← Chapters

ကျောင်းသို့ဝင်ခြင်း

Vol. 163 Ch. 2272

ကျောင်းသို့ဝင်ခြင်း

Vol. 163 Ch. 2272

ရှီမာယူယူသည် ကျောင်းအုပ်ကြီးရုံးခန်းသို့ ထိုကျောင်းသားနောက်မှ လိုက်သွားလေသည်။ အထဲတွင် စကားပြောနေသူရှိသဖြင့် သူတို့သည် အပြင်မှ စောင့်ကြသည်။

“ဒါနဲ့ မိန်းကလေးကို မမေးရသေးဘူး ကျောင်းအုပ်ကြီးနဲ့ တစ်ခုခုရှိလို့ လား”

“ကျွန်မက ဒီကိုဆရာအဖြစ် လျှောက်မလို့လာတာပါ” ရှီမာယူယူ ပြော လေသည် “နောက်တစ်ခါ ကျွန်မကိုတွေ့ရင် ဆရာဖြစ်နေလောက်ပြီ”

“ဘာပြောတယ်”

ထိုကျောင်းသား၏ မျက်လုံးမှာ အံ့ဩမှုကြောင့် ပြူးကျယ်သွားလေသည်။ ဤကဲ့သို့အရာမျိုးကို တွေ့ကြုံဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ သည် အချိန်မှဘာကြောင့် ရောက်လာသလဲဟု သူ သူမကိုမေးချင်သည်။ သို့သော် ရှီမာယူယူသည် သူ၏ရှုပ်ထွေးနေမှုကို ဖြေရှင်းလိုခြင်းမရှိပေ “ဒီအထိခေါ်လာ ပေးလို့ ကျေးဇူးတင်ပါတယ် ကျွန်မဝင်သွားပါတော့မယ်”

ရုံးခန်းထဲတွင် လူရှိသေးသည်ဟု ထိုကျောင်းသားမှာပြောချင်သော်လည်း တံခါးမှာရုတ်တရက်ပွင့်သွားပြီး ဆရာတစ်ယောက်ထွက်လာသည် “ဒီဘက်ကို ကြွပါ ကျောင်းအုပ်ကြီးက ဖိတ်ခိုင်းလိုက်ပါတယ်”

ရှီမာယူယူ ရုံးခန်းထဲသို့ဝင်သွားရာ အထဲတွင် ဆရာသုံးလေးယောက်ထိုင် နေသည်ကို တွေ့လိုက်ရသည်။ သူမ ဝင်လာသည်ကိုမြင်သောအခါ သူတို့ အားလုံး သူမကိုကြည့်ကြလေသည်။

“ဒီမိန်းကလေးက ကျောင်းကိုလာတာ ဘာကိစ္စများရှိလို့လဲ” အဘိုးကြီး တစ်ယောက်သည် စားပွဲအနောက်တွင်ထိုင်ပြီး သူမကို ကြင်နာစွာကြည့်လေ သည်။

သူ့ကိုမြင်သောအခါ သူ့လိုပင် ဆံပင်အဖြူ၊ မုတ်ဆိတ်နှင့် အဖြူရောင် ဝတ်စားထားပြီး မသေမျိုးကဲ့သို့ထင်ရသော တုန်ချန်ကောကျောင်း၏ ကျောင်းအုပ်ကြီးကို ရှီမာယူယူ အမှတ်ရမိသည်။

သူမသည် ကျောင်းအုပ်ကြီးကိုအရိုအသေပေးကာ ပြောလိုက်သည် “ကျောင်းသားအသစ်တွေအတွက် ဆရာနေရာလျှောက်ဖို့လာခဲ့တာပါ.. ဒီမှာ ဆရာများလိုသေးလားမသိဘူး”

“မင်းလား မိန်းကလေး မင်းအသက်ဘယ်လောက်လဲ” ကျောင်းအုပ်ကြီး သည်စကားမပြောဘဲ သူ့ဘေးတွင်ထိုင်နေသော မျက်နှာဝိုင်းဝိုင်းနှင့်လူကြီး သည် အရင်မေးလေသည်။

