မင်းကိုလျှို့ဝှက်ချက်တစ်ခုပြောပြမယ်
Vol. 163 Ch. 2278
မို့ယီရှန်းသည် သူမ၏ ခြံဝင်းငယ်အလယ်တွင် နေရခက်စွာဖြင့် ရပ်နေ သည်။
“အခုကစပြီး မင်း အဲအခန်းမှာနေရမယ်” ရှီမာယူယူသည် သူမ၏အခန်း ဘေးမှအခန်းကို ညွှန်ပြလေသည်။ ထိုနေရာတွင် အခန်းနှစ်ခန်းရှိနေသည်။
မို့ယီရှန်းသည် အခြောက်ခံထားသည့် ဆေးပင်များဆီသို့ တည့်တည့်သွား လိုက်သည်။
“အရင်က ဒီလိုဆေးပင်မျိုး မမြင်ဖူးဘူး” သူသည် အော်ပြီးနောက် လှည့် လာကာ ရှီမာယူယူအား ပျော်ရွှင်စွာကြည့်လေသည်။ ထိုဆေးပင်များသည် ဤ နေရာသို့ ပြောင်းရွှေ့လာရသည့်တွက် ကောင်းမွန်သည့် ဆုံးဖြတ်ချက်ဖြစ်သည် ဟု တွေးလိုက်မိသည်။
ရှီမာယူယူသည် လျှောက်လာပြီး သူ့ဘေးတွင် ထိုင်ချကာ ပြောလိုက် သည် “မင်းက ဆေးပင်တွေကို အဲလောက်တောင် သဘောကျတာလား”
“အင်း အနံ့ကအရမ်းမွှေးပြီးတော့ ကျွန်တော့်ကို အရမ်းသက်တောင့်သက် သာခံစားရစေတယ်” မို့ယီရှန်းသည် ပြုံးပြီးပြောလေသည်။
“ယီရှန်း ဆေးပင်တွေရဲ့အနံ့ကို ဘယ်တုန်းက စကြိုက်ခဲ့တာလဲ”
မို့ယီရှန်းသည် ခေတ္တမျှခေါင်းငုံ့စဉ်းစားပြီး ပြောလေသည် “ဘယ်တုန်းက စလဲဆိုတာတော့ မသိဘူး… အနံ့ရလိုက်တာနဲ့ အရမ်းသက်တောင့်သက်သာ ဖြစ်စေပြီး ပျော်တယ်”
“မင်းက ကျောင်းသားတွေ ဆေးသန့်စင်တာကို နေ့တိုင်းလာကြည့်နေ တာဆိုတော့ ကိုယ့်ဘာသာလုပ်မကြည့်ချင်ဘူးလား”
“ကျွန်တော်မလုပ်နိုင်ဘူး” မို့ယီရှန်း နှုတ်ခမ်းဆူသွားကာ စိတ်ပျက်စွာဖြင့် ပြောလေသည် “ကျွန်တော်က မကျင့်ကြံနိုင်ဘူးလို့ သူတို့ပြောကြတယ်.. ကျွန်တော့်ဘဝမှာ အဂ္ဂိရတ်ပညာရှင်ဖြစ်လာဖို့က မဖြစ်နိုင်ဘူး”
“ဘယ်သူက အဲလိုပြောလဲ ယီရှန်း မင်းက သေချာပေါက် အဂ္ဂိရတ်ပညာ ရှင် ဖြစ်လာနိုင်တယ်” ရှီမာယူယူသည် လက်ဆန့်ထုတ်ကာ သူ့ခေါင်းကိုထိ လိုက်သည် “ငါ့ကိုယုံလိုက် မင်းလုပ်နိုင်ပါတယ်”
“တကယ်လား” မို့ယီရှန်းသည် ရှီမာယူယူကိုကြည့်လိုက်သည်။ သူမ၏ မျက်လုံးထဲမှ ခိုင်မာမှုကိုမြင်သောအခါ ကျရှုံးမှုများပျောက်ကွယ်သွားပြီး သူ့ မျက်နှာတွင် ဖြူစင်သောအပြုံးသည် ထပ်ပေါ်လာသည်။
ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ သူက ကျားဖြူရဲ့စာချုပ်သခင်ဖြစ်လာ မှာပဲ ဘယ်လိုလုပ် မကျင့်ကြံနိုင်ရမှာလဲ။
မို့ယီရှန်းသည် လှည့်ပတ်ကြည့်ပြီး မည်သူမှမရှိသည်ကို သေချာသည်နှင့် သူ့ခေါင်းကို ရှီမာယူယူဘက်သို့တိုးကာ တိုးညင်းသောအသံဖြင့် ပြောလေသည် “ကျွန်တော် တစ်ခုပြောပြမယ် အဲဒါကိုဘယ်သူ့ကိုမှမပြောပါနဲ့”
