← Chapters

စာချုပ်မတည်ထောင်ခဲ့ဘူး

Vol. 163 Ch. 2270

စာချုပ်မတည်ထောင်ခဲ့ဘူး

Vol. 163 Ch. 2270

လိပ်မည်းသည် သူမကို ကြက်သွေးရောင်မီးတောက်နှင့် တခြားသူများရှိ သည့် ဘေးဘက်သို့ဆွဲလိုက်သည်။

“ယူယူ ဝမ်ရှီ အဆင်ပြေတယ်မလား” လိပ်မည်းသည် စိုးရိမ်တကြီးမေး လေသည်။

“စိတ်မပူပါနဲ့ သူမက အပေါ်ယံထိခိုက်ဒဏ်ရာလေးဖြစ်သွားရုံပဲ” ရှီမာယူ ယူ အာမခံလေသည် “အန္တရာယ်များတယ်လို့ထင်ရပေမဲ့ ဘာမှမဟုတ်ဘူးရယ်”

“ကောင်းတာပေါ့” လိပ်မည်းသည် စိတ်အေးသွားကာ စိတ်သက်သာသွား သလိုခံစားရသည် “မင်းမသိလို့ ငါ့စာချုပ်သခင်ရဲ့ ဘဝကကောင်းလှတာမဟုတ် ဘူး.. သူကငယ်ငယ်ကတည်းက အများကြီးခံစားခဲ့ရတာ.. ငါ့ရဲ့အင်အားက အကန့်အသတ်ရှိနေလို့ အများကြီးမကူညီနိုင်ခဲ့ဘူး.. အဲမိန်းကလေး ရှီရှီက သူ့ ဘဝရဲ့တစ်ခုတည်းသော အလင်းရောင်ပဲ.. အထင်လွဲမှုတွေ အများကြီးရှိခဲ့တာ တောင် ဒီကလေးရဲ့ စိတ်ကမပြောင်းလဲဘူးလေ.. ရှီရှီသာ တစ်ခုခုဖြစ်သွားရင် အဲကလေးက ရိုက်ခတ်မှုကြီးမှာပဲ”

“အဲဒါကို ခင်ဗျားက သိရဲ့သားနဲ့ ပိုင်ရှောင်ဖေးမသွားချင်လို့ဆိုတဲ့ ဆင်ခြေ ကိုသုံးသေးတာနော်” ဖူရှီ နှာမှုတ်လေသည်။

“အိုး အကြောင်းအရင်းက နှစ်ခုရှိတယ်” လိပ်မည်းသည် သူ့ကျောပြင်မှ အခွံကိုပုတ်ပြီး ဖူရှီကိုလျစ်လျူရှုကာ ရှီမာယူယူကို ဆွဲပြီးမေးလေသည် “ဒီနေ့ ကိစ္စကို စီစဉ်ပြီးသားလား”

“ဘာလို့အဲလိုပြောတာလဲ” ရှီမာယူယူသည် မငြင်းဘဲ ပြုံးနေသည်။

“သိသာနေတာပဲ.. မင်းမှာ ရှေးဟောင်းတိုက်ပွဲဝိညာဉ်တွေ ဒီလောက် အများကြီးရှိမှတော့ ဘာလို့စောစောမထုတ်တာလဲ.. သူတို့ကို ရှီရှီ ဒဏ်ရာရမှပဲ ထုတ်တာ အဲတော့ မင်းက ဒီကိစ္စကို စောင့်ကြည့်နေတယ်လို့ဆိုလိုတာပဲ ငါ ပြောတာမှန်တယ်မလား”

“အဲအချိန်မှာ နန်းတော်လေးဆောင်က လူတွေရောက်လာမယ်လို့ ကျွန်မ ကဘယ်လိုသိမှာလဲ” ရှီမာယူယူသည် ပြောပြီးနောက် လိပ်မည်းဆီသွားကာ လေသံဖြင့် ပြောလိုက်သည် “ဒါပေမဲ့ ရှင်မှန်းတာတစ်ခုမှန်တယ်.. ဘယ်လိုလဲ ဒီနည်းလမ်းက မကောင်းဘူးလား”

“မဆိုးပါဘူး” လိပ်မည်းသည် ရှီမာယူယူသည် ပခုံးကို လက်ဖြင့်ပုတ်လိုက် သည် “သူတို့ကြားက အထင်လွဲမှုကို ဘယ်လိုဖြေရှင်းရမလဲလို့ ငါ စိတ်ပူနေ သေးတာ.. မင်းလာတာနဲ့ တည့်မတ်သွားလိမ့်မယ်လို့ ထင်မထားဘူး.. ဒီဆေးက နည်းနည်း ကြမ်းပေမဲ့ မဆိုးပါဘူး.. သက်ရောက်မှုက မြန်တယ် မဆိုးဘူး”

