အကြောင်းအရင်းတစ်ခု
Vol. 163 Ch. 2279
ခြံထဲမှ ဆေးပင်များကို ရူးသွပ်စွာကြည့်နေသည့် မိုယီရှန်းကို ကြည့်ပြီး လူတစ်စုသည် အကူအညီမဲ့နေသည်။
“ကျားဖြူရဲ့စာချုပ်သခင်က မကျင့်ကြံနိုင်တဲ့လူဖြစ်ရုံတင်မကဘူး ဉာဏ် ရည်က နှစ်နည်းနည်းပဲရှိသေးတာပဲ.. ယူယူ သူ့ကိုကျင့်ကြံနိုင်အောင် လမ်းညွှန် နိုင်မှာသေချာရဲ့လား” ဝမ်ရှီသည် ရှီမာယူယူကို သနားသလိုကြည့်လေသည်။
ရှီမာယူယူသည် သက်ပြင်းချပြီးပြောလေသည် “ရပါတယ် တခြား ရွေးချယ်စရာမှမရှိတာ.. ဒါပေမဲ့ ယီရှန်းက အဲလောက်ရိုးရှင်းမယ်လို့ မထင်ဘူး”
“ဘာတွေ့ထားလို့လဲ” ပိုင်ရှောင်ဖေး မေးလေသည်။
ယခုအချိန်တွင် သူသည် ပထမဆုံးတွေ့စဉ်ကသကဲ့သို့ အေးစက်မနေ တော့ပေ။ သူသည် လက်ထပ်သွားပြီးနောက် ရင်ထဲမှအေးစက်မှုသည် ပျော်ရွှင် သည့်ဘဝသို့ ကူးပြောင်းသွားသည်နှင့်တူသည်။
“သူက အဂ္ဂိရတ်ပညာကိုအရမ်းကြိုက်သလို ဆေးပစ္စည်းတွေကိုလည်း အရမ်းကြိုက်တာ အဲဒါတင်မကသေးဘူး အဂ္ဂိရတ်ပညာမှာ အရမ်းအားရုံခံပါး တယ်.. သူ့မှာ ဝိညာဉ်စွမ်းအင်မရှိပေမဲ့ တခြားလူတွေ ဆေးလုံးလုပ်တာကို ခံစားနိုင်တယ်.. ဆေးပစ္စည်းတွေကိုလည်း အရမ်းရင်းနှီးနေတယ်” ရှီမာယူယူ ပြောလိုက်သည် “အဲအကြောင်းကို မပြောရသေးဘူး.. သူက စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိပြီး မကျင့်ကြံနိုင်တဲ့သူဆိုပေမဲ့ အဲဒါကို သာမန်အဂ္ဂိရတ်ပညာရှင် တွေတောင်လုပ်နိုင်တာမဟုတ်ဘူး”
“သူက မင်းလိုမျိုးဖြစ်နိုင်တယ်လို့ပြောတာလား သူက ဝိညာဉ်ပြန်ရှင်သန် လာတာလား” လိပ်မည်း ပြောလေသည်။
ထိုအကြောင်းကို လိပ်မည်းသိထားလိမ့်မည်ဟု ရှီမာယူယူ ထင်မထားပေ။ သူတို့အားလုံးသည် သူမ၏အတိတ်ကိုသိထားပုံပင်။ သူမခေါင်းညိတ်ပြီး ပြော လိုက်၏ “ကျွန်မက ဒီအတိုင်းမှန်းကြည့်တာပါ မသေချာသေးဘူး.. သူ့မှာ လျှို့ဝှက်ချက်ရှိနေတယ်လို့ပဲပြောနိုင်တယ်”
“အင်း အဲဒီလျှို့ဝှက်ချက်တွေက သူ့စိတ်ပိုင်းဆိုင်ရာချို့ယွင်းချက်ရဲ့ အကြောင်းအရင်းဖြစ်နိုင်တာပဲ” ဖူရှီ ပြောလိုက်သည် “ဒီကိစ္စတွေကို ငါတို့ မင်း ကိုမကူညီနိုင်ဘူး မင်းဘာသာမင်း ရှာရမယ်.. မင်းအတွက်လည်း ပင်ပန်းမှာပဲ”
“ဘာအမှားမှမရှိရင် သူ့ကိုပြန်ပို့လိုက်တော့မယ်.. ငါ ပြန်ရောက်ရင် သူ မကျင့်ကြံနိုင်တဲ့အကြောင်းအရင်းကို ဖြစ်နိုင်သလောက်မြန်မြန်ရှာရမယ်” ရှီမာ ယူယူသည် ပြောပြီးနောက် ထွက်သွားလေသည်။
