မင်းဘာမှလုပ်ဖို့မလိုဘူး
Vol. 163 Ch. 2275
“ကျောင်းအုပ်ကြီး မင်းသား ၄ တို့က ဒီနေ့မအောင်မြင်သွားဘူး… နောက်ပြန်ရိုက်ချက်များရှိဦးမလားပဲ.. သူတို့တွေ မစောင့်နိုင်ရင် ကျုပ်တို့ လှုပ်ရှားထားရမယ်” အစီအရင်ဌာန၏ခေါင်းဆောင် ပြောလေသည်။
“ဒီနေ့ယူယူ့ရဲ့ လှုပ်ရှားမှုနဲ့ဆိုရင် အချိန်တစ်ခုလောက်တော့ သူတို့တွေ လှုပ်ရှားကြမှာမဟုတ်ဘူး” ကျောင်းအုပ်ကြီး ပြောလေသည် “ဟုတ်ပြီ အဲဒါက ကျုပ်တို့ကို အချိန်ပေးလိုက်တာပဲ”
“ဟုတ်တယ် ကျုပ်တို့လည်း တစ်ခုခုတော့လုပ်သင့်တယ်” တုန်လီ သဘောတူလိုက်သည်။
“ကျွန်မ ဘာလုပ်ဖို့လိုသေးလဲ” ရှီမာယူယူ မေးလိုက်၏။
သူတို့၏စကားများကို အကဲခတ်ရာတွင် တစ်ခုခုစီစည်ထားသော်လည်း လှုပ်ရှားမှုမလုပ်သေးသည့်ပုံပင်။ သူတို့၏ နယ်နိမိတ်အတွင်းသို့ သူမ ဝင်ရောက် လာသဖြင့် တစ်ခုခုတော့လုပ်ပေးရမည်။
“ဘာမှလုပ်ဖို့မလိုပါဘူး မင်းရှိတာနဲ့တင် ငါတို့အတွက် အကျိုးအမြတ်ရှိ နေပြီ” ကျောင်းအုပ်ကြီးပြောလေသည်။
သူမရှိလျှင် ထိုလူများသည် ကျောင်းကို တိုက်ခိုက်ရဲမည်မဟုတ်ပေ။ သူမသည် ကျောင်းထဲတွင် တစ်ချိန်လုံးမနေနိုင်သည်မှာတော့ နှမြောဖွယ် ကောင်းသည်။ မဟုတ်လျှင် သူတို့တစ်ခုခုကြံစည်လျှင်တောင် သူမဤနေရာ၌ ရှိနေပါက ထိုလူများလာရှုပ်ရဲမည်မဟုတ်ပေ။
“ဒီလိုဆိုမှတော့ ဆရာတို့ ဆွေးနွေးပြီးရင် ကျွန်မအရင်ပြန်နှင့်ပါမယ်” ရှီမာယူယူသည် သူတို့ကိုခေါင်းညိတ်ပြပြီးနောက် ထွက်ခဲ့လိုက်သည်။
“ကျောင်းအုပ်ကြီး ဘာလို့ သူမကိုမပါခိုင်းတာလဲ” လူတစ်ယောက် မေး လေသည်။
“သူမက ဒီကိုလူလာရှာတာလို့ပြောတယ်.. သူမသာ အဲလူကိုရှာတွေ့ရင် ဒီကနေထွက်သွားမှာပဲ.. အဲအချိန်က အနှေးနဲ့အမြန်ရောက်လာနိုင်တယ်.. ငါတို့ တွေသူမကိုအရမ်းမှီခိုလိုက်ရင် သူမထွက်သွားတဲ့အချိန်ကျ ငါတို့ဘယ်လိုလုပ် မှာလဲ” ကျောင်းအုပ်ကြီးသည် လေးနက်စွာပြောလေသည် “ငါတို့ရဲ့ကိုယ်ပိုင် အားကိုမှီခိုရမှာပေါ့”
“အခု မင်းသားကြီးနဲ့ မင်းသား ၄ ကပုလ္လင်အတွက် အတိုက်အခံဖြစ်နေ ကြတာ၊ ပြီးတော့ အင်အားစုတွေလည်း ကိုယ့်ဘက်နဲ့ကိုယ်ရပ်တည်နေကြပြီ.. ဒါပေမဲ့ မင်းသားကြီးနဲ့ မင်းသား ၄ တို့က ကြင်နာတတ်တဲ့လူတွေမဟုတ်ဘူး ဘယ်သူပဲပုလ္လင်ပေါ်တက်တက် တစ်ဖက်ကတော့ ချေမှုန်းခံရမှာပဲ” သုန်လီ ပြောလေသည်။
