← Chapters

လမ်းပြခြင်း

Vol. 162 Ch. 2265

လမ်းပြခြင်း

Vol. 162 Ch. 2265

ရှီမာယူယူသည် ဝူလင်းယူတို့သုံးယောက်ကို လှည့်ကြည့်လိုက်သည်။ ဤ ကိစ္စကို သူမ ဆုံးဖြတ်ရမည့်အတိုင်း သူတို့သည် ဝမ်ရှီ၏စကားများကို မယုတ် မလွန်သာ သဘောထားကြသည်။

“အဲဒီသဘာဝအတားအစီးက ဒီအတိုင်းမျက်စိနဲ့ဆိုမမြင်ရဘူး.. အဲဒါနဲ့ မရင်းနှီးဘူးဆို ရှာလို့ရမှာမဟုတ်ဘူး” ဝမ်ရှီ ပြောလေသည် “ရှင့်ဘာသာသွား ချင်တယ်ဆိုရင် နေရာပြောပြလိုက်ရင်တောင် ရှာဖို့ကြာနေဦးမှာပဲ”

“အဲလိုဆိုရင် ရှင့်ကိုပဲဒုက္ခပေးရတော့မှာပဲ” ရှီမာယူယူသည် သူမကို ပြုံးပြ လေသည်။

“တကယ်တော့ ကျွန်မက ရှင့်အားကိုအသုံးချပြီးတော့ ပြန်နိုင်ဖို့ကို မျှော်လင့်တာပါ” ဝမ်ရှီသည် သူမ၏အတွေးကို ရှီမာယူယူအား ဖုံးကွယ်၍မရနိုင် သည်ကိုသိသဖြင့် ပွင့်လင်းစွာပြောထားရမည်ဟုထင်သည်။

“ကျွန်မသိပါတယ် ဘယ်လိုပဲဖြစ်ဖြစ် လမ်းကြုံနေတာပဲ” အချိန်ကုန် သက်သာသဖြင့် သူမကို ဦးဆောင်ခိုင်းသည်မှာ အဆင်ပြေလှသည်။

“ဒါဆို သွားရအောင်လေ” ဝမ်ရှီ ပြောလေသည်။

“မသွားခင် ရှင့်ဒဏ်ရာသက်သာတဲ့အထိ စောင့်ကြတာပေါ့ နှစ်ရက် လောက်အချိန်ကုန်တာကိုတော့ ဂရုစိုက်ဖို့မလိုပါဘူး” သူမ မည်မျှထိခိုက်ထား ကြောင်းကိုရှီမာယူယူသိသည်။ လမ်းတစ်လျှောက် ဒဏ်ရာရထားသည့်လူနှင့် သွားလျှင် အားစိုက်မှု၏ တစ်ဝက်သာရလဒ်ထွက်လိမ့်မည်ဖြစ်သည်။ ပြီးနောက် ဤနှစ်ရက်တွင် သူမလုပ်စရာရှိနေ၍ဖြစ်သည်။

ဝမ်ရှီသည် အနည်းငယ်ပျော်မိသည်။ သူမသည် တောင့်ခံနိုင်သည်ဟု ခံစားရသော်လည်း နှစ်ရက်မျှနားရလျှင် ပိုကောင်းသွားမည်။ ထို့ကြောင့် ရှီမာယူ ယူကို ပို၍ကျေးဇူးတင်မိလေသည်။

“ဒီကနေ အဲဒီအတားအဆီးထိ ဘယ်လောက်ဝေးလဲသိလား” ရှီမာယူယူ မေးလိုက်၏။

“သိတယ်” ဝမ်ရှီ ခေါင်းညိတ်လေသည် “အစီအရင်လုပ်ချင်လို့လား”

