← Chapters

ဆည်းလည်းလေးတွေ မြည်နေပြီ

Vol. 63 Ch. 869

ဆည်းလည်းလေးတွေ မြည်နေပြီ

Vol. 63 Ch. 869

ကျန်းရီသည် နောက်နှစ်ရက်လုံးလုံး အားလုံးနှင့် အဖော်ပြုနေခဲ့၏။ သူသည် နေ့ဘက်တွင် ချမ်ဝမ်ကွမ်း၊ ကျန့်ဝူရွှမ်း၊ အစ်မကြီးဆည်းလည်းတို့နှင့် သေရည်သောက်ကာ ညဘက်တွင် ဖုန်းလန်၊ ချင်းယွီတို့နှင့် အိပ်ခဲ့သည်။

ဖုန်းလန်နှင့် ချင်းယွီတို့သည် ထိုနှစ်ရက်အတွင် အလွန်ကြမ်းခဲ့၏။ ညတိုင်း ကျန်းရီနှင့် ပျော်ပါးခဲ့သည်။ ဖုန်းလန်သည် အရှက်အကြောက်ကြီးသူ ဖြစ်သော်လည်း ထိုနှစ်ညတွင် ဆန္ဒပြင်းပြနေခဲ့သည်။ ယခင်က သူမ ငြင်းဆန်ခဲ့သော အကွက်အားလုံးကို လုပ်ခဲ့သည်။ ချင်းယွီကမူ ရေငတ်နေသော ငါးတစ်ကောင် ပင်လယ်ထဲသို့ ပြန်ရောက်သွားသကဲ့သို့ အလွန်ကြမ်းခဲ့၏။ ကျန်းရီတစ်ယောက် စည်းစိမ်အပြည့် ခံစားခဲ့ရလေသည်။

ဖုန်းလန်နှင့် ချင်းယွီတို့က သူ ပြန်မလာနိုင်တော့မည်ကို ကြောက်ရွံ့နေခြင်းဖြစ်ကြောင်း ကျန်းရီ သိပေသည်။ ထို့ကြောင့် သူမတို့က သူ၏လိုအင်ဆန္ဒများကို ဖြည့်စည်းပေးနေကြခြင်းပင်။ ထိုမိန်းမပျိုနှစ်ယောက်သည် မည်သည့်အဆင့်အတန်းကိုမှ မတောင်းဆိုဘဲ သူမတို့ကိုယ်သူမတို့ ကိုယ်လုပ်တော်များ၊ အစေခံများအဖြစ် သတ်မှတ်ထားပေသည်။ သို့သော် ကျန်းရီသည် သူမတို့ကို အစေခံများအဖြစ် မဆိုထားနှင့် ကိုယ်လုပ်တော်များအဖြစ်ပင် မဆက်ဆံခဲ့ချေ။

သူရဲကောင်းတစ်ယောက်သည် မိန်းမလှလေး၏ ညှို့အားကို မလွန်ဆန်နိုင်ပေ။

တတိယမြောက်နေ့တွင် ကျန်းရီသည် ခရီးထွက်ခွာရန် ဆုံးဖြတ်လိုက်၏။ မဟုတ်လျှင် ထွက်မသွားနိုင်မည်ကို သူ စိုးရိပ်နေပေသည်။ အရုဏ်တက်လာသောအခါ ကျန်းရီသည် မိန်းမလှလေးနှစ်ယောက်ကို ဘေးသို့ အသာအယာတွန်းဖယ်လိုက်ပြီး အဝတ်အစား ဝတ်၍ ချမ်ဝမ်ကွမ်း၊ ကျန့်ဝူရွှမ်းတို့နှင့် နောက်ဆုံးတစ်ခွက် သောက်ကာ ကောင်းကင်‌ရှောင်တိမ်းခြင်းဖြင့် ထွက်သွားရန် ပြင်ဆင်လိုက်လေသည်။

ကျန်းရီ အခန်းအပြင်သို့ ခြေလှမ်းဖွဖွလှမ်းကာ ထွက်သွားလိုက်၏။ သူ အခန်းပြင်သို့ ရောက်သွားသောအခါ ဖုန်းလန်နှင့် ချင်းယွီတို့သည် မျက်လုံးများပွင့်လာပြီး တစ်ယောက်ကိုတစ်ယောက် တိတ်တဆိတ် ကြည့်လိုက်ကြ၏။ သူမတို့၏ မျက်လုံးစွန်းများမှနေ၍ မျက်ရည်စများ တိတ်တဆိတ် ကျဆင်းလာလေသည်။

“အာ...”

