← Chapters

သူကထူးခြားတယ်ဆိုတာသိနေတယ်

Vol. 163 Ch. 2280

သူကထူးခြားတယ်ဆိုတာသိနေတယ်

Vol. 163 Ch. 2280

ရှီမာယူယူသည် သူ့ကိုစိုက်ကြည့်နေသည်။ သူသည် ရှက်ရွံ့ခြင်းမရှိဘဲ သူမကိုပြန်ကြည့်လေသည်။

“ငါ့မှာ တခြားယုတ်မာတဲ့စိတ်ရှိနေရင် မင်းဘာလုပ်နိုင်မှာလဲ” သူမ ပြုံး လိုက်သည်။

“ကျွန်တော်ကသိချင်တာပါ သူ့ကိုဘာလုပ်ချင်တာလဲ” မို့ယီလိုင်း မေး လေသည် “သူ့စိတ်က အခုထိကလေးစိတ်ပဲရှိသေးတာ ဘယ်လိုကျင့်ကြံရမလဲ ဆိုတာမသိသေးဘူး.. အဲတော့ သူက ခင်ဗျားအတွက် အသုံးမင်တဲ့လူတစ် ယောက်ပဲ.. မင်းသားဆိုတဲ့ သူ့ရာထူးကိုသုံးချင်တယ်ဆိုရင် ပိုပြီးတော့ သင့်တော်ဦးမယ်”

“ဒီအကြောင်းကြောင့် မင်းသေရမယ်ဆိုရင်ရော” ရှီမာယူယူ မေးလေ သည်။

မို့ယီလိုင်းသည် ရှီမာယူယူကို ကြည့်လိုက်သည်။ သူမသည် နူးညံ့စွာပြုံး လိုက်သည်။ သို့သော် သူမသည် သေဆုံးခြင်းကို ဘာမှမဟုတ်သလို ထုတ်ပြော နေသည်။ ထိုအရာမှာ အလွန်လှပေသော်ငြား အေးစက်သည့် ဘိန်းပန်းနှင့်တူ သည်။

“ယီရှန်း ဘေးကင်းမယ်ဆိုရင် ကျွန်တော့်ကိုသတ်လည်း ဘာအရေးလဲ” သူသည် နာကျင်စွာဖြင့် အခိုင်အမာပင်ပြောလိုက်သည်။ အကယ်၍ သူ့အသက် ကိုယီရှန်းနှင့် အလဲအလှယ်လုပ်ရမည်ဆိုလျှင် သေချာပေါက် တွန့်ဆုတ်နေမည် မဟုတ်ပေ။

ရှီမာယူယူသည် သူ့ကိုအလေးအနက်စိုက်ကြည့်ကာ ပြောလိုက်သည် “သူ့မှာ မင်းလို အစ်ကိုရှိတာ ကောင်းလိုက်တာ.. ငါက သူ့ရဲ့မင်းသားဆိုတဲ့ သရုပ်မှန်ကြောင့်လာတာမဟုတ်ဘူး.. ဒါပေမဲ့ စိတ်မပူပါနဲ့ ငါ သူ့ကိုလည်း မသတ်ဘူး.. သူ့ပခုံးမှာ လုပ်ရမယ့်တာဝန်ရှိတယ်.. ဒီတာဝန်ကို သူ့ကိုယူခိုင်းဖို့ ငါလာရုံတင်ပဲ”

မို့ယီလိုင်းသည် သူမ ပြောလိုက်သောစကားကြောင့် အနည်းငယ် အံ့ဩ သွားသည်။ သို့သော် အလျင်အမြန်ပင်လက်ခံက ပြောလိုက်သည် “သေချာနေ ပြီပဲ”

“သူက ထူးခြားတာကို မင်းသိတယ်မလား” ရှီမာယူယူ မေးလိုက်သည်။

မို့ယီလိုင်း ခေါင်းညိတ်လေသည်။

“ကြည့်ရတာ မင်းသတိထားမိတာပဲ” ရှီမာယူယူ ပြောလိုက်သည် “သူနဲ့ ဆေးပင်တွေက ဘာဖြစ်ခဲ့ကြတာလဲ”

မို့ယီလိုင်းသည် ခေတ္တမျှတွေဝေပြီးနောက် ပြောလိုက်သည် “ကျွန်တော် လည်းမသိဘူး.. ကျွန်တော်သိတာက သူက ကလေးကတည်းက ဆေးပင်တွေ ကို စွဲလမ်းတယ်.. ဆေးပင်တွေနဲ့ရှိရင် အရမ်းကိုလိမ္မာတယ်”

“အဲဒါတင်ပဲလား”