“ကျွန်မက အသက် ၂၀၀ ကျော်ပါပြီ” ရှီမာယူယူသည် ရိုးသားစွာပင် ပြန် ဖြေလေသည်။

“အသက် ၂၀၀ ကျော်ပဲရှိသေးတာကို ဆရာဖြစ်ချင်လို့လား.. ဒီမှာက အသက် ၄၀၀၊ ၅၀၀ ရှိတာတောင် စာသင်လို့မပြီးသေးတဲ့ ကျောင်းသားတွေရှိ သေးတယ်”

“ကျွန်မက ဆရာဖြစ်နိုင်တယ်လို့ပြောမှတော့ အဲလိုလုပ်နိုင်တဲ့အစွမ်းအစ ရှိပါတယ်” ရှီမာယူယူသည် ယုံကြည်ချက်ရှိရှိပြောလေသည်။

“အိုး.. ဒါဆိုလည်း အခု မင်းရဲ့အားကိုပြပါ.. ဆရာဖြစ်လောက်တဲ့အထိ အရည်အချင်းရှိရင် မင်းကို ဆရာအဖြစ်ခန့်လိုက်မယ်.. ငါတို့နဲ့ကစားဖို့ဆိုရင် ဆရာဖြစ်ဖို့မပြောနဲ့ ကျောင်းကိုကျူးကျော်မှုအတွက် တာဝန်ယူရလိမ့်မယ်” ကျောင်းအုပ်ကြီးပြောလေသည်။

“ဟုတ်ပါပြီ ကျွန်မကိုဘာစမ်းသပ်ချင်လဲ စစ်ဆေးပါ”

“ငါတို့ မင်းကို ဘာစစ်ဆေးချင်လဲဆိုတာ မေးရမှာမဟုတ်ဘူးလား”

“ဆရာတို့ စစ်ချင်တာကိုပဲ ရွေးလိုက်ပါ”

“လေကြီးလှချည်းလား.. လူငယ်တွေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိ တာတော့ကောင်းပါတယ် ဒါပေမဲ့ ဘဝင်မြင့်တာတော့ လွန်တယ်” မျက်နှာဝိုင်း နှင့်ဆရာ ပြောလေသည်။

“အားရှိတဲ့လူတွေပဲ အဲလိုမျိုးပြောနိုင်တာပါ” ရှီမာယူယူ ပြောလိုက်သည်။

“အဆင့် ၈ ဆေးကို သန့်စင်နိုင်လား” မျက်နှာဝိုင်းနှင့် ဆရာမေးလိုက် သည်။

ရှီမာယူယူသည် အပိုစကားများမပြောတော့ဘဲ ဆေးဖိုနှင့် ဆေးပစ္စည်း များထုတ်ကာ သူတို့ရှေ့၌ပင် ဆေးများသန့်စင်လေသည်။

ထိုမျက်နှာဝိုင်းဝိုင်းနှင့်ဆရာသည် အဂ္ဂိရတ်ပညာရှင်ဖြစ်သည်။ ရှီမာယူယူ ၏ ဆေးပစ္စည်းသန့်စင်သည့် လှုပ်ရှားမှုကိုကြည့်ရုံနှင့် သူမ၏ အဂ္ဂိရတ်ပညာ သည် မနိမ့်လှသည်ကို သိလိုက်သည်။ သို့သော် အဆင့် ၈ ဆေးကို သန့်စင်ရန် ကြာမည့်အချိန်တစ်ဝက်ပင်မကြာလိုက်သည်ကိုမြင်သောအခါ သူ အံ့ဩသွား သည်။

အသက် ၂၀၀ ကျော်တည်းနဲ့ အဆင့် ၈ အဂ္ဂိရတ်ပညာရှင်ဖြစ်နေတာပဲ။ အဲဒါကြောင့် သူမက ဒီလောက်ယုံကြည်ချက်ရှိနေတာ။

