သူမမှာပဲသတ္တိရှိတယ်
Vol. 163 Ch. 2281
မို့ယီလိုင်းသည် မနက်စာစားပြီးနောက် ခြံဝင်းမှထွက်သွားကာ ကိစ္စများ ဆွေးနွေးရန် ကျောင်းအုပ်ကြီးဆီသို့သွားလေသည်။ နန်းတော်သို့မဝင်ခင် ပြင်ဆင်ထားရမည်ဖြစ်သည်။
မို့ယီရှန်းသည် ခြံဝင်းငယ်၏ဝင်ပေါက်အထိ လမ်းလျှောက်ပို့ပေးကာ သူ၏ အင်္ကျီလက်ကိုဆွဲထားပြီး လွှတ်ပေးရန်တွန့်ဆုတ်နေသည်။ သူ့ကို မကြာ မကြာလာတွေ့ပါမည်ဟု မို့ယီလိုင်း ထပ်ခါထပ်ခါပြောမှပင် သူ့လက်ကိုလွှတ် ပြီး မို့ယီလိုင်းကို နီရဲသောမျက်လုံးများဖြင့် ပြန်ကြည့်လေသည်။
ရှီမာယူယူသည် သူ့ကျောပြင်ကိုကြည့်ပြီး သက်ပြင်းချကာ ပြောလေ၏ “ယီရှန်း ဒီကိုလာခဲ့”
မို့ယီရှန်းသည် ရှီမာယူယူ၏ဘေးသို့သွားရာ သူမသည် လက်ကိုင်ပုဝါ ထုတ်ပြီးသူ့မျက်ရည်များကို သုတ်ပေးလိုက်သည်။
“မင်းက အစ်ကိုတော် ၆ ကိုစိတ်ပူလို့လား” သူမသည် ကြင်နာစွာဖြင့် မေး လေသည်။
မို့ယီရှန်း ခေါင်းညိတ်လေသည် “အစ်ကိုတော် ၆ အန္တရာယ်ရှိတယ်”
“အစ်ကိုတော် ၆ အန္တရာယ်ရှိတာကို မင်းဘယ်လိုသိတာလဲ” သူမ ထပ် မေးပြန်သည်။
မို့ယီလိုင်းသည် ထိုကိစ္စများကို သေချာပေါက် မို့ယီရှန်းကိုပြောမည် မဟုတ်ပေ။ ထို့ကြောင့် ဤအရာသည် သူ၏ခန့်မှန်းချက်ဖြစ်နိုင်သည်။
“အစ်ကိုကြီးနဲ့ တခြားသူတွေက အရမ်းရက်စက်တယ်.. အစ်ကိုတော် ၆ သာ နန်းတော်ထဲနေမယ်ဆိုရင် သူတို့က သူ့ကိုသတ်ကြလိမ့်မယ်” မို့ယီရှန်း ပြောလေသည်။
“ဒါဆို မင်းရဲ့အစ်ကိုတော် ၆ ကိုကာကွယ်ချင်လား”
မို့ယီရှန်းသည် အသည်းအသန် ခေါင်းညိတ်လေသည်။
“မင်းရဲ့အစ်ကိုတော် ၆ ကိုကာကွယ်ချင်ရင် မင်းကသန်မာလာမှဖြစ်မယ်.. ပိုသန်မာဖို့ဆိုရင် မင်းကျင့်ကြံရမယ်” ရှီမာယူယူ ပြောလိုက်သည်။
မို့ယီရှန်းသည် ခေါင်းငုံ့ကာ မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ပြောလေသည် “ကျွန်တော်မှ မကျင့်ကြံနိုင်တာ ကျွန်တော်ကအသုံးမကျဘူး”