မို့ယီလိုင်း ခေါင်းညိတ်လေသည် “သူမွေးတုန်းက ကောင်းကင်မှာ အလင်း တွေပြည့်နေခဲ့တယ်လို့ သူ့အမေကပြောဖူးတယ်.. အခမည်းတော်ကလည်း အရမ်းပျော်ခဲ့တာ.. ဒါပေမဲ့ သူ့စိတ်က ၃၊၄ နှစ်လောက်နဲ့ရပ်သွားတာကို သိသွား တော့ စိမ်းကားသွားတာပဲ.. နောက်တော့ သူ့အမေဆုံးသွားတယ် ကျွန်တော် လည်း တော်ဝင်ဂူသင်္ချိုင်းကို စောင့်ကြပ်ခဲ့ရတယ်… နန်းတော်ထဲမှာနေရတဲ့ သူ့ ဘဝက ဆိုးခဲ့ပါတယ်.. သူ့ကို ဒီမှာနေခွင့်ရအောင်လို့ ဘုရင့်ကိုသဘောတူဖို့ ကြိုးစားခဲ့တယ်.. ကျန်တာကိုတော့ အများကြီးမသိဘူး”

“တော်ဝင်မိသားစုက အကြင်နာမဲ့တယ်လို့ပြောကြတယ် မင်းက ဘာလို့ ယီရှန်းကို ဒီလောက်ကြင်နာတာလဲ”

“ကျွန်တော်တို့က အမေမတူပေမဲ့ ကျွန်တော့်အသက်က သူမပေးထား တာပါ.. သူမမရှိတော့တဲ့အချိန်မှာ သူကိုစောင့်ရှောက်ပေးရမှာပဲလေ” မို့ယီလိုင်းသည် အကျယ်ချဲ့မပြောသော်လည်း ရှီမာယူယူခန့်မှန်းမိသည်။

“သူတို့တွေက ကြည့်တတ်တာပဲ” ရှီမာယူယူသည် မစဉ်းစားဘဲ အမွှမ်း တင် ပြောဆိုလိုက်သည်။

မို့ယီလိုင်းပြန်လာရသည့် အကြောင်းအရင်းကို သူမ ခန့်မှန်းမိပြီးသားဖြစ် သည်။ ကျောင်း၏အခြေအနေနှင့် အသစ်ရွေးချယ်ထားသောကျောင်းသားများ ကို ပေါင်းကြည့်လိုက်လျှင် ကျောင်းအုပ်ကြီး၏သဘောထားကို သိနိုင်မည်ဖြစ် သည်။ ဤမို့ယီလိုင်းသည် မင်းသား ၄ ထက်တော့သာသည်။ ဤကဲ့သို့ အင်အား မရှိသည့်မင်းသားကို ရွေးချယ်ရသည်မှာ ခက်ခဲသော်လည်း သူတို့အတွက် နောက်ဆုံးရွေးချယ်မှုသာဖြစ်သည်။

မို့ယီလိုင်းသည် သူမအားကြည့်ပြီးမေးလေသည် “ကျွန်တော့်ကိုပြောပြပါ ယီရှန်းကိုဘာလုပ်စေချင်တာလဲ သူ့တာဝန်ကဘာလဲ”

“သူထမ်းထားရတဲ့တာဝန်က ကမ္ဘာပေါ်ကလူတွေရဲ့ အသက်နဲ့အနာဂတ် မူတည်နေတယ်” ရှီမာယူယူ ပြောလိုက်သည်။ သူ မျက်မှောင်ကြုတ်သွားသည် ကိုမြင်သည်နှင့် ရှင်းပြလေသည် “ငါပြောတဲ့ ဒီကမ္ဘာပေါ်ကလူဆိုတာက မင်းတို့ တိုင်းပြည်ကလူတင်မဟုတ်ဘူး တစ်ကမ္ဘာလုံးပဲ.. မင်းတို့တိုင်းပြည်၊ မင်းတို့ တိုက်ကြီးနဲ့ တခြားတိုက်တွေလည်းပါတယ်”

ဤတိုက်ကြီး၏အပြင်ဘက်တွင် တခြားတိုက်ကြီးများရှိသည်ကို မို့ယီလိုင်း မသိခဲ့ပေ။ သို့သော် သူမ ထိုအကြောင်းပြောချိန်တွင် သူသည် ခမ်းနား ထည်ဝါသည့်ကမ္ဘာကြီးကိုမြင်လိုက်ရသလိုပင်။ မြန့်တိုက်ကြီးသည်လည်း ၎င်း၏ သေးငယ်သောအစိတ်အပိုင်းတစ်ခုသာဖြစ်လေသည်။

