← Chapters

ရှင်ကျွန်မကိုထားသွားလို့မရဘူး

Vol. 163 Ch. 2269

ရှင်ကျွန်မကိုထားသွားလို့မရဘူး

Vol. 163 Ch. 2269

နန်းတော်လေးဆောင်မှ လူများသည် လေဟာပြင်လိုဏ်ဂူမှထွက်လာပြီး ကြက်သွေးရောင်မီးတောက်နှင့် တခြားသူများကိုမြင်သောအခါ ဘာမှမပြောဘဲ တိုက်ခိုက်တော့သည်။

၎င်းတို့အကြားတွင် လိပ်မည်းတည်ဆောက်ထားသည့် အတားအဆီးရှိ သဖြင့် ထိုလူများသည် အတားအဆီးကိုတိုက်ခိုက်ကြလေသည်။ ရာချီရှိသော သခင်များ အတူတကွတိုက်ခိုက်ကြသဖြင့် အတားအဆီးသည် အားနည်းသွား လေသည်။

“ဟင်း ဒီဘိုးဘိုးကြီးရဲ့ အတားအဆီးက မင်းတို့အစွမ်းအစလောက်နဲ့ ကျိုး မယ်ထင်လား” နန်းတော်လေးဆောင်မှလူများကိုမြင်သောအခါ လိပ်မည်း၏ မျက်လုံးများသည် နီရဲလာသည်။ ဘေးသင့်သားရဲကြီးလေးကောင်ကို သူတို့ ရှုံးခဲ့ ပုံကို မေ့မရသေးပေ။ လုပ်နေကျအတိုင်းပင် ရှီမာယူယူသည် ဝမ်ရှီကို ကာကွယ် ရေးအလွှာအတွင်းထည့်ထားလိုက်သည်။ သို့သော် သည်တစ်ခေါက်တွင် သူမ ဘာမှမလုပ်ဘဲ ဝူလင်းယူတို့သာ တိုက်ခိုက်လေသည်။

ပိုင်ရှောင်ဖေးသည် သူတို့နှင့်မရင်းနှီးပေ။ သို့သော် အံ့ဖွယ်သားရဲလေးပါး နှင့် ဘေးသင့်သားရဲကြီးလေးကောင်အကြားမှ ရန်ငြိုးရန်စကိုသိထားသည်။ သူ၏ ပူပန်မှုကြောင့်သာမဟုတ်လျှင် လိပ်မည်းနှင့်သူသည် နန်းတော်လေး ဆောင်မှလူများကို လက်စားသွားချေခဲ့မည်ဖြစ်သည်။ ထို့ကြောင့် နန်းတော် လေးဆောင်မှလူများ တိုက်ခိုက်သည်ကိုမြင်သောအခါ သူလည်း ပျံထွက်သွား ကာ တိုက်ပွဲတွင်ဝင်ပါလေသည်။

ဝမ်ရှီ၏အင်အားသည် မနိမ့်လှပေ။ သို့သော် နန်းတော်လေးဆောင်မှလူ များနှင့် တိုက်ခိုက်ရလောက်သည်အထိ မလုံလောက်သေးပေ။ ထို့ကြောင့် သူမ ၏ မျိုးနွယ်အကြီးအကဲများနှင့် ကာကွယ်ရေးစက်ဝန်းအတွင်းနေကာ တိုက်ပွဲ ကို ကြည့်နေလိုက်သည်။

သူမသည် ရှီမာယူယူ၏အင်အားနှင့် သူမ၏ သတ္တိကိုသိသဖြင့် သူတို့ကို စိတ်မူပေ။ သူမ စိတ်ပူသည်မှာ ပိုင်ရှောင်ဖေးကိုဖြစ်သည်။

ပိုင်ရှောင်ဖေး၏ အင်အားသည် ရှီမာယူယူတို့လောက် မကောင်းပေ။ သို့သော် လိပ်မည်းနှင့် ပူးပေါင်းလိုက်သောအခါ အလွန်ကောင်းလာသည်။ သူ မည်သည့်ကိစ္စများကို ဖြတ်ကျော်ခဲ့သည်ကို သူမမသိပေ။ သို့သော် သူ၏ တိုက်ခိုက်မှုများသည် ထက်ပြီးအေးစက်သည်။

