← Chapters

ဖုံးကွယ်ထားတဲ့တစ်စုံတစ်ရာ

Vol. 162 Ch. 2266

ဖုံးကွယ်ထားတဲ့တစ်စုံတစ်ရာ

Vol. 162 Ch. 2266

ထိုလူများ၏ အင်္ကျီတွင် ဘေးသင့်သားရဲကြီးလေးကောင်တံဆိပ်ကို ချည် ထိုးထားသဖြင့် ထိုလူများသည် နန်းတော်လေးဆောင်မှလူများဖြစ်နိုင်သည်။

“ဒီလောက် မြန်မြန်ရောက်လာကြမယ်လို့ထင်မထားဘူး” ဖူရှီ နှာမှုတ် လေသည် “မင်းတို့ရဲ့ သေချင်တဲ့စိတ်ကိုတော့ လေးစားသွားပြီ”

“အဇူရာနဂါး မင်းက သေတော့မယ့်အချိန်မှာတောင် ခေါင်းမာနေသေး တယ်.. မင်းတို့ကိုမြင်တာနဲ့သတ်ဖို့အထက်ကအမိန့်ချထားတယ်”

“ဟားဟား စမ်းကြည့်လိုက်လေ” ဖူရှီ ပြောလေသည်။ သူသည် လေထဲသို့ ပျံသွားပြီးနောက် အဇူရာနဂါးအသွင်ပြောင်းကာ ထိုလူများဆီသို့ နဂါး၏အငွေ့ အသက်ထုတ်လွှတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ကြက်သွေးရောင်မီးတောက်လည်း မူလအသွင် ပြောင်းကာ ချုပ်တည်းထားခြင်းမရှိဘဲ ဟင်္သပဒါးအငွေ့အသက်ကိုပါ ထုတ်လွှတ်လိုက်သည်။ အံ့ဖွယ်သားရဲနှစ်ကောင်၏ အငွေ့အသက်ကြောင့် တောင်တန်းတစ်ခုလုံးရှိ ဝိညာဉ်သားရဲများကို မွန်းသွားစေသည်။

ရှီမာယူယူနှင့် ဝူလင်းယူလည်း လှုပ်ရှားကြသည်။ တစ်ဖက်တွင် လူများ ပြားလှသဖြင့် ဖူရှီနှင့် ကြက်သွေးရောင်မီးတောက်နှစ်ယောက်တည်းကိုပင် မှီခို နေ၍မရပေ။

နှစ်ယောက်လုံးသည် ခပ်ပေါ့ပေါ့လှုပ်ရှားခြင်းမဟုတ်ဘဲ သိုင်းကွက်တိုင်း သည် အလွန်ပင်ပြင်းထန်လှသည်။ ထို့အပြင် ရှီမာယူယူ၏ လေဟာနယ်များကို နားလည်မှုသည် အထွဋ်အဆင့်သို့ရောက်နေပြီဖြစ်သည်။ ရွှေ့ပြောင်းခြင်း၏ အကူအညီနှင့် သူမ တိုက်ခိုက်သည်နှင့် ထိုလူများ သေဆုံးသွားကြလေသည်။

ရှီမာယူယူနှင့် တခြားသူများသည် ဝမ်ရှီအတွက်သက်ရောက်မှုမရှိစေရန် အဝေးတွင်ချင့်ချိန်ပြီး တိုက်ခိုက်ကြသည်။ သူမစွမ်းအား၏ အစိတ်အပိုင်းလေး သည် ကာကွယ်ရေးအတားအဆီးအား သွေဖယ်သွားလေသည်။ ဝမ်ရှီသည် ကာကွယ်ရေးအတားအဆီးထဲတွင်ရှိနေပြီး လေထဲမှတိုက်ပွဲကို မှင်တက်စွာ ကြည့်နေမိသည်။