“အဒါကြောင့် သူတို့ကို ပုလ္လင်ပေါ်တင်လိုက်လို့မရဘူး.. ဒါပေမဲ့ တခြား မင်းသားတွေက သာမန်ပဲရှိတယ်.. အားလည်းနိမ့်ကျတယ် သူတို့နောက်မှာက ဘာအင်အားမှရှိတာလည်းမဟုတ်ဘူး တစ်ယောက်ကိုရွေးပြီးထောက်ပံ့ဖို့က မလွယ်လှဘူး”
“တကယ် လုပ်ဖို့မလွယ်ဘူး ပြီးတော့ မင်းသားကြီးနဲ့ မင်းသား ၄ တို့ ပုလ္လင်ပေါ်တက်တာကိုလည်း မစောင့်နိုင်ဘူး” ဆရာတစ်ယောက် ပြောလေ သည် “ကျောင်းအုပ်ဟော် အရင်က စုံစမ်းဖို့ပြောထားတဲ့ကိစ္စကရော ဘယ်လို လဲ”
“ဒီအချိန်အတွင်းမှာ ငါ မင်းသား ၂၊ မင်းသား ၃ နဲ့ မင်းသား ၅ ကိုစုံစမ်းပြီး ပြီ.. မင်းသား ၂ ကမင်းသားကြီးကို တိတ်တဆိတ်ထောက်ပံ့နေတယ် သူ့အကျင့် ကတည်းတော်တော်ရက်စက်တယ်.. မင်းသား ၃ ကဘယ်ဘက်ကိုမှ မမှီခိုဘူး.. သူ့သဘောထားကတော အားနည်းတယ်.. ကျင့်ကြံမှုအဆင့်ကလည်း သာမန်ပဲ မင်းသား ၅ ကကျ အပေါ်ယံတော့ ပုလ္လင်ကိုစိတ်မဝင်စားသလိုနဲ့ တိတ်တိတ် လေး သူ့ကိုယ်ပိုင်အင်အားကို စုဆောင်းနေတာ.. ပြီးတော့ သူ့ရဲ့ကရုဏာနဲ့ ဖြောင့်မတ်ခြင်းတွေကလည်း အပေါ်ယံပြထားတာပဲ”
“ကျောင်းအုပ်ကြီး ဒီမင်းသား သုံးယောက်ကတော့လေ… အာ”
သူတို့သည် မင်းသားကြီးနှင့် မင်းသား ၄ တို့ဘက်မှမရပ်တည်ချင်သော် လည်း ကျန်မင်းသား ၃ ယောက်မှာ ဆိုးနေပြန်သည်။ အရပ်ရှည်သူများအကြား မှ အရပ်ပုသူကို သူတို့မရွေးနိုင်ကြတော့ပေ။
ကျောင်းအုပ်ကြီးသည် မျက်လုံးမှိတ်ကာ ခေတ္တမျှစဉ်းစားပြီးနောက် ပြော လိုက်သည် “ကျုပ်တို့မှာ ရွေးချယ်စရာရှိပါသေးတယ်”
“ဘယ်သူလဲ”
“မင်းသား ၆”
“မင်းသား ၆ လား သူကတော်ဝင်ဂူသင်္ချိုင်းကို စောင့်ကြပ်နေတာလေ.. အဲနေရာက အရမ်းစုတ်ပြတ်တာ စွမ်းအားလည်းမရှိဘူး.. သူ့ကိုအပေါ်ကိုတင် ချင်ရင် တခြားမင်းသား ၃ ယောက်ထက်တောင် ခက်မှာကြောက်တယ်”
“အခုက ငါတို့ကိုယ်ငါတို့ ကာကွယ်ရမယ်.. ဒါပေမဲ့ အခြေခံသဘော တရားကိုလည်း မေ့ပစ်လို့မရဘူး.. အဇူရာလေကျောင်းက ဖြောင့်မတ်ပြီး စာရိတ္တကောင်းတဲ့ အုပ်စိုးသူကိုပဲ ထောက်ပံ့မယ်.. ဒီလောက်များတဲ့ မင်းသား တွေမလုပ်နိုင်မှတော့ မင်းသား ၆ ကိုပဲ မျှော်လင့်ချက်ထားရမှာပဲ”
“မင်းသား ၆ ကရော.. သူက တော်ဝင်ဂူသင်္ချိုင်းမှာ နေတာ နှစ်တွေအများ ကြီးရှိပြီ.. သူအခုဘယ်ရောက်နေလဲ ကျုပ်တို့သိရတာမဟုတ်ဘူး”
“ငါ သူ့ကိုအရင်က မြင်ဖူးတယ်.. အဲဒီမင်းသားက ကြင်နာတတ်တယ် ဒါပေမဲ့ သတ္တိနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုမှာလည်း မလျော့ဘူး၊ ဘုရင်ရဲ့ဂူသင်္ချိုင်းကို ပို့ ပြီး အရင်းအမြစ်တွေဖြတ်ပစ်ခဲ့တာကြောင့်သာမဟုတ်ရင် သူ့ဘေးက အင်အား က မင်းသားကြီးနဲ့ မင်းသား ၄ ကိုရှုံးမှာမဟုတ်ဘူး” ကျောင်းအုပ်ကြီးပြောလေ သည်။