သို့သော် သူသည် ဤမျှအားကောင်းသည့်တိုက်ပွဲကို အရင်ကမကြုံတွေ့ ဖူးပေ။ နန်းတော်လေးဆောင်မှ လူများ၏အင်အားသည် အဇူရာဆုန်းတိုက်မှလူ များထက်ပင် တစ်ဆင့်မြင့်သည်။ အချိန်ကြာလာသည်နှင့်အမျှ သူ့ကိုဖြေရှင်းရန် ခက်လာသည်။ ပြီးနောက် နန်းတော်လေးဆောင်မှလူများသည်လည်း သူ့ကို အနိုင်ရနိုင်သည်ကို တွေ့သဖြင့် သူ့ဆီသို့သာဦးတည်တိုက်ခိုက်ကြလေသည်။

ဝမ်ရှီသည် အတားအဆီးအတွင်းမှ သူ့ကိုစိုးရိမ်တကြီးကြည့်နေရသည်။ သူ့ကို အဘက်ဘက်မှတိုက်ခိုက်လာသည်ကိုကြည့်ပြီး နောက်ဆုံးတွင် သူမ မခံ နိုင်တော့ပေ။ မျိုးနွယ်အကြီးအကဲများ၏ ကန့်ကွက်ခြင်းကိုလျစ်လျူရှုကာ လက်နက်ထုတ်ပြီး ပျံသွားလိုက်သည်။ အကြီးအကဲနှစ်ယောက်သည် ရွေးချယ် စရာမရှိတော့ဘဲ အတူလိုက်ထွက်ရသည်။

ပိုင်ရှောင်ဖေးသည် သူ့အနောက်သို့ အေးစိမ့်မှုတစ်ခုချဉ်းကပ်လာသည်ကို ခံစားမိသည်။ သို့သော် ဤအချိန်တွင် ထိုအရာကိုဖြေရှင်းရန် စွမ်းအားအပိုမရှိ တော့ပေ။ ထို့ကြောင့် ခံနိုင်ရည်ရှိရန်ကိုသာ ပြင်ဆင်ရတော့သည်။

“ဘုန်း…”

သူ့အနောက်မှ ဝိညာဉ်လက်နက်များ တိုက်ခိုက်သံကိုကြားလိုက်ရချိန် တွင် သူ့အိပ်မက်ထဲတွင် စွဲထင်နေသည့် ရင်းနှီးသောပုံရိပ်တစ်ခုကိုမြင်လိုက်ရ သည်။

သူသည်ရှေ့မှလူကို တွန်းထုတ်ပြီး သူမကိုအော်လိုက်သည် “ဘာလို့ ဒီကို ထွက်လာတာလဲ”

“ရှင် ဒဏ်ရာရတာကို ကြည့်ခိုင်းတာဆို ကျွန်မကြည့်မနေနိုင်ဘူး.. ရှင်ရှိတဲ့နေရာမှာ ကျွန်မရှိနေမယ်” ဝမ်ရှီပြောပြီး သူ့ကိုဘေးသို့တွန်းကာ ရှေ့မှလူကိုတိုက်ခိုက်လေသည်။

ပိုင်ရှောင်ဖေးသည် အလောကြီးနေသဖြင့် သူမကို ဆူငေါက်ရန်အချိန် မရှိပေ။ သို့သော် သူတို့နှစ်ယောက်ကြားတွင် စကားပြောရန်မလိုဘဲ နားလည်မှု ရှိနေတုန်းပင်။ ဝမ်ရှီဝင်ပါလိုက်သဖြင့် သူ အနည်းငယ် သက်သာရာရသည် တော့အမှန်ပင်။ သို့သော် နန်းတော်လေးဆောင်၏ ဆက်တိုက် တိုက်ခိုက်မှုကို မတားနိုင်ပေ။