ကျန်းရီသည် ချမ်ရဲတိုက်၏ အတွင်းခြံဝန်းထဲတွင် နေထိုင်နေခြင်းပင်။ သူ အခန်းပြင်သို့ ထွက်လိုက်သောအခါ ပန်းများအကြားတွင် ထိုင်နေသော အင်္ကျီအဝါဖျော့ဖျော့ ဝတ်ဆင်ထားသူတစ်ယောက်ကို တွေ့လိုက်ရလေသည်။ သူသည် ထိုလူ၏ နောက်ကျောပြင်ကို ခပ်ရေးရေး မြင်နေရ၏။ သူသည် ထိုလူထံမှ အထီးကျန်အငွေ့အသက်ကို ခံစားနေရလေသည်။

“အစ်မကြီးဆည်းလည်းက အစောကြီးနိုးနေတာလား”

ကျန်းရီ ပန်းခြံထဲသို့ လျှောက်သွားလိုက်၏။ ပန်းများအကြားတွင် ထိုင်နေသော မိန်းမလှလေးသည် ခြေသံများကြားလိုက်ရ၍ ‌နောက်လှည့်ကြည့်လိုက်၏။ သူမသည် ကျန်းရီကို မြင်သောအခါ စိုးရိမ်နေသော မျက်နှာက ချက်ချင်း ဝင်းပသွား၏။

“မောင်လေး... နိုးလာပြီလား”

နန်ကုန်းချီလင်း ထရပ်လိုက်သည်။ သူမသည် ဤနှစ်ဆိုလျှင် (၂၈)နှစ်ပြည့်တော့မည် ဖြစ်သော်လည်း သူမ၏မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်တွင် အသက်ရလာသည့်အရိပ်အယောင်တစ်ခုပင် မပြသေးပေ။ ထိုအစား သူမသည် မှည့်ဝင်းလာသော သစ်သီးကဲ့သို့ ဆွဲဆောင်မှုရှိသည့် ရနံ့တစ်ခုကို ထုတ်လွှတ်နေပေသည်။ အထူးသဖြင့် သူမ၏ တင်းရင်းသော ရင်နှစ်မွှာသည် နံနက်နေရောင်အောင်တွင် ထင်ရှားနေလေသည်။

“အစ်မကြီးဆည်းလည်း နိုးတာ ပိုစောပါတယ်”

ကျန်းရီက ခပ်သဲ့သဲ့ပြုံးလိုက်၏။ ထို့နောက် သူသည် လက်ဖက်ရည်ခွက်တစ်ခွက်ကို မြင်သဖြင့် ကောက်ယူကာ လက်ဖက်ရည်ဖြင့် ပလုတ်ကျင်းလိုက်လေသည်။ ထို့နောက် သူသည် နောက်တစ်ခွက် ထပ်ငှဲ့၍ သောက်လိုက်၏။ သို့သော် သူ ခွက်ကို ပြန်ချလိုက်သောအခါ နန်ကုန်းချီလင်း၏ မျက်နှာ‌လေးက ရှက်သွေးဖြာနေပြီး သူ့ကိုပင် မကြည့်ဝံ့တော့သည်ကို သူ သတိပြုမိလိုက်လေသည်။

ထို့ကြောင့် ကျန်းရီသည် အစ်မကြီးဆည်းလည်း၏ နဖူးကိုစမ်း၍ စိုးရိမ်တကြီး မေးလိုက်၏။

“အစ်မကြီးဆည်းလည်း နေမကောင်းလို့လား”

ကျန်းရီ၏လက်က သူမ၏အရေပြားကို ထိသွားသောအခါ နန်ကုန်းချီလင်း၏ သေးသွယ်သောခန္ဓာကိုယ်လေး တုန်ယင်သွား၏။ သူမ ပို၍ပင် ခေါင်းငုံ့သွားလေသည်။ ထို့နောက် သူမသည် မရွံ့မရဲလေသံဖြင့် ပြောလိုက်၏။

“ငါ... အဲ့ခွက်က ငါသောက်ထားတဲ့ခွက်”

“အာ...”