“အစီအရင်တွေအကြောင်းကို သိလား” နောက်ဆရာတစ်ယောက်မှ မေး လေသည်။

ရှီမာယူယူသည် သူ့ကိုပြုံးပြလိုက်သည်။ သူမ၏ ခန္ဓာကိုယ်သည် သူတို့ မျက်စိရှေ့မှ တဖြည်းဖြည်းပျောက်ကွယ်သွားပြီးနောက် သူတို့၏ ထိတ်လန့်နေ မှုအောက်၌ပင် တဖြည်းဖြည်းပြန်ပေါ်လာသည်။

ထိုအကွက်သည် သူတို့ကို စိတ်မအေးဖြစ်စေသည်။ သူတို့သည် သူမ ပျောက်ကွယ်သွားသည်ကို ကြည့်နေကြသော်လည်း မည်သည့်အတက်အကျ ကိုမှ မခံစားရပေ။ သူတို့သာ သူမကိုစိုက်ကြည့်မနေကြလျှင် အခန်းထဲတွင် သူမ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည်ကိုပင် ခံစားမိမည်မဟုတ်ပေ။

“တခြားဘာသာတွေကိုလည်း စမ်းသပ်ချင်ကြသေးလား” ရှီမာယူယူ မေး လိုက်၏။

“မင်း ဘာသိသေးလဲ”

“လက်နက်သန့်စင်တာ၊ သားရဲထိန်းကျောင်းတာ၊ ဝိညာဉ်ရှာဖွေတာ၊ ဆေးနဲ့အဆိပ်…” ရှီမာယူယူ ပြန်ဖြေလေသည်။

အစောက သူမ၏ အရည်အချင်းများကို မျက်စိနှင့် ကိုယ်တိုင်မြင်တွေ့ရ ခြင်းကြောင့်သာမဟုတ်လျှင် နောက်ပြောင်နေသည်ဟု ထင်မှတ်ကြလိမ့်မည်။ မေးခွန်းများမေးနိုင်သည်ဟု သူမ ပြောလာသည်မှာ တခြားဘာသာရပ်များတွင် ပါ သေချာနေသည်ဟု ပြသနေသည်။

“မင်းကို ပေါ့ပေါ့ပါးပါးပဲမေးမယ် အခုလက်ရှိ မင်းရဲ့အခြေခံကျင့်ကြံမှုက ဘယ်လောက်ရှိလဲ”

ရှီမာယူယူသည် အတားအဆီးကို ဘာမှမဟုတ်သလိုပင် စီမံလိုက်ကာ သူမ၏ ရောင်ဝါကိုထုတ်လွှတ်လိုက်သည်။ အစိတ်အပိုင်းတစ်ခုသာသာရှိသော် လည်း အားလုံးကိုထိတ်လန့်သွားစေသည်။ ပြီးနောက် သူမ၏ အင်အားအပြည့် အဝမထုတ်လွှတ်ရသေးသည်ကို သူတို့မြင်နေရသည်။ သူမသည် သူတို့တစ်ခါမှ မရောက်ဖူးသေးသည့် အဆင့်သို့ရောက်နေပြီဟု ပြော၍ရသည်။

“ကျောင်းအုပ်ပြီး ကျွန်မ အလုပ်ရသွားပြီလား” သူမသည် ကျောင်းအုပ် ကြီးကိုကြည့်ကာ မေးလိုက်သည်။

“ငါ့မှာ မေးခွန်းတစ်ခုရှိသေးတယ်” ကျောင်းအုပ်ကြီးသည် ပါရမီရှင်အား တွေ့ရသည့်အတွက် စိတ်လှုပ်ရှားသွားခြင်းမရှိဘဲ စိုးရိမ်စိတ်ဖြင့်မေးလေသည် “ဒီမှာ ဘာလို့ဆရာဖြစ်ချင်တာလဲ”