“ဟုတ်တယ်.. ဒီကနေဝေးတယ်လို့ပြောတော့ အစီအရင်သုံးရမှာပဲ” ရှီမာယူယူသည် ဦးတည်ဘက်နှင့် အတားအဆီး၏အကွာအဝေးကိုမေးပြီး ပြော လေသည် “အရင်ဆုံး သွားနလန်ထူလိုက်ပါ လိုအပ်ရင်ခေါ်လိုက်ပါမယ်”

“ဟုတ်ပါပြီ”

ဝမ်ရှီသည် မငြင်းဆန်တော့ပေ။ သူမသည် အိပ်ရာတစ်ခုထုတ်ပြီး နှင်း ပေါ်တွင်ခင်းကာ ထိုင်ပြီး ဒဏ်ရာများကိုကုစားလေသည်။

ရှီမာယူယူသည် အစီအရင်ကို စတင်စီမံတော့သည်။ အကွာအဝေးကြီး သည့် ဖြတ်လမ်းအစီအရင်ဖြစ်သလို သူတို့မှာလည်း လူမနည်းလှပေ။ ဘေးကင် ရန်အတွက် သူမ ဂရုတစိုက်စီမံရသည်။ သူမ ပြီးသည်နှင့် ဝမ်ရှီလည်းနိုးလာ သည်။

“ကောင်းကောင်း ပြန်ကောင်းလာပြီပဲ” သူမ၏ ဒဏ်ရာမှာများစွာ ပြန် ကောင်းလာသည်ကို ရှီမာယူယူမြင်သောအခါ သူမပေးခဲ့သည့် ဆေးအပြင် တခြားအကြောင်းအရင်းများရှိလိမ့်မည်ဟု သိလိုက်သည်။

“ကျွန်မက သိုင်းတစ်ခုကိုသင်ထားတာပါ အဲဒါက ဒဏ်ရာတွေပြန် ကောင်းလာဖို့အတွက် တော်တော်အသုံးဝင်တယ်” ဝမ်ရှီသည် မဖုံးကွယ်တော့ ပေ။ ထိုလျှို့ဝှက်ချက်လေးများသည် ရှီမာယူယူ၏ရှေ့၌ လျှို့ဝှက်ချက်မဟုတ် သည်ကို သူမ၏ အလိုလိုသိစိတ်မှပြောနေသည်။ ပြီးနောက် သူမသည်လည်း ထိုလျှို့ဝှက်ချက်များကို အလေးမထားလှပေ။

ထင်ထားသလိုပင် ရှီမာယူယူသည် ဘာမှမမေးဘဲ ပြောရုံသာပြောလေ၏ “အစီအရင်လုပ်ပြီးသွားပြီး သွားရအောင်”

သူတို့အဖွဲ့သည် အစီအရင်ဆီသို့လာကြကာ ရှီမာယူယူသည် အစီအရင် ကိုအသက်သွင်းရန် ဝိညာဉ်စွမ်းအင်ထည့်သွင်းလိုက်သည်။ ထိုအခါမှပင် သူမ ပြုလုပ်ထားသည့် အစီအရင်သည်မည်မျှကြီးကြောင်းကို ဝမ်ရှီ သတိထားမိ လိုက်လေသည်။ ထိုကျွမ်းကျင်မှုနှင့် အားအင်သည် သာမန်လူများလုပ်နိုင်သည့် အရာမဟုတ်ပေ။

သို့သော် သူမ မစဉ်းစားနိုင်သေးခင်မှာပင် သူတို့ အစီအရင်မှပျောက်သွား လေသည်။ ထွက်မသွားခင်တွင် သူမ အတွေးတစ်ခုသာတွေးနိုင်ခဲ့သည်။ ဖြုန်းတီးလိုက်တာ..

