ပြင်ဆင်ခြင်း
Vol. 163 Ch. 2271
ရှီမာယူယူ၏ ဆေးအာနိသင်ကြောင့် ဝမ်ရှီ၏ခန္ဓာကိုယ်သည် လျင်မြန်စွာ ပင် ပြန်ကောင်းလာလေသည်။ သူမ ပြန်ကောင်းလာပြီးနောက် မျိုးနွယ်အကြီး အကဲနှစ်ဦးသည် မျိုးနွယ်ဆီသို့ပြန်သွားကြလေသည်။
ဝမ်ရှီနှင့် ပိုင်ရှောင်ဖေးတို့ အဇူရာဆုန်းတိုက်မှ ထွက်သွားမည့်ကိစ္စသည် အရေးမပါသည့်ကိစ္စမဟုတ်သည့်အတွက် သူတို့သည် မျိုးနွယ်ကို သတင်းပြန်ပို့ ရမည်။
အပြန်လမ်းတွင် သူတို့၏ လုံခြုံရေးကိုစိတ်ပူရန်မလိုပေ။ အရင်က အန္တရယ်များသည်မှာ အပြင်လူများမဝင်လာရန်အတွက် လိပ်မည်းမှ ထိန်းချုပ် ထားခြင်းကြောင့်ဖြစ်သည်။ ယခုအခါ ပိုင်ရှောင်ဖေးနှင့် သဘောတူညီချက်ရပြီ ဖြစ်သဖြင့် ထိုအန္တရာယ်များမှာ အလိုလိုပင်မရှိတော့ပေ။
လိပ်မည်းသည် ပင်လယ်သားရဲတစ်ကောင်ရှာပြီး သူတို့နှစ်ယောက်ကို ခေါ်သွားပေးရန် ပြောခဲ့သည်။ ထို့နောက် ဝမ်မိသားစု၏ အဖြေကိုပင်မစောင့်ဘဲ သူမနှင့် ပိုင်ရှောင်ဖေးတို့သည် ရိုးရှင်းသောမင်္ဂလာပွဲကျင်းပခဲ့ကြသည်။
ဝမ်မိသားစုဝင်များလာသောအခါ မင်္ဂလာပွဲပြီးသွားပြီဖြစ်ကာ ဝမ်ရှီသည် အိမ်ထောင်သည်အမျိုးသမီးများ၏ ဆင်ယင်ထုံးဖွဲ့မှုဖြစ်သော ဆံပင်ကိုထုံးတင် ထားပြီဖြစ်သည်။ သူမပြုလုပ်လိုက်သော စိတ်နေစိတ်ထားမှာ လုံးဝကို တခြား လူတစ်ယောက်ကဲ့သို့ဖြစ်သွားသည်။
ဝမ်မိသားစုခေါင်းဆောင်နှင့် ဇနီးသည် သူမကို ထိုပုံစံအတိုင်းမြင်လိုက်ရ ချိန်တွင် အလွန်ပင်ဒေါသထွက်ကြကာ သူမနှင့်ပိုင်ရှောင်ဖေးတို့ကို အခန်းငယ် ထဲသို့ခေါ်ပြီး ကြာမြင့်စွာစကားပြောလေသည်။ သူတို့ထွက်လာချိန်တွင် သူတို့ ၏ မျက်နှာများမှာ ပုပ်သိုးနေသေးသော်လည်း ဝမ်ရှီကိုပြန်လိုက်ရန်တော့ မခေါ် ပေ။
ဝမ်ရှီနှင့် ပိုင်ရှောင်ဖေးတို့သည် ဝမ်မိသားစုကို လိုက်ပို့ပြီးနောက် လက်တွဲ ကာ ပြန်လာကြသည်။ လိပ်မည်းသည် ဖူရှီကိုမှီထားပြီး မျက်ရည်မကျဘဲမနေ နိုင်တော့လေ “နှစ်တွေ ဘယ်လောက်အများကြီးကုန်သွားပြီလဲ နောက်ဆုံး တော့ သူပြုံးတာကို ပြန်မြင်ရပြီ.. သူ့ရဲ့အေးစက်မှုတွေ အရည်ပျော်သွားပြီ”
“မင်းကိုက တုံးတာ” ဖူရှီသည် သူ့ကိုတွန်းပစ်ပြီး သူမှီခဲ့သည့်နေရာကို ရွံရှာစွာဖြင့် ခါလိုက်သည်။
“ဒီကိစ္စတွေ ဖြေရှင်းပြီးသွားပြီဆိုတော့ ကျားဖြူဆီကိုသွားဖို့ပြင်ကြတာ ပေါ့” ကြက်သွေးရောင်မီးတောက် ပြောလိုက်သည်။
