲမှဆေးကို မြင်သောအခါ အံ့အားသင့်သွားလေသည်။ သူမသည် ထိုမျှတန်ဖိုးကြီးသည့် ဆေးမလိုကြောင်းပြောချင်သော်လည်း ရှီမာယူယူ၏မျက်လုံးများကိုမြင်သော အခါ ထိုစကားများကိုမျိုသိပ်ပြီး ဆေးထုတ်သောက်ကာ သူမကိုထပ်မံကျေးဇူး တင်စကားပြောလေသည်။
ရှီမာယူယူတွင် သာမန်အရည်အသွေးရှိသည့် ဆေးမည်မျှရှိသနည်း။ မထင်မှတ်စွာပင် တစ်ခဏအတွင်းမှာပင် သူမ၏သရုပ်မှန်မှာမနိမ့်လှကြောင်း ကို ထိုမိန်းကလေးသတိထားမိလိုက်သည်။
ကိုယ့်ဘာသာဖောက်ခွဲခြင်းသည် သွေးကြောများကို ထိခိုက်သွားစေကာ ရှီမာယူယူပေးလိုက်သည့်ဆေးမှာ ထိုဒဏ်ရာများအတွက် အလွန်အကျိုးရှိစေ သောဆေးဖြစ်သဖြင့် သောက်လိုက်သည်နှင့် နာကျင်နေသောခန္ဓာကိုယ်သည် ပို၍သက်တောင့်သက်သာဖြစ်သလို ခံစားရသည်။
“ရှင့်နာမည်ဘယ်လိုခေါ်လဲ” ရှီမာယူယူ မေးလိုက်၏။
“ကျွန်မက ဝမ်ရှီလို့ခေါ်ပါတယ်” ထိုမိန်းကလေး ပြန်ဖြေလေသည် “ကျေးဇူးရှင်ရဲ့ နာမည်ကဘယ်လိုခေါ်လဲမသိဘူး ဝမ်ရှီက နောက်တစ်ချိန် အခွင့်အရေးရှိရင် သေချာပေါက် ကျေးဇူးဆပ်ပါ့မယ်”
“ယူယူလို့ခေါ်လို့ရပါတယ် သူတို့က..” ရှီမာယူယူသည် ခေါင်းလှည့် ကြည့်ရာ စားပွဲတွင်ထိုင်နေသည့် သုံးယောက်မှာ ဝမ်ရှီကို စကားပြောလိုသည့် ပုံစံမရှိသည်ကိုမြင်လိုက်ရသည်။ သူမ ပြန်လှည့်ပြီး ဝမ်ရှီကို ပြုံးပြီးပြောလိုက် သည် “သူတို့က ကျွန်မခင်ပွန်း၊ စာချုပ်သားရဲနဲ့ သူငယ်ချင်းပါ”
သူတို့သုံးယောက်၏ အပြုအမူကိုကြည့်ပြီး သူတို့ဆိုလိုချင်သည့်အရာကို ဝမ်ရှီသိလိုက်ပြီး ထိုလူများသည် သူမနှင့် အဆက်အဆံမလုပ်ချင်သည်ကို နားလည်လိုက်သည်။ သို့သော် ရှက်ရွံ့ခြင်းမရှိဘဲ ရှီမာယူယူကို ပြုံးပြလေသည်။
“ဒါနဲ့ တစ်ခုလောက်မေးချင်လို့ပါ” ရှီမာယူယူ ပြောလိုက်၏။
သူမကို အလေးအနက်ကြည့်နေသည်ကိုမြင်သောအခါ ဝမ်ရှီသည် မသိစိတ်မှ လေးနက်သွားကာ ပြောလိုက်သည် “ကျေးဇူးရှင် ဘာမေးချင်လို့လဲ”
“ဒီမှာ ပင်လယ်ရှိလား”
ရှီမာယူယူမှ အရေးကြီးသည့်တစ်စုံတစ်ရာမေးလာမည်ဟု ဝမ်ရှီထင်ထား ကာ ဤကဲ့သို့အရာမျိုးမေးလာမည်ဟုထင်မထားသဖြင့် မှင်တက်သွားကာ ပြောလိုက်သည် “ဒါကမေ့ပျောက်ခြင်းမြစ်နှင်းလွင်ပြင်ပဲ ပင်လယ်မရှိဘူး”
“ပင်လယ်မရှိဘူးလား အဇူရာဆုန်းတိုက်က ဒီလောက်ကြီးတာကို ပင်လယ်မရှိဘူးလား” ရှီမာယူယူသည် အသာမျက်မှောင်ကြုတ်လိုက်သည်။ လိပ်မည်းက ပင်လယ်မရှိဘဲ ခံနိုင်ရည်ရှိလို့လား။ အရင်က ဒဏ်ရာရပြီး လှုပ်ရှား ရခက်ရင်တောင် ပင်လယ်မရှိဘဲနေနိုင်မှာမို့လို့လား။
ဝမ်ရှီသည် သူမ၏စကားကိုကြားသောအခါ ဤတိုက်မှလူမဟုတ်သည် ကို သိလိုက်ရသည်။ သူမ ရှင်းပြလေသည် “ဒီတိုက်မှာ ပင်လယ်ရှိလားလို့ မေး တာလား.. ကျွန်မအထင်လွဲသွားတာပါ.. အဇူရာဆုန်းတိုက်မှာပင်လယ်တစ်ခုရှိ ပါတယ်.. ဒါပေမဲ့ ဒီနဲ့အရမ်းဝေးတယ်.. အလယ်မှာသဘာဝအတားအဆီးတစ်ခု ရှိတယ်. အဲဒါကြောင့် ဒီကလူတွေနဲ့ ဝိညာဉ်သားရဲတွေက တကယ်မသိကြဘူး”
“ဒါဆို ရှင်က ဘယ်လိုသိတာလဲ” ရှီမာယူယူသည် ထိုသဘာဝအတား အဆီးအကြောင်းကို သိချင်သဖြင့် မေးလိုက်သည်။
“ကျွန်မက အဲဒီကလာတာပါ.. ဒီကိုကိစ္စတချို့ကြောင့်လာခဲ့တာ” ဝမ်ရှီ ရှင်းပြလေသည် “ကျွန်မအလုပ်ပြီးသွားပါပြီ.. ရှင်တို့ အဲဒီကိုသွားချင်ရင် လမ်းပြ ပေးပါမယ်”
***