“အဲဒါကြောင့် ဝမ်ရှီဒဏ်ရာပျောက်သွားရင် ဒီကနေထွက်သွားမယ် ရှင် လုပ်စရာရှိရင် မြန်မြန်လုပ်ထားပါ”

“ဘာမှမရှိဘူး ဒါပေမဲ့ ကျားဖြူရဲ့တည်နေရာကို မင်းသိပြီးပြီလား” လိပ်မည်း ပြောလေသည်။

ရှီမာယူယူသည် ဖူရှီကိုကြည့်လိုက်သည်။ သူမသည် ကျားဖြူ၏ တည် နေရာကို အရင်ကမပြောခဲ့ဖူးပေ။ သို့သော် ကျားဖြူသည် ပေါ်မလာဟုသာ ပြောကြသည်။

ဖူရှီ ခေါင်းခါလေသည် “ဆရာ့ရဲ့ဂမ္ဘီရဟောစာတမ်းမှာက လိပ်မည်းရဲ့ တည်နေရာကိုပဲ ပြောထားတယ် ကျားဖြူကိုကျတော့ လိပ်မည်းရဲ့အခွံကိုသုံးရ မယ်တဲ့”

“လိပ်ခွံသုံးရမယ်လို့ ပြောတာမဟုတ်လောက်ပါဘူး အဇူရာနဂါး ငါနဲ့ ရန်ဖြစ်ချင်လို့လား” လိပ်မည်းသည် ဖူရှီကို ဝှေ့ယမ်းပြကာ ခြိမ်းခြောက်လေ၏။

“ငါ့ကိုအရင်က နိုင်ဖူးလို့လား” ဖူရှီသည် သူ့ကိုမျက်လုံးလှိမ့်ပြလိုက်သည်။

“အလုပ်ကိစ္စပဲ အရင်လုပ်ကြတာပေါ့” ကြက်သွေးရောင်မီးတောက် ပါးစပ်ဟလာသည်နှင့် ဖူရှီနှင့် လိပ်မည်းတို့ နှုတ်ဆိတ်သွားကြသည်။ ဖူရှီသည် လိပ်မည်းကိုကြည့်လိုက်ရာ သူ့ကျောမှ အခွံကိုလက်ဖြင့်ကုတ်ပြီး တွန့်ဆုတ်စွာ ဖြင့် ခွာပြီးရင်းခွာကာ နောက်ဆုံးတွင် လိပ်ခွံလေးကို ထုတ်ယူလိုက်သည်။

ဖူရှီသည် ကံကြမ္မာဟောသည့် ပစ္စည်းများကိုထုတ်ပြီး မြေပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ စတင်အာရုံခံတော့သည်။ ဤအရာများကို မည်သို့ တွက်ချက်သည်ကို ရှီမာယူယူနားမလည်သဖြင့် ဝူလင်းယူဘေးသို့သွားကာ ရလဒ်ကိုစောင့်နေလိုက်သည်။

ဖူရှီသည် ထပ်ခါထပ်ခါကြိုးစားကြည့်ရာ လိပ်မည်းသည် စိတ်မရှည်နိုင် တော့ပေ။

“ငါ့အခွံက အရမ်းတိကျယ် မင်းက အဲလောက်တောင် မသန်မာဘူးလား” လိပ်မည်း အော်လေသည်။

ဖူရှီ၏တင်ပါးသည် မြေပြင်နှင့် ထိသွားသည်။ ဂမ္ဘီရဉာဏ်ဖြင့် ကြည့်ရန် သူ၏စွမ်းအားများစွာ သုံးလိုက်ရသည်။ သူ့ကို ထိုပုံစံအတိုင်းမြင်လိုက်ရသော အခါ ရှီမာယူယူ မေးလိုက်သည် “ရှီအာ အာရုံခံလို့မရဘူးလား”

“ရတယ် ဒါပေမဲ့ ရလဒ်က…” ဖူရှီသည် လေးလံစွာ သက်ပြင်းချလိုက်၏။

“ဘာဖြစ်တာလဲ.. ကျားဖြူတစ်ခုခုများဖြစ်လို့လား”

“ကျားဖြူက အခုချိန်ထိ သူ့ရဲ့စာချုပ်သခင်နဲ့ စာချုပ်မတည်ထောင်ရသေး ဘူး” ဖူရှီသည် ဗုံးတစ်လုံးကဲ့သို့ သတင်းကိုပြောချလိုက်သည် “ကျားဖြူရဲ့ အခြေအနေအကောင်းလားလို့ တွက်ချက်ကြည့်လိုက်တာ.. ဒါပေမဲ့ စာချုပ်မရှိ ရင် သူ့နေရာကိုပြန်လို့ရမှာမဟုတ်ဘူး”