ကျားဖြူဟုပြောလိုက်ချိနတ်တွင် မျက်မှောင်မကြုတ်ဘဲမနေနိုင်တော့ ပေ။ ကျားဖြူကိစ္စကို ဖြေရှင်းရန်မည်မျှကြာမည်ကိုမသိသလို မည်သို့ဖြစ်လာ မည်ကိုလည်းမသိပေ။ လိပ်မည်း၏အခွံရှိသည့်တိုင်အောင် ကျားဖြူ၏ တည် နေရာကိုတွက်ချက်ရန် မဖြစ်နိုင်ပေ။ သူ၏တည်နေရာကို ကောင်းကင်မှ ဖုံးကွယ်ထားနိုင်ချေရှိသည်။
ဒါလည်း အကျိုးတော့ရှိသည်။ အကြောင်းမှာ နန်းတော်လေးဆောင်မှ ရှာ မတွေ့လျှင် လိုက်ပြီးမသတ်နိုင်ပေ။ သူတို့မရှာနိုင်လျှင်လည်း သခင်ကိုအရင်ရှာ ရမည်။
“အင်း ရှာဖို့အချိန်ကျပြီ ဒါပေမဲ့ ငါတို့ထွက်မသွားခင် နန်းတော်လေး ဆောင် မျက်ခြေပြတ်ဖို့တစ်ခုခုတော့လုပ်ရမယ်” ဖူရှီ ပြောလိုက်သည်။
ကျားဖြူ၏ တည်နေရာကို ခြေရာခံရာတွင် နန်းတော်လေးဆောင်မှ နောက်ကမလိုက်စေရန် ပြင်ဆင်မှုအနည်းငယ်လုပ်ရမည်။
ရက်အနည်းငယ်ကြာပြီးနောက် သူတို့အဖွဲ့သည် ကျွန်းမှထွက်ခွာကြ၏။ ရက်အနည်းငယ် ထပ်အကြာတွင် နန်းတော်လေးဆောင်သည် ကျွန်းသို့ရောက် လာသည်။ အနက်ဝတ်ထားသောလူတစ်ယောက်သည် အခန်းကိုနှစ်ကြိမ်တိုင် တိုင် လှည့်ပတ်ကြည့်ပြီးနောက် သူတို့၏တည်နေရာကို စတင်တွက်ချက်တော့ သည်။ တွက်ချက်မှုအပြီးတွင် ထိုလူသည် သွေးအန်ပြီးမြေပေါ်သို့လဲကျသွား တော့သည်။
“ဘယ်လိုလဲ” ခေါင်းဆောင်ရောက်လာပြီး မေးလေသည်။
“ရှာလို့မတွေ့ဘူး.. သူတို့တွေက အကာအကွယ်လုပ်သွားတယ် ဟောစတမ်းတစ်ခုချင်းစီက မတူဘူး.. ဘယ်တစ်ခုကမှန်လဲဆိုတာမသိနိုင်ဘူး အကုန်လုံးမှားတာလည်းဖြစ်နိုင်တယ်”
“နည်းလမ်းစဉ်းစားလို့မရဘူးလား” ခေါင်းဆောင်သည် ဂမ္ဘီရပညာရှင်၏ အဝတ်များကို ဆုပ်ကိုင်ပြီးကျယ်လောင်စွာ အော်လေသည်။
ဂမ္ဘီရပညာရှင်သည် အစကတည်းကပင် တိုက်ခိုက်ခံထားရပြီး ယခုအခါ တဖန်တိုက်ခိုက်ခံရသဖြင့် အားနည်းကာ မေ့လဲကျသွားတော့သည်။
လှည့်ပတ်ကြည့်ပြီးသည့်နောက် မည်သည့်သဲလွန်စမှမတွေ့သဖြင့် နန်းတော်လေးဆောင်မှလူများသည် တပ်ဖွဲ့ကို တပ်ဆုပ်ကာ ပြန်ကြလေသည်။ တိကျသည့်ပန်းတိုင်မရှိသဖြင့် နန်းတော်လေးဆောင်သည် ဂမ္ဘီရပညာရှင်ပြော သည့် တိုက်ကြီးများဆီသို့ လူအင်အားထပ်မံစေလွှတ်ကာ တစ်ချိန်တည်းမှာပင် တခြားတိုက်ကြီးများတွင် လူအင်အားတိုးမြှင့်လိုက်သည်။ သူတို့သည် နတ်ဘုံမှ ကမ်းပါးနန်းတော်နှင့် တခြားနေရာများကို ဖိအားဖြေလျော့လိုက်သည်။
