ထိပ်တန်းနတ်ဘုရားမီးဖိုဆယ်လုံး
Vol. 63 Ch. 873
ထန်ထိုက်ရှစ် လိပ်ပြာသခင်မမျိုးနွယ်အကြောင်းကို ပြောခြင်းမှာ ယခုက ဒုတိယအကြိမ်ဖြစ်သည်။ ကျန်းရီ၏ မျက်လုံးများထဲတွင် သံသယအရိပ်အယောင်တစ်ခု လက်သွား၏။ သူသည် ထန်ထိုက်ရှစ်ကို ငေးကြည့်လိုက်ပြီး ထိုလိပ်ပြာသခင်မမျိုးနွယ်က အမှန်ပင် ကျော်ကြားသည်လောဟု တွေးလိုက်၏။
ကျန်းရီသည် ထိုမျိုးနွယ်ကို အမှန်ပင် မသိချေ။ သူ့နေရာတွင် ချမ်ဝမ်ကွမ်း သို့မဟုတ် စစ်ထူရီရှောင်ဆိုလျှင် အနည်းငယ်သိလောက်သည်။ သူ အံ့အားသင့်ဟန်ဖြင့် ပြောလိုက်၏။
“ငါက ကျင့်ကြံခြင်းမှာပဲ အာရုံစိုက်နေလို့ အပြင်ကိစ္စတွေကို မသိဘူး။ လိပ်ပြာသခင်မမျိုးနွယ်ကို မသိတာက ထူးဆန်းတာလား။ မင်းတို့ရဲ့ လိပ်ပြာသခင်မမျိုးနွယ်က တကယ်ကြီး ကျော်ကြားတာလား”
ထန်ထိုက်ရှစ်၏ ပါးကလေးများ ရဲတက်သွား၏။ သူမသည် ဘေးမှ အစေခံမလေးကို မျက်လုံးစောင်းကာ ကြည့်လိုက်၏။ အစေခံမလေးကလည်း အလွန်ပါးနပ်သဖြင့် ချက်ချင်း အပြင်သို့ထွက်သွားပြီး အကာအရံကို နှိုးလိုက်လေသည်။ ကျန်းရီသည် ထိုအရာအားလုံးကို အေးစက်သောမျက်လုံးများဖြင့် ကြည့်နေ၏။ ထန်ထိုက်ရှစ် ဘာကြံနေကြောင်း သူ သိလိုနေသည်။ သူသည် သူမကို အလွယ်တကူ သတ်ပစ်နိုင်သဖြင့် သူမ၏ လှည့်ကွက်များကို မကြောက်ပေ။ သူမက သူ့ကို အတင်းအဓမ္မမကျင့်နိုင်လောက်သည် မဟုတ်ပါလား။
အကာအရံကို နှိုးပြီးနောက် ထန်ထိုက်ရှစ်၏ မျက်နှာလေးက ပို၍ပင် နီမြန်းလာ၏။ သူမသည် သတ္တိမွေးကာ ကျန်းရီကို ကြည့်လိုက်၏။ ထို့နောက် သူမ ခေါင်းပြန်ငုံ့လိုက်ကာ တီးတိုးပြောလိုက်သည်။
“အရှင် လောကကြီးရဲ့ ဆန်းကြယ်သခင်မဆယ်ယောက်ကို သိပါသလား”
“ငါ မသိဘူး”
ကျန်းရီက ပခုံးတွန့်ကာ ပြောလိုက်သည်။
“ငါ အဲ့အကြောင်းကို သိချင်တယ်”
ထန်ထိုက်ရှစ်က ရှက်သွေးဖြာသော မျက်နှာဖြင့် ရှင်းပြလိုက်သည်
“ကောင်းကင်ကြယ်တာရာနယ်နမိတ်မှာ မျိုးနွယ်တွေ သောင်းနဲ့ချီပြီးရှိပါတယ်။ ထူးခြားတဲ့ မျိုးနွယ်တွေလည်း အများကြီးပါပဲ။ လွန်ခဲ့တဲ့ နှစ်သိန်းကျော်လောက်က လူတစ်ယောက်က အလွန်ထူးခြားတဲ့ မိန်းမပျိုဆယ်ယောက်ကို တွေ့ခဲ့တယ်။ သူတို့ကို ထိပ်တန်းနတ်ဘုရားမီးဖိုဆယ်လုံးလို့ သိကြတယ်။ နံပါတ်(၁)က နတ်မိမယ်သခင်မမျိုးနွယ်... ပြောကြတာတော့ နတ်မိမယ်သခင်မမျိုးနွယ်က မိန်းမတစ်ယောက်ရဲ့ ယင်ဓာတ်အတွင်းအားကို ရနိုင်ရင် ကိုယ့်ရဲ့အတွင်းအားက ကောင်းကင်ဧကရာဇ် ပထမအဆင့်ကနေပြီး ပဉ္စမအဆင့်အထိ ရောက်သွားလိမ့်မယ်။ ပြီးတော့ အဲ့အတွင်းအားကို တူနှစ်ကိုယ်ကျင့်ကြံခြင်းမှာ အသုံးပြုလိုက်ရင် ကျင့်ကြံနှုန်းက ဆယ်ဆပိုမြန်သွားမယ်တဲ့”
“ဘာ...”
