ဝိညာဉ်စွမ်းအင်မရှိဘူး
Vol. 163 Ch. 2276
လူငယ်သည် နှုတ်ခမ်းတွန့်လိုက်ကာ သူမကို ခေတ္တမျှ တွန့်ဆုတ်စွာကြည့် လေသည်။ ပြီးနောက် လှည့်ကာထွက်ပြေး၏။
ရှီမာယူယူသည် သူထွက်ပြေးသည်ကိုကြည့်ပြီး မတာတော့ဘဲ ပြုံးကာ ထွက်လာလိုက်သည်။
ကျောင်းမှာ ဒီလိုကလေး ဘယ်လိုရှိနိုင်တာလဲ။ စိတ်ကလည်းမရင့်ကျက် သေးသလို ဝိညာဉ်စွမ်းအားလည်းမရှိဘဲ နေရာတကာကို ပတ်ပြေးနေတာ။
ရှီမာယူယူ၏ ခြေလှမ်းများ ရုတ်တရက်ရပ်တန့်သွားသည်။
ဝိညာဉ်စွမ်းအားမရှိဘူး.. ဝိညာဉ်စွမ်းအားမရှိဘူး။
တစ်ကျောင်းလုံးတွင် လူသစ်များသည် စတင်ကျင့်ကြံနေပြီဖြစ်ကာ ဤ လူငယ်သည် မကျင့်ကြံနိုင်သည့်တစ်ဦးတည်းသောသူဖြစ်နိုင်သည်။ ဒါက သူမ ရှာနေတာမဟုတ်ဘူးလား။
ဒါများလား။ ကျားဖြူရဲ့ စာချုပ်သခင်က စိတ်စွမ်းအင်နိမ့်တဲ့လူတစ် ယောက်များလား။ ဒါဆို သူ့လိုမျိုးလူကို ဘယ်လိုစပြီး ကျင့်ကြံဖို့သင်ပေးရမှာ လဲ။
သူမသည် ထိုကောင်လေး ပြေးသွားသည့်ဘက်ကိုကြည့်ပြီး တွန့်ဆုတ်စွာ ဖြင့် ထွက်လာခဲ့လိုက်သည်။ သူမ ထိုကောင်လေး၏ အခြေအနေကို သုန်လီကို လှည့်ပြီးမေးလိုက်သည်က ပိုကောင်းမည်။
သူမသည် သုန်လီသို့မဟုတ် ထိုကောင်လေးကို နှစ်ရက် သုံးရက်ဆက် တိုက်မတွေ့ရသဖြင့် မေးရန်အခွင့်အရေးမရှိခဲ့ပေ။
ရက်အနည်းငယ်ကြာပြီးနောက် သူမ အတန်းဆီသို့သွားလိုက်သည်။ သူမ အတန်းတစ်ခုကို သင်ကြားပေးသည်မှာ သူမ၏ဘဝတွင် ပထမဆုံးအကြိမ်ဖြစ် သည်။ အောက်မှ မရင့်ကျက်သေးသည့် မျက်နှာများကိုမြင်သောအခါ သူမ အသက်ကြီးနေပြီဟု ရုတ်တရက်ကြီး ခံစားလိုက်ရသည်။ ဖန်ကျိရှင်းတို့ သူမကို မြင်သည့်အချိန်ကလည်း ထိုသို့ခံစားမိသလားဆိုသည်ကို သိချင်မိသည်။
အောက်မှကျောင်းသားများသည် သူမကိုမြင်သောအခါ စိတ်လှုပ်ရှားကြ သည်။ တချို့မှာ လူသစ်ရွေးပွဲက အဖြစ်အပျက်ကို ကိုယ်တိုင်မြင်ခဲ့ကြသလို တခြားလူများသည် တခြားသူများလည်း လူအများ၏အမြင်ကို ကြားထားပြီး ဖြစ်ကြသည်။ သူတို့ မြင်ခဲ့သည်ဖြစ်စေ၊ ကြားခဲ့သည်ဖြစ်စေ သူမကိုတော့ သိချင်ကြသည်။