လိပ်မည်းသည် ဟင်္သပဒါးငှက်၊ အဇူရာနဂါးတို့နှင့် ပူးပေါင်းလိုက်ပြီဖြစ်ရာ ယခုအခြေအနေသည် အလွန်ပြင်းထန်နေသည်။ အရေးအကြီးဆုံးကိစ္စမှာ ကျားဖြူကို အမြန်ရှာဖွေရန်ဖြစ်သည်။ အံ့ဖွယ်ဟင်္သပဒါးငှက်နှင့်တခြားသူများ ကို တွေ့ခွင့်ပေး၍မဖြစ်ပေ။ ကမ်းပါးနန်းတော်နှင့် တခြားအဖွဲ့အစည်းများမှာ အံ့ဖွယ်သားရဲလေးပါး ဖျက်ဆီးခံရပြီးနောက် ဂရုစိုက်ရန်အချိန်နှောင်းနေ၍ မဖြစ်ပေ။
ထိုအချိန်တွင် ရှီမာယူယူနှင့်အဖွဲ့သည် ကျားဖြူကို ခြေရာခံမိသည့် မြန့် တိုက်ကြီးသို့ရောက်နေပြီဖြစ်သည်။ ကျွင်းပိုင်၏ ဂမ္ဘီရဉာဏ်ဖြင့်ကြည့်ရာ ကျားဖြူသည် ဤတိုက်ကြီးတွင်ရှိသည်ဟု ပြသနေပြီး တခြားသဲလွန်စကိုတော့ မတွေ့ရပေ။ ဖူရှီသည် လိပ်မည်း၏အခွံကိုသုံးပြီး တိတိကျကျတွက်ချက်သော် လည်း အကြမ်းဖျင်းသာတွေ့ရလေသည်။
ပြီးနောက် ရှီမာယူယူသည် ဤမျှကျယ်ပြန့်သောဧရိယာတွင် လူတစ် ယောက်ကိုရှာပြီး သူ့ကိုတပည့်အဖြစ်လက်ခံကာ ကျင့်ကြံရန်အတွက် သင်ပေး ရဦးမည်။ ထိုတင်သာမကဘဲ သူ့ကိုကျားဖြူအကြောင်းပြော၍မဖြစ် သောကြောင့် သူ့ဘာသာရှာဖွေရမည်ဖြစ်သည်။ သူ ကျားဖြူကို ရှာနိုင်မယ်လို့ ဘယ်သူသိမှာလဲ။ စဉ်းစားကြည့်လျှင် အနည်းငယ်စိတ်ပျက်စရာပင်။ ဟူး.. သူတို့တွေ ခရီးရှည်ကြီးကျန်သေးတာပဲ။
“ယူယဓ မင်း သွားပြီးရှာလိုက်” ကျောင်းအပြင်ဘက်သို့အရောက်တွင် ဖူရှီ သည် သူမကိုပြောလေသည်။
“ငါ့ကို ဆရာဖြစ်ခိုင်းနေတာလား” ရှီမာယူယူ၏ နှုတ်ခမ်းမှာတွန့်သွား၏။ မဟုတ်..လောက်ပါဘူးနော်။
“သူက မင်းနဲ့ ဆရာတပည့်ဆက်ဆံရေးဖြစ်ဖို့ လိုနေတယ်ဆိုမှတော့ အဲဒါ နဲ့နီးစပ်အောင်လှုပ်ရှားရမှာပေါ့.. ဘယ်လိုကျင့်ကြံရမလဲဆိုတာ မသိတဲ့လူတွေ က ဒီကိုလာပြီးသင်ကြတာပဲလေ” ဖူရှီ ရှင်းပြလေသည်။
မြန့်တိုင်းပြည်တွင် ဂိုဏ်းခွဲအနည်းငယ်နှင့် ကျောင်းပေါင်းများစွာရှိသည်။ မကျင့်ကြံနိုင်သေးသည့်လူကိုရှာချင်လျှင် ဤကဲ့သို့နေရာမျိုးကိုသွားလိုက်သည် ကပိုကောင်းသည်။
“ငါ လိပ်မည်းရဲ့ အခွံနဲ့ ကံကြမ္မာကြည့်လိုက်တော့ အဲလူက မင်းနဲ့ကျောင်း မှာတွေ့လိမ့်မယ်တဲ့.. လုပ်လိုက်တော့လေ.. ငါတို့က ဘေးမှာခြံဝင်းဝယ်လိုက် မယ် ပုံမှန်အချိန်တွေဆို ငါတို့ကိုလာရှာလို့ရတယ်” ဖူရှီသည် သူမ၏ပခုံးကို ပုတ် ရင်းနှင့် ရှီမာယူယူသည် ဝူလင်းယူကိုကြည့်နေသည်ကိုမြင်သောအခါ သူ ပခုံး တွန့်ပြီးပြောလိုက်သည် “ယူယူက ဆရာကောင်းဖြစ်လိမ့်မယ်လို့ ငါယုံတယ်”
ရှီမာယူယူ “….”