ကျန်းရီ အံ့အားသင့်သွား၏။ ဤလောကထဲတွင် ထိုကဲ့သို့ ထူးဆန်းသည့်မျိုးနွယ်တစ်ခု ရှိသေးသည်လော။
ကောင်းကင်ဧကရာဇ် ပထမအဆင့်မှနေ၍ ပဉ္စမအဆင့်သို့ ရောက်အောင် ကျင့်ကြံနိုင်ရန် မည်မျှခက်ခဲသည်ကို ကျန်းရီ မသိပေ။ သူသိသည်မှာ ဗာဂျရာအထွတ်အထိပ်အဆင့်မှနေ၍ ကောင်းကင်ဧကရာဇ်အဆင့်သို့ ရောက်အောင် သူ နှစ်ဝက်ကျင့်ကြံခဲ့ရခြင်းသာ။ ယင်းကလည်း ကျင့်ကြံနှုန်းက အဆတစ်ထောင် ပိုမြန်နေချိန်တွင်ဖြစ်သည်။ ကျင့်ကြံနှုန်းကသာ အဆတစ်ထောင် ပိုမြန်မနေလျှင် သာမန်လူတစ်ယောက်သည် ထိုအဆင့်သို့ရောက်ရန် နှစ်ထောင်ချီ ကျင့်ကြံရမည်လော။
ယခုတွင် ထန်ထိုက်ရှစ်က နတ်မိမယ်သခင်မမျိုးနွယ်မှ ယင်ဓာတ်အတွင်းအားကို ရရှိလျှင် တစ်ညအတွင်းမှာပင် ကောင်းကင်ဧကရာဇ် ပထမအဆင့်မှနေ၍ ပဉ္စမအဆင့်သို့ ရောက်သွားမည်ဖြစ်ကြောင်း ပြောနေသည်လော။ ကျန်းရီ၏ အတွင်းအားအဆင့်က ကောင်းကင်ဧကရာဇ် ပထမအဆင့် သို့မဟုတ် ဒုတိယအဆင့်လောက်တွင် ရှိနေနိုင်သည်။ သူ၏ ကျင့်ကြံခြင်းအရ ကျင့်ကြံနှုန်း အဆတစ်ထောင် ပိုမြန်နေလျှင်ပင် ကောင်းကင်ဧကရာဇ် ပဉ္စမအဆင့်သို့ရောက်ရန် အနည်းဆုံး သုံးနှစ်ကြာလိမ့်မည် မဟုတ်လော။ နတ်မိမယ်သခင်မမျိုးနွယ်က အဘယ်သို့ ထိုမျှ ကြောက်မက်ဖွယ်ကောင်းနေရသနည်း။
ကျန်းရီ လျင်မြန်စွာ ဣန္ဒြေပြန်ဆည်လိုက်ပြီး ထန်ထိုက်ရှစ်ကိုကြည့်ကာ ပြောလိုက်သည်။
“မင်း ငါ့ကို လိမ်နေတာမလား။ လောကထဲမှာ အဲ့လိုဆန်းကြယ်တဲ့ မိန်းမမျိုးတွေ ရှိလို့လား”
“ကျွန်မက ဘယ်လိုလုပ် အရှင့်ကို လိမ်ရဲပါ့မလဲ။ တကယ်လို့ ကျွန်မစကားတွေက အမှားတွေဆိုတာ အရှင် ကျွန်မကို သတ်ပစ်နိုင်ပါတယ်”
ထန်ထိုက်ရှစ်က ပြတ်ပြတ်သားသား ပြောလိုက်သည်။ ထို့နောက် သူမသည် တစ်စုံတစ်ခုကို အမှတ်ရသွား၍ ထပ်ပြောလိုက်၏။
“ဟုတ်တယ်... လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်တုန်းက နတ်မိမယ်သခင်မမျိုးနွယ်က အမျိုးသမီးတစ်ယောက် ကောင်းကင်ကြယ်တာရာနယ်နမိတ်မှာ ထွက်ပေါ်လာခဲ့တယ်။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုက သူ့အတွက်နဲ့ တိုက်ပွဲကြီးတစ်ပွဲ ဆင်နွှဲခဲ့ကြတယ်။ နောက်ဆုံးတော့ နတ်မိမယ်သခင်မမျိုးနွယ်က အမျိုးသမီးကို ရွှမ်ဧကရာဇ်က ရသွားခဲ့တယ်။ အဲ့ အမျိုးသမီးက အခုထိ အသက်ရှိလောက်ဦးမှာပါ...”