“သတိထား” သူ့နားထဲသို့ အော်သံတစ်သံဝင်လာပြီး ရှောင်ပိုင်ဖေးသည် သူ့ကို နူးညံ့သောခန္ဓာကိုယ်တစ်ခုမှဖက်ထားသည်ကို ခံစားလိုက်ရပြီးနောက် ထက်ရှသောလက်နက်တစ်ခုသည် သူမခန္ဓာကိုယ်အတွင်းသို့ ဖောက်ဝင်သွား သည့်အသံကို ကြားလိုက်ရသည်။

“သခင်မလေး” မျိုးနွယ်အကြီးအကဲနှစ်ယောက်သည် ဝမ်ရှီဒဏ်ရာရချိန် တွင် ပြေးလာကြသည်။

ရှီမာယူယူသည် ထိုနေရာမှ လှုပ်ရှားသံများကိုကြားလိုက်သည်နှင့် အချိန် ကျပြီဟု ခံစားလိုက်ရသည်။ သူမ လက်တစ်ချက်ဝှေ့လိုက်သည်နှင့် ရာချီသော ရှေးဟောင်းတိုက်ပွဲဝိညာဉ်များပေါ်လာပြီး ထိုဖိအားများအားလုံး သက်သာသွား ကြသည်။

ဝမ်ရှီ၏ခန္ဓာကိုယ်လဲကျသွားပြီး ပိုင်ရှောင်ဖေးသည် လှည့်ပြီး သူမကို ပွေ့ဖက်ထားသည်။ သူမကျောပြင်မှ ဓားရှည်ကိုကြည့်ပြီး သူ့မျက်လုံးများနီရဲ လာကာ နဖူးမှသွေးကြောပြာများ ပေါက်ထွက်မတတ် သူမ၏နာမည်ကို အဆက်မပြတ်ခေါ်နေခဲ့သည်။ စက္ကန့်ပိုင်းအတွင်း သူမ ပျောက်ကွယ်သွားမည် ကို သူကြောက်နေခဲ့သည်။

“ရှီအာ ရှီအာ စိတ်မပူနဲ့ ငါ အခုပဲမင်းကို ဆေးကုဖို့ခေါ်သွားမယ်” သူသည် ဝမ်ရှီကိုချီပြီး လိပ်မည်း၏အတားအဆီးဆီသို့သွားကာ သစ်သားအိမ်ငယ်တစ် လုံးဆီသို့သွားပြီး ဝမ်ရှီကို အခန်းထဲမှအိပ်ရာပေါ်သို့တင်လိုက်သည်။

ရှီမာယူယူနှင့် ဝူလင်းယူတို့ နောက်မှလိုက်သွားကာ သူ ပျာပျာသလဲ သူမ ကို ဆေးတိုက်နေသည်ကို ကြည့်နေခဲ့သည်။

“ရှီအာ ရှီအာ အိပ်မသွားနဲ့နော် မျက်လုံးဖွင့်ပြီး ငါ့ကိုကြည့်နေ” ပိုင်ရှောင် ဖေးသည် သူမ၏ မျက်နှာကို အသာပုတ်လေသည်။

“အစ်ကိုကြီးဖေး ကျွန်မ ရှင့်ကိုသတ်ချင်တယ်လို့ မပြောခဲ့ပါဘူး.. အဲဒါက ဆရာ.. ဆရာနဲ့တခြားသူတွေ..” ဝမ်ရှီ စကားပြောသည်နှင့် သူမ၏ ရင်ဘတ်မှ သွေးများထွက်ကျသည်ကို ခံစားမိသည်။

“ငါသိတယ် ငါသိတယ် အကုန်လုံးက ငါနဲ့ဆန့်ကျင်ဘက်မှာနေရင်တောင် မင်းက နေမှာမဟုတ်ဘူး” ပိုင်ရှောင်ဖေးသည် သူမ၏လက်ကိုဆုပ်ကိုင်ပြီး မြှောက်လိုက်သည်။

“အစ်ကိုကြိးဖေး အချိန်ကိုသာ နောက်ပြန်သွားနိုင်ရင် ကျွန်မရှင်နဲ့အတူ ထွက်သွားမှာပါ.. ကံမကောင်းစွာနဲ့ပဲ ရှီအာ နောက်ဆိုရင် ရှင့်နောက်မလိုက်နိုင် တော့ဘူး..”

