← Chapters

တစ်ယောက်နှင့်တစ်ယောက် အာရုံခံခြင်း

Vol. 162 Ch. 2267

တစ်ယောက်နှင့်တစ်ယောက် အာရုံခံခြင်း

Vol. 162 Ch. 2267

ဝူလင်းယူသည် သူမကဲ့သို့ စိုးရိမ်ခင်းမရှိပေ။ သူသည် သူမကိုဖက်ပြီး ပြော လေသည် “အံ့ဖွယ်သားရဲကြီးလေးပါးက တခြားဝိညာဉ်သားရဲတွေထက်စာရင် သူတို့အချင်းချင်း ပိုပြီးအာရုံခံပါးကြတယ်.. လိပ်မည်းသာ ဒီမှာရှိရင် ကြက်သွေး ရောင်မီးတောက်က ရောင်ဝါလွှတ်လိုက်တာနဲ့ အလိုလိုသိမှာပဲ”

“အဲဒါကိုကျွန်မသိပါတယ်.. ဒီအတိုင်း လိပ်မည်း တစ်ခုခုဖြစ်နေမှာကိုပဲ ကျွန်မစိတ်ပူတာပါ” ရှီမာယူယူ ပြောလေသည် “ကျွန်မတို့တွေထွက်လာခဲ့ပေမဲ့ အခုနတ်ဘုံက အခြေအနေကို တွေးကြည့်လို့ရတယ်.. နန်းတော်လေးဆောင်က ကမ်းပါးနန်းတော်ကို အလွတ်ပေးကြမှာမဟုတ်ဘူး၊ ကမ်းပါးနန်းတော်ကလည်း သေဖို့စောင့်နေမှာမဟုတ်ဘူး.. နှစ်ဖက်သာစစ်ပွဲဖြစ်သွားကြရင် ပြီးဆုံးတဲ့အထိ အဖြေထွက်မှာမဟုတ်ဘူး.. အဲလိုဆိုရင် ချန်မိသားစု၊ ရှောင်းသောင့်နဲ့ ရှောင်း ယောင်ယောင်တို့ကို အန္တရာယ်ဖြစ်စေမလားမသိဘူး”

“ကလေးနှစ်ယောက်ကို မရဏာလောကကလူတွေ ကာကွယ်ပေးထားပါ တယ် သူတို့အဆင်ပြေမှာပါ” ဝူလင်းယူ ပြောလိုက်သည်။

“လိပ်မည်းနဲ့ကျားဖြူကို မြန်မြန်ရှာတွေ့ပြီး ဒီကိစ္စကို အသေအပျောက် နည်းပြီး မြန်မြန်ပြီးသွားဖို့ပဲမျှော်လင့်ပါတယ်” ရှီမာယူယူသည် ခံစားချက်ပါပါ ပြောလေသည်။

“အဲလိုဖြစ်အောင်လုပ်မှာပါ”

နောက်နေ့မနက်အစောတွင် ရှီမာယူယူ၊ ဖူရှီနှင့် တခြားသူများသည် မြို့ အဝင်ပေါက်ကို သွားစောင့်ကြလေသည်။ ခဏအကြာတွင် ဝမ်ရှီနှင့် အဘိုးကြီး နှစ်ယောက် ရောက်လာသည်။

ရှီမာယူယူကိုမြင်သောအခါ ဝမ်ရှီသည် အားတုံ့အားနာဖြင့် ပြောလေသည် “ယူယူ ဒီနှစ်ယောက်က ကျွန်မရဲ့မျိုးနွယ်အကြီးအကဲတွေပါ သူတို့တွေက ကျွန်မရဲ့လုံခြုံရေးကိုစိတ်ပူလို့ အတူသွားချင်နေကြတာပါ”

သူတို့၏ သဘောတူညီချက်မရှိဘဲ အကြီးအကဲများကိုခေါ်လာရသဖြင့် ဝမ်ရှီသည် အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်မိသည်။ သို့သော် သူမ တစ်ယောက်တည်းသွားမည်ကို မိသားစုမှ သဘောမတူသဖြင့် အပေးအယူလုပ် လာခဲ့ရခြင်းဖြစ်သည်။

