မင်းသား ၄
Vol. 163 Ch. 2273
သူမသည် တစ်နေ့တွင် ဆရာတစ်ယောက်ဖြစ်လာလိမ့်မည်ဟု ရှီမာယူယူ ထင်မထားပေ။ သူမ မူစစ်ကိုတပည့်အဖြစ်လက်ခံစဉ်က အပြင်ပိုင်း အချက်အလက်များကို အများစု မှီခိုခဲ့သည်။ အကယ်၍ မူစစ်၏မွေးစားအဖေ သည် ရှီမာလျူရွှမ်ကြောင့်သေဆုံးခဲ့ခြင်းမရှိလျှင်၊ တစ္ဆေမြို့မှ သူမနောက်သို့ လိုက်လာခဲ့ခြင်းမရှိလျှင် သူမသည် သူ့ကို တပည့်အဖြစ်လက်ခံခဲ့မည်မဟုတ် ပေ။
ယခုအချိန်တွင် များပြားလှသော ကျောင်းသားများကို သင်ရတော့မည်ဟု တွေးလိုက်သည်နှင့် သိမ်မွေ့သောခံစားချက်ရလေသည်။ ကျားဖြူ၏စာချုပ် သခင် အကြောင်းသဲလွန်စကိုတွေးကြည့်လျှင် အကူအညီမဲ့သလိုခံစားရသည်။
ပြီးခဲ့သည့်ရက်အနည်းငယ်တွင် သူမသည် ကျောင်းမိတ်ဆက်နှင့် စည်းမျဉ်းစည်းကမ်းများကို ဖတ်ပြီးရင်းဖတ်ခဲ့ရာ စိတ်ထဲမှ ယေဘုယျတော့ နားလည်သွားသည်။
အဇူရာလေကျောင်းသည် ကျောင်းများထဲတွင် ပြတ်သားသည့် သဘော ရှိသည်။ တခြားကျောင်းများသည် အင်အားစုများနှင့် ရောထွေးနေပြီး ကျောင်းသားများသည် ထိုအင်အားစုများ၏ အရန်တပ်ဖွဲ့များဖြစ်ခဲ့သည်။ အဇူရာလေကျောင်းသည် ကျောင်းစည်းမျဉ်းများထုတ်ထားကာ ထိုအင်အားစု များကို မမှီခိုပေ။ အကယ်၍ သာမန်ကျောင်းသာဆိုလျှင် အဆင်ပြေသည်။ သို့သော် ထိုကျောင်း၏အင်အားသည် တခြားကျောင်းများထက်ပင် အလွန် အစွမ်းထက်သည်။ အဇူရာလေကျောင်းသည် သူတို့၏အမြင်တွင် အနှေးနှင့် အမြန် ဆူးပင်ဖြစ်လာလိမ့်မည်ဟု ရှီမာယူယူတွေးကြည့်၍ရသည်။ ဥပမာဆိုရ လျှင် ထိုအင်အားစုများသည် တခြားကျောင်းများကို ငြင်းဆန်သည့်အရာများ ကဲ့သို့ဖြစ်သည်။
ကျောင်း၏အခြေအနေနှင့် ရင်းနှီးအောင်လုပ်ပြီးနောက် နောက်ဆုံးတွင် ယခုနှစ်၏ ရွေးချယ်ထားသော ကျောင်းသားသစ်များကို ကြိုဆိုနေရာချထား သည်။ သူမသည် ဘာမှလုပ်ရန်မလိုပေ။ ကျောင်းထဲတွင် ပတ်သွားပြီးနောက် ရွေးချယ်ထားသော ကျောင်းသားသစ်များရှိသည့်နေရာဘက်သို့ တမင်သွား လိုက်သည်။
ကျောင်းထဲမှဆရာများသည် ကျောင်းထဲတွင် အဂ္ဂိရတ်ပညာသင်မည့် ဆရာတစ်ယောက် ရောက်နေသည်ကိုသိကြသည်။ သူမသည် လျှို့ဝှက်ဆန်း ကြယ်ပြီး အင်အားကောင်းသည်၊ အလွန်ငယ်ရွယ်ပြီး အတော်ပင်လှပသည်ကို လည်းသိကြသည်။ ထို့ကြောင့် သူမကိုမြင်သည်နှင့် အကဲဖြတ်မှုတာဝန်ခံဆရာ များသည် သူမကိုမှတ်မိကြပြီး နှုတ်ဆက်ကာ တစ်ခုခုလိုအပ်သည်များရှိသလား ဟု မေးကြသည်။