“မင်းက အသုံးမကျဘူးလို့ ဘယ်သူပြောလဲ.. မင်းက အခုယာယီပဲ မကျင့်ကြံနိုင်တာ. အရင်ကဆရာလည်း မကျင့်ကြံနိုင်တာကို မေ့သွားပြီလား.. မင်း မကျင့်ကြံနိုင်တဲ့အကြောင်းအရင်းကိုရှာပြီး ပြဿနာကိုဖြေရှင်းလိုက်တာနဲ့ အဆင်ပြေသွားမှာ ဆရာမင်းကို စစ်ကြည့်ပေးဖို့ပြောလို့ရတယ်… မင်း ဘာလို့ မကျင့်ကြံနိုင်တာလဲဆိုတာကို ကြည့်ရအောင် ဟုတ်ပြီလား”
“ဟုတ်ကဲ့” မို့ယီရှန်းသည် ခေါင်းညိတ်ကာ အခန်းထဲသို့ ရှီမာယူယူနောက် မှလိုက်သွားလေသည်။
ရှီမာယူယူသည် သူ၏ခန္ဓာကိုယ်ထဲသို့ အံ့ဖွယ်အာရုံဖြင့် ကြည့်ရာ သူ့ခန္ဓာ ကိုယ်ထဲတွင် ပုံမှန်မဟုတ်သည့်အရာ ဘာမှမရှိသည်ကို တွေ့လိုက်ရသည်။ အဆိပ်သင့်ထားခြင်းမရှိသလို၊ အသွေးကြောများပိတ်ခြင်းလည်းမရှိနေပေ၊ သူမ အရင်ကခန့်မှန်းထားသည့်အကြောင်းအရင်း ဘာမှမရှိနေပေ။
သူ့ခန္ဓာကိုယ်သည် လုံးဝကိုပြီးပြည့်စုံနေသည့် သာမန်ခန္ဓာကိုယ်သာ ဖြစ် သည်။
ရှီမာယူယူသည် သူ့ခန္ဓာကိုယ်ထဲတွင် အတန်ကြာသည်အထိစစ်ဆေးပြီး နောက် နောက်ဆုံးတွင် လက်လျော့ကာ ပြန်ထွက်ခဲ့လိုက်သည်။
“ဆရာ အကြောင်းအရင်းကိုတွေ့ပြီလား” မို့ယီရှန်း မေးလေသည်။
“မတွေ့သေးဘူး” ရှီမာယူယူ ပြောလိုက်၏ “အရင်ဆုံး အတန်းသွားကြ တာပေါ့.. ပြန်လာမှပဲအကြောင်းအရင်းကို ရှာတွေ့နိုင်မလားကြည့်ကြတာပေါ့ ဟုတ်ပြီလား”
“ဟုတ်ကဲ့”
ရှီမာယူယူသည် သူ့ကို စာသင်ခန်းဆီသို့ ခေါ်သွားသည်။ ယနေ့အတန်း တွင် သူမသည် ကျောင်းသားများကို ဆေးပင်တချို့ပေးမည်ဖြစ်သည်။ ထိုဆေး ပင်များသည် ရှားပါးပြီး ပေါက်ရောက်သည့်ပတ်ဝန်းကျင်၊ ခူးသည့်နည်းလမ်း၊ သိုလှောင်သည့်နည်းလမ်းနှင့် အဆီအနှစ်ထုတ်သည့်နည်းလမ်းများသည် ကွဲပြားသည်။
သူမ ပို့ချသည့်အချိန်တွင် မို့ယီရှန်းသည် စာသင်ခန်း၏အနောက်တွင် တိတ်တိတ်ကလေးနှင့် မှိုင်တွေစွာထိုင်နေသည်။
အတန်းပြီးသည့်နောက် ရှီမာယူယူ သူ့ကိုပြန်ခေါ်လာပြီး ဆေးပင်တချို့ ပေကာ ခြံထဲတွင် အခြောက်ခံရန်ပြောလိုက်သည်။