လူနှစ်ယောက်အပိုခေါ်သွားရသည်ကို ရှီမာယူယူသည် ငြင်းဆိုခြင်းမပြု ပေ။ သူတို့သည် အမြင့်ပိုင်းအထွဋ်အဆင့်ဖြစ်ကြသဖြင့် သူတို့ကို သက်ရောက်မှု မရှိနိုင်ပေ။

သူတို့အဖွဲ့သည် မြို့မှထွက်ပြီး မကြာခင်တွင် ကမ်းရိုးတန်းသို့ရောက်လေ သည်။ ဝမ်ရှီသည် ကမ်းနဖူးသို့သွားပြီး ဝီစီထုတ်ကာမှုတ်လိုက်သည်။ မကြာမီ တွင် ဝေလငါးတစ်ကောင် ကူးခတ်လာသည်။

“အဲဒီသမုဒ္ဒရာနယ်နိမိတ်က နည်းနည်းဝေးသေးတယ် အဲဒီကိုရောက်ဖို့ ဝေလငါးစီးသွားရမယ်” ဝမ်ရှီ ပြောလေသည်။

သူတို့သည် ဝေလငါးကျောပြင်ပေါ်သို့ပျံသွားကြကာ ဝေလငါးသည် သမုဒ္ဒရာအနက်ပိုင်းဆီသို့ သူတို့ကိုခေါ်သွားလေသည်။

ထိုဝေလငါးသည် သာမန်ထက်ပိုကြီးပြီး အလွန်ပင်ယဉ်ပါးကြောင်းကို ရှီမာယူယူတွေ့လိုက်ရသည်။

“ကျွန်မတို့က ပင်လယ်ဘေးမှာနေကြပြီးတော့ တစ်ခါတလေကျ ခရီး သွားရလာရပိုအဆင်ပြေအောင်လို့ ပင်လယ်သားရဲတွေကို မွေးတတ်ကြတယ်.. ကွန်မတို့မရှိရင် သူတို့က သာမန်ဝိညာဉ်သားရဲတွေနဲ့ သိပ်မကွာဘူးရယ်.. ဝီစီသံ ကြားမှပဲ သူတို့တွေ ဒီနယ်မြေကိုရောက်လာကြတာ” ဝမ်ရှီ ရှင်းပြလေသည်။

ဤနည်းလမ်းသည် တိရစ္ဆာန်များကို လေ့ကျင့်ပေးသည့် ယေဘုယျနည်း ဖြင့် ကွာခြားသည်။ ထိုအရာသည် သူမ၏အရင်ဘဝမှ အိပ်မွေ့ချခြင်းကို ပြန် အမှတ်ရစေသည်။

ဝေလငါးသည် အလွန်မြန်ဆန်သည်။ ရက်အနည်းငယ်အတွင်းမှာပင် သမုဒ္ဒရာ၏ အတွင်းအနက်ပိုင်းသို့ ရောက်သွားလေသည်။ ဝေလငါးသည် သူတို့ ကို ကျွန်းတစ်ခုစီသို့ခေါ်သွားပြီး ရှေ့ဆက်တိုးရန်ဆန္ဒမရှိတော့ပေ။

“ဒီကျွန်းလေးပြီးသွားရင် ပင်လယ်ကနက်သွားပြီ.. သာမန်ပင်လယ်သားရဲ တွေက ဝင်မသွားရဲကြတော့ဘူး” ဝမ်ရှီသည် ဝေလငါးကိုပုတ်လိုက်သည်နှင့် ဝေလငါးသည် ရေထဲသို့ငုတ်သွားပြီး အဝေးသို့ကူးခတ်သွားကြလေသည်။

“သခင်မလေး ဒီနေ့ကတော့ နောက်ကျသွားပြီ.. ဒီကျွန်းမှာနားပြီးမှ ခရီး ဆက်ကြတာပေါ့” ဝမ်ရှီ၏ မျိုးနွယ်အကြီးအကဲများ အကြံပြုလေသည်။