“ကျွန်မက ဒီအတိုင်းပဲကြည့်ကြည့်တာပါ ဆက်လုပ်ကြပါ” ရှီမာယူယူ ပြောလိုက်သည်။ သူမသည် ဘေးသို့သွားထိုင်ပြီး ကျောင်းသို့ဝင်ချင်သည့် အရည်အချင်းရှိသူများကို စမ်းသပ်နေသည်ကို တိတ်တဆိတ်သာကြည့်နေ လိုက်သည်။
ထိုမရင့်ကျက်သေးသော မျက်နှာများကို ကြည့်ပြီး ဝူရန်ဖေ၊ ဘေဂုံထန်တို့ ကို ပထမဆုံးမြင်ခဲ့သည့်အချိန်ကို ပြန်အမှတ်ရမိသည်။ ထိုစဉ်က သူတို့နှစ် ယောက်သည် ယခုလိုပင် တစ်သင်းတည်းကဲ့သို့ရပ်နေခဲ့သည်။ သူတို့သည် အရည်အချင်းမျိုးစုံ ဝိညာဉ်စွမ်းအင်ရှိသူဟု မသိရမချင်း အားလုံး၏ အာရုံကို မရခဲ့ပေ။
ထိုအချိန်များသည် သူမ၏စိတ်ထဲတွင် ရှင်းလင်းနေကာ မနေ့တစ်နေ့က ဖြစ်ခဲ့သလိုပင် ခံစားရလေသည်။
ထိုအချိန်က များစွာသောသားရဲရထားလုံးများသည် အနောက်မှ အလျင် စလိုရောက်လာပြီး မျဉ်းရှေ့ရောက်သည့်တိုင်အောင် မရပ်ခဲ့ပေ။ တန်းစီနေ သောလူများသည် ရထားလုံးအလျင်စလိုလာနေသည်ကိုမြင်သောအခါ လူစုခွဲ လိုက်ကြသည်။ ရထားလုံးသည် ဖန်လုံးရှေ့ရောက်သည့်တိုင်အောင် မရပ်ပေ။
ထိုလူငယ်များသည် အစပိုင်းတွင် အလွန်ဒေါသထွက်ကြသော်လည်း ရထားလုံးပေါ်မှ သင်္ကေတကိုမြင်သောအခါ စိတ်ထဲမှဒေါသကို ချုပ်တည်းပြီး ဘာမှမပြောရဲကြပေ။
အကဲဖြတ်နေသောဆရာသည် ဒေါသထွက်သွားသည်။ ရထားလုံးပေါ်မှ ဆင်းလာသည့်လူကိုမြင်သောအခါ မျက်နှာထားလည်း မကောင်းနိုင်တော့ပေ “သခင်လေး ၇ ကျောင်းရဲ့အကဲဖြတ်မှုကို ဝင်ပါဖို့လာတာဆိုရင်အနောက်ကနေ တန်းစီပေးပါ” ဆရာ ပြောလိုက်သည်။
ရထားလုံးပေါ်မှ ဆင်းလာသောကောင်လေးသည် ၁၈ နှစ် ၁၉ နှစ် ဝန်းကျင်ခန့်သာရှိသည်။ သူသည် မေးမော့ပြီး ဆရာကို ဂုဏ်မောက်စွာကြည့် ကာ ပြောလေသည် “ဘာပြောလိုက်တာလဲ.. ဒီသခင်လေးက ခင်ဗျားတို့နဲ့အတူ လာ လေ့လာတာကို ဂုဏ်ယူရဦးမယ်.. ကုလားထိုင်နဲ့လာရတာ ထိုင်ရတာကိုပဲ အဆင်ပြေရဲ့လားလို့မေးရမှာကို ဒီသခင်လေးကို တကယ်ပဲ တန်းစီခိုင်းချင်တာ လား”
“ကျောင်းစည်းကမ်းပဲ ဒီကိုလာတဲ့လူတိုင်းက တန်းစီရမယ် သခင်လေး ၇ ကြွပါ”
“ဟား ဟား အဇူရာလေကျောင်းရဲ့ စည်းကမ်းက တော်တော်ကြီးတာပဲ.. ဒီမင်းသားလာရင်လည်း တန်းစီရမှာလား” သူ့အနောက်မှ ရထားလုံးမှ အဆင့်အတန်းတူသည် လူတစ်ယောက်ဆင်းလာကာ ဆရာအား ဆိုးသွမ်းသည့် အကြည့်ဖြင့် စိုက်ကြည့်လေသည်။ သူ့နှုတ်ခမ်းထောင့်မှာ ပြုံးသွားသည်။ သို့သော် ထိုနေရာမှလူများကို အေးစက်သွားသလိုခံစားရစေသည်။
ဒီလူက ရန်စလို့ကောင်းတဲ့လူမဟုတ်ဘူးပဲ။