ကျန်းရီလည်း မျက်နှာရဲသွား၏။ သူသည် အိုးတန်းအန်းတန်းဖြင့် နှာခေါင်းပွတ်လိုက်ပြီး နောက်တောက်တောက်ဖြင့် ပြောလိုက်သည်။

“အဲ့ဒါ ဘာဖြစ်လို့လဲ။ အစ်မကြီးက အပြင်လူမှ မဟုတ်တာ။ အစ်မရဲ့ မောင်လေးက အစ်မကို နည်းနည်းအသားယူတာ ဘာဖြစ်သွားတာမှတ်လို့... မဟုတ်ဘူးလား”

“ခစ်ခစ်...”

နန်ကုန်းချီလင်းက တခစ်ခစ် ရယ်လိုက်၏။ သူမ၏ နှစ်လိုဖွယ်မျက်နှာလေးက ပို၍နီမြန်းလာသည်။ ကျန်းရီသည် သူမကို ကြည့်လိုက်ပြီး အနည်းငယ် ရှက်သွားမိ၏။ သူတို့ ကောင်းကင်မိုးကြိုးမြို့တွင် ပထမဆုံး တွေ့ခဲ့စဉ်က ကျန်းရီသည် ခပ်တည်တည် ပြုမူခဲ့၏။ နောက်မှ သူက သူမကို မကြာခဏ စနောက်တတ်လာခြင်းပင်။ ထိုစဉ်က သူ့တွင် မည်သည့်အတွေးမှ မရှိခဲ့ဘဲ နန်ကုန်းချီလင်းကလည်း ဟာသအဖြစ်သာ သဘောထားခဲ့သည်။ သို့သော် ယနေ့တွင် နန်ကုန်းချီလင်း၏ တုံ့ပြန်ပုံက ထူးခြားနေပေသည်။ ထို့ကြောင့် ကျန်းရီ အတော်လေး ရှက်နေ၏။

ကျန်းရီနှင့် နန်ကုန်းချီလင်းတို့နှစ်ယောက်စလုံး နှုတ်ဆိတ်နေကြသဖြင့် အခြေအနေက ပို၍ပင် အိုးတိုးအန်းတန်း ဖြစ်လာ၏။ ကျန်းရီသည် အစ်မကြီးဆည်းလည်း၏ ရင်ဘတ်ပေါ်မှ ပန်းရောင်ဆည်းလည်းတန်းလေးကို တွေ့လိုက်သောအခါ မျက်လုံးများ အရောင်လက်သွား၏။ သူက ရုတ်တရက် သူ့ခေါင်းသူ ရိုက်ကာ ပြောလိုက်သည်။

“ဟိုက်ယား... ကျွန်တော့်ရဲ့ ဦးနှောက်ကလည်း၊ ကျွန်တော် အစ်မကြီးဆည်းလည်းကို လက်ဆောင်တစ်ခု ပေးစရာရှိတာကို မေ့နေတာ”

ရွှီး...

ကျန်းရီ၏ လက်စွပ်က လင်းလက်သွားပြီး သူ့လက်ထဲတွင် လှပသော ခရမ်းရောင်ဆည်းလည်းတန်းတစ်ခု ထွက်ပေါ်လာလေသည်။ ထိုခရမ်းရောင်ဆည်းလည်းများသည် ယခင်လေလံပွဲတုန်းက လေလံဆွဲထားသော ပစ္စည်းများပင်။ ကျန်းရီသည် ၎င်းကို နန်ကုန်းချီလင်းအား လက်ဆောင်ပေးခဲ့သော်လည်း နန်ကုန်းယွင်ရီက ငြင်းခဲ့သည်။ သူသည် ထိုအကြောင်းကို လုံးဝ‌မေ့နေခဲ့ပြီး ယခုမှ ပြန်အမှတ်ရခြင်းပင်။