ရှီမာယူယူ လူသစ်များကို သင်ပေးမည်ဟု ကြားသည်နှင့် တခြားအတန်း မှ ကျောင်းသားများသည် အားကျကြသည်။ ဒီလို လှတဲ့နတ်သမီးလေးက သူတို့ ဆရာဖြစ်လာတယ်ဆိုတော့ ဘယ်လောက်တောင် ကံကောင်းလိုက်လဲ။
“အားလုံးပဲ မင်္ဂလာပါ ငါက မင်းတို့ရဲ့အဂ္ဂိရတ်ဆရာ ရှီမာယူယူပါ ဒီနေ့က စပြီး မင်းတို့ကိုအဂ္ဂိရတ်ပညာရပ်သင်ပေးမယ် အတန်းမစခင်ကို မင်းတို့ရဲ့ အခြေအနေကို သိချင်တယ်.. သန့်စင်မှုအကြောင်းကို မင်းတို့တွေ ဘယ်လောက်ထိသိပြီးကြပြီလဲ”
အားလုံးနီးပါး လက်ထောင်ကြသည်။ အင်း သူတို့က သိထားပြီးသားဆို တော့ သင်ဖို့ပိုလွယ်သွားမှာပဲ။
“အကုန်လုံးက အဂ္ဂိရတ်ပညာကို အတွေ့အကြုံရှိပြီးသားဆိုတော့ အဂ္ဂိရတ်ပညာရဲ့ အခြေခံ ၃ ဆင့်ကို ပြန်ပြောဖို့မလိုတော့ဘူး.. အခု ဆေးပင် နှစ် မျိုးကို တစ်ခုချင်းစီသန့်စင်ပုံကို ပြောပြမယ်”
အဂ္ဂိရတ်ပညာစာသင်ခန်းသည် သာမန်စာသင်ခန်းများကဲ့သို့ စီမံထား ခြင်းမဟုတ်ပေ။ စားပွဲနှင့် ကုလားထိုင်များကို နံရံများဖြင့် ကာရံထားသည်။ စာသင်ခန်းအရှေ့တွင် ဆေးဖိုတစ်ဖိုရှိကာ ထိုအရှေ့၌ ဆေးများထားရှိထား၏။ သူမထိုသို့ပြောပြီးနောက် ဘေးသို့လာကာ ကုလားထိုင်ထုတ်ကာ ထိုင်ပြီး ကျောင်းသားများ တစ်ယောက်ချင်းစီ ဆေးပစ္စည်းများ သန့်စင်နေသည်ကို ကြည့်နေလိုက်သည်။
ကျောင်းသားတိုင်းသည် ဆေးပစ္စည်း ၂ မျိုးခန့်ကို အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ မည်သည့်နည်းနှင့်ပင်ဖြစ်စေ သန့်စင်ကြသည်။ ကျောင်းသား အယောက် ၃၀ လုပ်ဆောင်ပြီးနောက်တွင် နေ့တစ်ဝက်ကုန်ဆုံး သွားလေသည်။
အချို့မှာ မြင့်မားသည့် သန့်စင်ပုံမျိုးပြုလုပ်ကြပြီး တချို့မှာနှစ်ကြိမ်တိုင် တိုင်ကျရှုံးလေသည်။ အောင်မြင်စွာသန့်စင်နိုင်သူများသည် ပျော်ရွှင်ကြပြီး မအောင်မြင်သူများသည် အနည်းငယ်ရှက်ရွံ့သွားကြသည်။
ရှီမာယူယူသည် ကုလားထိုင်တွင်ထိုင်ပြီး သူတို့၏မျက်နှာထားများကို လှည့်ပတ်ကြည့်ကာ ပြောလိုက်သည် “ငါတို့တွေ မနက်တိုင်း အတန်းကို ဒီမှာ ပဲစမယ်… သန့်စင်တာကို နေ့လယ်ခင်းမှာစမယ်”