ရှီမာယူယူနှင့်တခြားသူများမှာ သန်မာသည်ကို သူမသိသည်။ သို့သော် ဤမျှလောက် သန်မာလိမ့်မည်ဟု ထင်မထားပေ။ ပုံမှန်အချိန်တွင် စကား မပြောဘဲသိုသိုသိပ်သိပ်နေတတ်သူနှစ်ယောက်သည် အဇူရာနဂါးနှင့် ဟင်္သပဒါး ငှက်တို့ဖြစ်လိမ့်မည်ဟု ထင်မထားပေ။ ထိုအခါမှပင် သူတို့ သမုဒ္ဒရာရှာနေခြင်း အကြောင်းအရင်းကို သူမ နားလည်သွားသည်။

တိုက်ပွဲသည် မကြာလိုက်ပေ။ ပြိုင်ဘက်မှာ လူပိုများသော်လည်း အလွယ် တကူပင် သတ်လိုက်နိုင်သည်။ မကြာမီတွင် ရှီမာယူယူနှင့် တခြားသူများ ပြန် လာကြသည်။ သူမသည် ဝမ်ရှီ၏ငေးငိုင်နေသော အသွင်အပြင်ကိုမြင်သောအခါ ရှီမာယူယူသည် ကာကွယ်ရေးအတားအဆီးကိုဖယ်ရှားပြီးပြောလိုက်သည် “အဆင်ပြေရဲ့လား”

ဝမ်ရှီသည် သတိပြန်ဝင်လာကာ ရှီမာယူယူကို ကြည့်လိုက်သည်။ သူမ သည် ခေတ္တမျှတွေဝေပြီးနောက် ပြောလိုက်သည် “ရှင်တို့က လိပ်မည်းကိုရှာနေ ကြတာလား.. လိပ်မည်းဘယ်မှာရှိလဲဆိုတာ ကျွန်မသိတယ်”

“လိပ်မည်းရှိတဲ့နေရာကိုသိတယ်ပေါ့”

“ဟုတ်တယ် ဒါပေမဲ့ တည်နေရာကိုပဲသိတယ်” ဝမ်ရှီ ပြောလိုက်သည်။

“အမှန်အတိုင်းပြောပါ့မယ် ကျွန်မတို့က တကယ်ပဲလိပ်မည်းကိုလာရှာ ကြတာပါ.. ရှင်က နေရာအတိအကျကိုသိမှတော့ ကျွန်မတို့ကိုလမ်းပြပေးပါ” ရှီမာယူယူ ပြုံးလိုက်သည်။

“ဟုတ်ပါပြီ”

ရှီမာယူယူသည် အလွန်ပျော်မိသည်။ အရင်ကဆိုလျှင် သမုဒ္ဒရာကို နည်းနည်းစီ တောက်လျှောက်ရှာသွားရမည်ဟု တွေးထားသည်။ ယခုအခါ တည်နေရာကိုသိနေသဖြင့် ရှာရန်ပိုလွယ်သွားသည်။

သုံးလကြာပြီးနောက် သူတို့သည် သမုဒ္ဒရာဘေးရှိ မြို့တစ်မြို့တွင်ပေါ် လာသည်။ မြို့မှာ ကြီးမားပြီးစည်ကားလှကာ သမုဒ္ဒရာနှင့်နီးသည်။ မြို့တံတိုင်း ပေါ်တွင်ရပ်နေလျှင် သမုဒ္ဒရာကိုမြင်နေရသည်။

ပြီးခဲ့သည့်သုံးလတွင် သူတို့သည် အနှောင့်အယှက်နှစ်ကြိမ်တွေ့ခဲ့ကာ ပထမအကြိမ်ထက် အရေအတွက်များသော်လည်း သူတို့အားလုံး ဖြေရှင်းနိုင်ခဲ့ ကြသည်။ သို့သော် မပျော်နိုင်ကြပေ။ လာတိုက်ခိုက်သည့်အချိန်မှာ သိပ်မကွာ လှသဖြင့် သူတို့သည် ဤလောကအသေးတွင်ရောက်နေကြောင်းကို အထက်မှ သိနေသည်ဟု ဆိုလိုနေသည်။ သူတို့ မည်သည့်အချိန်တိုက်ခိုက်ခံရမည်ကို မသိ နိုင်ပေ။