သူ၏ လေးနက်သောညွှန်ကြားချက်ကို ကြားသောအခါ ရှီမာယူယူ ပြုံးမိ သည်။
“ကျွန်တော်ပြောမယ် တစ်ခါတလေကျ အဂ္ဂိရတ်ပညာရှင်ဖြစ်နိုင်တယ်လို့ ထင်တယ်” မို့ယီရှန်း ပြောလိုက်သည် “အဲလူတွေ ဆေးဖော်နေတာကိုတွေ့ရင် ကျွန်တော်သာ အဂ္ဂိရတ်ပညာရှင်သာဖြစ်ရင် ဘယ်လိုလုပ်မယ်ဆိုတာကို တွေး မိတယ်.. ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ကျွန်တော့်မှာ ဝိညာဉ်စွမ်းအင်မရှိလို့လေ မဟုတ်ရင် ကျွန်တော့်အကြံတွေကိုကြိုးစားကြည့်တယ်”
ကလေးစိတ်ရှိနေတဲ့လူတစ်ယောက်က ဘယ်လိုလုပ် အဂ္ဂိရတ်ပညာနဲ့ အဲ လောက်ရင်းနှီးနေတာလဲ။ သူ့ခန္ဓာကိုယ်ထဲမှာ တခြားဝိညာဉ်နေနေတာလား။ ဒါမှမဟုတ်ရင် ကလေးတုန်းက မှတ်ဉာဏ်တွေက သူ့ဟာမဟုတ်တာလား။
ရှီမာယူယူသည် အံ့ဩသွားသည်။ သို့သော် သူမ၏မျက်နှာတွင် အပြုံး တစ်ခုပေါ်လာသည် “မင်းကျင့်ကြံနိုင်ရင် မင်းရဲ့အကြံတွေကို စမ်းသပ်လို့ရမှာ ပေါ့.. မင်းအတွေးက မှန်ချင်လည်းမှန်နေမှာလေ”
“ခင်ဗျားက ကျွန်တော့်ကို မရယ်ဘူးဆိုတာ သိနေတယ်.. ဒီအကြောင်းကို သုန်လီ့ကိုတောင် မပြောဖူးဘူး” မို့ယီရှန်းသည် ချီးကျူးခံရသည့်ကလေးတစ် ယောက်သဖွယ် ပျော်ရွှင်စွာ ကခုန်လေသည်။
ပြီးခဲ့သည့်နှစ်ရက်တွင် သူမသည် မို့ယီရှန်းအကြောင်းကို သိထားပြီးဖြစ် သည်။ သူသည် ဤတိုင်းပြည်၏ မင်းသား ၇ ဖြစ်ကာ ကျောင်းတွင်သာ နေရ သည်ကို သူမ သိပြီးပြီဖြစ်၏။
ယခု သုန်လီကိုတောင် မပြောဖူးသည့် အကြောင်းအရာကိုပြောလာသည် မှာ သူ၏စိတ်ထဲတွင် သုန်လီ့ထက် သူမကိုပိုရင်းနှီးနေသည်မဟုတ်ပါလား။
သည်အရာသည် ရှေ့ဆက်တိုးရန် ခြေလှမ်းကြီးဖြစ်သည်။ “ငါက မင်းကို ဘာလို့ရယ်ရမှာလဲ.. ဒါက အဂ္ဂိရတ်ပညာမှာ မင်းရဲ့အရည်အချင်းပဲလေ.. မကျင့် ကြံနိုင်တာကတော့ ပြဿနာမဟုတ်ဘူး.. ငါလည်း မင်းအရွယ်လောက်မှ စပြီး ကျင့်ကြံခဲ့တာပဲ.. အဲမတိုင်ခင်က ငါလည်း သူများတွေခေါ်သလို အမှိုက်ဖြစ်ခဲ့ တာပဲ” ရှီမာယူယူသည် အားပေးလိုက်သည်။
“တကယ်လား” မို့ယီရှန်းသည် မယုံနိုင်ဖြစ်သည်။ သူသည် တုံးအသော် လည်း သူမသည် အလွန်အားကောင်းသည်ကို မြင်နိုင်သည်။
“ငါက မင်းကိုဘာလို့လိမ်ရမှာလဲ ငါက..” ရှီမာယူယူသည် သူမငယ်စဉ် မကျင့်ကြံနိုင်သည့်အခါက အတွေ့အကြုံတချို့ကို မျှဝေပေးရာ မို့ယီရှန်းသည် မှင်တက်နေသည်။