မို့ယီရှန်းသည် ခြံထဲတွင်ထိုင်ပြီး ရှီမာယူယူပေးသည့် ဆေးပင်များကို ကြည့်ပြီးအနံ့ခံနေလေသည်။ ရှီမာယူယူ ထွက်လာသည်ကိုမြင်သည်နှင့် မတ်တတ်ရပ်ကာ ပျော်ရွှင်စွာ ပြေးလာပြီးပြောလေသည် “ဆရာ ဒီထဲမှာ စွမ်းအားတွေအများကြီးရှိတယ်”
ရှီမာယူယူသည် သူ့လက်ထဲမှ ဆေးပင်များကိုကြည့်လိုက်သည်။ သူမ သည် ထိုဆေးပင်များကိုတရင်းတနှီးရှိသည်။ သူမသည် အဆင့် ၉ ဆေးပင်များ ကို သန့်စင်နိုင်သည်။ ဆေးပင်တွေထဲမှာကို အဆင့်တော်တော်မြင့်ပေမဲ့ သူမက ဘာလို့ဘာစွမ်းအားမှ မခံစားမိတာလဲ။
“ဆရာ” မို့ယီရှန်းသည် ရှီမာယူယူ ဆေးပင်ကိုစိုက်ကြည့်နေသည်ကို မြင် သည်နှင့် သူမလက်ထဲသို့ ဆေးပင်ကိုထိုးထည့်ပြီး ပျော်ရွှင်စွာကြည့်လေသည်။
သူ၏မျက်လုံးများကို မြင်သည့်အချိန်တိုင်းတွင် ရှီမာယူယူသည် ဘာကိုမှ မငြင်းဆန်နိုင်ပေ။ သူမသည် သူ့ခေါင်းကိုပုတ်ပြီး ပြောလိုက်သည် “ငါတို့ ယီရှန်း ကအရမ်းကိုအားကောင်းတာပဲ.. ဆေးပင်တွေရဲ့ စွမ်းအားကိုတောင် အာရုံခံနိုင် တယ်”
“ဟီးဟီး” မို့ယီရှန်းသည် ချီးကျူးခံရသဖြင့် ပျော်ရွှင်စွာပင် ရယ်မောလေ သည်။
“ကျောင်းကိုပြန်သွားရအောင်” ရှီမာယူယူသည် ဆေးပင်ကို သူ့ဆီပြန်ပေး လိုက်သည် “ပြန်သွားပြီး ဒီစွမ်းအားကဘာလဲဆိုတာ လေ့လာရအောင် ဟုတ်ပြီ လား”
“ဟုတ်ပြီ” မို့ယီရှန်း ခေါင်းညိတ်လေသည်။ ရှီမာယူယူသည် တခြားသူ များကိုပြန်ကြည့်ပြီး မို့ယီရှန်းနှင့်အတူ ထွက်ခဲ့လိုက်သည်။
“ယူယူက တကယ်ပဲ သူ့ကိုစိတ်ရှည်တာပဲ.. ကံကောင်းလို့ လင်းယူက နတ်ဆိုးလောကမှာကိစ္စရှိလို့ ပြန်သွားလိုက်တာ.. မဟုတ်ရင် ငါတို့ဆီကို ရှာလကာရည်တွေလာစင်နိုင်တယ်” လိပ်မည်းသည် ဘာကိုမှစိတ်မလှုပ်ရှားနေ သည်အလား နောင်တရစွာဖြင့် ပြောလေသည်။
ဖူရှီသည် သူ့ကိုမျက်လုံးလှိမ့်ပြပြီး လှည့်ထွက်ခဲ့လိုက်သည်။ သူသည် ဤလူကြီးကို ဖြေရှင်းရမည်ကို ပျင်းရိလှသည်။
ရှီမာယူယူ မို့ယီရှန်းကို ကျောင်းသို့ခေါ်လာချိန်တွင် သူမ၏ခြံဝင်းအဝင်ဝ တွင် အနက်ရောင်ဝတ်ထားသည့်လူငယ် နောက်တစ်ယောက်ကိုတွေ့လိုက်ရ သည်။
ထိုလူငယ်လေးသည် လက်ကိုနောက်ပြန်ပစ်ထားကာ တံခါးတွင်ရပ်နေ ပြီး ခြံဝင်းလေးကိုကြည့်နေသည်။ သူ့အနောက်မှ လှုပ်ရှားသံများကိုကြားသည် နှင့် ရှီမာယူယူနှင့် မို့ယီရှန်းဘက်သို့လှည့်ကြည့်လေသည်။ ရှီမာယူယူ၏ အင်္ကျီ လက်ကို မို့ယီရှန်းကိုင်ထားသည်ကိုမြင်သည်နှင့် သူ့မျက်လုံးမှာ တလက်လက် တောက်သွားသည်။