“ခင်ဗျားက အပြင်ကလား” သူ မေးလိုက်သည်။

“ဟုတ်တယ် ငါက ဒီတိုက်ကြီးကို ယီရှန်းအတွက်လာခဲ့တာ”

“ဒီမှာဘယ်လောက်ကြာအောင်နေမှာလဲ”

“ယီရှန်းရဲ့အခြေအနေကိုကြည့်ဦးမယ်.. သူ့တာဝန်ကို ယူနိုင်သွားရင် ငါ့ အလုပ်ပြီးသွားပြီ” ရှီမာယူယူမသိသေးသော်လည်း တိုတောင်းလှသည့်ကာလ မဟုတ်သည်ကို ခံစားရသည်။

“ခင်ဗျားသွားရင် ယီရှန်းလည်းသွားရမှာလား”

“ဟုတ်တယ်” ရှီမာယူယူသည် သူ့ကိုမဖုံးကွယ်တော့ပေ။ မို့ယီရှန်းသာ ကျားဖြူနှင့်စာချုပ်တည်ထောင်ပြီး ကျားဖြူနိုးထလာပြီး သူ့နေရာသို့ အောင်မြင်စွာ ပြန်နိုင်ရန် ဖြေရှင်းရန်အချိန်လိုသေးသည်။ ကျားဖြူ၏ စာချုပ် သခင်ဖြစ်သော မို့ယီရှန်းသည် သူတို့နှင့်အတူ ထွက်သွားရမည်ဖြစ်သည်။

ကျားဖြူ၏ဒဏ်ရာမှာ ပျောက်သွားပြီဖြစ်သော်လည်း အိပ်မောကျနေဆဲ ဖြစ်ကာ မို့ယီရှန်း၏ စာချုပ်ကသာသူ့ကို နှိုးနိုင်ကြောင်း လိပ်မည်းနှင့်တခြားသူ များပြောခဲ့သည်ကို သူမ တွေးမိသွားသည်။ အကယ်၍ မို့ယီရှန်းသည် စောစီးစွာ စာချုပ်တည်ထောင်ခဲ့လျှင် သူ့၏ကိုယ်ပိုင်အင်အားရှိမည်မဟုတ်ပေ။ တိုက်ပွဲ ဖြစ်လာရင် သူက အနောက်ကနေပဲကြည့်နေမှာလား။ စာချုပ်မတည်ထောင် ခင် သူ့အင်အားပိုသန်မာလာတဲ့အထိစောင့်ရမယ်ဆို နှစ်ရာချီစောင့်ရမှာလား။

ခေါင်းကိုက်စရာပဲ။

သူမ၏စိတ်ထဲတွင် မည်သည့်အတွေးများရှိသည်ကို မို့ယီလိုင်းမသိပေ။ သို့သော် မို့ယီရှန်းသည် ကမ္ဘာကြီးကို ပခုံးထမ်းထားရသည်ဆိုသည့် သတင်းကို ကြေညက်အောင်လုပ်နေရသည်။ သူတို့နှစ်ယောက်သည် ခေတ္တမျှနှုတ်ဆိတ် သွားကြသည်။

“အစ်ကိုတော် ၆ ဒီမှာဘာလို့ ဆရာနဲ့အတူရှိနေတာလဲ” မို့ယီရှန်းသည် အခန်းတံခါးတွင်ပေါ်လာကာ သူ၏အိပ်ချင်မူးတူးမျက်လုံးများကို ပွတ်သပ်နေ သည် “ယီရှန်းနဲ့အတူမအိပ်ဘူးလား”

“အစ်ကိုတော် ၆ က မင်းဒီမှာလိမ္မာလားဆိုတာ မင်းရဲ့ဆရာနဲ့စကားပြော နေတာ” မို့ယီလိုင်းသည် ပြောကာ ထရပ်ပြီးရှီမာယူယူအား ပြောလိုက်သည် “မရှင်းတာတွေကိုပြောပေးလို့ ကျေးဇူးတင်ပါတယ် နောက်လည်းကျနေပြီ ကျွန်တော် အရင်ပြန်နှင့်ပါတော့မယ်”

“နေဦး” ရှီမာယူယူသည် သူ့ဆီသွားကာ သူ၏မျက်ခုံးကြားသို့ လက်ချောင်းတင်ကာ ပြောလိုက်သည် “မင်းနဲ့ငါက ရေစက်ပါတယ်.. မြန့်တိုက် ကြီးမှာရှိတုန်း ငါ မင်းကိုစောင့်ရှောက်ပါမယ်”

