← Chapters

ဘယ်သူမှအတန်းမလစ်ဘူး

Vol. 163 Ch. 2277

ဘယ်သူမှအတန်းမလစ်ဘူး

Vol. 163 Ch. 2277

နေ့လယ်ခင်း ရှီမာယူယူ အတန်းပြန်လာချိန်တွင် မည်သူမှ အတန်းမပျက် ကြဘဲ သူမကို အခန်းထဲတွင် လိမ်လိမ်မာမာနှင့် စောင့်နေကြလေသည်။

သူမ ဝင်လာသည်ကို သူတို့မြင်သောအခါ သူတို့၏အကြည့်မှာ မနက်က ထက်ပင် ပိုတောက်လောင်နေကြသည်။

အရင်က သူမ လူသစ်များကို ရွေးချယ်သည့်အချိန်က အဖြစ်ကို ကြားခဲ့၍ သူမကို အကြားဖြင့်သာ လေးစားခြင်းဖြစ်သည်။ မနက်ပိုင်းအဖြစ်အပျက်ပြီး နောက် သူတို့သည် သူမကို လုံးဝပင် သဘောကျသွားပြီဖြစ်ကာ စိတ်အတွင်းထဲ က ရိုသေခြင်းဖြစ်သည်။

ပြီးသည့်နောက် ရှီမာယူယူပြောခဲ့သည့်စကားကို မည်သူမှမငြင်းဆန်ကြ ပေ။ သူတို့ကို အပျော်ရွှင်စေဆုံးမှာ သူမ၏အတန်းသည် တိုတိုနှင့်အဓိပ္ပာယ်ရှိ ပြီး တက်ကြွစေကာ စိတ်ဝင်စားဖွယ်ကောင်းသည်။ သူတို့ကိုပေးသည့် အကြံ များမှာ ချက်နှင့်လက်နှင့်ကျပြီး အရင်ကတက်ဖူးသည့် ပျင်းရိဖွယ်အတန်းများ နှင့်မတူညီပေ။

ရှီမာယူယူ သူတို့ကို သင်ပေးသည့်အချိန်တိုင်းတွင် အားလုံးသည် ချောမွေ့ ကြသည်။

သီအိုရီအသိပညာများ သင်ပေးပြီးနောက် ရှီမာယူယူသည် သူတို့ကို အဂ္ဂိရတ်အခန်းသို့ ခေါ်သွားသည်။ တူညီသောဆေးဖက်ဝင်ပစ္စည်းများ သုံးပြီး သူတို့၏အဓိကအချက်များကိုလဲလှယ်စေကာ အဂ္ဂိရတ်ပညာကို သူတို့ဘာသာ လေ့ကျင့်စေသည်။

သူတို့လေ့ကျင့်နေစဉ်တွင် ရှီမာယူယူသည် စာသင်ခန်းကို လှည့်ပတ် ကြည့်ပြီး လေ့ကျင့်ရာတွင် လိုအပ်သည်များကို တစ်ယောက်ချင်းစီ လမ်းညွှန် ပေးလေသည်။

ကျရှုံးသည့်သူရှိလျှင် သူတို့ကိုအပြစ်မတင်ဘဲ ထပ်ကြိုးစားရန် အားပေး သည်။ မီးဖိုကိုတောက်လောင်အောင် လုပ်သည့်သူရှိလျှင် သူမ အရှေ့တွင် ရှိ သည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ထိုကျောင်းသား၏ပတ်ပတ်လည်တွင် ကာကွယ် ရေးအလွှာလုပ်ပေးပြီး ကျောင်းသားများထိခိုက်စေသည့် ရာခိုင်နှုန်းကို လျှော့ချ ပေးလေသည်။

ထို့ကြောင့် သူမရှိနေလျှင် ကျောင်းသားများသည် အရင်ကမလုပ်ရဲသည့် အရာများကို ကြိုးစားကြည့်လာရာ သူတို့၏အဂ္ဂိရတ်ပညာရပ်လမ်းမှာ ပိုကျယ် ပြန့်လာကြသည်။

သူမ၏ ပို့ချမှုများမှာ အလွန်ကောင်းသည်ကို တခြားကျောင်းသားများ သိ ကြသောအခါ လာနားထောင်ကြသည်။ တခြားဆရာများ၏ အတန်းကို အနှောင့်အယှက် မဖြစ်သရွေ့ ရှီမာယူယူသည် မငြင်းဆန်ပေ။