“မဟုတ်ဘူး ငါ ရှိတဲ့နေရာမှာ မင်းရှိမယ်လို့ ခုနကပဲပြောခဲ့တာလေ ဘယ် လိုလုပ်ငါ့ကိုထားသွားမှာလဲ”

“နောက်ဘဝကျရင်.. နောက်ဘဝကျရင် ကျွန်မရှင့်နောက်လိုက်ပြီး ဘယ်တော့မှထွက်မသွားတော့ဘူး”

“နောက်ဘဝဆိုတာကို မလိုချင်ဘူး ဒီဘဝပဲလိုချင်တယ်.. မင်းသိလား ငါ မင်းကြောင့် ထွက်မသွားခဲ့တာ.. မင်းကိုစိတ်ပူတာကြောင့်သာမဟုတ်ရင် ငါတို့ ထွက်သွားတာကြာနေပြီ အခုထိဘာလို့စောင့်နေမှာလဲ… ငါ မင်းကို ဒီလောက် ကြာအောင်စောင့်နေတာ.. အခု မင်းကိုထွက်သွားခွင့်မပေးနိုင်ဘူး”

“ရှင်အဲလိုပြောတာကိုပဲ.. ကျွန်မ ကျေနပ်ပါပြီ”

“ရှီအာ မင်းအိပ်ပျော်မသွားနဲ့ ငါ့ကိုထားမသွားနဲ့ ရှီအာ မလုပ်…”

သူတို့နှစ်ယောက် စကားပြောပြီးတော့မည်ကို ရှီမာယူယူမြင်သောအခါ ကြားဝင်ပြောလေသည် “ရှင် ဒီမှာနေပြီး လမ်းပိတ်နေမယ်ဆိုရင် သူမကို တကယ် ဆုံးရှုံးလိုက်ရလိမ့်မယ်”

ပိုင်ရှောင်ဖေးသည် ရုတ်တရက်ထရပ်ကာ ပြောလေသည် “သူမကို ကယ် နိုင်လား”

“အခုတော့ ကယ်နိုင်တယ်.. ဒီလိုမျိုး လမ်းဆက်ပိတ်ထားမယ်ဆိုရင် ကြာကြာ‌စောင့်နိုင်တော့မှာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည်။

“ဒါဆို မြန်မြန်လာလေ သူမကိုကယ်ပေးပါ” ပိုင်ရှောင်ဖေးသည် ဘေးတွင် ရပ်ပြီး သူမကို လေးနက်စွာကြည့်လေသည်။

ရှီမာယူယူလျှောက်သွားပြီး ဆေးနှစ်လုံးထုတ်ကာ သူမကို အရင်ကျွေး သည်။ ပြီးနောက် သူမကို မှောက်လျက်သားထားကာ သူမ၏အဝတ်အစားများ ကို ကတ်ကြေးဖြင့် ညှပ်ကာ သွေးရပ်သည်အထိ ဒဏ်ရာပတ်ပတ်လည်တွင် ငွေအပ်များဖြင့် ထိုးစိုက်လိုက်သည်။ ထို့နောက် ဒဏ်ရာကိုသန့်ရှင်းကာ ဆေး တချို့ထုတ်ပြီး ဒဏ်ရာပေါ်လိမ်းပြီး ပတ်တီးစည်းပေးလိုက်သည်။

“ဟုတ်ပြီ” ရှီမာယူယူ ထကာ ပြောလိုက်သည် “ခဏနေရင် သူမခန္ဓာ ကိုယ်ပေါ်က သွေးတွေကိုသန့်ရှင်းလိုက်လို့ရပြီ”

