ဥပဒေပြဌာန်းခြင်း
Vol. 163 Ch. 2274
“မင်းက ဘယ်သူလဲ ရာရာစစ ငါ ဥပဒေပြဌာန်းတာကို လာတားရဲတယ် ပေါ့” ကိုယ်ရံတော် အော်ဟစ်လေသည်။
“ဥပဒေပြဌာန်းတယ်ဟုတ်လား” ရှီမာယူယူသည် ညာလက်ကိုချကာ မင်းသား ၄ ကိုကြည့်လိုက်သည် “အခုက ကျောင်းကဆရာကို သင်ခန်းစာပေး မလို့ ရန်ဖြစ်နေကြတာလား.. အခုက ဘာလို့ ဥပဒေပြဌာန်းတာမဟုတ်ရတာလဲ မင်းတို့ ပြဌာန်းတဲ့ဥပဒေဆိုတာ ဘာလဲလို့သိချင်သေးရဲ့”
“မင်းက ဘယ်သူလဲ” မင်းသား ၄ သည် ရှီမာယူယူကို နိုးကြားစွာဖြင့် ကြည့်လေသည်။
အစောက သူမ ထိုနေရာတွင်ထိုင်နေသည်။ သို့သော် သူမကို သူတို့ သတိ မထားမိခဲ့ပေ။ သူမသည် သူမ၏တည်ရှိမှုကိုပင် သိုသိပ်အောင်ဖိနှိပ်နိုင်သည်မှာ ရန်စသင့်သည့်လူမဟုတ်သည့်ပုံပင်။
ဒါပေမဲ့ အဇူရာလေကျောင်းမှာ ဒီလိုလူ ဘယ်တုန်းကရှိသွားတာလဲ။ ဒီလူ က သူတို့အဇူရာလေကျောင်းကို ပြန်ပြင်ဖို့အတွက် အပြောင်းအလဲဖြစ်သွားမှာ လား။
“ငါက ကျောင်းကို အခုလေးတင်ရောက်လာတဲ့ ဆရာပဲ” ရှီမာယူယူ ပြန် ဖြေလေသည် “ငါတို့ကျောင်းအဝင်ဝမှာ ငါတို့ဆရာကိုသတ်တာ မင်းတို့လွန် တာမဟုတ်ဘူးလား”
“အတင့်ရဲလိုက်တာ ဒီလူက လေးစားရမှန်းမသိလို့ မင်းသား ၄ ကသင်ပေး နေတာ.. အဲဒါကို မင်းတို့က တစ်ယောက်နဲ့တစ်ယောက် ကာကွယ်ပေးနေကြ တယ်.. မင်းနဲ့သူက တစ်ဖွဲ့တည်းပဲဖြစ်မယ်.. မင်းက မင်းသား ၄ ဒါမှမဟုတ် တော်ဝင်မိသားစုကို မျက်စိထဲမထည့်တာလား” သခင်လေး ၇ အော်လေသည်။
“ဟား ဟား..” ထိုလူများ၏စကားများကိုကြားပြီးနောက် ရှီမာယူယူသည် ရယ်ကွဲလေသည်။ သူမ၏ အထင်သေးသောမျက်လုံးများသည် အရာအားလုံး ကို နားလည်သွားပုံပေါက်သဖြင့် မင်းသား ၄ နှင့်တခြားသူများကို မပျော်မရွှင် ဖြစ်စေသည် “ဘာလို့ရယ်နေတာလဲ.. တော်ဝင်မိသားစုကို ရယ်လိုက်တာ ဘယ်လိုအပြစ်ကိုကျူးလွန်လိုက်လဲသိရဲ့လား” သခင်လေး ၇ မေးလေသည်။
“ဘာစွပ်စွဲချက်တွေရှိမလဲဆိုတာမသိပေမဲ့ ဒီနေ့ ငါတို့ဘာပဲပြောပြော ဘာပဲလုပ်လုပ် အဲလိုစွပ်စွဲချက်တွေ စွဲချက်တင်ခံရမယ်ဆိုတာသိတယ်” ရှီမာယူ ယူပြောလိုက်သည် “ဘုရင်အဆင့် ကျွမ်းကျင်သူ ၁၈ ယောက်က ကိုယ်ရံတော် အဖြစ်လိုက်လာကြတယ် အဆင့်မြင့်ကျွမ်းကျင်သူသုံးယောက်က လျှို့ဝှက် တိုက်ခိုက်ကြတယ်.. မင်းသားတိုင်းက မင်းသား ၄ လိုမျိုး စစ်ပွဲလှည့်ဖြစ်နေတာ လို့တော့မပြောနဲ့.. ငါ့အထင်တော့ ဘုရင်တောင်မှ ဒီလိုအားကောင်းတဲ့ ကာကွယ်ရေးသမားတွေနဲ့ ခရီးသွားရဲ့လား.. ဒါနဲ့ ဒီကသခင်လေး ၇ မင်းဘေးက ကိုယ်ရံတော်ကလည်း ဒီလောက်အားကောင်းတာ မင်းကလည်း မင်းသားပဲ လား”