ထိုနေ့တွင် သူမသည် ကျောင်းသားများကို အဂ္ဂိရတ်အခန်းဆီသို့ခေါ်သွား ရာ ရုတ်တရက်ဆိုသလို အဂ္ဂိရတ်ပညာအခန်း၏ ပြတင်းပေါက်တွင် ပုံရိပ်တစ်ခု ကိုမြင်လိုက်ရလေသည်။ သူသည် ပြတင်းပေါက်ဘောင်တွင်လှဲလျောင်းနေပြီး အခန်းထဲမှ ဆူညံနေသော ကျောင်းသားများကို တိတ်တဆိတ်ကြည့်နေသည်။ သူသည် သူတို့ကိုကြည့်နေရာ သူမ သူ့ဆီသို့လာသည်ကိုပင် သတိမထားမိပေ။

“မင်းက အဂ္ဂိရတ်ပညာကို အရမ်းသဘောကျတာလား” သူမသည် ကျယ် လောင်စွာမေးလိုက်သည်။

လူငယ်သည် ကြောက်လန့်ကာ ပြေးရန်ထပ်မံကြိုးစားသည်။ သို့သော် သည်တစ်ကြိမ်တွင် ရှီမာယူယူသည် သူ့လက်မောင်းကိုတင်းကြပ်စွာဆုပ်ကိုင် လိုက်သည်။

“သူတို့ သန့်စင်တာကို မကြည့်ချင်ဘူးလား” သူမ မေးလိုက်သည် “မင်း ကြည့်ဖို့ ငါ စာသင်ခန်းထဲကို ခေါ်သွားပေးလို့ရတယ်”

လူငယ်သည် လှည့်ပြီး သူမကိုစိုက်ကြည့်လေသည်။ သို့သော် သူမသည် တခြားဆရာများကဲ့သို့ သူ့ကိုလှောင်ပြောင်ခြင်းမရှိဘဲ စာသင်ခန်းသို့ခေါ်သွား မည်ဟု အလေးအနက်ပြောခဲ့သည်။ ထိုအရာကိုကြည့်ပြီး ရုန်းကန်နေသော သူ့ ခန္ဓာကိုယ်သည် ရပ်တန့်သွားလေသည်။

“သွားမယ် ငါမင်းကိုခေါ်သွားပေးမယ်” ရှီမာယူယူသည် သူ့ကိုဆွဲကာ စာသင်ခန်းသို့ခေါ်သွားလိုက်သည်။ စာသခင်ခန်းထဲမှလူများသည် နောက်ထပ် လူတစ်ယောက်ကိုမြင်သောအခါ စပ်စုစွာဖြင့် ကြ့်ကြသည်။

“ဒါကလာလည်တဲ့ မင်းတို့ရဲ့အတန်းဖော်ပဲ၊ ဘာမှစိတ်ပူဖို့မလိုဘူး သူ့ကို မရှိသလိုသဘောထားပြီး မင်းတို့ ဆေးသန့်စင်တာကို ဆက်လုပ်လို့ရတယ်” ရှီမာယူယူ ပြောလိုက်သည်။

ကျောင်းသားများသည် ခေတ္တမျှစပ်စုရုံသာဖြစ်သည်။ သူတို့နှင့် ဘာမှ မဆိုင်သောလူတစ်ယောက်အတွက် သူတို့၏ အဂ္ဂိရတ်ပညာမှာ အရေးကြီး၍ ဖြစ်မည်ဟု ခံဏားရသဖြင့် ဆေးဖိုကိုသာ အာရုံစိုက်ထားကြလေသည်။

“မင်းနာမည်ဘယ်လိုခေါ်လဲ” ရှီမာယူယူသည် သူ့ကိုခြောက်မိမည်ကို စိုး သဖြင့် နူးညံ့စွာပြောလေသည်။

“ယီရှန်း ကျွန်တော့်နာမည်ကမို့ယီရှန်းပါ” ထိုလူငယ်ပြောပြီးသည်နှင့် ခေါင်းလှည့်ကာ သူမကိုပြုံးပြလေသည်။

မို့ယီရှန်း.. ဒီလိုနာမည်နဲ့လူ တကယ်ရှိနေတာပဲ။ သို့သော် ထိုနာမည်သည် သူနှင့်အလွန်လိုက်ဖက်လှသည်။ သူ၏မျက်လုံးများသည် မိုးရေကဲ့သို့ သန့်စင် လှသည်။

“လူတွေသန့်စင်တာကို ကြည့်ရတာကြိုက်လား” သူမသည် နူးညံ့သော လေသံဖြင့် ထပ်မေးလိုက်သည်။

“အင်း” မို့ယီရှန်းသည် အားတက်သရော်ခေါင်းညိတ်လေသည် “သုန်လီ ကကြည့်ခိုင်းတယ် တခြားသူတွေကမကြည့်ခိုင်းကြဘူး”