သူတို့တွင် အချိန်များများစားစားမကျန်တော့ပေ။

“လိပ်မည်းက ဒီမှာလား” မြို့ထဲတွင် လိပ်မည်း၏ အငွေ့အသက်ကို မခံစားမိသဖြင့် ဖူရှီမေးလိုက်သည်။

“မဟုတ်ဘူး ဒါပေမဲ့ မြို့နဲ့အနီးဆုံးနေရာမှာပဲ” ဝမ်ရှီ ပြောလိုက်သည် “ကျွန်မအိမ်က ဒီမှာပါ.. ကျွန်မဘေးကင်းကြောင်းကို အိမ်ပြန်ပြီးမိသားစုတွေကို သွားပြောပြီးမှ ရှင်တို့ကို အဲဒီကိုခေါ်သွားပေးမယ်”

“အဲနေရာက အန္တရာယ်ရှိလား” ရှီမာယူယူ မေးလိုက်သည်။

ဝမ်ရှီ ထိတ်လန့်သွားကာ ခေါင်းညိတ်လိုက်သည် “ပြီးခဲ့တဲ့နှစ်တွေမှာ အဲဒီ ကနေ ဘယ်သူမှပြန်မလာနိုင်ကြဘူး.. အဲဒါကြောင့် အဲဒီကိုသွားမယ်ဆိုတာ မိသားစုကိုအသိပေးရမယ်”

“အဲနေရာကိုပဲပြောလိုက်ပါ ရှင်သွားဖို့မလိုတော့ပါဘူး” ရှီမာယူယူသည် သူမကို သူတို့နှင့်အတူ အန္တရာယ်တောထဲသို့ မလိုက်စေလိုပေ။

“ကျွန်မရှင်တို့နဲ့လိုက်ချင်လို့ပါ” ပထမဆုံးအကြိမ်အနေနှင့် ဝမ်ရှီ၏အသံ မှာ အနည်းငယ် ချုပ်တည်းထားသည်။

ရှီမာယူယူသည် မျက်ခုံးများကိုပင့်ကာ ဘာမှမပြောဘဲနှင့် သူမကို ကြည့် လိုက်သည်။

သူမ၏စိတ်ထဲမှ လျှို့ဝှက်ချက်များအားလုံး ပေါ်သွားသည်ဟု ဝမ်ရှီခံစား လိုက်ရသည်။ ပထမဆုံးအကြိမ်အနေနှင့် သူမ မသက်မသာဖြင့် ပြောလိုက် သည် “အဲလူကို ကျွန်မသိတယ် ကျွန်မသွားပြီးတွေ့ချင်တယ်.. သူ့ကိုရှာတွေ့ရင် သူ့ကိုခေါ်ပြီး ဒီကနေထွက်သွားကြမှာမလား”

ရှီမာယူယူသည် နားလည်သွားပြီးပြောလိုက်သည် “ဟုတ်ပြီ ရှင့်ကို တစ်ရက်အချိန်ပေးမယ် တစ်ရက်ကြာရင်မြို့ဝင်ပေါက်မှာတွေ့ကြမယ်”

“ဟုတ်ကဲ့ပါ” ဝမ်ရှီသည် သူမူကို ကျေးဇူးတင်စွာဖြင့် ပြုံးပြလေသည်။

“ဝမ်ရှီလား” အံ့အားသင့်သွားသောအသံသည် စူးရှစွာဖြင့် ဘေးမှထွက် လာသည်။

ထိုအသံကိုကြားသည်နှင့် ဝမ်ရှီသည် မျက်နှာပျက်သွားကာ ထိုအမျိုးသမီး ကိုကြည့်ပြီး နှာမှုတ်လေသည် “ငါမသေတာ မင်းကို စိတ်ပျက်သွားစေပြီလား မုံဟုန်ရှား”