သမုဒ္ဒရာနယ်နိမိတ်အနက်ပိုင်းအတွင်းသို့ သွားလေလေ အန္တရာယ်များ လေဖြစ်သည်။ သူတို့သည် ရှီမာယူယူနှင့်တခြားသူများ၏ အင်အားကိုမသိ သဖြင့် အလောတကြီးမဝင်သွားရဲပေ။

ဝမ်ရှီသည် ရှီမာယူယူကိုကြည့်ပြီး သူမ၏ဆုံးဖြတ်ချက်ကိုစောင့်လေ သည်။

“လမ်းမှာလည်း ရက်တွေအများကြီးကြာခဲ့ပြီဆိုတော့ တစ်ညလောက်နား ပြီး မနက်ဖြန်မှခရီးဆက်ကြတာပေါ့” ဖူရှီကန့်ကွက်ခြင်းမရှိသည်ကို မြင်ပြီး နောက် ရှီမာယူယူ ဆုံးဖြတ်လိုက်သည်။

ထို့ကြောင့် သူတို့သည် ကမ်းစပ်တွင်မြေပြန့်ရှာကာ တဲအချို့ထိုးလိုက် သည်။ ရှီမာယူယူ တဲထိုးပြီး ထွက်လာချိန်တွင် ဝမ်ရှီသည် ပင်လယ်စပ်တွင် ရပ် နေရာ လှိုင်းများကြောင့် သူမ၏စကတ်မှာစိုနေသည်။

ရှီမာယူယူလျှောက်သွားပြီး ရေနှင့်ကောင်းကင်ကြားရှိ မိုးကုတ်စက်ဝိုင်း ထဲမှ လကိုကြည့်ရင်းနှင့် သူမနှင့်အတူရပ်လိုက်သည်။ သူမသည် တိုးညင်းစွာ ပြောလေသည် “လိပ်မည်းရဲ့ စာချုပ်သခင်အကြောင်းကို တွေးနေတာလား”

“ရှင် အဲအကြောင်းကိုသိတယ်လား” ဝမ်ရှီသည် အနည်းငယ် အံ့ဩသွား သည်။

“ရှင်တို့နှစ်ယောက်ကြားမှာ ဘာဖြစ်ခဲ့လဲဆိုတာကိုတော့မသိဘူး.. ဒါပေမဲ့ ရှင်တို့နှစ်ယောက်မှာဇာတ်လမ်းရှိခဲ့မယ်ဆိုတာကိုတော့ သိတယ်” ရှီမာယူယူ သည် သူမကိုပြန်ပြုံးပြလေသည် “ရှင့်မျက်နှာထားကနေ အကဲဖြတ်ရ သလောက် အဆုံးသတ်ကတော့ အရမ်းမကောင်းဘူးပဲ အနည်းဆုံးတော့ ရှင် မပျော်ရွှင်ရဘူး.. ရှင့်ဘာသာရှင် ဝမ်းနည်းတာကိုကြိတ်ခံစားနေမယ့်အစား ဘာလို့ တခြားလူကိုရင်မဖွင့်ရမှာလဲ”

ဝမ်ရှီသည် သူမကိုကြည့်လိုက်သည်။ သူမ၏နှုတ်ခမ်းထောင့်မှ အပြုံး၏ လွှမ်းမိုးခြင်းကိုခံလိုက်ရခြင်းကြောင့်ဖြစ်နိုင်သည်၊ အနည်းငယ်ခါးသက်သည့် အရိပ်အယောင်ပါသော အပြုံးဖြင့် သူမပါလိုက်ပြုံးလိုက်သည်။