“ငါတို့တွေ စာချုပ်တည်ထောင်လို့မရဘူးလား” ရှီမာယူယူသည် သိချင် စိတ်ဖြင့် မေးလိုက်သည် “မင်းမှာလည်း စာချုပ်သခင်မရှိဘူးမလား”

“အဲတုန်းက ငါသေသွားခဲ့တာ.. ငါ့စွမ်းအားကိုချိပ်ပိတ်ပြီး အံ့ဖွယ်နဂါး အမိန့်ကို အမွေဆက်ခံခဲ့တယ်.. အဲဒါကြောင့် ငါ့လက်ရှိခန္ဓာကိုယ်က စာချုပ် သခင်ဖြစ်သလို အဇူရာနဂါးဆိုလည်းဟုတ်တယ်” ဖူရှီ ရှင်းပြလေသည်။ “ဒါပေမဲ့ ကျားဖြူနဲ့ ကြက်သွေးရောင်မီးတောက်က တူတယ် စာချုပ်လိုနေတာ သခင်က ဟန်ချက်ထိန်းပေးမှ ငါတို့နေရာကိုပြန်လို့ရမှာ”

“အဲလိုပြောရင် အခုက ကျားဖြူက သူ့သခင်ကိုမတွေ့သေးဘူးပေါ့.. အဲလို ဆိုရင် သူ့သခင်ကိုရှာပေးရမှာလား” ရှီမာယူယူ နားလည်သွားသည် “သူ့ သခင်က ဘယ်သူလဲဆိုတာ မင်းသိမှာပေါ့ ဟုတ်တယ်မလား သူ့ဆီတိုက်ရိုက် သွားပြီး ကျားဖြူနဲ့စာချုပ်တည်ထောင်ခိုင်းလိုက်ရင် ရပြီမဟုတ်ဘူးလား”

“သီအိုရီအရဆိုရင်တော့ အဲလိုပဲ ဒါပေမဲ့ လက်တွေ့မှာကျ အဲလောက် မရိုးရှင်းဘူး”

“ဘာလို့လဲ”

“ဘာလို့လဲဆိုတော့ သူ့စာချုပ်သခင်က.. ကလေးပဲရှိသေးတယ်” ဖူရှီ သည် မျက်လုံးမှိတ်ကာ အကူအညီမဲ့စွာဖြင့် ပြောလေသည် “အခုအဲကလေးကို ရှာရမယ်.. သူ့ကိုကျင့်ကြံခိုင်းရမယ် သူ့မှာအင်အားရှိလာရင် ကျားဖြူနဲ့ စာချုပ် တည်ထောင်ခိုင်းရမယ်”

“ဟား.. အဲလိုဆို နှစ်ပေါင်း ရာချီစောင့်ရဦးမှာမဟုတ်ဘူးလား”

“မလိုဘူး” ဖူရှီ ပြောလိုက်သည် “ကျားဖြူရဲ့ စာချုပ်သခင်က မိုးကြိုး ဘေးဒုက္ခကိုဖြတ်ကျော်နိုင်တဲ့လူလို့ ဟောစာတမ်းမှာပြောထားတယ်.. တခြား ဖြစ်နိုင်ချေတွေလည်းရှိသေးတယ်.. ယူယူ ဒီကိစ္စက မင်းကိုယ်တိုင်ထွက်ပြီး လုပ်ဖို့လိုလိမ့်မယ်”

“ငါလား” ရှီမာယူယူသည် မျက်တောင်ခတ်လေသည် “ဘာလို့ ငါ့ကိုလုပ် စေချင်တာလဲ”

“ဟောစာတမ်းအရဆိုရင် မင်းနဲ့သူက ဆရာတပည့်ဆက်ဆံရေးရှိတယ်” ဖူရှီ ပြောလေသည် “ဒါက မင်းသူ့ကိုရှာဖို့လိုတယ် သူ့ကိုတပည့်အဖြစ်လက်ခံ ပြီးတော့ ကျင့်ကြံဖို့ကို လမ်းပြပေးရမယ်”

“ပြီးတာနဲ့ ကျားဖြူနဲ့ စာချုပ်တည်ထောင်ဖို့ကို ပြောရမှာပေါ့” လိပ်မည်း သည် သူ့စကားကို ဆက်ပြောလေသည်။