များပြားလှသောအစီအရင်ကျောက်တုံးများကို တစ်ခါသုံးပြီးသည်နှင့် ထားခဲ့ရသည်။ သူမက တကယ်ချမ်းသာပြီး အားကောင်းတာပဲ။

ရက်အနည်းငယ်ကြာပြီးနောက် မထင်မရှားမြို့တစ်မြို့တွင် လူတချို့မှာ မင်္ဂလာပွဲကျင်းပနေကြသည်။ ထိုအချိန် ရုတ်တရက်ဆိုသလို သေရည်စားပွဲ သည် တုန်ခါလာလေသည်။ ထိုလူများသည် စားပွဲမှအလျင်အမြန်ထွက်ပြေး ကာ စားပွဲကိုသတိရှိရှိနှင့် စိုက်ကြည့်နေလေသည်။

ခဏကြာပြီးနောက် လေဟာပြင်လိုဏ်ခေါင်းပွင့်လာကာ လူတချို့သည် အစီအရင်မှထွက်လာပြီး သေရည်စားပွဲပေါ်သို့ကျလာလေသည်။ ကံကောင်းစွာ ပင် တုန်ခါမှုကြောင့် စားပွဲမှာတိမ်းစောင်းသွားသဖြင့် ပန်းကန်များမြေပေါ်ကျ သွားလေသည်။ မဟုတ်လျှင် အသီးအရွက်ပန်းကန်လုံးများကို ခြေနှင့်နင်းမိမည် ဖြစ်သည်။

ရှီမာယူယူသည် သူတို့ပေါ်လာသည့်နေရာမှ လူများကိုကြည့်လိုက်သည်။ ခြံဝင်းထဲမှ သူမကိုစိုက်ကြည့်နေသည့်လူများကို မြင်သောအခါ နှုတ်ခမ်းမတွန့် ဘဲမနေနိုင်ပေ။ ဒီထွက်ပေါက်နေရာက ရိုးရိုးရှင်းရှင်းကို… ပြောပြလို့မရတာပဲ။

လူတချို့သည် ခြံဝင်း၏တစ်ဖက်မှပြေးလာကြရာမှ ရှီမာယူယူ စိတ်ထား ကောင်းသည်ကိုမြင်သည်နှင့် ဆူပူကြိမ်းမောင်းခြင်းမပြုတော့ပေ။

“တောင်းပန်ပါတယ် ဖြတ်လမ်းအစီအရင်ထွက်ပေါက်က ဒီမှာရောက်နေ လိမ့်မယ်လို့ ထင်မထားဘူး” ရှီမာယူယူ ပြောလိုက်သည်။

ထိုလူများသည် ထိုစကားကိုကြားသောအခါ ရှီမာယူယူကို ပို၍ပင် လေးစားသွားလေသည်။ ကိုယ်ပိုင်ဖြတ်လမ်းအစီအရင်ကို စီမံနိုင်သည်မှာ ထိုလူ များသည် ထူးခြားသူများပင်ဖြစ်လိမ့်မည်။

“ကိစ္စမရှိပါဘူး ဒီအတိုင်းစားပွဲတစ်လုံးပါပဲ.. ဧည့်သည်တွေကို တခြား စားပွဲကိုခေါ်သွားပြီး ဧည့်ခံလိုက်” ခေါင်းဆောင်သည် သူ့အနားမှလူများကို အမိန့်ပေးလေသည်။

အစပိုင်းတွင် ထိုဧည့်သည်များသည် ရှီမာယူယူတို့ ပြဿနာလာရှာကြ သည်ဟု ထင်ထားကြသည်။ သို့သော် သူတို့သည် ဖြတ်သွားခြင်းဖြစ်ကာ မည်သည့် ပဋိပက္ခမှမရှိသဖြင့် ယုံကြည်ချက်ရှိရှိဖြင့် ဆက်လက်စားသောက်ကြ လေသည်။

ရှီမာယူယူသည် သေတ္တာတစ်လုံးထုတ်ကာ ထိုလူအားပေးပြီးပြောလိုက် သည် “ရှင်တို့မှာ ပျော်ပွဲရွှင်ပွဲရှိနေလိမ့်မယ်လို့ မသိလိုက်ဘူး.. ဒါက ဂုဏ်ပြု လက်ဆောင်နဲ့ တောင်းပန်တဲ့အနေနဲ့ပေးတာပါ”