“ရွှမ်ဧကရာဇ်လား... တကယ်ပဲ အဲ့လိုဆန်းကြယ်တဲ့မျိုးနွယ်တစ်ခု ရှိတယ်ပေါ့”
ကျန်းရီ အံ့အားသင့်သွားပြီး စိတ်ဝင်တစား မေးလိုက်သည်။
“အဲ့အမျိုးသမီးတွေက မျိုးနွယ်စုတစ်ခုအနေနဲ့ သပ်သပ်ရှိတာလား။ ဒါမှမဟုတ် ကျပန်း ပေါ်လာကြတာလား”
“မျိုးနွယ်စုတစ်ခု မဟုတ်ပါဘူး”
ထန်ထိုက်ရှစ်က ပြုံးကာ ရှင်းပြလိုက်သည်။
“သူတို့တွေက ကောင်းကင်ဘုံရဲ့ ကောင်းချီးပါ။ နောက်နတ်မိမယ်သခင်မက ဘယ်နေရာမှာ ပေါ်လာမယ်၊ ဘယ်မျိုးနွယ်မှာ ထွက်ပေါ်လာမယ်ဆိုတာ ဘယ်သူမှ မသိပါဘူး။ လွန်ခဲ့တဲ့ နှစ်တစ်သိန်းအတွင်းမှာ နတ်မိမယ်သခင်မ လေးယောက်ပဲ ထွက်ပေါ်လာခဲ့တယ်”
“အင်း...အင်း...”
ကျန်းရီ ခေါင်းညိတ်လိုက်သည်။ သူ ထန်ထိုက်ရှစ်ကို ဆက်ရှင်းပြရန် လက်ဟန်ပြလိုက်၏။ ထိုကဲ့သို့သော သတင်းအချက်အလက်မျိုးက သူလိုအပ်သော သတင်းအချက်အလက်ပင်။ သူ အရှေ့ဘက် တော်ဝင်နယ်မြေသို့ ဖောက်ဝင်နိုင်ရန် ထိုနယ်မြေ၏ အခြေအနေအမျိုးမျိုးနှင့် ဆန်းကြယ်မှုအမျိုးမျိုးကို သိထားရန် လိုအပ်ပေသည်။ ရန်သူအကြောင်းကို သိပါမှ နိုင်ပွဲ ရနိုင်မည်ဖြစ်သည်။
ထန်ထိုက်ရှစ်က လက်ဖက်ရည်ခွက်ကို မြှောက်၍ တစ်ငုံသောက်လိုက်ပြီးနောက် ဆက်ရှင်းပြ၏။
“နံပါတ်(၂)က နံ့သာသခင်မမျိုးနွယ်ပဲ။ အဲ့မျိုးနွယ်က မွေးကတည်းက ရှားပါးတဲ့မွေးရနံ့တစ်ခု ပါလာတယ်... မဟာမီးပေါင်းဖိုက အနံ့လိုမျိုးနဲ့ဆင်တူတယ်။ အဲ့မျိုးနွယ်က အပျိုစင်တစ်ယောက်ရဲ့ ယင်ဓာတ်အတွင်းအားကို ရမယ်ဆိုရင် ကောင်းကင်ဧကရာဇ် ပထမအဆင့်ကနေပြီး တတိယအဆင့်ကို ရောက်သွားလိမ့်မယ်။ အဲ့မျိုးနွယ်က တူနှစ်ကိုယ်ကျင့်ကြံခြင်းမှာတော့ အသုံးမဝင်ဘူး။ ဒါပေမဲ့ သူတို့ခန္ဓာကိုယ်က မွေးရနံ့နဲ့ နှစ်ရှည်ထိတွေ့ရင် ကိုယ့်ရဲ့စိတ်ဝိညာဉ်က အဆက်မပြတ် သန်မာလာလိမ့်မယ်။ သန်မာနှုန်းကလည်း မယုံနိုင်လောက်အောင် မြန်တယ်လို့ ပြောကြတယ်”
“အဲ့ဒါက စိတ်ဝိညာဉ်ကို သန်မာလာအောင် လုပ်ပေးနိုင်တာလား”