“အဲတော့ မင်းက သုန်လီကို သုံးလေးရက်လောက် မတွေ့ရတော့ သူ့ ခြံဝင်းကို ကျော်တက်တာလား”

“သူအဲမှာရှိလားလို့ သိချင်လို့ပါ” မို့ယီရှန်းသည် ရှက်နေသည့်အလား သူ၏ ဖြူဖျော့သောမျက်နှာသည် အနည်းငယ်ရဲလာသည်။

“ဆရာသုန်လီက လတ်တလောမှာ လုပ်စရာရှိနေလို့.. သူ ကျောင်းမှာ မရှိ ဘူး… အဲဒါကြောင့် သူ့အတန်းကို တခြားလူယူထားတာ” ရှီမာယူယူ ရှင်းပြ လိုက်သည်။

“ကျွန်တော်သိပါတယ် သူ့ကိုမမြင်ရတာ တော်တော်ကြာပြီ” မို့ယီသည် ကျယ်လောင်စွာ ပြော၏။

“ဉာဏ်ကောင်းလှချည်လား” ရှီမာယူယူ ချီးကျူးလေသည်။

မို့ယီရှန်း၏ ခန္ဓာကိုယ်သည် ၁၆ နှစ်ရှိပြီဖြစ်ရာ သူမထက် အနည်းငယ် အရပ်ရှည်သော်လည်း သူ၏ ဖြူစင်သောအပြုံးနှင့် တောက်ပသောမျက်လုံးများ သည် သူ့ကိုကလေးတစ်ယောက်သဖွယ် အလိုလိုဆက်ဆံမိစေသည်။

သူမ၏ ချီးကျူးသံကိုကြားသောအခါ သူ၏ရယ်သံသည် ပို၍တောက်ပ လာသည်။

“ပုံမှန်ဆို မင်းဘယ်မှာနေတာလဲ” ရှီမာယူယူသည် တစ်ယောက်နှင့်တစ် ယောက် အထင်အမြင်ကောင်းစေရန် တစ်ဆင့်ချင်း ချဉ်းကပ်လေသည်။

“ဥယျာဉ်သေးတစ်ခုမှာ”

“ဘယ်နေရာက ဥယျာဉ်သေးလဲ”

“ဥယျာဉ်ကြီးထဲက”

“ဘယ်ကဥယျာဉ်ကြီးလဲ.. ငါမသိဘူး”

ရှီမာယူယူသည် နဖူးကိုကိုင်လိုက်သည်။ သူပြောတဲ့မြောင်းဘက်ကို သူမ ဘယ်လိုပါသွားရတာလဲ။

“မင်းတစ်ယောက်တည်းနေတာလား မဟုတ်ရင် သူများနဲ့လား”

“တစ်ယောက်တည်းပဲ ကျွန်တော်ကြီးလာလို့ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး တစ်ယောက်တည်းနေရမယ်လို့ အမေပြောတယ်.. ကျွန်တော်သာ အခု လိမ္မာ ရင် အမေကနိုးလာမှာ” မို့ယီရှန်းသည် ကလေးတစ်ယောက်ကဲ့သို့ပြောလေ သည်။ အလွန်လေးနက်နေသော်လည်း ရှီမာယူယူအတွက် ကြားရသည်ကို စိတ်မကောင်းပေ။

“ငါ့ခြံဝင်းကို မင်းပြောင်းလာချင်လား.. ငါ့နေရာမှာဆိုရင် ဆေးပင်တွေ အများကြီးကြည့်လို့ရမယ်.. ငါနဲ့အတူ အတန်းလိုက်လို့ရမယ် အဲလိုဆို ငါ့အဂ္ဂိရတ်ပညာအတန်းကို မင်းမလွတ်တော့ဘူး”

“ဟင့်အင်း” မို့ယီရှန်းသည် ခေါင်းခါလေသည် “တစ်ယောက်တည်းနေမှာ”

“ငါ့နေရာလာလည်း မင်းတစ်ယောက်တည်းနေရမှာပဲ.. မင်းရဲ့ကိုယ်ပိုင် အခန်းရမယ်.. ကိုယ့်အလုပ်ကိုယ်လုပ်ရမယ် ငါကမင်းကိုကူညီမှာမဟုတ်ဘူး” ရှီမာယူယူပြောလိုက်သည် “မင်းဘဝက ပြောင်းသွားမှာမဟုတ်ဘူး.. ဒါပေမဲ့ မင်း ငါ့အတန်းနောက်ကိုလိုက်လို့ရမယ် သူတို့သန့်စင်တာကို ကြည့်လို့မယ် တစ်ခါတလေ ငါနေတဲ့နေရာမှာ ငါလည်းသန့်စင်တယ် ဘယ်လိုလဲ လိုက်ချင် လား”