“ဒါကိုဘယ်လိုလုပ် လက်ခံရဲမှာလဲ” ထိုလူသည် ငြင်းဆန်လေသည်။ သို့သော် နောက်ဆုံးတွင် လက်ခံလေသည်။

“ဦးလေး မေးချင်တာလေးရှိလို့ပါ ဒီကနေအရှေ့အနောက်အတားအဆီး ဆို ဘယ်လောက်ဝေးသေးလဲ” ဝမ်ရှီ မေးလိုက်သည်။

“မြို့ထဲက ဖြတ်လမ်းအစီအရင်ကိုသုံးမယ်ဆို လတစ်ဝက်လောက်ကြာ လိမ့်မယ်”

“ကျေးဇူးတင်ပါတယ်” ဝမ်ရှီသည် စိတ်ထဲတွင် အံ့ဩသွားသော်လည်း မျက်နှာတွင် မဖော်ပြပေ။ ထိုလူကိုကျေးဇူးတင်ပြီးနောက် သူတို့အဖွဲ့ ထွက်လာ ခဲ့လိုက်ကြသည်။

ရှီမာယူယူ၏ ဖြတ်လမ်းအစီအရင်သည် အကွာအဝေး၏ ငါးပုံလေးပုံထိ ရောက်အောင်ပို့ပေးလိမ့်မည်ဟု ထင်မထားပေ။ သာမန်ဖြတ်လမ်းအစီအရင် တစ်ခုကတောင် သွားဖို့အချိန်ဒီလောက်တိုတာ။ ဒီလိုလုပ်ဖို့ဆို ဘယ်လောက် သန်မာရမှာလဲ။

“တစ်လက အရမ်းကြာတယ် အဲဒီဖြတ်လမ်းအစီအရင်ကို သွားကြည့်ကြ တာပေါ့” ရှီမာယူယူ ပြောလိုက်ပြီး သူတို့အဖွဲ့သည် မြို့ထဲသို့သွားကြလေသည်။

သူတို့ထွက်သွားပြီးနောက် ထိုအဘိုးကြီးသည် ရှီမာယူယူပေးခဲ့သည့် သေတ္တာကိုဖွင့်ကြည့်ရာ အထဲမှဆေးပင်များကိုမြင်သောအခါ အတန်ကြာသည် အထိမှင်တက်နေသည်။

“ခေါင်းဆောင် ဘာကိစ္စမို့လို့လဲ” လူတစ်ယောက်သည် ရောက်လာရာ သေတ္တာထဲမှ ဆေးပင်များကိုမြင်သောအခါ မှင်တက်သွားလေသည်။

ရှီမာယူယူသည် ထိုကိစ္စကို စိတ်ထဲတွင်မထားတော့ပေ။ သူတို့ မြို့ဆီသို့ ရောက်လာပြီးနောက် ဝိညာဉ်သခင်အသင်းဆီသို့တိုက်ရိုက်သွားကြကာ အစီအရင်နည်းပညာကို ခဏတာလေ့လာခဲ့သည်။

ဝိညာဉ်သခင်အသင်းမှလူများသည် အစပိုင်းတွင် သဘောမတူကြသဖြင့် ရှီမာယူယူနှင့်တခြားသူများသည် အင်အားကို အနည်းငယ်ပြလိုက်ရသည်။ ဝိညာဉ်သခင်အသင်းမှလူများသည် ချက်ချင်းပင် ဖြတ်လမ်းအစီအရင်ကို ရှင်းလင်းပြီး သူတို့ကိုဖိတ်ကြားလေသည်။