ယနေ့တွင် ကျန်းရီ အမှန်ပင် အမြင်ကျယ်သွားပေပြီ။ ဤကျယ်ပြောသောလောကထဲတွင် အမှန်ပင် ဆန်းကြယ်သောအရာများနှင့် ပြည့်နှက်နေပေသည်။
ထန်ထိုက်ရှစ်က ခပ်ဖွဖွ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
“နံပါတ်(၃)က ဝံပုလွေသခင်မမျိုးနွယ်။ အဲ့မျိုးနွယ်ရဲ့ ယင်ဓာတ်အတွင်းအားက အတွင်းအားကိုတော့ မတိုးမြှင့်ပေးနိုင်ဘူး။ ဒါပေမဲ့ တူနှစ်ကိုယ်ကျင့်ကြံခြင်းရဲ့ ကျင့်ကြံနှုန်းက ဆယ်စပိုမြန်သွားလိမ့်မယ်။ အဲ တစ်ခုရှိတာက အဲ့မျိုးနွယ်က အမျိုးသမီးတွေက ပြင်းပြမှုကြီးလို့ ညတိုင်း လိင်သာယာမှုကို ရှာလိမ့်မယ်။ သာမန်ယောက်ျားတွေက သူတို့ကို ကျေနပ်မှုပေးနိုင်မှာ မဟုတ်ဘူး။ သာမန် ကောင်းကင်ဧကရာဇ်တွေတောင် မတတ်နိုင်ဘူး”
ထန်ထိုက်ရှစ်သည် ထိုအကြောင်းကို ပြောသောအခါ မျက်နှာလေးက ပို၍နီမြန်းလာ၏။ သူမ မျက်ရည်လည်းဝဲလာလေသည်။ သူမက ခေါင်းငုံ့နေပြီး ကျန်းရီကို မကြည့်ဝံ့ဖြစ်နေပေသည်။ ကျန်းရီသည် အိုးတိုးအန်းတန်းဖြင့် နှာခေါင်းပွတ်လိုက်ပြီး ချောင်းဟန့်ကာ မေးလိုက်၏။
“နံပါတ်(၄)ကရော...”
“နံပါတ်(၄)က နတ်သူငယ်သခင်မမျိုးနွယ်ပါ”
ထန်ထိုက်ရှစ်သည် အသက်တစ်ချက် ရှူသွင်းလိုက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်၏။
“အဲ့မျိုးနွယ်က ထိပ်တန်းဖြစ်တဲ့ ကိုးပါးမျှော့ကို ပိုင်ဆိုင်ထားတယ်။ ‘ဟိုဟာ’ လုပ်တဲ့အခါမှာ အဲ့မျိုးနွယ်က အမျိုးသမီးရဲ့ ‘ဟိုနေရာ’က တစ်ခါတလေဆို အရိုးခိုက်မတတ် အေးနေလိမ့်မယ်၊ တစ်ခါတလေဆို ချစ်ချစ်တောက်ပူနေလိမ့်မယ်။ ပြီးတော့ ဟိုနေရာရဲ့ အတွင်းပိုင်းက ကိုးပါးမျှော့လို စုပ်အားကောင်းတယ်။ သာမန်ယောက်ျားတွေဆို ဆယ်မိနစ်ထက်ပိုခံနိုင်မှာ မဟုတ်ဘူး။ အဲ့မျိုးနွယ်က လောကထဲက ယောက်ျားတိုင်းရဲ့ အိပ်မက်ထဲက အိပ်ရာဝင်ဖော်ပဲ။ သူတို့က တူနှစ်ကိုယ်ကျင့်ကြံခြင်းအတွက်လည်း သင့်တော်တယ်။ ကျင့်ကြံနှုန်းကို ငါးဆကနေ ခြောက်ဆအထိ မြှင့်တင်ပေးနိုင်တယ်”
ဂလု...