“အစ်မကြီး... ဒီခရမ်းရောင်ဝိညာဉ်ဆည်းလည်းတွေက အစ်မကြီးအတွက်ပါ”

ကျန်းရီက ခရမ်းရောင်ဝိညာဉ်ဆည်းလည်းများကို ပေးလိုက်သည်။ နန်ကုန်းချီလင်းသည် ၎င်းတို့ကို မြင်သောအခါ ဝမ်းသာပုံပေါ်သွား၏။ ထို့နောက် သူမ ကျန်းရီကို ကြည့်လိုက်ပြီး မျက်နှာလေး ပို၍နီရဲသွားလေသည်။ သူမ နူးညံ့စွာ ပြောလိုက်သည်။

“မင်း အစ်မကြီးကို ဝတ်ပေးလို့ရမလား”

“အစ်မကြီး သဘောပါပဲ”

ကျန်းရီသည် ခရမ်းရောင်ဝိညာဉ်ဆည်းလည်းများကို ကျောက်စားပွဲပေါ်သို့ တင်လိုက်ပြီး အစ်မကြီးဆည်းလည်း ဝတ်ဆင်ထားသည့် ဆည်းလည်းကြိုးကို အရင်ချွတ်ရန် လက်လှမ်းလိုက်သည်။ သို့သော် ကြိုးအထုံးက အတော်လေး ရှုပ်ထွေးနေ၏။ ကျန်းရီသည် ကြိုးကို ဆွဲလည်းမဖြတ်ဝံ့ပေ။ ထို့ကြောင့် သူသည် အထုံးကိုဖြည်ရန် ခက်ခက်ခဲခဲ ကြိုးစားနေရလေသည်။ သို့သော် သူ မဖြည်နိုင်သေးပေ။ သူ၏လက်များမှာမူ အစ်မကြီးဆည်းလည်း၏ ချောမွေ့သော လည်တိုင်နှင့် ပခုံးသားတို့ကို မကြာခဏ ပွတ်သပ်မိနေ၏။ ယင်းကြောင့် သူမ၏ အသက်ရှူနှုန်းက ပိုမြန်လာလေသည်။

နောက်ဆုံးတွင် အထုံးပြေသွား၏။ ကျန်းရီက အစ်မကြီးဆည်းလည်းကို ခရမ်းရောင်ဝိညာဉ်ဆည်းလည်းကြိုးကို ကူဝတ်ဆင်ပေးလိုက်သည်။ ခရမ်းရောင်ဝိညာဉ်ဆည်းလည်းများ၏ လက်ရာက သူမ၏ မူလဆည်းလည်းများ၏ လက်ရာထက် များစွာပိုကောင်းပေသည်။ ခရမ်းရောင်ဆည်းလည်းများသည် သူမ၏ အဝါဖျော့ရောင် အဝတ်အစားနှင့် ပနှံ့သင့်နေရာ သူမကို ပို၍ပင် လှပနေစေ၏။ ကျန်းရီက ဆည်းလည်းများကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်။

“ကျွတ်...ကျွတ်... တော်တော် ကြည့်လို့ကောင်းတာပဲ”

“ဘာက ကြည့်လို့ကောင်းတာလဲ”

နန်ကုန်းချီလင်းက ကျန်းရီကို ကြည့်၍ မေးလိုက်သည်။

“ဆည်းလည်းတွေက ကြည့်လို့ကောင်းတာလား။ ရင်သားတွေက ကြည့်လို့ကောင်းတာလား”

“အာ...”

ကျန်းရီသည် အစ်မကြီးဆည်းလည်း၏ မျက်လုံးများကို ကြည့်လိုက်ပြီး မလုံမလဲဟန်ဖြင့် အကြည့်လွှဲကာ ပြောလိုက်လေသည်။

“နှစ်ခုစလုံး ကြည့်လို့ကောင်းပါတယ်... နှစ်ခုစလုံး ကောင်းပါတယ်။ ဟီးဟီး...”

“ကောင်စုတ်လေး...”