သူမသည် ယနေ့ပြောခဲ့သည့် ဆေးပင်များအားလုံးကို ပေးလိုက်ပြီး ထို ဆေးပင်များကို ကိုင်တွယ်ရာတွင် အလွန်သတိထားရန် ထပ်လောင်းပြောကြား လိုက်သည်။ မို့ယီရှန်းသည် အတန်းချိန်အတွင်း စိတ်လွတ်နေသည်ကို သူမ တွေးပြီး ကောင်းကောင်းမကိုင်တွယ်နိုင်မည်ဟုထင်နေသည်။ မထင်မှတ်စွာပင် သူသည် ဆေးပင်တိုင်းကို ကောင်းစွာကိုင်တွယ်နိုင်သည်။
ဆေးပင်များ အခြောက်ခံရာတွင် သူသည် ဆေးပင်များဘေးတွင် ဆောင့် ကြောင့်ထိုင်ကာ ငေးငိုင်စွာကြည့်နေလေသည်။
ရှီမာယူယူသည် အသံကျောက်တုံးထုတ်ကာ ဖူရှီနှင့်တခြားသူများကို ဆက်သွယ်ကာ မို့ယီရှန်း၏အခြေအနေကို ပြောပြသည်။
“သူအဆင်ပြေတယ်ဆိုတာ သေချာရဲ့လား” ဖူရှီ မေးလိုက်သည်။
“ငါ မနက်က စစ်ဆေးပြီးပြီ အကုန်လုံးအဆင်ပြေတယ်” ရှီမာယူယူ ပြော လေ၏ “ပြဿနာမရှိရုံတင်မကဘူး သူ့အရည်အချင်းက အရမ်းကောင်းသင့် တာ ဒါပေမဲ့ သူက ဝိညာဉ်စွမ်းအင်ကို အာရုံခံမရတာပဲ.. သူ့ဘာသာ ကျင့်ကြံဖို့ ခန္ဓာကိုယ်ကို လမ်းညွှန်ပေးရမှာ”
“ဒါဆိုခက်တာပဲ” လိပ်မည်းသည် သက်ပြင်းချကာ မြည်တမ်းလေသည်။
သူ့ခန္ဓာကိုယ်တွင် မှားယွင်းနေသည်ဟု သိရပါက ကိုက်ညီသည့် ဆေးညွှန်းပေးပြီး ကျင့်ကြံရန်စတင်ခိုင်းမည်ဖြစ်သည်။ သို့သော် သူ့ခန္ဓာကိုယ် မှာ မည်သည့်အကြောင်းအရင်းမှမရှိနေရာ သူတို့ မည်သို့သင့်သနည်း။
“မင်းက ဂမ္ဘီရဉာဏ်နဲ့ကြည့်နိုင်တယ်မလား မင်းမှာ သဲလွန်စနည်းနည်းရှိ ချင်ရှီမှာ” ရှီမာယူယူသည် နောက်ဆုံးတွင် မေးလာလေသည်။
“ဟူး မရဘူး ကြိုးစားကြည့်ပြီးပြီ.. မို့ယီရှန်းနဲ့ပတ်သက်ပြီး မင်းတို့နှစ် ယောက်ကြားမှာ ဆရာတပည့်ဆက်ဆံရေးရှိတယ်ဆိုတာကလွဲပြီး ကျန်တာ တွေက ဗလာကျင်းနေတာ”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ရှီမာယူယူ အံ့အားသင့်နေသည်။
“တကယ်တော့ ဒါကဘာမှမထူးဆန်းပါဘူး… ကောင်းကင်တာအိုက ကျားဖြူကိစ္စကိုဖုံးထားတာ၊ မို့ယီရှန်းက သူ့သခင်ဆိုမှတော့ ကောင်းကင်တာအို ကဖုံးထားတာ သဘာဝပဲလေ” လိပ်မည်း ပြောလေသည် “သူ ထူးဆန်းနေတာ သူ့ကိုယ်ပိုင်အကြောင်းအရင်းရှိမှာပဲ မဟုတ်ဘူးလား.. အကြောင်းအရင်းမရှိ လည်း မရှိလို့ပေါ့”