အစေ့ကောင်းကောင်း သေဆုံးသွားလျှင် နှမြောဖွယ်ရာဖြစ်သည်။

အရေးအကြီးဆုံးမျာ သူနိုးထလာမှပင် အဇူရာလေကျောင်းသည် မြဲမြံ သွားမည်ဖြစ်သည်။ ယခုအချိန် ကျောင်းအခြေအနေ ငြိမ်သွားလျှင် သူမနှင့် မို့ယီချန်းတို့တွင် ပိုကောင်းသောပတ်ဝန်းကျင်ရှိလာမည်ဖြစ်သည်။ မို့ယီလိုင်း သေဆုံးသွားလျှင် မို့ယီရှန်းကို ရိုက်ခတ်စေလိမ့်မည်။

မို့ယီလိုင်းသည် သူမကို ပေါ့ပေါ့ပါးပါးပင်ကြည့်လိုက်ရာ သူ၏အသိစိတ် ပင်လယ်တွင် ပုံရိပ်တစ်ခုခပ်သဲ့သဲ့ပေါ်လာသဖြင့် သူမကို သံသယများဖြင့် ကြည့်လိုက်သည်။

“အဲဒါက ငါ့ရဲ့ဝိညာဉ်ပုံတူပဲ.. ငါ မြန့်တိုက်ကြီးမှာရှိနေတဲ့အတောအတွင်း မင်းအသက်အန္တရယ်နဲ့ကြုံလာရင် သူမက မင်းကိုကာကွယ်ပေးလိမ့်မယ် ငါ လည်းအဲဒါကိုခံစားမိလိမ့်မယ်” ရှီမာယူယူ ပြောလိုက်သည်။ “ဟုတ်ပြီ ပြန်သွား ပြီးနားကြတာပေါ့”

မို့ယီလိုင်းသည် အနည်းငယ်စိတ်လှုပ်ရှားသွားသည်။ သူ ကျောင်းအုပ်ကြီး နှင့် သဘောတူခဲ့စဉ်က သူ့အသက်မှာ အချိန်မရွေးအန္တရာယ်ရှိနိုင်သည်ဟု ပြော ခဲ့သည်။ သူသည် အကြောက်တရားမရှိသော်လည်း အသက်ကိုအလဟဿပေး ပြီးထိုလူများ အောင်မြင်မည်ကို မလိုလားပေ။ ယခု သူမ၏ဝိညာဉ်ပုံတူနှင့်ဆို လျှင် အချိန်တစ်ခုထိတော့ သူ၏အသက်မှာဘေးကင်းနိုင်သည်။

သူသည် သူမကို အရိုအသေပြုလိုက်သည်။ ပြီးနောက် တံခါးဆီသွားကာ မို့ယီရှန်း၏လက်ကိုယူပြီး ပြောလိုက်သည် “သွားပြန်နားရအောင်”

“ဟုတ်ကဲ့ ဆရာ.. ဆရာလည်း စောစောအိပ်ရာဝင်ပါ” မို့ယီရှန်းသည် ရှီမာယူယူအား ကျယ်လောင်စွာ အော်ပြောလေသည်။

ရှီမာယူယူသည် သူတို့နှစ်ယောက် ထွက်သွားသည်ကိုစောင့်ပြီးနောက် ဆေးပင်တစ်ပင်ထုတ်လိုက်သည်။ ထိုအပင်သည် မို့ယီရှန်း စွမ်းအားရှိသည်ဟု ပြောခဲ့သည့်အပင်ဖြစ်သည်။ သူမသည် အတန်ကြာသည်အထိ ကြည့်ပြီးရင်း ကြည့်သော်လည်း မည်သည့်စွမ်းအားကိုမှမတွေ့ရပေ။

နောက်နေ့မနက်အစောတွင် မို့ယီလိုင်းနှင့် မို့ယီရှန်းတို့သည် လာနှုတ်ဆက်ချိန်တွင် ရှီမာယူယူသည် မနက်စာအသင့်ပြင်ပြီးလေသည်။

“နန်းတော်ကို ပြန်မလို့လား မသွားခင် မနက်စာစားကြတာပေါ့” ရှီမာယူ ယူသည် ပြောပြီးနောက် ထိုင်ကာ စတင်စားတော့သည်။

မို့ယီလိုင်းနှင့် မို့ယီရှန်းတို့ ရောက်လာကာ သူတို့သုံးယောက်သည် မနက်စာအတူစားကြသည်။ ယာဂုနွေးနွေးလေးသောက်ပြီးနောက် သူ၏ အေးစက်နေသော နှလုံးသားများ နွေးထွေးသွားသလိုခံစားရသည်။ သူ နောက် ဆုံးတွင် တခြားသူများကို သတိထားတတ်သော်လည်း သူမကိုအလွန်ခင်တွယ် သည့် ယီရှန်းကို နားလည်သွားချေပြီ။

**

All Chapters