အစ်မကြီးဆည်းလည်း၏ ပါးနှစ်ဘက်က ချက်ချင်းပင် ပိုနီးမြန်းလာသည်။ သူမသည် အဝေးရှိ ကောင်းကင်သို့ အကြည့်လွှဲလိုက်ပြီး ပြောလိုက်၏။

“မောင်လေး... နင် ဒီနေ့သွားဖို့ လုပ်နေတာလား”

ကျန်းရီကလည်း အရှေ့ဘက် ကောင်းကင်ကို အစ်မကြီးဆည်းလည်းနှင့်အတူ ကြည့်ကာ ပြောလိုက်လေသည်။

“ဟုတ်တယ်... အခုသွားသွား၊ နောက်မှသွားသွား ကျွန်‌တော် သွားကိုသွားရမယ့်ကိစ္စပဲလေ။ အစ်မကြီးဆည်းလည်း မစိုးရိမ်ပါနဲ့။ ကျွန်တော် သေချာပေါက် ပြန်လာမှာပါ”

“အင်း...”

အစ်မကြီးဆည်းလည်း ခေါင်းညိတ်လိုက်၏။ ထို့နောက် သူမသည် ရှုပ်ထွေးသော မျက်နှာထားဖြင့် ကျန်းရီ၏ လက်ကို သူမ၏ ကျောက်စိမ်းကဲ့သို့ လက်ကလေးဖြင့် ဆုပ်ကိုင်ကာ ပြောလိုက်သည်။

“မောင်လေးက ငါ့ကို လက်ဆောင်တစ်ခု ပေးမှတော့ ငါကလည်း လက်ဆောင်ပြန်ပေးရမှာပေါ့။ အဲ့ဒါမှ မင်း အရှေ့ဘက် တော်ဝင်နယ်မြေကို ရောက်သွားလည်း အစ်မကြီးဆည်းလည်းကို သတိရနေမှာ”

“ဘာလက်ဆောင်လဲ”

ကျန်းရီက စိတ်ဝင်တစား ကြည့်လိုက်သည်။ နန်ကုန်းချီလင်းသည် ကျန်းရီ၏လက်ကိုဆွဲကာ ပန်းခြံအပြင်သို့ လျင်မြန်စွာ လျှောက်သွားလိုက်၏။ ကျန်းရီသည် မေးခွန်းများ မေးမနေတော့ဘဲ သူမအနောက်သို့ လိုက်သွားလိုက်ရာ သူမ၏အခန်းထဲသို့ ရောက်သွားလေသည်။

ရွှီး...

အခန်းထဲသို့ ရောက်သောအခါ နန်ကုန်းချီလင်းသည် ရုတ်တရက် အကာအရံကို နှိုးလိုက်ပြီး ကျန်းရီကို ဆန်းကြယ်သောမျက်နှာထားဖြင့် ကြည့်ကာ ပြောလိုက်သည်။

“မောင်လေး... အရင်ဆုံး မျက်လုံးတွေ မှိတ်လိုက်။ ကောင်းကင်စိတ်အာရုံကိုလည်း မထုတ်နဲ့”

“လက်ဆောင်က ဘာမလို့လဲ”

ကျန်းရီ ပို၍ပင် သိချင်လာ၏။ သို့သော် သူသည် အစ်မကြီးဆည်းလည်း၏ တောင်းဆိုချက်ကို မငြင်းဆန်နိုင်သဖြင့် နာခံစွာ မျက်လုံးများ မှိတ်လိုက်လေသည်။

နန်ကုန်းချီလင်းလည်း မျက်လုံးများ မှိတ်လိုက်၏။ သူမ၏မျက်တောင်များက တုန်ယင်နေသဖြင့် သူမ စိတ်လှုပ်ရှားနေကြောင်း သိသာပေသည်။ သူမ၏သွယ်လျသော လက်ကလေးများက သူမခါးမှ ခါးပတ်ကို ရုတ်တရက် ဖြည်လိုက်လေသည်။ ခါးပတ်ကာ တိတ်တဆိတ် ပြေကျသွား၏။ အဝါဖျော့ရောင်ဝတ်စုံလေးသည် သူမ၏ပခုံးမှ လျှောကျသွားကာ သူမ၏ လှပဖြူဝင်းသော ရှိက်ကြီးဖိုငယ်အသွယ်သွယ်က လှစ်ဟပြလိုက်လေသည်။

“ချွင်...”