ကျန်းရီ တံတွေးမျိုချလိုက်၏။ သူသည် ထန်ထိုက်ရှစ်ပြောသွားသော ‘ဟိုဟာ’နှင့် ‘ဟိုနေရာ’ကို ရှင်းရှင်းလင်းလင်း သိပေသည်။ ယခုတွင် ဤအခန်းထဲ၌ ယောက်ျားနှင့် မိန်းမ နှစ်ယောက်တည်းရှိနေခြင်းပင်။ သူ့အရှေ့တွင် ထိုင်နေသူမှာ အလွန်လှပသော မိန်းမပျိုတစ်ယောက်ဖြစ်သည်။ ထိုမိန်းမပျိုသည် သူ့အား မိန်းမခန္ဓာကိုယ်၏ ဆန်းကြယ်မှုများကို ရှင်းပနေ၏။ ကျန်းရီ၏ ဆင့်ကဲတိုးတက်ထားသော စိတ်ဝိညာဉ်ကြောင့်သာ မဟုတ်လျှင် သူသည် အဓမ္မအမှုကို ကျူးလွန်ပြီးလောက်ပေပြီ။
ကျန်းရီသည် မည်သည့်စကားမှ မပြောဘဲ အတွင်းအားကို လှည့်ပတ်၍သာ သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် လုပ်နေလေသည်။ ထို့နောက်မှ သူ မေးလိုက်သည်။
“မင်းတို့ လိပ်ပြာသခင်မမျိုးနွယ်ကလည်း အဲ့ထိပ်တန်းမျိုးနွယ်ဆယ်ခုထဲကပဲလား”
“ဟုတ်ပါတယ်”
ထန်ထိုက်ရှစ်သည် ကျန်းရီကို ကြည့်ပင် မကြည့်ဝံ့တော့ဘဲ ခေါင်းငုံ့၍ ပြောလိုက်၏။
“ကျွန်မတို့ လိပ်ပြာသခင်မမျိုးနွယ်က နံပါတ်(၅)ပါ။ ကျွန်မရဲ့ ယောက်ျားက မပြောပြရင် ကျွန်မ သိဦးမှာ မဟုတ်ပါဘူး။ အရှင် ဒီအကြောင်းကို သိတဲ့ ဒုတိယလူပါ။ အရှင် ဒီကိစ္စကို လျှို့ဝှက်ထားလိမ့်မယ်လို့ ကျွန်မမျှော်လင့်ပါတယ်။ ဒီကိစ္စသာ ပေါက်ကြားသွားရင် ကျွန်မ အဆုံးသတ်မလှ ဖြစ်သွားပါလိမ့်မယ်”
“ဘာလို့ အဆုံးသတ်မလှမှာလဲ”
ကျန်းရီက စိတ်ဝင်တစား မေးလိုက်၏။
“မင်းရဲ့ ယောက္ခမက ကောင်းကင်မီးတောက်မြို့ရဲ့ မြို့အရှင်ပဲ... အဲ့တော့ မင်းယောက်ျားရဲ့ အဆင့်အတန်းကလည်း နိမ့်မှာမဟုတ်ဘူးမလား။ ဟုတ်သား... ဘာလို့ မင်းယောက်ျားက မင်းတို့နဲ့အတူ ပါမလာတာလဲ”
ထန်ထိုက်ရှစ်၏ မျက်နှာထားက မည်းမှောင်သွား၏။ သူမ ခေါင်းမော့ကာ ကျန်းရီကို ကြည့်လိုက်ပြီး ခါးသက်သက်ပြုံး၍ ပြောလိုက်လေသည်။
“ဒီတစ်ခေါက် ကျွန်မတို့က မီးပြတိုက်နယ်မြေမှာရှိတဲ့ ကျွန်မမိဘရဲ့အိမ်ကို အလည်ပြန်ကြတာပါ။ ဒါပေမဲ့ ကျွန်မတို့ အရှေ့ဘက် တော်ဝင်နယ်မြေကို ပြန်လာတဲ့လမ်းမှာ အင်အားကြီး ဓားပြတပ်မဟာတစ်ခုနဲ့ ကြုံခဲ့ရပါတယ်။ ကျွန်မရဲ့ယောက်ျားက တိုက်ပွဲအတွင်းမှာ ကျဆုံးသွားခဲ့တယ်... ကျွန်မတို့နဲ့အတူ ပါလာတဲ့ ပညာရှင်နှစ်ထောင်ကလည်း လက်ရှိအရေအတွက်ပဲ ကျန်တော့တယ်။ ကလေးနှစ်ယောက်ကို မျိုးနွယ်ဆီ ပြန်ပို့ပေးဖို့သာ မရှိရင် ကျွန်မ ကျွန်မရဲ့ယောက်ျားနဲ့အတူ လိုက်သေပြီးပါပြီ”
“အင်း...”