စကားတစ်ခွန်း စာတစ်ကြောင်းတည်းကို သူတို့မှီခို၍မရပေ။ ထို့ကြောင့် သူမကိုယ်ကိုယ် မှီခိုရမည်။
ရှီမာယူယူသည် ဆက်သွယ်မှုကိုဖြတ်တောက်ကာ အသံကျောက်တုံးကို သိမ်းပြီး မို့ယီရှန်း၏အခြေအနေကို စဉ်းစားနေသော်လည်း အကြောင်းအရင်းကို စဉ်းစားမရပေ။
သူမသည် အကူအညီတောင်းရတော့မည်။
“ငါ့ကိုဘာလို့ ဒီကိုခေါ်တာလဲ” အခန်းထဲတွင် သုန်မှုန်နေသည့်ဟေးဒီးစ် သည် ပုလ္လင်ပေါ်တွင်ထိုင်ရင်းပေါ်လာသည်။
“ရှင့်အကြံဉာဏ်တောင်းစရာလေးရှိလို့” ရှီမာယူယူသည် ပြုံးပြီးပြောလေ သည် “ကျွန်မရှာနိုင်တဲ့လူဆိုလို့ ရှင့်အပြင်ဘယ်သူမှမရှိဘူး”
ထိုစကားသည် သူ့ကိုကျေနပ်အောင် အောင်မြင်စွာလုပ်နိုင်သွားသည် လားမသိပေ၊ ဟေးဒီးစ်၏ မျက်နှာထားသည် ပိုပြေလျော့လာကာ ပြောလေ သည် “မင်းမဖြေရှင်းနိုင်တဲ့ကိစ္စကဘာလဲ ပြောပါဦး”
ရှီမာယူယူသည် မို့ယီရှန်းအကြောင်းကို သူ့ကိုထပ်မံပြောပြလိုက်သည်။ လိပ်မည်းနှင့်တခြားသူများပင် သူ၏အကြောင်းကို ဂမ္ဘီရဉာဏ်ဖြင့်ကြည့်မရ ကြောင်းကိုပါ ပြောပြလိုက်သည်။
“ခြံဝင်းထဲက အရုပ်ကလေးအကြောင်းကို ပြောတာလား” မြေပေါ်တွင် ထိုင်ပြီး ဆေးပင်ကိုစိုက်ကြည့်နေသည့် မို့ယီရှန်းအား ဟေးဒီးစ် ကြည့်ပြီးပြော လိုက်သည်။
“ဟုတ်တယ် သူဘာလို့မကျင့်ကြံနိုင်တာလဲဆိုတာကို ကျွန်မကိုကူကြည့် ပြီး အကြောင်းအရင်းရှာပေးပါဦး” ရှီမာယူယူသည် သူ့ကိုမျှော်လင့်တကြီးကြည့် လေသည်။
“ငါ မင်းကိုပေးစရာရှိတယ်” ဟေးဒီးစ်သည် သူမကိုစိုက်ကြည့်ရင်းနှင့် လက်ဝှေ့ယမ်းလိုက်ရာ သူ့လက်ဖဝါးမှ အနက်ရောင်မြူခိုး ထွက်ပြီး မို့ယီရှန်း၏ ဘေးသို့ပျံသွားကာ လွှမ်းခြုံလိုက်လေသည်။
ဆေးပင်များရှေ့တွင်ထိုင်နေသည့် မို့ယီရှန်းသည် မည်သို့ဖြစ်သွားသည် ကို မသိလိုက်ပေ။ သူသည် အအေးဓာတ်ကိုသာ ခံစားမိလိုက်ပြီး ဘာမှမသိ လိုက်ရပေ။ နောက်တစ်ခဏအတွင်းမှာ သူ၏ခန္ဓာကိုယ်သည် မြေပေါ်သို့ လဲကျ သွားလေတော့သည်။