“အင်း သူက လွန်ခဲ့တဲ့ ၂ နှစ်ကပြန်လာပြီးတော့ မင်းသား ၇ ကိုကျုပ်တို့ဆီ မှာအပ်ခဲ့တယ်… သူနဲ့မင်းသား ၇ ကညီအစ်ကိုတွေမဟုတ်ကြပေမဲ့ ဒီလို အခြေအနေမှာ မင်းသား ၇ အတွက်လုံခြုံတဲ့ပတ်ဝန်းကျင်ရှိရင်တော့ ကောင်း မှာပဲ”
“ခဏနေရင် ငါကိုယ်တိုင်စုံစမ်းလိုက်မယ်.. ကျန်တာတွေကိုတော့ အရင် အစီအစဉ်အတိုင်းသွားကြတာပေါ့” ကျောင်းအုပ်ကြီးပြောလေသည်။
“ဟုတ်ကဲ့” အားလုံးမတ်တတ်ထပြီး တုံ့ပြန်ကြလေသည်။
“ဟုတ်ပြီ သွားကြတော့ သုန်လီ မင်းနေခဲ့ဦး” တခြားဆရာများထွက်သွား ပြီး သုန်လီသည် နေရာတွင်ပြန်ထိုင်နေလိုက်သည်။
“မင်းသား ၇ က အခုထိကျင့်ကြံလို့မရသေးဘူးလား” ကျောင်းအုပ်ကြီး မေးလေသည်။
“ဟုတ်ကဲ့ သူက ဒီနှစ်ဆိုရင် ၁၆ နှစ်ပြည့်နေပြီ ဒါပေမဲ့ သူ့စရိုက်က ၆ နှစ် ၇ နှစ်ပဲရှိသေးတယ်.. ကျောင်းကိုရောက်ခါစနဲ့ဘာမှမကွာဘူး” သုန်လီ ပြန်ဖြေ လေသည် “တခြားမင်းသားတွေက အသက် ၈ နှစ်၊ ၉ နှစ်လောက်ကတည်းက စပြီးလေ့ကျင့်နေကြတာ.. မင်းသား ၇ ကိုပဲ ကြောက်တာက…”
အသက် ၁၆ နှစ်ရှိနေပြီ ကျင့်ကြံလို့မရဘူးဆိုရင် အသုံးမဝင်တာပဲမဟုတ် ဘူးလား။
“သူက မင်းကိုသဘောကျလို့ မင်းနဲ့နီးစပ်ချင်ရုံတင်ပဲ အဲဒါကြောင့် မင်း ပိုပြီးအာရုံစိုက်ထားပေးရမယ်.. အနာဂတ်မှာ မင်းသား ၆ က ရတနာဖြစ်လာ မယ် ဆိုရင် မင်းသား ၇ ရဲ့အသက်က နောက်ဆိုမဆိုးနိုင်ဘူး.. ဘယ်လိုပဲဖြစ်ဖြစ် ငါတို့တွေ သူ့ကိုဂရုစိုက်နိုင်သလောက် လုပ်ပေးရမယ်… ပါးစပ်တစ်ပေါက် လောက်တော့ ထပ်တိုးကျွေးထားနိုင်ပါတယ်” ကျောင်းအုပ်ကြီးပြောလေသည်။
“မင်းသား ၇ က ကျုပ်ကိုသဘောကျတယ်ဟုတ်လား.. သူက ဒီအတိုင်း ဆေးပင်တွေရဲ့အရသာကို ကြိုက်ရုံတင်ပဲ” သုန်လီသည် မင်းသား ၇ ကိုတွေးမိ သည်နှင့် အနည်းငယ်အားကုန်သွားသလို ခံစားရသည်။ သူသည် မကျင့်ကြံနိုင် သည်မှာ သိသာနေသော်လည်း အဂ္ဂိရတ်ပညာကို အလွန်စိတ်ဝင်စားနေသည်။ ရိုးသားမှုများပြည့်နေသည့် သူ၏မျက်လုံးများကိုကြည့်ပြီးလည်း မငြင်းဆန်နိုင် ပေ။
ရှီမာယူယူသည် ကျောင်းအုပ်ကြီးရုံးခန်းမှထွက်လာပြီးနောက် သူမ၏ ခြံဝင်းဆီသို့ ပြန်လာလိုက်သည်။ သုန်လီ၏ခြံဝင်းကို ဖြတ်သွားရာ အနက်ရောင် ဝတ်ထားသော လူငယ်တစ်ယောက်သည် တံတိုင်းကိုကျော်ပြီး အထဲသို့ကြည့် နေသည်ကို မြင်လိုက်ရသည်။