သူ လူတစ်ယောက်ကို ဘာလို့အဲလောက်တောင် ယုံရတာလဲ။
မို့ယီရှန်းသည် သူ့ကိုမြင်သည်နှင့် ပျော်ရွှင်စွာပင် ရှီမာယူယူ၏အင်္ကျီလက် ကိုလွှတ်ပြီး ပြေးသွားကာဖက်ရင်းနှင့်ပြောလေသည် “အစ်ကိုတော် ၆ ပြန်လာ ပြီ ယီရှန်းကိုကြည့်ပါဦး”
မို့ယီသည် မို့ယီရှန်း၏ကျောပြင်ကိုပုတ်ပြီးပြောလေသည် “အင်း ဘုရင်က ငါ့ကိုတွေ့ဖို့ခေါ်နေတာ ငါ မင်းကိုလာတွေ့တာ အခြေအနေကောင်းရဲ့လား”
“အင်း ယီရှန်းက နေ့တိုင်းပျော်နေတယ်” မို့ယီရှန်းသည် သူ့ကိုလွှတ်ပြီး ရှီမာယူယူဆီသို့ ဆွဲသွားကာ ပြောလေသည် “အစ်ကိုတော် ၆ ဒါက ကျွန်တော့် ဆရာလေ.. ဆရာ အစ်ကိုတော် ၆ ကကျွန်တော့်ကိုလာကြည့်တာ”
ထိုလူငယ်လေးသည် မို့ယီရှန်းနှင့် ကိုယ်လုံးကိုယ်ပေါက်ခပ်ဆင်ဆင်ဖြစ် ကာ အင်္ကျီနှင့်မျက်နှာပါတူနေသော်လည်း ဤလူငယ်သည် ပိုရင့်ကျက်သည် ကို ရှီမာယူယူသိလိုက်သည်။
မိုယီသည် ရှီမာယူယူကိုကြည့်ပြီး ဦးညွှတ်ကာ အရိုအသေပြုလေသည် “ယီရှန်းကို စောင့်ရှောက်ပေးတာ ကျေးဇူးတင်ပါတယ်”
“မင်းက မို့ယီလိုင်းလား” ရှီမာယူယူ မေးလိုက်သည်။
“ဟုတ်ပါတယ်”
“မင်းက တော်ဝင်ဂူသင်္ချိုင်းကို စောင့်ကြပ်နေတယ်လို့ ကြားတယ်”
“ဟုတ်ပါတယ်”
“မင်းထွက်လာပြီးတော့ ဒီတစ်ခေါက်မပြန်တော့ဘူးလား”
“ဟုတ်ပါတယ်”
ရှီမာယူယူ ခေါင်းညိတ်ပြီးပြောလိုက်သည် “မင်း ဒီကိုရောက်မှတော့ အထဲ ဝင်ပြီးထိုင်ပါဦး ငါ မင်းကိုမေးချင်တာရှိတယ်”
“အစ်ကိုတော် ၆ ကျွန်တော်ပြောမယ် ဆရာကအရမ်းကောင်းတာ သူမရဲ့ အဂ္ဂိရတ်ပညာက သုန်လီထက်တောင် ကောင်းသေးတယ် ပြီးတော့ သူမမှာ အနံ့အရမ်းကောင်းတဲ့ ဆေးပင်တွေအများကြီးရှိတယ်”
“အစ်ကိုတော် ၆ ဆရာက ကျွန်တော့်ကိုအရမ်းကောင်းပေးတယ် သူမက အမေ့လိုပဲ ကြင်ကြင်နာနာပြောတာ.. ပြီးတော့ ယီရှန်းကိုဘယ်တော့မှ မဆူဘူး”
“အစ်ကိုတော် ၆ လျှို့ဝှက်ချက်တစ်ခုပြောပြမယ်.. ဆရာက ဒီမှာခဏပဲ နေတာ.. ဆရာထွက်သွားရင် ကျွန်တော်ဘယ်လိုလုပ်ရမှာလဲ”
မိုယီလိုင်းသည် မရောက်ခင်ကတည်းကပင် မို့ယီရှန်းပြောသမျှကို ပြုံးပြီး နားထောင်ပေးနေသည်။ ထိုစကားကိုကြားပြီးနောက် သူ မေးလိုက်သည် “အဲဒါ ကိုမင်းဘယ်လိုသိတာလဲ”
“ဒီအတိုင်းသိတာလေ” မို့ယီရှန်းသည် နှုတ်ခမ်းဆူပြီးပြောလေသည် “ဆရာ့မှာ မသေမျိုးစွမ်းအင်ရှိတယ်.. မသေမျိုးစွမ်းအားနဲ့ နတ်သမီးက ဘယ်လို လုပ် ဒီမှာအကြာကြီးနေမှာလဲ”