ခဏအကြာတွင် ရှီမာယူယူသည် ဖြတ်လမ်းအစီအရင်၏ လေဟာနယ် ကိုဩဒိနိတ်များကို လေ့လာသည်။ ထို့နောက် သူတို့အဖွဲ့သည် မြို့ထဲမှထွက် လာပြီး လူအနည်းငယ်ရှိသော နေရာတစ်ခုကိုရှာလေသည်။ ဖြတ်လမ်းအစီ အရင်ကို စီမံရန် တစ်ရက်ကြာလေသည်။

သည်တစ်ကြိမ်တွင် သူတို့သည် ဝမ်ရှီပြောခဲ့သည့်နေရာ၊ တောင်တန်း တစ်ခုသို့ရောက်လေသည်။ ထိုအတားအဆီးအလွှာသည် မှော်ပညာနှင့်ဆင်တူ သည်။ သို့သော် မှော်ပညာထက် ပိုအားကောင်းသည်။

“ဒီအတားအဆီးကို အားနဲ့ဖွင့်နိုင်မယ်ဆိုရင် လေးစားတဲ့အဆင့်ထက် တောင် ကျော်လွန်သွားပြီ.. မဟုတ်ရင် အဲဒီဂိုဏ်းတွေက လျှို့ဝှက်နည်းလမ်းနဲ့ ဖွင့်ပြီးလောက်ပြီ” ဝမ်ရှီ ရှင်းပြလေသည် “အဲဒါကြောင့် အဓိကဂိုဏ်းတွေကလွဲ ပြီး အရှေ့နဲ့အနောက်ကလူတွေ ဒီကိုတာရှားကြတယ်”

“အရှေ့က အင်အားတွေက အနောက်ထက်ပိုမြင့်တာလား” ရှီမာယူယူ မေးလိုက်သည်။

“ဟုတ်တယ် အဲဒါကြောင့် အရှေ့ကလူအများစုက အနောက်ကိုလာကြ တယ် အနောက်ကလူတွေက အဲဒီကိုသွားတာရှားတယ်” ဝမ်ရှီ ပြန်ဖြေလေ၏။

ရှီမာယူယူနှင့်တခြားသူများသည် မြို့ထဲသို့ဝင်သည်နှင့် သိလိုက်ရသည်။ ထိုလူများသည် အားမကောင်းကြပေ။ သူတို့သည် ဤအတားအဆီးကို ဖြတ်ချင် ပုံလည်းမပေါ်ပေ။

“သွားရအောင်” ရှီမာယူယူပြောပြီးနောက် ဝူလင်းယူသည် အတားအဆီး ကို ဖွ့င်လိုက်ပြီး လေးယောက်သား တစ်ယောက်ချင်းစီဝင်ကြလေသည်။

ဝူလင်းယူသည် ဝိညာဉ်စွမ်းအင်သုံးပြီး ထိုအပေါက်ကိုပြန်ပိတ်လိုက်၏။ သူတို့သည် အပြင်ကိုသွားပြီး ဦးတည်ဘက်ကိုမေးမည်အပြုတွင် ဝေးဝေး မရောက်ခင်ရပ်သွားလေသည်။

“ဒီကနေ ဆက်သွားလို့မရတော့ဘူး” ရှီမာယူယူ လက်ကိုဝှေ့ယမ်းလိုက် သည်နှင့် ကာကွယ်ရေးအလွှာတစ်ခုသည် ဝမ်ရှီကို ကာကွယ်လိုက်သည်။

ဝမ်ရှီသည် ခေါင်းမော့ကြည့်ရာ လေဟာနယ်ထဲမှ လူတစ်စုထွက်လာ သည်ကိုမြင်လိုက်ရသည်။ သူတို့၏ရောင်ဝါနှင့် အကြည့်ကို အကဲခတ်ရ သလောက်မှာ ထိုလူများသည် လူကောင်းများမဟုတ်သည်ကိုသိလိုက်ရသည်။

***

All Chapters