သူ မေးလိုက်ချိန်တွင် တခြားဆရာများ ငြိမ်ကျသွားလေသည်။ ထိုမေးခွန်းသည် အလွန်အရေးကြီးသည်။ သူမကဲ့သို့ ကျွမ်းကျင်သူသည် ဘာကြောင့် ဤနေရာသို့ ဆရာဖြစ်ချင်သနည်း။

“ကျွန်မက လူတစ်ယောက်ကိုရှာနေတာပါ.. ပြီးတော့ သူနဲ့ကျွန်မက ဒီ ကျောင်းမှာ ဆရာတပည့်ဆက်ဆံရေးဖြစ်လိမ့်မယ်လို့ ကျွန်မသူငယ်ချင်းက ထင်နေပါတယ်” ရှီမာယူယူ ပြောလိုက်သည် “အဲဒါကြောင် မကောင်းတဲ့ ရည်ရွယ်ချက်ရှိမှာကိုတော့ စိုးရိမ်ဖို့မလိုပါဘူး”

“ဒါဆို မင်း ဘယ်လိုဆရာမျိုးဖြစ်ချင်လဲ” သူမကို ခန့်အပ်လိုက်ပြီဟု ဆိုလို သည်။ “ကျင့်ကြံခြင်းပါပဲ” သူမသာ ထိုကလေးကို ကျင့်ကြံခြင်းကို အစပျိုးနိုင် လျှင် အကောင်းဆုံးကျင့်ကြံခြင်းဖြစ်သည်ဟု ဖူရှီ ပြောခဲ့သည်ကို ရှီမာယူယူ အမှတ်ရသွားသည်။

မဟုတ်သေးဘူး.. ကျောင်းကိုဝင်လာနိုင်တဲ့သူတွေက သေချာတဲ့ အခြေခံ ကျင့်စဉ်တွေကိုရပြီးသားပဲ။ ဘယ်လိုလုပ် ကျင့်စဉ်ကိုပျိုးထောင်ဖို့အတွက် ဦးဆောင်ပေးရမှာလဲ။

“အဟွန်း အင်း ကျွန်မကျောင်းမှာသင်လို့ရပြီလား” သူမသည် ကျောင်းအုပ်ကြီးကို ကြည့်ပြီးပြုံးလိုက်သည် “အဆင်ပြေရဲ့လား”

“အင်း” ကျောင်းအုပ်ကြီးသည် ထိုကဲ့သို့ဆရာအပိုတစ်ယောက်အတွက် များစွာတောင်းဆိုခြင်းမပြုပေ။ သူမသည် ကျောင်းတွင် ကြာမြင့်စွာမနေနိုင် သည့် သန်မာသောလူဖြစ်သည်ကို သူ မြင်ပြီးပြီဖြစ်သည်။ သူမသည် သူမ၏ ကိစ္စပြီးသည်နှင့် ဤနေရာမှထွက်သွားမည်ဖြစ်သဖြင့် တခြားဆရာများနှင့် အတူတူပင်ဖြစ်သည်။ သူသည် မျက်နှာဝိုင်းနှင့်ဆရာကို ညွှန်ပြကာ ပြောလိုက် သည် “ဒါကသုန်လီ အဂ္ဂိရတ်ဌာနရဲ့ ဌာနမှူးပဲ.. ပြီးတော့ မင်းကိစ္စတွေကို သူ စီစဉ်ပေးလိမ့်မယ်”

“စီနီယာသုန်လီ သေချာလေးအပ်ပါတယ်” ရှီမာယူယူသည် သုန်လီအား အရိုအသေပြုလိုက်သည်။

“မင်းကိစ္စကို ငါ့ကိုတာဝန်ပေးလိုက်ပြီဆိုတော့ မင်းကိုပတ်ဝန်းကျင်နဲ့ ရင်းနှီးအောင် လိုက်ပြတာပေါ့.. ဟုတ်ပြီ လာမယ့်သုံးလေးရက်ဆို ကျောင်းသား အသစ်တွေရောက်လာတော့မယ် မင်း သူတို့အတန်းကိုယူလိုက်ပေါ့” သုန်လီ သည် သူမကို ဦးဆောင်ခေါ်သွားသည်။