“ယီရှန်းက မသေမျိုးစွမ်းအားကိုတောင် မြင်နိုင်တာလား.. ဒါဆိုရင် အစ်ကိုတော် ၆ မှာ မသေမျိုးစွမ်းအားရှိလားဆိုတာ ကြည့်ပါဦး” မို့ယီလိုင်းသည် ပြုံးပြိးပြောလေသည်။
“တကယ် အစ်ကိုတော် ၆ က ကျွန်တော်ပြောတာမယုံဘူး”
“ငါယုံပါတယ် ယီရှန်းပြောသမျှကိုအကုန်ယုံတယ်”
ရှီမာယူယူသည် မို့ယီရှန်း၏စကားများကို ကြားလိုက်ချိန်တွင် တိတ်တိတ် လေး ပြုံးကာ ပြောလိုက်သည် “ယီရှန်း မင်းရဲ့အစ်ကိုတော် ၆ ကိုအိမ်ထဲခေါ် သွားပြီး စကားပြောနှင့်ဦး ငါ မင်းတို့အတွက် အစားအသောက်သွားလုပ်လိုက် ဦးမယ်”
ထိုကျောင်းငယ်တွင် စားစရာနေရာမရှိပေ။ ရှီမာယူယူသည် မစား မသောက်ဘဲနေနိုင်သော်လည်း မို့ယီရှန်းသည် မနေနိုင်ပေ။ သူမသည် သူတို့ အတွက် ကိုယ်တိုင်ပင်ချက်ပြုတ်ပေးလိုက်သည်။
“အစ်ကိုတော် ၆ ကျွန်တော်ပြောပြမယ် ဆရာ့ချက်တဲ့ဟင်းတွေက အရမ်း အရသာရှိတာ.. ကျွန်တော်မနေ့ညကစားပြီးပြီ အရင်ကစားဖူးတာထက်တောင် အရသာပိုကောင်းသေးတယ်” မို့ယီလိုင်းသည် ခုံတစ်ခုံဆွဲပြီးထိုင်လိုက်ချိန်တွင် မို့ယီရှန်းသည် ပျော်ရွှင်စွာပြောဆိုရင်းနှင့် သူ့ဘေးမှခုံတစ်ခုံကိုဆွဲပြီး ထိုင်ကာ သူ့အင်္ကျီလက်ကိုဆွဲလေသည်။
မို့ယီလိုင်းသည် သူ့အင်္ကျီလက်ကိုဆွဲနေသည်ကိုမြင်သောအခါ ရှီမာယူယူ ၏ အင်္ကျီလက်ကိုဆွဲပုံကို ပြန်တွေးမိသွားသည်။
ရှီမာယူယူသည် သူတို့နှစ်ယောက် စားရန် အစားအသောက်များ ပြင်ဆင် လာသည်။ ထို့နောက် သူမ၏အခန်းသို့ပြန်သွားသည်။ မို့ယီလိုင်းတံခါးလာ ခေါက်ချိန်တွင် ညမိုးချုပ်နေပြီဖြစ်သည်။
“ဝင်လာခဲ့ပါ”
မို့ယီလိုင်းသည် သူမ၏ပြန်အဖြေကိုကြားသောအခါ တံခါးဖွင့်ပြီးဝင်သွား လိုက်သည်။ သူဝင်သွားသောအခါ မီးအိမ်အောက်တွင် စာအုပ်တစ်အုပ်ကို အေးအေးလူလူဖတ်နေသည့် မိန်းမလှလေးတစ်ဦးကိုတွေ့လိုက်ရသည်။
“သူ အိပ်သွားပြီလား” ရှီမာယူယူသည် ခေါင်းမော့ပြီးမေးလေသည်။
“ဟုတ်တယ်” မို့ယီလိုင်းသည် ခေါင်းညိတ်ပြီး လျှောက်သွားကာ သူမနှင့် မျက်နှာချင်းဆိုင်တွင်ထိုင်ကာ ပြောလိုက်သည် “ယီရှန်းမှာ နောက်ဆရာတစ် ယောက်ရှိလိမ့်မယ်လို့ထင်မထားဘူး ယီရှန်းက ခင်ဗျားကို အရမ်းသဘောကျ နေတာ.. ခင်ဗျားကိုတွေ့ပြီးတော သူအရမ်းပျော်နေတာကို ကျွန်တော်မြင်ရပါ တယ်”
“ယီရှန်းက အရမ်းကိုရိုးရှင်းတဲ့ကလေးပါ” ရှီမာယူယူ ပြောလိုက်သည် “ကျွန်မသူ့ကို ထိခိုက်အောင်လုပ်မှာကို စိတ်ပူဖို့မလိုပါဘူး”
“ဒါပေမဲ့ ခင်ဗျားမှာ တခြားရည်ရွယ်ချက်ရှိနေတယ်မလား”
***