“ဘာမဟုတ်တာတွေပြောနေတာလဲ” သခင်လေး ၇ အော်လိုက်သည်နှင့် သူ့ဘေးမှ တခြားကိုယ်ရံတော်များသည် ရှီမာယူယူကို တစ်ခါတည်းတိုက်ခိုက် ကြလေသည်။ မလှမ်းမကမ်းတွင် ကျန်နှစ်ယောက်ရှိနေကာ နောက်စက္ကန့်ပိုင်း အတွင်း၌ ဝိညာဉ်စွမ်းအင်သည် သူမဆီသို့ရောက်လာလေသည်။
သို့သော် သူမသည် ထိုနေရာမှ ပျောက်ကွယ်သွားလေသည်။
“လူရော” ရှီမာယူယူ ပျောက်သွားသည်ကိုမြင်သောအခါ ကျောင်းသား များသည် တစ်ယောက်ချင်းစီအော်ကြလေသည်။ မင်းသား ၄ နှင့်တခြားလူများ ကျောင်းမှဆရာများအားလုံး အံ့အားသင့်ကုန်ကြသည်။ ရှီမာယူယူသည် သတိ မပေးဘဲ ပျောက်သွားကာ လှုပ်ရှားမှုလက္ခဏာလည်းမရှိလိုက်ပေ။ လက်ရှိတွင် သူမ မည်သည့်နေရာရောက်နေသည်ကို သူတို့မသိကြပေ။
“ဘာ…”
အော်သံတစ်ခုထွက်လာပြီး ကျောင်းဝင်ပေါက်အပြင်ဘက်ရှိ ကောင်းကင် မှ ပုံရိပ်တစ်ခုကျလာလေသည်။ ထို့နောက် ဘေးတွင် လူနှစ်ယောက်လည်း ဆင်းသက်လာသည်။
မင်းသား ၄ သည် လူသုံးယောက်ကိုမြင်သောအခါ သူ့မျက်နှာမှာ ပျာယာ ခတ်သွားလေသည်။ သူ မတိုက်ခိုက်ခင်တွင် ရှီမာယူယူ၏ ဝတ်ရုံသည် မိုးပေါ်မှ ကျလာသည်။
“နတ်သမီးက ကမ္ဘာမြေကြီးပေါ်ကို ဆင်းသက်လိုက်သလိုပဲ” လူတစ် ယောက် အော်လေသည်။
ရှီမာယူယူသည် အကဲဖြတ်သည့်ဆရာရှေ့တွင် ဆင်းသက်ပြီး မင်းသား ၄ ကိုပြောလေသည် “မင်းသား ၄ သွားတန်းစီမှာလား ပြန်သွားမှာလား”
မြေပေါ်သို့ဆင်းသက်လာသော လူသုံးယောက်အကြောင်း သူမ မပြော သော်လည်း မင်းသား ၄ သိသည်။ ထိုလူသုံးယောက်သည် အချိန်တိုအတွင်းတွင် ရှီမာယူယူခေါ်လိုက်သည့် စွမ်းအားရှင်များဖြစ်မည်။ သူသာ ဉာဏ်ကောင်းပါက မည်သို့ရွေးချယ်ရမည်ကိုသိသင့်သည်။
သူတို့၏အစီအစဉ်မှာ ပေါ်ပေါက်သွားပြီဖြစ်ကာ ပြိုင်ဘက်၏အင်အားမှာ လည်းကြောက်မက်ဖွယ်ကောင်းလောက်အောင် သန်မာနေသည်။ ဤကဲ့သို့ လူ တစ်ယောက်သာရှိလျှင် သည်နေ့တွင် သူတို့ အောင်မြင်နိုင်မည်မဟုတ်ပေ။ အကယ်၍ ဤအမျိုးသမီးသာ တစ်ခုခုလုပ်လိုက်ရင် သူတို့၏သေခြင်းကို မည်သူမှ မတားနိုင်ပေ။
“ဒီမင်းသားက တစ်သက်လုံး ဘယ်တော့မှ တန်းမစီဖူးဘူး ပြန်မယ်” မင်းသား ၄ သည် အင်္ကျီလက်ကိုခါကာ ရထားလုံးဆီသို့ လှည့်ထွက်သွားပြီး သူ့ လူများနှင့်ထွက်သွားလေသည်။ သူလာစဉ်က မာနများမရှိတော့ဘဲ အရှက်ရစွာ ဖြင့် ထွက်သွားရသည်။
သူတို့အားလုံးထွက်သွားပြီးနောက် ရှီမာယူယူသည် အကဲဖြတ်ဆရာအား လှည့်ကြည့်ကာ မေးလိုက်သည် “အဆင်ပြေရဲ့လား”
အကဲဖြတ်ဆရာသည် မတ်တတ်ထကာ ရှီမာယူယူအား ဦးညွှတ်လေ သည် “ကူညီပေးလို့ ကျေးဇူးတင်ပါတယ် ဆရာယူယူ”