ရှီမာယူယူသည် ကျိုးနွံစွာပင် နောက်မှလိုက်ပြီး ထွက်သွားသည်။

“ကျောင်းအုပ်ကြီး ဘာလို့ သူမကိုကတိပေးလိုက်တာလဲ” လူတစ်ယောက် မေးလေသည်။ ဇစ်မြစ်မသိရသည့်လူတစ်ယောက်ကို ကျောင်း တွင်လက်ခံထားရသည်မှာ အန္တရာယ်များလှသည်။

“ငါ သဘောမတူရင် သူမ ကျောင်းကနေ ထွက်သွားမယ်လို့ထင်နေလား သူမသာ ဒီမှာနေချင်ရင် သူမကိုတားဖို့ မင်းမှာအားရှိလား” ကျောင်းအုပ်ကြီး သည် ထိုစကားပြောသူကိုကြည့်လိုက်သည် “တစ်ချိန်လုံး စောင့်ကြည့်နေရမယ့် အစား သူမကို ဒီမှာနေခွင့်ပြုလိုက်တာပိုကောင်းတယ်.. အင်း တခြားကိစ္စမရှိ တော့ရင် ထွက်သွားလို့ရပြီ”

သုန်လီသည် သူမကို အဂ္ဂိရတ်ဌာနအားလိုက်ပြပြီးနောက် လစ်လပ်နေ သည့် ခြံဝင်းဆီသို့ ခေါ်သွားလေသည်။

“ဒီခြံဝင်းက အနောက်ဘက်တောင်နဲ့နီးတယ်… စာသင်တဲ့နေရာနဲ့တော့ နည်းနည်းလှမ်းပြီး နည်းနည်းလည်းသေးတယ်.. မင်းဒီမှာ ခဏလောက်နေလို့ ရတယ်.. နောက်မှ ခြံဝင်းအကြီးကိုပြောင်းပေးမယ်” သုန်လီ ပြောလေသည်။

ရှီမာယူယူသည် ခြံဝင်းကိုကြည့်လိုက်သည်။ ဆရာတစ်ယောက်အတွက် တော့ မကြီးလှပေ။ သို့သော် သူမသည် မည်သည့်လိုအပ်ချက်ကိုမှ မတောင်းဆို တတ်သဖြင့် ဘယ်နေရာတွင်မဆိုနေနိုင်သည်။

“မဟုတ်ဘူး ဒီမှာပြနေလိုက်မယ် စာသင်တဲ့နေရာနဲ့ ဝေးတာကောင်းတာ ပေါ့ တိတ်ဆိတ်တယ်” သူမသည် ပတ်ဝန်းကျင်အဆင်ပြေသည်ကို ခံစားမိ သည်။ ဆူညံနေတတ်သည့် ကျောင်းတွင် ဤကဲ့သို့ဆိတ်ငြိမ်သည့်နေရာကို ရှာတွေ့ရန် မလွယ်ကူလှပေ။

“ကောင်းတာပေါ့ လိုတာရှိရင် အချိန်မရွေးပြောလို့ရပါတယ်” သုန်လီ ပြောပြီးနောက် စာရွက်တစ်ထပ်ထုတ်ကာ ပြောလေသည် “ဒါက ငါတို့ကျောင်း ရဲ့ စည်းမျဉ်းစည်းကမ်းတွေပဲ.. အချိန်ရရင် ကြည့်ကြည့်ပေါ့ ဆရာတစ်ယောက် အနေနဲ့ ကျောင်းသားသစ်တွေကို အမြန်ဆွဲတင်ရမှာပဲမဟုတ်ဘူးလား”

ရှီမာယူယူ ယူလိုက်ကာ သုန်လီကို လိုက်ပို့သည်။ ထို့နောက် အခန်းသန့် ရှင်းရေးလုပ်ကာ သူမ၏ ဆရာအလုပ်အကိုင်ကို စတင်တော့သည်။

***

All Chapters