သုန်လီတွင် ချစ်စရာကောင်းသည့် မျက်နှာဝိုင်းဝိုင်းလေးရှိသော်လည်း ရယ်မောလေ့မရှိပေ။ ဆန့်ကျင်ဘက်အနေနှင့် သူသည် ကျောင်းသားများကို တင်းကြပ်သဖြင့် ကျောင်းသားများသည် သူ့ကိုကြောက်ကြသည်။ ယခုအခါ သူ၏ ခြံဝင်းစည်းရိုးကို ကျော်ရဲသည့်သူရှိနေသည်မှာ အနည်းငယ်ထူးဆန်းနေ သည်။
တံတိုင်းပေါ်တွင်လှဲလျောင်းနေသည့်သူသည် အပေါ်တက်၍မရသလို ဆင်း၍လည်းမရဘဲ တွဲလောင်းခိုနေသည်။ သို့သော် သူ ဂရုမစိုက်ပေ။ သူသည် လည်ပင်းကိုဆန့်ပြီး ခြံဝင်းထဲသို့ကြည့်နေကာ သူဘာလုပ်နေသည်ကို မသိရ ပေ။
ရုတ်တရက်ဆိုသလိုပင် တံတိုင်းကို လက်ဖြင့်ထောက်မ,လိုက်သည်။ သူ့ကိုယ်သူ အရှေ့သို့လွှဲလိုက်သည်။ ထိုအခါ ဟန်ချက်ပျက်သွားပြီး ရွှံ့မြေပေါ် သို့ကျသွားလေသည်။
“ဟေး” ထိုလူငယ်သည် မြေပေါ်မှထပြီး လက်ဆန့်ကာ တင်ပါးကိုဖုန်ခါ လေသည်။ ရှီမာယူယူသည် သူမ၏နှုတ်ခမ်းကိုမတွန့်ဘဲမနေနိုင်တော့ပေ။
သူ တံတိုင်းကျော်ချင်နေသေးသည်ကို မြင်သောအခါ သူမ ပြောလိုက် သည် “သုန်လီကို လာရှာတာလား သူအခု ဒီမှာမရှိဘူး”
ထိုကောင်လေးသည် ထိတ်လန့်သွားသည်။ သူလှည့်လိုက်သောအခါ သူ့ မျက်လုံးများသည် ကြောက်ရွံ့နေသည့်သမင်လးအလား ပျာယာခတ်သွားလေ သည်။ ရှီမာယူယူသည် ထိုသန့်ရှင်းနေသောမျက်လုံးများကို သဘောမကျဘဲ မနေနိုင်ပေ။
ရှီမာယူယူသည် တံတိုင်းကိုညွှန်ပြကာ ပြုံးပြီးပြောလေသည် “မင်း အဲဒီမှာ ရှိနေတုန်းကတည်းက ငါရောက်နေတာ”
“အာ.. ဒါဆို အကုန်လုံးမမြင်လိုက်ဘူးလား” ထိုကောင်လေး၏ မျက်နှာ မှာ ရုတ်တရက်နီရဲသွားပြီး ဘေးဘီကြည့်ကာ တစ်ခုခုလွဲမှားသွားသလို ပြန် ကြည့်လေသည်။
“အင်း ငါ အကုန်မြင်လိုက်တယ် မင်းက သုန်လီကိုရှာနေတာလား” ရှီမာ ယူယူ မေးလိုက်သည်။
“ဟုတ်တယ် သူ့ကိုရှာနေတာ.. စာသင်ခန်းမှာလည်းမရှိဘူး.. အဲဒါကြောင့် ဒီကိုလာကြည့်တာ” ကောင်လေးသည် သူမကိုစိုက်ကြည့်လေသည် “သူ ဘယ်မှာလဲဆိုတာသိလား”
သူ၏ စကားပြောပုံမှာ အနည်းငယ်ထူးခြားနေသည်ကို ရှီမာယူယူသတိ ထားမိသည်။ထို့နောက် သူ၏ နှေးကွေးသောလှုပ်ရှားမှုကိုကြည့်ပြီး သူသည် စိတ်စွမ်းအား တိုးတက်ရန် မလုံလောက်သေးသည် ကလေးဖြစ်သေည်ကို ချက်ချင်းနားလည်လိုက်သည်။
သူမသည် စကားကိုအရှိန်လျှော့ပြောလေသည် “သူ ကျောင်းအုပ်ကြီးနဲ့ ဆွေးနွေးနေတယ်.. မင်း သူ့ကိုရှာတာ ဘာကိစ္စရှိလို့လဲ”
***