ထိုကလေးများ မမြင်နိုင်သော်လည်း သူသိသည်။ အစောက ရှီမာယူယူ သည် သူ့ပတ်ပတ်လည်မှ လေဟာနယ်ကို ပိတ်ပြီး သူ့အသက်ကိုကယ်ခဲ့သည်။
“ရပါတယ် ကျွန်မတို့က လုပ်ဖော်ကိုင်ဖက်တွေဖြစ်နေကြပြီဆိုတော့ တစ် ယောက်နဲ့တစ်ယောက် ကူညီရမှာပေါ့” ရှီမာယူယူသည် ပြုံးပြီးပြောလေသည်။
“ဆရာချန်း ဒီနေ့ ကျုပ်တို့တော့ မင်းသား ၄ ရဲ့ဂိုဏ်းကို စော်ကားလိုက်မိ ပြီ” နောက်ဆရာတစ်ယောက်သည် စိုးရိမ်တကြီးပြောလိုက်သည်။
ရှီမာယူယူသည် မင်းသား ၄ ကိုတိုက်ရိုက်ပင်နှင်ထုတ်လိုက်ရာ ကျောင်း နှင့် တစ်ဖက်ဂိုဏ်းတို့မှာ ကွဲပြဲသွားပြီဖြစ်သည်။
“ဆရာယူယူ ပေါ်လာသည်ဖြစ်စေ မပေါ်လာသည်ဖြစ်စေ ဒီကိစ္စကို တစ် နေ့တော့ ရင်ဆိုင်ရမှာပဲ” ဆရာချန်း ပြောလေသည်။ “သူခေါ်လာတဲ့လူတွေကို ကြည့်လိုက်လေ.. ကျုပ်တို့ ဒီနေ့ဘာပဲလုပ်လုပ် သူတို့ကရှေ့တိုးမှာပဲ.. မင်းသား ၄ ကို ရင်မဆိုင်ရဲရင် မင်းသား ၄ တိုက်ခိုက်လာရင် အဲလူတွေက ကျောင်းကို တိုက်ခိုက်လာမှာပဲ.. သူတို့ ဒီနေ့ကိုရွေးရတဲ့အကြောင်းအရင်းကဒီကျောင်းသား သစ်တွေ တိုက်ပွဲမှာထိခိုက်သွားရင် သူတို့နောက်က မိသားစုက ကျုပ်တို့ကို ပြဿနာရှာအောင်လို့ပဲ.. အဲဒါကြောင့် ဒီနေရာမှာ ပြဿနာရှာလာ”
“ကျုပ်လည်း သိပါတယ် ပြီးတော့…”
“ဘာမှစိတ်ပူစရာမရှိဘူး အဖြေကတော့ အမြဲတမ်းရှိတယ်.. အရင်ဆုံး ကျောင်းသားသစ်တွေ ဆက်ပြီးတော့ ရွေးရမယ် ဆရာယူယူနဲ့ကျုပ်က ကျောင်း အုပ်ဆရာကြီးဆီကို ဒီအကြောင်း သွားပြီးပြောလိုက်မယ်” ဆရာချန်းသည် ပြောပြီးသည်နှင့် တခြားဆရာများနှင့်အတူ ကျောင်းသားအသစ်ရွေးရန် ထားခဲ့ ပြီး ရှီမာယူယူနှင့် ထွက်လာခဲ့လိုက်သည်။
သူတို့ထွက်လာသည်နှင့် တန်းစီနေသောလူများသည် စိတ်လှုပ်ရှားသဖြင့် ဆူပွက်လာသည်။ အစောက ရှီမာယူယူမှာ အလွန်မိမိုက်နေပြီး သူမ၏ မသေ မျိုးရောင်ဝါသည် သူတို့၏နှလုံးသားကိုလှုပ်ခတ်သွားကာ သူမသည် သူတို့၏ လေးစားမှုကို ရသွားကာ တစ်ယောက်ချင်းစီသည် သူမဆီသို့ အသည်းများ ပေး ကြလေသည်။
“ဆရာ ခုနက ဆရာကကျောင်းကလား.. သူမက လူသစ်တွေကိုသင်ပေး မှာလား” လူတစ်ယောက်သည် စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလေသည်။
“အဲဒါက အဂ္ဂိရတ်ပညာဌာနက ဆရာပဲ.. သူက ကျောင်းသားသစ်တွေ တာဝန်ယူမယ်လို့ပြောတယ်.. မင်းတို့တွေတစ်ယောက်ချင်းစီ တန်းစီလေ မင်းတို့ အဂ္ဂိရတ်ပညာသင်ချင်ရင် လေ့ကျင့်ပြီးတော့ အရည်အချင်းရှိတဲ့ အဂ္ဂိ ရတ်ပညာရှင်ဖြစ်ရမယ်.. ဟုတ်ပြီလား ဟုတ်ပြီလား ကဲ လာခဲ့ ပထမဆုံးက..”