ရှီမာယူယူသည် ထိုနာမည်ကိုကြားလိုက်သည်နှင့် ထိုမိန်းကလေးကို ကြည့်မိသည်။

သူမသည် ဝမ်ရှီကို ရှင်းပစ်ရန် လူလွှတ်လိုက်သည့်သူပင်။ သူမသည် ထို ကိစ္စကို အတပ်တွက်ချက်ထားသဖြင့် ဝမ်ရှီကိုမြင်လိုက်ချိန်တွင် အလွန်အံ့ဩ နေခြင်းဖြစ်သည်။

ပြောရလျှင် မုံဟုန်ရှား အံ့ဩသင့်သည်။ သူမသာ သူတို့နှင့်မတွေ့လျှင် ဝမ်ရှီသည် ပြန်လာနိုင်တော့မည်မဟုတ်ပေ။

သူမသည် ဝမ်ရှီ၏ ကိုယ်ရေးကိုယ်တာကိစ္စများကို ဝင်ပါရန်အစီအစဉ်မရှိ သဖြင့် ဝမ်ရှီအား ပြောလိုက်သည် “ကျွန်မတို့ အရင်ဆုံးတည်းခိုဆောင်သွားရှာ လိုက်ဦးမယ်.. မနက်ဖြန် ဒီအချိန်ကိုမမေ့ပါနဲ့”

“ဟုတ်ပါပြီ” ဝမ်ရှီသည်လည်း ရှီမာယူယူတို့ကို ဝင်ပါခိုင်းရန် အစီအစဉ် မရှိသဖြင့် ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။

“ရပ်လိုက်” မုံဟုန်ရှားသည် မသိစိတ်မှလှမ်းအော်လေသည်။ အကြောင်း အရင်းကို သူမ မသိသော်လည်း ဝမ်ရှီ အသက်ရှင်လာသည်မှာ ထိုလူများ ကြောင့်ဟု ခံစားရသည်။ ပြီးနောက် ရှီမာယူယူသည် အလွန်လှပနေသဖြင့် သူမ ကိုမသိစိတ်မှ ရန်လိုလာစေသည်။

ရှီမာယူယူသည် သူမကို ခပ်ပေါ့ပေါ့ပင်ကြည့်ပြီး လှည့်ထွက်လိုက်၏။

မုံဟုန်ရှားသည် စိုက်ကြည့်ခံရသည့်နေရာတွင်ပင် အေးခဲနေကာ သူမ၏ ကျောပြင်တွင် ချွေးအေးများစီးလာပြီး အင်္ကျီများပင်စိုစွတ်သွားလေသည်။

အဲအကြည့်က… ကြောက်ဖို့ကောင်းလိုက်တာ။

မုံဟုန်ရှားသည် ရှီမာယူယူကို အော်ရဲသည်ကို ဝမ်ရှီမြင်သောအခါ သူမ၏ စိတ်ထဲတွင် ပျော်ရွှင်မှုများ ဖြတ်ပြေးသွားသည်။ သူမ ကြောက်ရွံ့နေသည်ကို မြင်သောအခါ သူမဆီသို့လျှောက်သွားပြီး နှာမှုတ်လိုက်သည် “မင်းပြောတာမှန် တယ် သူတို့က ငါ့ကိုကယ်ခဲ့တာပဲ.. သူတို့လိုကျွမ်းကျင်သူတွေက မင်းက တကယ်တားရဲတာနော်.. သေချင်တဲ့မင်းရဲ့သတ္တိကိုတော့ လေးစားသွားပြီ”