သို့သော် ရှီမာယူယူသည် ထိုကဲ့သို့လူကို အာရုံမစိုက်ပေ။ သူမ၏ အာရုံ သည် ရထားလုံးဘေးတွင်ရပ်နေသည့် ကိုယ်ရံတော်များအပေါ်သို့ ကျရောက် နေသည်။
ဘုရင်အဆင့်ရှိတဲ့ စွမ်းအားပိုင်ရှင်က သာမန်ကိုယ်ရံတော်ဖြစ်တာကို မြင် ဖူးလား။ ပြီးတော့ လှည်းမောင်းသမားမှာလည်း ထိုမျှအားရှိကြသည်။ ထိုလူများ ကိုကြည့်ရသည်မှာ လူကောင်းတော့မဖြစ်နိုင်ပေ။
“မင်းသား ၄ ကျုပ်တို့လို ကျောင်းသေးသေးလေးကို ဘာလို့လာခဲ့တာလဲ” အကဲဖြတ်သည့်ဆရာသည် လေးစားသမှုဖြင့် ပြောလေသည်။ သို့သော် သူ့ မျက်နှာတွင် အပြုံးမရှိပေ။
“ဒီမင်းသားက ကျောင်းသားသစ်ရွေးချယ်ပွဲမှာ ပါဖို့လာတာပေါ့” မင်းသား ၄ သည် သခင်လေး ၇ ရှိရာသို့လျှောက်သွားပြီး ပြောလေသည် “ဒီမင်းသားကို လည်း တန်းစီခိုင်းသင့်တယ်လို့ ထင်လား”
တော်ဝင်မိသားစုကို မျက်နှာပေးမလားဟု တွေးရင်း ရှီမာယူယူသည် ဆရာကိုကြည့်လိုက်သည်။ သို့သော် ဆရာသည် ခေါင်းညိတ်ကာ တည်ကြည် စွာပင် ပြောလေသည် “ဟုတ်ပါတယ် ကျေးဇူးပြုပြီး မင်းသား ၄ နဲ့ သခင်လေး ၇ တို့ အနောက်ကိုသွားပြီးတန်းစီလိုက်ပါ”
ရှီမာယူယူ မျက်ခုံးများကို ပင့်လိုက်သည်။ အကဲဖြတ်တဲ့ဒီဆရာက အဲဒီ ကိုယ်ရံတော်တွေရဲ့အားကိုမမြင်တာလား၊ ဒါမှမဟုတ် ဒီအတိုင်းငြင်းလိုက်တာ လား။ ကျောင်းရဲ့ဆရာတွေက အရမ်းများအားကောင်းနေလို့လား။ ဒါမှမဟုတ် ရင် ဒီနှစ်ဦးနှစ်ဖက်ကြားက ဆက်ဆံရေးက မကောင်းလို့ တစ်ယောက်နဲ့တစ် ယောက် မျက်နှာချင်းဆိုင်ဖို့မလိုတာလား။
သူမသည် ဘယ်ဘက်လက်ဖြင့် မေးထောက်ကာ ညာဘက်လက်ဖြင့် စားပွဲကို အသာခေါက်ကာ အသံမထွက်ဘဲ ဆက်ကြည့်နေသည်။
မင်းသား ၄ ၏ မျက်နှာမှာ ရုတ်တရက် ပျက်သွားပြီး အကဲဖြတ်သည့် ဆရာကို အေးစက်စွာစိုက်ကြည့်လိုက်သည် “ထပ်ပြောရဲလား”
“မင်းသား ၄ ကျုပ်တို့ကျောင်းကို လေ့လာဖို့ စီစဉ်ထားမှတော့ ကျုပ်တို့ ကျောင်းရဲ့စည်းကမ်းကိုနားလည်သင့်ပါတယ်.. အဲဒါကြောင့် ကျေးဇူးပြုပြီး အနောက်မှာ သွားတန်းစီပေးပါ” အကဲဖြတ်ဆရာ ပြောလေသည်။
“ရဲတင်းလိုက်တာ” မင်းသား ၄ ဘေးမှကိုယ်ရံတော်သည် ကျယ်လောင် စွာအော်ပြီး အကဲဖြတ်ဆရာကို လက်ဖဝါးဖြင့်ရိုက်လိုက်လေသည်။
အကဲဖြတ်ဆရာသည် သူတို့ထိုသို့လုပ်လာလိမ့်မည်ဟု ထင်မထားသဖြင့် အချိန်မှီမတုံ့ပြန်နိုင်လိုက်ပေ။ သူသည် အရိုက်ခံရပြီး လွင့်သွားကာ မြေပေါ်သို့ ကျပြီးနောက်တွင် သွေးအန်တော့သည်။