“အဲတော့ ခင်ဗျားလည်း အရင်က ကျွန်တော့်လိုပဲပေါ့” သူ အော်ပြောလေ ၏။
“ဟုတ်တယ် မင်းသာ ငါ့ကိုဆရာအဖြစ်အသိအမှတ်ပြုရင် မင်းကျင့်ကြံဖို့ အတွက် ငါနည်းလမ်းရှာပေးမယ်.. မင်း ကျင့်ကြံနိုင်ရင် အဂ္ဂိရတ်ပညာရှင်ဖြစ်ပြီး မင်းအကြံကို အကောင်အထည်ဖော်နိုင်မယ် ငါပြောတာ မမှန်ဘူးလား”
မိုယီရှန်းသည် တွေဝေသွားကာ ထပ်မံစဉ်းစားနေလေသည်။
“ငါ့ကိုဆရာအဖြစ် အသိအမှတ်ပြုရင် ဒီဟာတွေထက် ပိုပြီးတန်ဖိုးရှိတဲ့ ဆေးပစ္စည်းတွေ အများကြီးပေးမယ် အနာဂတ်မှာ မင်းရဲ့အဂ္ဂိရတ်ပညာ အတွက် ဆေးပစ္စည်းတွေကို ငါအကုန်ပေးနိုင်တယ် ဘယ်လိုလဲ” ရှီမာယူယူ သည် သူ့ကိုမကြောက်ဘဲ ပြုံးပြီးကြည့်လေသည်။
မို့ယီရှန်မှာ တွေဝေပြီး သဘောတူနေချင်သလိုဖြစ်နေကာ သူမ၏ ကတိ ကိုကြားပြီးနောက် သူ့မျက်လုံးများသည် ပို၍တောက်ပလာသဖြင့် ရုတ်တရက် ကလေးငယ်များကို ပါးနပ်စွာလူကုန်ကူး ပြန်ပေးဆွဲသည့်လူတစ်ယောက်လို ခံစားလိုက်ရသည်။
“ဒါဆိုလည်း ကောင်းပြီလေ ကျွန်တော်ဆရာအဖြစ် လက်ခံမယ်” မို့ယီရှန်းသည် နောက်ဆုံးတွင် သူမ၏အပေးအယူကို လက်ခံလိုက်သည် “ဆေး ပစ္စည်းတွေကဘယ်မှာလဲ ဆေးပစ္စည်းတွေကဘယ်မှာလဲ လာလေ ကျွန်တော့် ကိုပြပေး”
“စိတ်မပူပါနဲ့ မင်းသာ ငါ့ကိုဆရာအဖြစ်အသိအမှတ်ပြုမယ်ဆိုရင် အခမ်းအနားလေးတော့ လုပ်ရမှာပေါ့” ရှီမာယူယူ ပြောလိုက်သည်။
မို့ယီရှန်းသည် စိတ်မရှည်ဖြစ်ကာ သူမကို နှုတ်ခမ်းဆူပြီးစိုက်ကြည့်ကာ မကျေမနပ်ဖြစ်ကြောင်းကို ဖော်ပြလေသည်။
ရှီမာယူယူသည် နဖူးကိုထောက်ထားမိသည်။ ဒီလိုတပည့်ကိုလက်ခံရတာ တော်တော်ပင်ပန်းတာပဲ။
“အခမ်းအနားရဲ့ အစိတ်အပိုင်းတော်တော်များများကို မလုပ်ရင်တောင် အရေးအကြီးဆုံးအပိုင်းဖြစ်တဲ့ ဆရာ့ကို လက်ဖက်ရည်ဆက်သတာတော့ လုပ် ရမှာပဲမလား”
မို့ယီရှန်းသည် သူမကိုစိုက်ကြည့်ပြီး ခေတ္တမျှခေါင်းငုံ့သွားကာ မီးဖိုဆောင် ဆီသို့ပြေးသွားကာ ပန်းကန်လုံးရှာပြီး ရေဖြည့်ကာ ယူလာပြီး သူမရှေ့တွင် ဒူးထောက်လိုက်ကာ ခေါင်းအပေါ်သို့ ပန်းကန်လုံးကိုမြှောက်ရင်းနှင့် ပြောလေ သည် “ဆရာ လက်ဖက်ရည်သုံးဆောင်ပါ”
ရှီမာယူယူသည် သူ၏လေးနက်နေသောမျက်နှာကိုကြည့်ပြီး ဤအရာ သည် ကောင်းလွန်းနေပြီဟု သူမကိုယ်သူမပြောမိသည်။ သူမသည် ပန်းကန်လုံး ကိုယူပြီး ရေအေးကို တစ်ငုံသောက်လိုက်သည်။ ထို့နောက် ပန်းကန်လုံးကို ဝိညာဉ်စေတီအတွင်း ပစ်ထည့်လိုက်သည်။