“လိပ်မည်းရဲ့စာချုပ်သခင်က ပိုင်ရှောင်ဖေးလို့ခေါ်တဲ့လူတစ်ယောက်ပဲ.. ကျွန်မတို့က တစ်ဂိုဏ်းတည်းသားတွေဖြစ်ခဲ့ကြတာ.. ဒါပေမဲ့ တစ်ချိန်တည်းမှာ ပဲ ကျွန်မတို့ထဲကတစ်ယောက်က တပည့်အရင်းဖြစ်ခဲ့ပြီး ကျန်တစ်ယောက်က တော့ ယေဘုယျတပည့်ဖြစ်ခဲ့တာပေါ့.. အဲတုန်းက ကျွန်မကပါရမီပါပြီး သူက တော့ အသုံးမကျဘူးဆိုပြီး ကျော်ကြားလို့ ကျွန်မတို့နှစ်ယောက်နာမည်ကို တော်တော်များများသိကြတယ်.. သူ အနိုင်ကျင့်ခံရတုန်းက ကျွန်မသူ့ကို တစ်ခါ ကယ်ဖူးတယ်.. အဲဒါကြောင့် တစ်ယောက်နဲ့တစ်ယောက်ပိုရင်းနှီးလာခဲ့ကြ တယ်”

သူတို့နှစ်ယောက်ကြားမှ အဖြစ်ကိုပြန်စဉ်းစားလိုက်သည်နှင့် ဝမ်ရှီ၏ အပြုံးမှာပိုအသက်ဝင်လာသည်။ သူတို့နှစ်ယောက်သည် အစပိုင်းတွင် ဆက်ဆံ ရေးကောင်းကြသည့်ပုံပင်။

ရှီမာယူယူသည် သူမကိုမလောဘဲ လှိုင်းများအတက်အကျဖြစ်နေသည် ကိုသာ ကြည့်နေလိုက်သည်။ ဝမ်ရှီ သတိပြန်ဝင်လာချိန်တွင် ရှီမာယူယူကို ပြုံး ပြပြီး ဆက်ပြောလေသည် “နောက်တော့ သူက ပြစ်မှုတစ်ခုကြောင့် ဂိုဏ်း ကနေ နှင်ထုတ်ခံရပြီး ပြိုင်ဘက်ဂိုဏ်းဘက်ကနေတောင် ရပ်တည်ခဲ့တယ်.. အထင်လွဲမှုတွေကြောင့် ကျွန်မတို့ပတ်သက်မှုလည်း ပိုဆိုးလာခဲ့ကြတယ် နောက်တော့ ကျွန်မကဂိုဏ်းဘက်ကနေရပ်တည်ဖို့ရွေးချယ်လိုက်တယ်.. သူက တော့ ဒဏ်ရာတွေနဲ့ ထွက်ပြေးသွားပြီး အဲကတည်းက ဘယ်တော့မှမတွေ့ရ တော့ဘူး”

“သူက ရှင့်ကိုသဘောကျခဲ့လား” ရှီမာယူယူ မေးလိုက်သည်။

“တစ်ခါတော့ သဘောကျခဲ့လောက်မှာပါ.. ဒါပေမဲ့ ကျွန်မက သူ့ခံစား ချက်ကို ထိခိုက်အောင်လုပ်ခဲ့တော့ သဘောမကျတော့ဘူး” ဝမ်ရှီသည် ခါးသီး စွာ ပြုံးလိုက်သည် “ဒါပေမဲ့ ကျွန်မသူ့ကို သဘောကျပါတယ်လို့ တစ်ခါမှမပြော ဖူးဘူး”

“ရှင်တို့ပြန်တွေ့ရင် သူ့ကိုပြောမှာလား”

ဝမ်ရှီသည် ခေါင်းခါလေသည် “သူ လိပ်မည်းနဲ့စာချုပ်တည်ထောင်တာ ရယ်၊ အဲအချိန်ကစပြီး ဒီမှာမနေတော့တာရယ်ကိုပဲသိတယ်.. အခု ရှင်တို့က သူ့ ကိုသွားရှာမယ်ဆိုတော့ သူက ရှင်တို့နဲ့အတူ ထွက်သွားရမှာပဲ.. ကျွန်မတို့တွေ နောက်ထပ် ပြန်မတွေ့နိုင်တော့မှတော့ ပြောဖို့မလိုတော့ဘူးလေ.. ပြီးတော့ သူက ကျွန်မကိုမြင်ချင်မှာမဟုတ်ဘူး.. ကျွန်မက အဝေးကနေသူ့ကိုကြည့်ချင် တာပဲရှိတာပါ သူထွက်သွားတာကြည့်ပြီးရင်တော့ လက်လျော့မှာပါ”