“ခင်ဗျားက ကျောင်းက ဆရာတစ်ယောက်ပဲကို မင်းသား ၄ နဲ့ တော်ဝင် မိသားစုတစ်ခုလုံးကို မျက်စိထဲထည့်မထားဘူးပဲ.. ဒီနေ့ ကျောင်းက ဘယ်လို ပြုမူရမလဲဆိုတာကို ကောင်းကောင်းကြီးသင်ပေးလိုက်မယ်” သခင်လေး ၇ ပြောလေသည် “မင်းတို့ သွားပြောလိုက် ဘယ်ဟာကဘုရင်လဲ ဘယ်ဟာက သခင်လဲဆိုတာ”
သူပြောပြီးသည်နှင့် အစောကထိုးလိုက်သောလူသည် ဝိညာဉ်စွမ်းအင် စတင်စုစည်းတော့သည်။ ရှီမာယူယူ၏ မျက်နှာတင်းမာသွားသည်။ ထိုလူ၏ အပြုအမူသည် အကဲဖြတ်ဆရာကို သတ်တော့မည့်ပုံစံဖြစ်သည်။
အကဲဖြတ်ဆရာလည်း သိသည်။ သို့သော် သူသည် အမည်မသိသော အင်အား၏ အဆိပ်ကိုမိနေပြီး လုံးဝလှုပ်မရသည်ကို သိလိုက်ရသည်။ သူတင် မဟုတ်ဘဲ အကဲဖြတ်သည့်တခြားဆရာတစ်ယောက်လည်း အဆိပ်မိသွား သဖြင့် ထိုဆရာကို ဝိညာဉ်စွမ်းမင်ဖြင့် တိုက်ခိုက်သည်ကို ကြည့်ရုံသာတတ်နိုင် ခဲ့သည်။
ထိုနေရာရှိကျောင်းသားများ မှင်တက်သွားကြလေသည်။ အကောင်း အတိုင်းရှိခဲ့သည့် ရွေးချယ်ပွဲသည် ရုတ်တရက် ယခုလိုဖြစ်သွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ အကဲဖြတ်ဆရာ သေတော့မည်ဟု အားလုံးထင်လိုက်ရချိန် တွင် ဝိညာဉ်စွမ်းအားပျောက်ကွယ်သွားပြီးနောက် သူအရင်တိုင်းမရှိတော့ပေ။
အားလုံးသည် အံ့အားသင့်သွားကြသည်။ အထူးသဖြင့် မင်းသား ၄ နှင့် သူ၏ ကိုယ်ရံတော်များဖြစ်ကြသည်။ ယနေ့ပွဲမှာ အစကတည်းက သူတို့ စီစဉ် ထားခြင်းဖြစ်ကာ ကျွမ်းကျင်သူများကို လျှို့ဝှက်ဖြန့်ကျက်ထားခဲ့သည်။ သူတို့ လုပ်ရန်မှာ ကျောင်းနှင့် ပဋိပက္ခဖြစ်ရန် ရန်စလိုခြင်းဖြစ်သည်။ ဤကဲ့သို့ အခြေ အနေအောက်တွင် အကဲဖြတ်ဆရာကို ကယ်တင်မည့်လူမရှိစေလိုကာ မည်သူမှ မလှုပ်ရှားသဖြင့် စိတ်ပူခြင်းလည်းမရှိခဲ့ပေ။
ထိုတိုက်ကွက်သည် ကျောင်းအုပ်ကြီးဖြစ်လိမ့်မည်ဟုထင်ထားကြသော် လည်း ကျောင်းအုပ်ကြီးမှာထွက်မလာပေ။ ကျောင်းထဲမှာ သန်မာတဲ့လူ တခြား တစ်ယောက်ရှိသေးတာလား။
မင်းသား ၄ သည် ကိုယ်ရံတော်ကိုကြည့်လိုက်သည်။ ကိုယ်ရံတော် ထပ်မံ တိုက်ခိုက်ချိန်တွင် သူ၏အင်အားသည် အရင်တစ်ခေါက်ကထက် ပိုသန်မာ သည်။ ဝိညာဉ်စွမ်းအင်သည် အကဲဖြတ်ဆရာအား ထိမှန်တော့မည့်ဆဲဆဲတွင် လေပြေတစ်ခုတိုက်ခတ်လာကာ ဝိညာဉ်စွမ်းအင် ပျောက်ကွယ်သွားလေသည်။
ထို့နောက် အားလုံးသည် အနောက်ဘက်စားပွဲတွင်ထိုင်နေသည့် အဖြူ ရောင်ဝတ်ထားသည့် အမျိုးသမီးဆီသို့ အာရုံရောက်သွားကြသည်။ သူမက အသက်အရမ်းကြီးတဲ့ပုံလည်းမပေါက်ဘူး။ တကယ်ပဲ သူမပဲလား။
***