“ဆရာယူယူ ဘယ်လိုသန့်စင်ရမလဲဆိုတာကို သိနေပြီးသားကို ဘာလို့ ထပ်လေ့လာဖို့လိုတာလဲ.. မသန့်စင်နိုင်တဲ့သူတွေကို သူတို့ဘာသာလေ့ကျင့်ပါ စေလေ.. သူတို့ကြောင့် အကုန်လုံးရဲ့ လုပ်ငန်းစဉ်နှောင့်နှေးဖို့မလိုဘူးလေ မဟုတ်ဘူးလား” မိန်းကလေးတစ်ယောက်သည် မတ်တတ်ထကာ ခပ်ပြောင် ပြောင်ပင် ပြောလေသည်။
ရှီမာယူယူသည် သူမကို တစ်ချက်ကြည့်လိုက်သည်။ ထိုမိန်းကလေးသည် အစောက အကောင်းဆုံးသန့်စင်သွားနိုင်သောသူ ဖြစ်သည်။ ထိုမိန်းကလေး သည် မျိုးနွယ်ကြီးတစ်ခုမှ ဂရုတစိုက်ကျင့်ကြံလာခဲ့သည့်ပုံပင်။ သူမသည် နည်း ပညာနှင့် သန့်စင်မှုတွင် တခြားကျောင်းသားများထက် သာလွန်သည်။ တစ်ချိန် တည်းမှာပင် အထက်စီးဆန်သည့် ခံစားချက်မှာ သူများထက် အားကောင်း၏။
“မင်းသန့်စင်လိုက်တဲ့ အဆီအနှစ်က ၅၀ ရာခိုင်နှုန်းအထိရောက်တယ်.. အဲဒါက မင်းအသက်အရွယ်မှာ အရမ်းအားကောင်းတာပဲ.. ဒါပေမဲ့ တချို့နေရာ တွေမှာ အာရုံစိုက်ထားရဦးမယ်.. မင်းဆရာနဲ့ ငါတို့ ပြောတဲ့စကားတွေမှာ ကွဲလွဲ မှုတွေရှိမှာဆိုတော့ နားထောင်လိုက်တာ မင်းအတွက်ကောင်းလိမ့်မယ်၊ တခြား သက်ရောက်မှုတွေလည်း ရှိလာနိုင်တယ်” ရှီမာယူယူ ပြောလိုက်သည် “ဒါပေါ့ ငါက အမြဲဖွင့်ထားပါတယ် မင်းလာချင်ရင် ငါ့အတန်းကို လာလို့ရတယ်.. နားမထောင်ချင်ဘူးဆိုရင် အဂ္ဂိရတ်အခန်းကို ကိုယ့်ဘာသာသွားလေ့ကျင့်လို့ရ တယ်. ဒါပေမဲ့ ငါက ဒဲ့ပဲပြောလိုက်မယ်.. မင်း ငါ့အတန်းကိုမတက်လို့ ငါပြော တာတွေမသိရင် ငါ့အတန်းကိုမလာတဲ့အတွက် နောက်မှလာမေးရင် ငါ ဖြေမှာ မဟုတ်ဘူး”
သူမ၏စကားများကို ကြားပြီးနောက် တချို့မှာ ပြုံးစိစိဖြစ်သွားကြသည်။ သူတို့အားလုံးသည် သန့်စင်ရာတွင် တော်ကြသည်။ သူတို့သည် အသိပညာများ စည်းပူးရန် ကျောင်းသို့လာခြင်းဖြစ်ကာ အခြေခံဗဟုသုတများကို ပြန်လေ့လာ ရန်မဟုတ်ပေ။ ယခုသူမ၏စကားများကြောင့် အတန်းထဲသို့ ယုံကြည်ချက်ရှိရှိ မလာရဲကြတော့ပေ။