ရှီမာယူယူသည် မို့ယီရှန်းအား စိုးရိမ်တကြီးစိုက်ကြည့်နေသည်။ သို့သော် ဟေးဒီးစ်ကို မနှောင့်ယှက်ပေ။ နှစ်မိနစ် သုံးမိနှစ်ခန့်အကြာတွင် သူသည် မြူခိုး မည်းများကို ပြန်သိမ်းလိုက်သည်။
“ဘယ်လိုလဲ အကြောင်းအရင်းကိုသိပြီလား” ရှီမာယူယူ မေးလိုက်သည်။
“သူက ဘေးဒုက္ခကျော်လွန်သူပဲ” ဟေးဒီးစ်ပြောလိုက်သည် “ဒီလိူလူက သာမန်လူတွေနဲ့မတူဘူး.. သူတို့ရဲ့ကိုယ်ပိုင်အားရှိတယ် အဲဒါကြောင့် သူတို့ အတွက်က သာမန်ကျင့်ကြံရေးနည်းလမ်းတွေနဲ့ မသင့်တောဘူး”
“မို့ယီရှန်းက ဘေးဒုက္ခကျော်လွန်သူဟုတ်လား” ရှီမာယူယူ အံ့အားသင့် နေသည်။
“ဟုတ်တယ် အဲဒါကြောင့် သူ့ခန္ဓာကိုယ်ထဲကစွမ်းအား နိုးထလာဖို့ သူ့ကို လမ်းညွှန်ပြပေးဖို့ဆိုရင် လုပ်ရိုးလုပ်စဉ် နည်းလမ်းတွေကိုသုံးလို့မရဘူး”
“ဘယ်လိုလှုပ်နှိုးကြမှာလဲ.. သူတို့ရဲ့ခန္ဓာကိုယ်တွေက ကွဲပြားချက်တော့ မရှိဘူးလေ”
“သူတို့ရဲ့စွမ်းအားကို ကောင်းကင်တာအိုက ချိပ်ပိတ်ထားတာ လုံးဝကြီး မရှိတာတော့မဟုတ်ဘူး” သူမသည် အလွန်တုံးအသည့်အလား ဟေးဒီးစ်သည် သူမကိုကြည့်ပြီး ဆက်ပြောလေသည် “အရင်က မင်းရဲ့စွမ်းအား ခဏပျောက် သွားဖူးတယ်မလား”
သူမ ပထမဆုံးထွက်လာစဉ်က သူမ၏စွမ်းအားကို ကောင်းကင်တာအိုမှ ပိတ်ထားခဲ့သည်ကို ပြန်အမှတ်ရသွားသည်။ နောက်ပိုင်းတွင် အရှေ့မျှတမှုမြို့ ကို တစ္ဆေမျိုးနွယ်များပိတ်ဆို့သဖြင့် မိုးကြိုးဘေးဒုက္ခကိုဖြစ်စေမှ မိုးကြိုးအပစ် ခံလိုက်ရမှပင် မူလအတိုင်းပြန်ဖြစ်သွားသည်။
ထို့ကြောင့် မို့ယီရှန်းလိုနေသည်မှာ နှိုးဆွမှုတစ်ခုသာဖြစ်သည်။ ထိုအချက် ကိုသာ နှိုးဆွနိုင်ပါက သူသည် သူ၏အရင်စွမ်းအားကိုပြန်ရနိုင်သည်။
“ဘယ်လိုလုပ်မလဲဆိုတာ ငါ့ကိုမမေးနဲ့ ဘေးဒုက္ခတိုင်းက မတူကြဘူး.. မင်းဘာသာမင်း သွားရှာ” ဟေးဒီးစ်သည် သူမ၏ နှုတ်ဆိတ်စွာဖြင့် တောင်းဆို သောတောင်းဆိုချက်ကို ငြင်းဆန်လိုက်ပြီး ပုလ္လင်နှင့်အတူ ထွက်သွားလေ၏။
သူ့လိုလူကိုတောင် ပဟေဠိဖြေရှင်းတဲ့လူလို လာဆက်ဆံနေတာ။ သူမမှာ ပဲ အဲလိုသတ္တိရှိတယ်။
***