ကျန်းရီသည် ဆည်းလည်မြည်သံလေးကို ကြားလိုက်သောအခါ တစ်ခုခု မှားနေပြီဟု ခံစားလိုက်ရသဖြင့် မျက်လုံးများ ဖွင့်ကြည့်လိုက်၏။ သူ့မျက်ရှိရှေ့တွင် မြင်လိုက်ရသော မြင်ကွင်းက သူ၏သွေးကြောများကို ပြန့်ကားသွား‌စေ၏။ အစ်မကြီးဆည်းလည်း၏ ခန္ဓာကိုယ်ပေါ်တွင် အဝတ်ပါးပါးလေး တစ်ထည်သာ ကျန်တော့ပေသည်။ ချောမွေ့သောပခုံးသား၊ သွယ်လျသော လက်ကလေးများ၊ ပြည့်မောက်သော ရင်သားနှင့် နှင်းကဲ့သို့ဖြူဖွေးသော ခြေတံလေးများက ပေါ်နေလေသည်။ သူမ၏ ရင်သားနှစ်ဘက်သည် ချုပ်နှောင်ခံထားရသည်မှ ထွက်လာသကဲ့သို့ ငွားငွားစွင့်စွင့် ရှိနေ၏။ ကျန်းရီသည် မမြင်သင့်သောအရာကို မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။

“ဂလု...ဂလု... အစ်မကြီးဆည်းလည်း... အဲ့လို မလုပ်ပါနဲ့။ ဒါက မသင့်တော်ဘူး ထင်တယ်...”

ကျန်းရီ တံတွေးမျိုချလိုက်ပြီး အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေလေသည်။ သို့သော် သူ၏စကား မဆုံးသေးခင်မှာပင် နန်ကုန်းချီလင်းက မျက်လုံးများမှိတ်လိုက်ပြီး သူ၏ခါးကို ဖက်လိုက်၏။ သူမသည် ကျန်းရီအနားသို့ တိုးကပ်သွားလိုက်၏။ သူမ၏လက်တစ်ဘက်က ကျန်းရီ၏ခါးပတ်ကို ဆွဲဖြုတ်လိုက်ပြီး ဝတ်စုံကို လျင်မြန်စွာ ဖယ်လိုက်လေသည်။

“‌မောင်လေး... အစ်မကြီးက မင်းရဲ့ အမျိုးသမီး မဖြစ်ချင်ပါဘူး၊ အဲ့တော့ မင်း တာဝန်ယူစရာ မလိုပါဘူး။ အစ်မကြီးက အမှတ်တရကောင်းလေးတွေ ဖန်တီးချင်တာပါ။ အစ်မကြီးကို မင်း တစ်ခါသုံးအဖြစ် သဘောထားလိုက်ပေါ့။ မင်း အစ်မကြီးကို အမှန်တကယ် မိန်းမဖြစ်လာခွင့်ပေးပါ... အစ်မကြီးက အခုအထိ မိန်းမတစ်ယောက်ရဲ့ အရသာကို မခံစားရသေးဘူး”

နန်ကုန်းချီလင်းက တုန်ယင်သောလေသံဖြင့် ပြောလိုက်သည်။ ကျန်းရီသည် သူ၏ဘောင်းဘီအောက်သို့ ဝင်လာသည့် လက်တစ်ဘက်ကို ခံစားလိုက်ရသဖြင့် ကြက်သီးထသွားလေသည်။ သူ ဆက်၍စိတ်မထိန်းနိုင်တော့သဖြင့် အစ်မကြီးဆည်းလည်းကို ခါးမှပွေ့ကာ အိပ်ရာဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်လေတော့သည်။

မကြာခင်မှာပင် အခန်းထဲရှိ လေထုထဲတွင် ပြင်းပြမှုများ၊ သာယာသော ဆည်းလည်းသံလေးများ၊ အမျိုးသမီးတစ်ယောက်၏ အသက်ရှူသံသဲ့သဲ့များဖြင့် ပြည့်နှက်သွားလေတော့သည်။

***

All Chapters