“ဒါက…” ပိုင်ရှောင်ဖေးသည် သူမကိုကြည့်လေသည်။ သူမ ဘာမှမလုပ် ရသေးတာ အဆင်ပြေပါ့မလား။

“ဒါက ဒီအတိုင်းထိခိုက်ဒဏ်ရာလေးပါ ဆေးရဲ့အာနိသင်နဲ့ဆိုရင် လောက် နေပါပြီ” ရှီမာယူယူ ပြောလိုက်သည်။

ထိုဓားသည် သူမ၏ နှလုံးကိုထိသွားနိုင်သည်ဟု ပိုင်ရှောင်ဖေး ပြောချင် သော်လည်း ရှီမာယူယူ၏ ခိုင်မာသောအကြည့်ကိုမြင်သောအခါ သူမ ဒေါသ ထွက်သွားပြီး ဝမ်ရှီကိုကုမပေးတော့မည်ကို ကြောက်သဖြင့် မပြောလိုက်တော့ ပေ။

သူ စိတ်လှုပ်ရှားပြီး မြင်စက အေးစက်ပြီး မာနကြီးပုံမရှိတော့ဘဲ သူမကို မပြစ်မှားရဲသည်ကို ရှီမာယူယူမြင်နေရသည်။ ဝမ်ရှီ၏ ပေါ်ပေါက်မှုသည် သူ့ကို အမှန်တကယ် ကြောက်ရွံ့စေသည်နှင့်တူသည်။

“စိတ်မပူပါနဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူမအသက်ကိုကယ်ပြီးပြီ.. ပထမ အကြိမ်ကတည်းက သူမကိုကယ်ထားတာဆိုတော့ အခုလည်းသေခွင့်မပေးပါ ဘူး” သူမ နှစ်သိမ့်လိုက်သည်။

“အရင်ကလည်း သူမ အန္တရာယ်နဲ့တွေ့ခဲ့တာလား”

“ဟုတ်တယ် ကျွန်မတို့ ဒီတိုက်ကိုရောက်စက သူမနောက်ကို လူတစ်စုက လိုက်နေခဲ့ကြတာ.. အင်း အဲတုန်းက သူမကိုယ်သူမ ဖောက်ခွဲတော့မလို့ပဲ.. သူမ ပေါက်ကွဲတော့မယ့်အချိန်မှာ ကျွန်မသူမကိုတားလိုက်တာ” ရှီမာယူယူ ပြော လိုက်သည် “ကျွန်မတို့နဲ့တွေ့လောက်အောင် ကံမကောင်းဘူးဆိုရင် အခုချိန်ဆို သူမ သေနေလောက်ပြီ.. အခုလည်း သူမကိုကျွန်မကယ်လိုက်နိုင်တယ်.. သူမက တကယ်ကိုသနားစရာကောင်းတာပဲ”

သူမ နောက်ပိုင်းပြောသည့်စကားများကို ပိုင်ရှောင်ဖေးနားမထောင်တော့ ပေ။ ဝမ်ရှီဖောက်ခွဲခါနီးဖြစ်ခဲ့သည့် စကားများပင် သူ့ခေါင်းထဲတွင် စွဲကျန်နေခဲ့ သည်။ သူ သူမကို တစ်သက်လုံးမတွေ့ရတော့လုနီးပါးဖြစ်သွားသည်ကို တွေးမိ လျှင် သူ့စိတ်ထဲတွင်နောင်တရမိသည်။ သေခြင်းတရားနှင့် ရင်ဆိုင်ရသောအခါ သူအပူတပြင်းဖြစ်နေသည့်ကိစ္စသည် အရေးမကြီးတော့သလို ရုတ်တရက် ခံစားလိုက်ရသည်။

သူမက် မည်သည့်အရာမှ အရေးမကြီးပေ။

ရှီမာယူယူသည် မီးတောက်များကိုမြင်လိုက်ရသောအခါ လှည့်ထွက်လာ ခဲ့သည်။ သူမ ထွက်လာသည်နှင့် လိပ်မည်းသည် သူမကိုတားလေသည်။

***

All Chapters