မထင်မှတ်စွာပင် ဖူရှီသည် ခေါင်းခါပြီးပြောလိုက်သည် “သူ့ကို ကျားဖြူ အကြောင်းပြောလို့မရဘူး၊ အခုကျားဖြူရဲ့တည်နေရာက မသဲကွဲဘူး၊ သူ့စာချုပ် သခင်ကပဲ ရှာနိုင်လိမ့်မယ်၊ အပြင်လူတွေကြားဝင်လို့မရဘူး အဲဒါကြောင့် ဒီကိစ္စ က ယူယူ့အပေါ်မှာပဲမူတည်နေတယ်”

ရှီမာယူယူ၏ နှုတ်ခမ်းထောင့်သည် ကွေးတက်သွားသည် “အဲလို နိမိတ် မကောင်းတာကို ငါက ဘာလို့လုပ်ရမှာလဲ”

ယခု အားလုံးကိုဆုံးဖြတ်ပြီးဖြစ်ရာ ဝမ်ရှီဒဏ်ရာများပြန်ကောင်းလာရန် ကိုသာ စောင့်ရန်ရှိတော့သည်။ ရှီမာယူယူနှင့် တခြားသူများ ဆွေးနွေးပြီး ပြန် သွားချိန်တွင် ဝမ်ရှီ သတိရနေပြီဖြစ်သည်။

ရှီမာယူယူဝင်လာသည်ကို မြင်သောအခါ အိပ်ရာဘေးတွင်ထိုင်နေသည့် ပိုင်ရှောင်ဖေးသည် ထပြီးသူမကို အရိုအသေပြုလေသည် “ရှီအာ့ကို နှစ်ခါ ကယ်ပေးဖို့ ကျေးဇူးတင်ပါတယ် ယူယူ”

“ပိုင်ရှောင်ဖေး.. ဝမ်ရှီနဲ့ ကျွန်မကသူငယ်ချင်းတွေပါ သူမကို ကယ်ရမှာ ပေါ့.. ကျွန်မက သူမရဲ့အသက်ကို ကယ်ခဲ့တာလေ အဲဒါကို ရှင်ကဘာလို့ ကျေးဇူးတင်နေတာလဲ”

“ကျွန်တော် ရှီအာ့ကိုလက်ထပ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ.. အခု သူမရဲ့ သတို့သားလောင်းအနေနဲ့ ကျေးဇူးတင်တာပါ” ပိုင်ရှောင်ဖေးသည် တည်ငြိမ်စွာ ပင်ပြောလေသည်။

“အဲတော့ အထင်လွဲမှုရှင်းသွားပြီဆိုတော့ အမုန်းတွေလည်း မရှိတော့ဘူး ပေါ့” ရှီမာယူယူသည် ဝမ်ရှီကိုကြည့်လိုက်ရာ သူမသည် ရှက်ရွံ့စွာဖြင့် ခေါင်းကို လက်ဖြင့်အုပ်လိုက်သည်ကို မြင်လိုက်ရသည် “ဒါလည်းကောင်းတဲ့ကိစ္စပဲလေ ဘာရှက်စရာရှိလို့လဲ.. ဒါပေမဲ့ အရင်က ပြောဖူးပါတယ် ပိုင်ရှောင်ဖေးနဲ့ ငါတို့ရဲ့ အနာဂတ်က အန္တရာယ်များတယ်.. စဉ်းစားကြည့်ပြီးပြီလား သူနဲ့အတူသွားချင် လား”

“အရင်က တွေဝေမှုနည်းနည်းရှိသေးတယ်ဆိုရင်တောင် ဒီကိစ္စဖြစ်ပြီး သွားတော့ ငါဘာလိုချင်လဲဆိုတာ သိနေပါပြီ အစ်ကိုကြီးရှောင်ဖေးသွားတဲ့ နေရာကို ငါလည်းသွားမှာပါ အနာဂတ်မှာ အဆုံးမရှိတဲ့အန္တရာယ်တွေရှိတယ်ဆို ရင်တောင် နောင်တရမှာမဟုတ်ပါဘူး” ဝမ်ရှီသည် ခေါင်းမော့ပြီး အခိုင်အမာ ပြောလေသည်။

“ဟုတ်ပြီ ဒါဆိုလည်း အခုတော့ လိမ်လိမ်မာမာနဲ့လှဲနေလိုက်ပါဦး ငါ ဆေးပြောင်းစည်းပေးမယ် မကြာခင် မင်းပြန်ကောင်းလာမှာပါ မင်းတို့နှစ် ယောက်လည်း မြန်မြန်အတူရှိနေနိုင်မှာပါ” သူမသည် အလွန်ပင်ရိုးသားစွာ ပြောလိုက်သော်လည်း ဝမ်ရှီရှက်သွားကာ အိပ်ရာပေါ်တွင်လှဲနေပြီး သူမကို ကြည့်ပင်မကြည့်တော့ပေ။

***

All Chapters