ရှီမာယူယူသည် ထိုသို့ဖြစ်လိမ့်မည်ဟု ထင်မထားပေ။ လိပ်မည်းသည် နှေးကွေးသော်လည်း ကြီးမားသည့်တာဝန်ရှိသည်ကိုသိသည်နှင့် သူ၏မူလ နေရာကိုပြန်ခဲ့သော်ငြား အချိန်ဆွဲနေမည်မဟုတ်ပေ။ ထို့ကြောင့် နှောင့်နှေးနေ ရသည်မှာ သူ၏ပိုင်ရှင်ကြောင့်ဖြစ်နိုင်သည်။ အကြောင်းအရင်းကိုပြောရလျှင် သူ သူမကိုလွမ်းနေတာကြောင့်များလား။

“ဒါနဲ့ ရှင်ပြောတဲ့ သမုဒ္ဒရာနယ်နိမိတ်က ဘာအကြောင်းလဲ”

“ဂိုဏ်းတော်တော်များများက သူ့ကိုဖိနှိပ်ထားလို့ သူကပင်လယ်ထဲကို ဆုတ်ခွာခဲ့ရတယ်.. နောက်တော့ သမုဒ္ဒရာနယ်နိမိတ်ထဲက ပင်လယ်သားရဲတွေ များလာပြီး ဒီကိုလာတဲ့သူတွေကလည်း အသက်ရှင်လျက်ပြန်လာနိုင်တဲ့သူ နည်းလာတယ်.. ရှောင်ဖေးက နောက်ကနေကြိုးကိုင်နေပြီးတော့ သူ့ကို ဘယ်သူကမှ ထပ်မတွေ့ခဲ့ဘူး” ဝမ်ရှီ ပြောလိုက်သည်။

“အဲလိုဇာတ်လမ်းကိုး” ရှီမာယူယူသည် ယခုအချိန်တွင် စိတ်မပူတော့ပေ။ လိပ်မည်းသည် ပင်လယ်သားရဲများကို ကြိုးကိုင်နေသူဖြစ်သည်။ ရှောင်လွှဲရ ခက်သောအချက်ကြောင့်သာမဟုတ်လျှင် အန္တရာယ်မရှိနိုင်ပေ “သူ့ကိုရှာတွေ့ ရင် သူက ကျွန်မတို့နဲ့ထွက်သွားမှာပဲ.. ရှင့်မှာအခွင့်အရေးရှိရင် သူနဲ့အတူ ထွက်သွားမလား”

“သူနဲ့အတူ ထွက်သွားရမယ်ဟုတ်လား”

“ဟုတ်တယ်လေ ရှင်သာ သူနဲ့ထွက်သွားရင် ရှင့်မိသားစုနဲ့ဂိုဏ်းကို ချန် ထားခဲ့ရပြီး သူနဲ့နာမည်မသိတဲ့ခရီးကိုသွားရမယ်၊ ဒီခရီးတစ်လျှောက်မှာ အန္တရာယ်တွေတွေ့ခဲ့ရတယ်.. နောက်ကလိုက်တဲ့လူတွေကို သတ်ခဲ့ရတယ် အန္တရာယ်ကတော့ရှိမှာပဲ… သူသာ ကျွန်မတို့နဲ့ထွက်သွားမယ်ဆိုရင် ဒီအန္တရာယ်တွေထဲပါသွားမှာပဲ.. ဒီမေးခွန်းကို မိန်းကလေးတစ်ယောက်အနေနဲ့ မေးတာပါ.. စဉ်းစားကြည့်လိုက်ပါ သူ့ကိုမြင်တဲ့အချိန်ကျရင် စဉ်းစားဖို့အချိန်ရှိ မှာမဟုတ်ဘူး”

ရှီမာယူယူသည် ပြောပြီးသည်နှင့် နောက်ပြန်လှည့်ကာ သူမကို မှောင်မည်းသည့် ကမ်းခြေတွင် ထားခဲ့လေတော့သည်…

***

All Chapters