မိုယီရှန်းသည် ခေတ္တမျှတွေဝေသွားသည်။ သို့သော် နောက်ဆုံးတွင် ခေါင်းညိတ်လေသည်။

ရှီမာယူယူ ပြုံးပြီး ပြောလိုက်သည် “ဒါဆို အတန်းပြီးတာနဲ့ မင်းနဲ့အတူ ပစ္စည်းတွေလိုက်ရွှေ့ပေးမယ်”

“ဟုတ်ကဲ့” ထိုကိစ္စကို အတည်ပြုပြီးနောက် မိုယီရှန်းသည် အဂ္ဂိရတ်ပညာ တွင်နစ်မြုပ်နေသည့်ထိုလူများကို စေ့စေ့ကြည့်နေတော့သည်။ ရှီမာယူယူသည် သူ့ကိုမနှောင့်ယှက်ဘဲ ကျောင်းသားများ ဆေးသန့်စင်နေသည်ကို တစ်ယောက် ချင်းစီလိုက်ကြည့်ပြီး တစ်ခါတည်းထောက်ပြလေသည်။

လှည့်ပတ်ကြည့်ပြီးနောက် မို့ယီရှန်းသည် စာသင်ခန်းရှေ့တွင်မရှိတော့ ပေ။ သူ ကျောင်းသားတစ်ယောက်ရှေ့သို့ ပြေးသွားပြီး ပျော်ရွှင်စွာ ကနေသည် ကိုမြင်သောအခါ ရှီမာယူယူသည် ခေတ္တမျှမှင်တက်သွားလေသည်။

ရှီမာယူယူသည် သူ့ကိုဆွဲပြီး ပြောလိုက်သည် “ငါတို့ သူမကိုနှောင့်ယှက် လို့မရဘူး”

ဆေးလုံးဖြစ်အောင် ပုံသွင်းခါနီးဖြစ်သောကြောင့် သူစိတ်လှုပ်ရှားနေခြင်း ပင်။ ထိုအရာကိုကြည့်ပြီး သူသည် အဂ္ဂိရတ်ပညာနှင့် အလွန်ရင်းနှီးပုံပေါက် သည်။

ဒါပေမဲ့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူက အခုထိမကျင့်ကြံနိုင်သေးတဲ့လူ ပဲ။ ဆေးတောင်မညက်သေးတာ ဆေးဖိုထဲက ဆေးရဲ့အခြေအနေကို သူ ဘယ်လိုလုပ်အာရုံခံမိပြီး ဆေးကဆေးလုံးဖြစ်တော့မယ်ဆိုတာကို သူ ဘယ်လို သိနေတာလဲ။

သူမသည် သူ့ကို မသိစိတ်မှကြည့်မိသည်။ သို့သော် သူသည် ဆေးဖိုကို သာ စိုက်ကြည့်နေသည်။

ရှေ့လျှောက်အတူနေလျှင်တော့ သူ့ကိုသိရန် အချိန်ပေးရမည်။

ကျားဖြူ၏ စာချုပ်သခင်သည် ရိုးရှင်းသောစရိုက်ရှိသူတော့ မဖြစ်နိုင်ပေ။

ကျားဖြူကိုတွေးမိသည်နှင့် ရှီမာယူယူ မျက်မှောင်အသာကြုတ်မိသည်။ အံ့ဖွယ်သားရဲလေးပါးတွင် ကောင်းကင်တာအိုမှ ဖုံးထားသည့်ရောင်ဝါကို လိပ်မည်း၏ အခွံနှင့်ပင် ဘာကြောင့် ကံကြမ္မာကြည့်၍မရသနည်း။ စာချုပ် သခင်ကပင် ထူးခြားနေခဲ့သည်။

ထို့နောက် သူမသည် ကျောင်းသားများကို ထောက်ပြပေးခဲ့သည်။ သူတို့ အားလုံး ဆေးသန့်စင်ပြီးနောက် အတန်းပြီးသွားလေသည်။ ရှီမာယူယူသည် မို့ယီရှန်း၏ အင်္ကျီလက်ကိုဆုပ်ကိုင်ပြီး ပြောလိုက်သည် “သွားမယ် ပစ္စည်းတွေ ရွှေ့ရအောင်”

“ဟုတ်ကဲ့”

တစ်နာရီအကြာတွင် ရှီမာယူယူသည် သူမ၏ခြံဝင်းတွင်နေထိုင်ရန် တစ်စုံ တစ်ယောက်ကို ဆွဲဆောင်ခြင်း အောင်မြင်သွားလေသည်။

***

All Chapters