ရှီမာယူယူနှင့် ဆရာချန်းသည် ကျောင်းထဲသို့ဝင်ပြီး အလျင်အမြန်ပင် ကျောင်းအုပ်ကြီးရုံးခန်းဆီသို့ အမြန်လျှာက်သွားရာ အဆောက်အဦးတစ်ခုတွင် ကျောင်းအုပ်ကြီးနှင့် တခြားသူများသည် အတားအဆီးစီမံကာ အလုပ်လုပ်နေ ကြသည်ကို တွေ့လိုက်ရသည်။ သူတို့ လာသောအခါ အတားအဆီးကို ဖယ်ပေး ကြသည်။
ဆရာချန်းဒဏ်ရာရလာသည်ကိုမြင်သောအခါ ကျောင်းအုပ်ကြီးနှင့် တခြားသူများ အံ့ဩကြသည်။ ထိုအခါမှပင် ကျောင်းဝင်ပေါက်တွင်ဖြစ်ခဲ့သည့် ကိစ္စကို မေးကြသည်။
“ကျုပ်ပြောမယ် ဒီအချိန်မှ အဲဘိုးတော်တွေက ဘာလို့လာကြတာလဲ.. ဒါက ကျုပ်တို့နဲ့ တစ်ကမ္ဘာလုံးကို သွေးခွဲချင်လို့ သပ်သပ်လာပြီးဆင်ခြေပေးနေ တာပဲ.. သူတို့မှာ အဲလောက် ဈေးပေါတဲ့အစီအစဉ်တွေရှိနေတာပဲ” တုန်လီ သည် ဒေါသတကြီးပြောလေသည်။
“ဒေါသထိန်းထားကြဦး မင်းသား ၄ ကဒီအထိရှေ့တိုးလာနေပြီ ကျုပ်တို့ ထွက်သွားရင် နှစ်ဖက်လုံး မျက်နှာပျက်စရာဖြစ်နေပြီးပြီ.. ကံကောင်းလို့ ယူယူ ဒီနေ့ကူညီပေးလိုက်တာ ကျေးဇူးအများကြီးတင်ပါတယ်” ကျောင်းအုပ်ကြီး သည် ကျေးဇူးတင်စွာဖြင့် ပြောလေသည်။
“ကျွန်မလည်း အခုကျောင်းရဲ့တစ်စိတ်တစ်ပိုင်းဖြစ်နေပါပြီ” ရှီမာယူယူ သည် ယဉ်ကျေးစွာဖြင့် ပြန်ဖြေလေသည်။
သူမသည် ကျောင်းကိုကယ်ဖို့ကြိုးစားခဲ့သည်မှာ ကျောင်းနှင့် လေးနက် သောဆက်ဆံရေး ရှိနေခြင်းကြောင့်မဟုတ်ပေ။ အဓိကအကြောင်းအရင်းမှာ ကျားဖြူ၏ စာချုပ်သခင်ကိုအခုထိရှာမတွေ့သေးခြင်းကြောင့်ပင်ဖြစ်သည်။ တကယ်လို့ သူမ သူ့ကိုရှာမတွေ့သေးခင် ကျောင်းမရှိတော့ရင် သူမ အဲကောင် လေးကို ဘယ်သွားရှာရတော့မှာလဲ။
“ကျောင်းအုပ်ကြီး ကြည့်ရတာ သူတို့တွေထပ်ပြီး သည်းမခံနိုင်တော့ဘူး ထင်တယ်” ဒုကျောင်းအုပ် သက်ပြင်းချလေသည် “ကျုပ်တို့တွေ ဒီလိုဖြစ်သွား ရင် အက်ကွဲကြောင်းတွေမှာ ရှင်သန်ဖို့ ခက်မှာကြောက်ရတယ်”
ကျောင်း၏အခြေအနေမှာ ထိုမျှပြင်းထန်နေသည်ကို ရှီမာယူယူ တိတ်တဆိတ် အံ့ဩနေမိသည်။
***