မုံဟုန်ရှား၏ မျက်လုံးများသည် ဝမ်ရှီဘက်သို့ ငေးမှိုင်စွာဖြင့် လှည့်လာ သည်။

“မင်းကို အခုသတ်လိုက်ချင်ပေမဲ့ ငါ့မှာတခြားလုပ်စရာတွေရှိသေးတယ် မင်းအသက်ကိုတော့ နောက်ရက်နည်းနည်းလောက် ချမ်းသာပေးထားမယ်.. ငါ ပြန်လာရင် မင်းနဲ့စာရင်းအဟောင်းရော အသစ်ရော ပေါင်းရှင်းမယ်” ဝမ်ရှီသည် လှည့်ထွက်သွားလေသည်။

ယခုအချိန်တွင် သူမသည် မုံဟုန်ရှားကိုမသတ်နိုင်သေးပေ။ သတ်လိုက် ပါက မုံမိသားစုကိုရန်စသလိုဖြစ်ပြီး သူတို့၏အလုပ်ကိုနှောင့်နှေးစေလိမ့်မည်။ ယခုအချိန် အရေးအကြီးဆုံးမှာ လိပ်မည်းကိုသွားရှာရန်ဖြစ်သည်။ ဤကိစ္စ ကြောင့်နှင့် နှောင့်နှေးသွားခြင်းမျိုးအဖြစ်မခံပေ။

သူမ သူ့ကို နောက်ဆုံးအကြိမ်အဖြစ် သွားတွေ့ရမည်။

ရှီမာယူယူနှင့်တခြားသူများသည် ဝမ်ရှီ ထိုကိစ္စကိုမည်သို့ကိုင်တွယ်သည် ကို ဂရုမစိုက်တော့ဘဲတည်းခိုဆောင်သို့ထွက်သွားကြလေသည်။

သူတို့တည်းခိုသည့်နေရာသည် အလွန်မြင့်သည်။ အခန်းပြတင်းပေါက်မှ ကြည့်လျှင် မြို့အပြင်ရှိ ပင်လယ်ကိုမြင်နိုင်သည်။ ဝူလင်းယူ အခန်းထဲသို့ ပြန် လာချိန်တွင် သူမ ငေးငိုင်နေသည်ကို မြင်ရလေသည်။ သူ သူမဆီသို့လျှောက် သွားပြီး အနောက်မှဖက်ကာ နူးညံ့စွာပြောလိုက်သည် “ခုနက ဖြစ်ခဲ့တာကို စဉ်းစားနေတာလား”

“ဟုတ်လည်းဟုတ်တယ် မဟုတ်လည်းမဟုတ်ဘူး” ရှီမာယူယူသည် သူ့ ရင်ဘတ်အား ပြန်မှီထားလိုက်သည် “ခုနက အဖြစ်က ကျွန်မ ဆရာနဲ့ပထမဆုံး တွေ့ခဲ့တုန်းက အချိန်ကို သွားသတိရစေတယ်.. ရှင့်အားက အဲဒီမိန်းကလေး ကျွန်မကို ခံစားမိသလိုပဲဖြစ်ခဲ့တာ.. အဲဒါက ကျွန်မကိုခဏလောက်တော့ ငိုင် သွားစေတာပဲ”

ထိုစဉ်က သူမသည် အားနည်းခဲ့ကာ သူတို့ကိုတည့်တည့်ပင်မကြည့်နိုင်ခဲ့ ပေ။ ယခုအခါ သူမသည် အမြင့်တစ်နေရာတွင်ရပ်နေပြီး တခြားသူများသည် သူမကို မော့ကြည့်ရသည်။ ထိုအရာများသည် မျက်စိတစ်မှိတ်အတွင်းဖြစ်ခဲ့ သလိုပင်။

ရှီမာယူယူသည် ခံစားချက်များကိုဘေးဖယ်ကာ မေးလိုက်သည် “လိပ်မည်းက အဲဒီသမုဒ္ဒရာနယ်နိမိတ်မှာရှိမယ်လို့ထင်လား.. ကျွန်မ ဝမ်ရှီကို ကြည့်လိုက်ရင် ခံစားချက်တွေကိုဖုံးကွယ်ထားသလိုပဲ.. ရှာဖို့လွယ်ပါ့မလားမသိ ဘူး”

***

All Chapters