အစောကစကားပြောသော မိန်းကလေးသည် သူမ၏ စကားများကိုကြား သောအခါ အနည်းငယ် မထီမဲ့မြင်ပြုလေသည်။ သူမ၏မိသားစုသည် သူမကို ကျေင်းတက်ရန် ဘာကြောင့်လွှတ်လိုက်သည်ကို မသိတော့ပေ။ သူမမိခင်၏ သန့်စင်နည်းသည် အဆင့် ၉ သို့ရောက်နှင့်ပြီးပြီဖြစ်သည်။ သူ အဲဒါကို မိသားစု ကဆရာဆီက သင်လို့မရဘူးလား။ ဘာလို့ဒီကိုလာပြီး ဒီလူတွေနဲ့ အချိန်လာ ဖြုန်းနေရတာလဲ။ သူမ သန့်စင်နည်းက အရမ်းကောင်းနေပြီလို့ ဆရာပြောတာ ပဲ။ သူမ အခုလိုနေတာ လေ့ကျင့်ဖို့ပဲလေ သီအိုရီအသိပညာတွေမဟုတ်တော့ ဘူးလေ။ အဲတော့ နားမထောင်လည်း ကိစ္စမရှိဘူးလေ။ ဒီဆရာက ဒီလောက် တောင်ငယ်တာ သူမဆရာထက် ပိုအားကောင်းဦးမှာလား။
သူမ၏ မျက်နှာထားကိုကြည့်သည်နှင့် လက်မခံနိုင်ဖြစ်နေသည်ကို ရှီမာ ယူယူသိသည်။ သူမ၏ အရည်အချင်းမှာ ကောင်းသော်လည်း စိတ်ဓာတ်မှာ တော့ ကျေနပ်စရာမရှိပေ။ ထိုမိန်းကလေးသည် သူမ၏ ကျောင်းသားဖြစ်လာ သဖြင့် ကောင်းမွန်စွာသင်ကြားပြီး ကောင်းမွန်သောအရည်အချင်းကို အလဟ ဿဖြစ်စေ၍မရပေ။
ထို့အပြင် သူမ၏ အရည်အချင်းကို ချမပြရသေးသဖြင့် ထိုကျောင်းသား များ မည်သို့လုပ်ရမည်ကို မသိကြပေ။ သူတို့ဆရာ၏ အဆင့်ကို သူတို့ မသိကြ ပေ။
“ဒီကိုလာခဲ့” သူမသည် ထိုမိန်းကလေးကိုခေါ်ပြီး ဆေးပစ္စည်းနှစ်မျိုး ထုတ်ပြီး ဆေးဖိုကိုမီးရှို့ကာ အစောပိုင်း ထိုမိန်းကလေးပြုလုပ်ခဲ့သည့် အဆင့် နှင့် လုပ်ငန်းစဉ်အတိုင်း တစ်ထပ်တည်းလုပ်ပြီး အဆီအနှစ်နှစ်ခုထုတ်လိုက် သည်။
“ဝိုး ဆရာက တကယ်မိုက်တာပဲ”
ကျောင်းသားများအားလုံး အံ့အားသင့်သွားကြသည်။သူမသည် သူတို့ သန့်စင်သည်ကို တစ်ခါပဲကြည့်ထားကာ သန့်စင်သည့်နည်းပညာကို မှတ်ထား နိုင်သည်။ ဒါ အရမ်းကို အားကောင်းတာပဲမလား။
ထိုမိန်းကလေးသည် ပို၍ပင် အံ့အားသင့်နေသည်။ ထိုအဆီအနှစ်ထုတ် သည့်နည်းလမ်းသည် သာမန်မဟုတ်သည့်နည်းလမ်းဖြစ်သည်ဟု သူမ၏ဆရာ ပြောဖူးသည်။ ရှီမာယူယူသည် တစ်ခါတည်းကြည့်ပြီး သိနေသည်။ အစောက ပြုလုပ်ခဲသည့် အပူချိန်နှင့်အချိန်ကိုပါ မှတ်မိနေသည်။ ထိုအရာကို သူမ၏ ဆရာပင် မလုပ်နိုင်ပေ။