သူမသည် ဆူပုပ်သွားပြီး မပျော်တော့ပေ။ ယခုအခြေအနေမှာ ဆိုးရွားနေ ခြင်းကြောင့်သာမဟုတ်လျှင် သူတို့ သူမကို နောက်ပြောင်နေသည်ဟု ထင်မှတ် သွားမည်ပင်။
သူမသည် မျက်လုံးမှိတ်ပြီး ကျောင်းထဲမှအခြေအနေကို ခံစားကြည့် သည်။ ထို့နောက် အနောက်မှအားလုံးကိုကြည့်ပြီး ပြောလိုက်သည် “ငါ့ သတင်း ကိုသာ စောင့်နေလိုက်ကြ”
ပြီးသည်နှင့် သူမသည် ကျောင်းဝင်ပေါက်ဆီသို့လျှောက်သွားလေသည်။ သို့သော် တံခါးအစောင့်များ၏ တားခြင်းကိုခံလိုက်ရလေသည်။
“ဒီကျောင်းက ကျောင်းသားမဟုတ်ရင် ဝင်လို့မရဘူး” အစောင့်မှပြော လေသည်။
“ကျွန်မက ကျောင်းသားမဟုတ်ဘူး.. ဒါပေမဲ့ ဒီမှာဆရာလုပ်မလို့လာတာ” ရှီမာယူယူသည် တည်ငြိမ်စွာပင်ပြောလေသည်။
“ဘာပြောတယ်” အစောင့်နှစ်ယောက်သည် တစ်ဦးနှင့်တစ်ဦး ကြည့် လိုက်ကြသည်။ ကျောင်းမှာ ဘယ်တုန်းက ဒီလိုဆရာရှိသွားတာလဲ။ သို့သော် သူတို့ပြန်ကြည့်လိုက်သောအခါ သူတို့ရှေ့တွင် မည်သူမှရှိမနေပေ။ အစောက သူတို့မြင်လိုက်ရသည်မှာ ထင်ယောင်ထင်မှားဖြစ်နေသလိုပင်။
ရှီမာယူယူသည် ကျောင်းဝင်းအတွင်းလျှောက်သွားကာ ကျောင်းသားများ သွားသွားလာလာလုပ်နေသည်ကိုကြည့်ပြီး သူမရှာနေသည့်သူ ဟုတ်မဟုတ်ကို ခန့်မှန်းနေသည်။ သူမ၏အသွင်အပြင်သည် လူအများကို ဆွဲဆောင်နိုင်လေ၏။ အထူးသဖြင့် အမျိုးသားများကိုဖြစ်သည်။
သူမသည် ချောမောကြည့်ကောင်းနေပြီဖြစ်ကာ သူမ၏အနေအထားနှင့် တွဲဖက်လိုက်သောအခါ တခြားသူများ၏ အာရုံကို မသိမသာဆွဲဆောင်နေလေ သည်။
ကျောင်းသားတချို့သည် အတင့်ရဲပြီး သူမကိုတိုက်ရိုက်စကားလာပြော ကြလေသည် “ဒီကအတန်းဖော် အရင်ကမမြင်ဖူးပါဘူး ဘယ်အတန်းကလဲ”
ရှီမာယူယူသည် မျက်တောင်ခတ်ကာ ပြောလိုက်သည် “ကျွန်မက ဒီက ကျောင်းသူမဟုတ်သေးပါဘူး ဒါပေမဲ့ ကျောင်းအုပ်ကြီးရုံးခန်းကို ဘယ်လိုသွားရ မလဲဆိုတာ ပြောပြလို့ရမလား”
“ကျောင်းအုပ်ကြီးကိုရှာနေတာလား ကျွန်တော်ခေါ်သွားပေးမယ်”
“ကျေးဇူးတင်ပါတယ်” ရှီမာယူယူသည် သူ့ကိုပြုံးပြလိုက်ရာ သူသည် လေပေါ်မြှောက်သွားသလိုခံစားလိုက်ရသည်။ တခြားကျောင်းသားများသည် စိတ်ထဲမှ ချဉ်မိလေသည်။
သူသည် ရှီမာယူယူကို ကျောင်းအုပ်ကြီးရုံးခန်းသို့ခေါ်သွားလေသည်။ လမ်းတွင် စကားပြောရင်းနှင့် လွန်ခဲ့သည့်ရက်အနည်းငယ်က ကျောင်းသားသစ် များ စုဆောင်းပြီးဖြစ်ကြောင်းကို ရှီမာယူယူသိလိုက်ရ၏။ ခဏအကြာတွင် သူတို့သည် ကျောင်းအုပ်ကြီးနှင့်တွေ့ကာ ဆရာအသစ်ခန့်ရန် ပြောခဲ့သည်။ သူမသည် မကျင့်ကြံရသေးသူများကို ဦးဆောင်မည်ဟုပြောခဲ့သဖြင့် လူသစ်များ ကိုတာဝန်ယူရသည်။
***