ဘယ်လောက်တောင် စုတ်ပြတ်သပ်နေတဲ့ ဆရာတပည့်အသိအမှတ်ပြု အခမ်းအနားလဲ။ “ဒါက ဆရာက မင်းအတွက်ပေးတဲ့လက်ဆောင်ပဲ ရော့ ယူသွားပြီး ဆော့လိုက်.. မင်း နိုးထလာတဲ့အချိန်ကျရင် ဆရာတပည့် အခမ်းအနားကောင်းကောင်းလေး လုပ်ပေးမယ်” ရှီမာယူယူသည် မို့ယီရှန်း အတွက် ဆေးပစ္စည်းတချို့ထုတ်ပေးကာ သူ့ကိုမြေပေါ်မှဆွဲထူလိုက်သည်။
မို့ယီရှန်းသည် ထိုဆေးပစ္စည်းများကိုမြင်သောအခါ ယူပြီး အခန်းသို့ပြန် လေသည်။ သူ့အခန်းကို မပြင်ဆင်ရသေးကာ အရာအားလုံးသည် သူမ၏ မှော်ဝင်လက်စွပ်အတွင်း ရှိနေသည်ကို တွေးမိသဖြင့် သူ့အတွက် အခန်း ပြင်ဆင်ပေးလိုက်သည်။
ကျောင်းနှင့်မလှမ်းမကမ်းတွင်ရှိသော အိမ်တော်တစ်ခုတွင် ဖူရှီနှင့် လိပ်မည်းတို့သည် စစ်တုရင်ကစားနေသည်။ ဖူရှီ၏ လက်ထဲမှ စစ်တုရင်တစ်ခု မှာ ရုတ်တရက်ရပ်တန့်သွားပြီး ပြုံးကာပြောလေသည် “ဆရာတပည့်တွေ နောက်ဆုံးတော့တွေ့သွားပြီ.. ကြည့်ရတာယူယူက ကျားဖြူရဲ့စာချုပ်သခင်ကို တွေ့သွားပြီထင်တယ်… ဘယ်လိုလူလဲဆိုတာ သိချင်သေးရဲ့”
“သူမက အဲလူကိုတွေ့ပြီဆိုမှတော့ ငါတို့ဆီကိုခေါ်လာပြီး ပြသင့်တယ်” လိ်မည်းသည် နည်းနည်းမှမသိချင်ပေ။ လွဲမှားနေသောအချိန်ကြောင့်သာ မဟုတ်လျှင် ရှီမာယူယူအပင်ပန်းခံနေရသည်ကို မြင်ချင်သည်။ သို့သော် ထို အခိုက်အတန့်တွင် သူသည် မရယ်နိုင်ပေ။
မကျင့်ကြံနိုင်သည့်လူကို ကျောင်းတွင်ရှာရသည်မှာ အမှိုက်တစ်ခုအပြင် ဘာတွေ့နိုင်မလဲ။ ကျားဖြူကိုတွေးမိသည်နှင့် နှစ်ယောက်လုံးသည် သက်ပြင်း မချဘဲမနေနိုင်တော့ပေ။
အမှိုက်ဖြစ်ရသည်မှာ ဆိုးသည့်အရာဟုသူတို့ တွေးခဲ့ကြသည်။ မို့ယီရှန်း ကိုတွေ့လိုက်ရချိန်တွင် ထိုကိစ္စသည် ဆိုးရုံတင်မကဘဲ အဆိုးဆုံးဖြစ်သည်ကို သိလိုက်ရသည်။
“ဒါက မင်းရဲ့တပည့်လား” ဖူရှီသည် မျက်ရည်မထွက်ဘဲငိုချချင်မိသည်။
“အဇူရာနဂါး မင်းက အခု ဂမ္ဘီရပညာရှင်ဖြစ်နေပြီပဲ ဂမ္ဘီရဉာဏ်နဲ့ ကြည့် ကြည့်ပါဦး သူမကလူမှားပြီးများရှာလာတာလား” လိပ်မည်းသည် မို့ယီရှန်း၏ ဖြူစင်လှသော မျက်လုံးများကိုကြည့်ပြီး တည့်တည့်ပင်မကြည့်ရဲတော့ပေ။
ရှီမာယူယူလည်း အကူအညီမဲ့မိသည် “ငါ လူမှားလာလားလို့ ဖူရှီ့ကို စစ်ဆေးခိုင်းချင်တာ”
မနေ့က မို့ယီရှန်းကို အသိအမှတ်ပြုပြီးနောက် သူသည် ဆေးပစ္စည်းများ ကိုရှာနေခဲ့သည်။ သူ့ကို ဖူရှီတို့နှင့်အရင်တွေ့ပေးရမည်ဟု ထင်သဖြင့် သူ့ကို ဤနေရာသို့ခေါ်လာခြင်းပင်။ ယခု သူ၏ပုံစံကိုကြည့်လျှင် အဖြေပေါ်နေသည် မှာရှင်းလင်းနေသည်။
***