ရှီမာယူယူသည် ဘာမှမပြောဘဲ တူညီသည့် ဆေးပစ္စည်းနှစ်မျိုးထပ်ယူ ကာ အစောက နည်းလမ်းဖြင့်ပင် ထပ်သန့်စင်သည်။ သို့သော် သည်တစ်ခေါက် တွင် အပြောင်းအလဲတချို့လုပ်သည်။ အဆီအနှစ်ထုတ်သည့် သန့်စင်ခြင်းမှာ ၃ ဆင့်တက်သွားပြီး ၈၀ ရာခိုင်နှုန်းအထိ ရောက်သွားသည်။
သူမသည် အဆီအနှစ်နှစ်ခုကို စားပွဲပေါ်တင်ပြီး ပြောလေသည် “သန့်စင် ခြင်းက အဂ္ဂိရတ်ပညာရပ်မှာ အခြေခံအကျဆုံးပဲ ဒါပေမဲ့ အရေးအကြီးဆုံး လည်းဖြစ်တယ်.. အမြင့်ဆုံးမျှော်စင်အဆောက်အဦး ဆောက်ချင်တယ်ဆိုရင် အောက်ခြေခိုင်လေ ပိုကောင်းလေ.. မင်းတို့တွေက ဒီကတခြားသူတွေထက် ပို တော်ချင်တော်နေလိမ့်မယ်.. ဒါပေမဲ့ ကောင်းကင်ရဲ့အပြင်ဘက်မှာ ကောင်းကင်တစ်ခုရှိစမြဲပဲ မင်းတို့ထက်အားကောင်းတဲ့လူတွေဆိုတာ အမြဲရှိ တယ်.. မင်းမှာ အရည်အချင်းရှိတယ်ဆိုရင် ရင်ထဲကနေ လေ့လာသင့်တယ်.. အဲဒါကြောင့် မင်းကို ဘုရားကောင်းချီးပေးတဲ့အတိုင်းနေရမယ်”
အစောက ဂုဏ်ဝင့်နေသည့် ကျောင်းသားတချို့သည် ရှက်ရွံ့ကုန်ကြ၏။
“ဆရာ ဒီဆေးပစ္စည်းတွေကို ထုတ်ဖို့အတွက် ကိုယ်ပိုင်နည်းလမ်းကို သုံးပြပေးနိုင်မလား” ကျောင်းသားတစ်ယောက် မေးလေသည်။
“ဒါပေါ့” သူမသည် ဆေးပစ္စည်းနှစ်ခုကို ထပ်ထုတ်ကာ သူမ၏ပုံမှန် အဆင့်အတိုင်း ထုတ်ယူပြီး စားပွဲပေါ်တင်ပြီး ကြေညာပြီးနောက် အတန်းမှ ထွက်ခဲ့လေသည်။
စာသင်ခန်းမှ မည်သူမှထွက်မသွားခဲ့ပေ။ သူတို့သည် ရှီမာယူယူ သန့်စင် ခဲ့သော အဆီအနှစ်ကို တအံ့တဩကြည့်နေကြသည်။
“ဒီသန့်စင်မှုက ၁၀၀ ရာခိုင်နှုန်းနီးပါးပဲ”
“ဆရာပြောတာ မှန်တယ် ငါတို့တွေ ဘာမှဂုဏ်ဝင့်နေဖို့မလိုဘူး”
“ငါတို့မှာ ဒီလောက်အားကောင်းတဲ့ဆရာရှိနေတာကို နောက်ဆိုရင် ပိုပြီး ကြိုးစားရတော့မယ်”
ရှီမာယူယူသည် ကျောင်းသားများ၏ တုံ့ပြန်မှုကိုဂရုမစိုက်ဘဲ အခန်းမှ ထွက်လာပြီးနောက် အခန်းဘေးကိုကြည့်လိုက်ရာ အနက်ရောင်ဝတ်ထားသော ကောင်လေးကို ထပ်မံတွေ့လိုက်ရလေသည်။ ထိုကောင်လေးသည် သူမကို တွေ့သည်နှင့် ခေတ္တမျှ မှင်တက်ပြီးနောက် ထွက်ပြေးသွားပြန်သည်။
***