ကျန်းရီ ချက်ချင်း သဘောပေါက်သွားပြီး ဆက်မမေးတော့ပေ။ ကျန်းရီသည် အရေးကြီးအချက်များကို ဆက်စပ်တွေးတောပြီးနောက် အဘယ်ကြောင့် ထန်ထိုက်ရှစ်က ‘လိပ်ပြာသခင်မမျိုးနွယ်’အကြောင်းကို နှစ်ကြိမ် ပြောရကြောင်း နားလည်သွားလေသည်။
ထန်ထိုက်ရှစ်က ကျန်းရီကို ဆွဲဆောင်၍ ကျောထောက်နောက်ခံရှာလိုခြင်းပင်။ သူမသည် ကလေးနှစ်ယောက်ကို ကောင်းကင်မီးတောက်မြို့သို့ ပြန်ပို့လိုသော်လည်း သူတို့နှင့် သူမ ဒုက္ခခံစားရမည်ကို မလိုလားပေ။ ထန်ထိုက်ရှစ်၏ ယောက်ျားက အမှန်ပင် ဓားပြများ၏လက်ချက်ဖြင့် သေသွားခြင်းလော သို့မဟုတ် သူ့မျိုးနွယ်မှ လူများ၏ အကောက်ကြံမှုကြောင့် သေသွားခြင်းလောဟု ကျန်းရီ သံသယဖြစ်နေသည်။
အားနည်းသော အမျိုးသမီးတစ်ယောက်သည် ကလေးနှစ်ယောက်ကို မျိုးနွယ်ကြီးတစ်ခုသို့ ပြန်ခေါ်သွားရမည်ဖြစ်သော်လည်း ကျောထောက်နောက်ခံ ခင်ပွန်း ရှိမနေပေ။ ပို၍အရေးကြီးသည်မှာ ထိုအမျိုးသမီးက အလွန်ချောမောလှပသဖြင့် ထိုက်ထန်မျိုးနွယ်မှ ယောက်ျားသားများ၏ သွားရည်ကျမှုကို သေချာပေါက် ခံရမည်ဖြစ်ခြင်းပင်။ အကယ်၍ သူမသာ သူမ၏ကလေးနှစ်ယောက်ကို ဒုက္ခမခံစေလိုလျှင် ရွေးချယ်စရာမရှိတော့ဘဲ အင်အားကြီးနောက်ခံတစ်ခုကို ရှာရမည်ဖြစ်သည်။
ပုံမှန်ဆိုလျှင် ထန်ထိုက်ရှစ်၏ ယောက္ခမက အင်အားကြီးနောက်ခံ ဖြစ်ပေလိမ့်မည်။ သို့သော် သူမ၏ စကားများကို ကြားပြီးနောက် ထိုယောက္ခမက အားမကိုးရကြောင်း ကျန်းရီ သိသွားသည်။ ကျန်းရီက အလွန်စွမ်းအားကြီးပြီး သူမ၏ ယောက္ခမထက် မနိမ့်ပေ။ ထို့ပြင် သူက သူမတို့၏ အသက်ကို ကယ်တင်ခဲ့သူဖြစ်သည်။ သူသည် သူမသမီး၏ စကားကြောင့် စွန့်စားကာ သူမတို့ကို ပြန်လိုက်ပို့ခဲ့သည်။ ထို့ကြောင့် ထန်ထိုက်ရှစ်၏ နှလုံးသားထဲတွင် ကျန်းရီက အင်အားကြီးကျောထောက်နောက်ခံ ဖြစ်နေပေသည်။
သို့သော် ကျန်းရီသည် သူမ၏ ကျောထောက်နောက်ခံ မဖြစ်လိုပေ။ သူသည် လိပ်ပြာသခင်မမျိုးနွယ်၏ ဆန်းကြယ်မှုအကြောင်းကိုပင် မမေးလိုက်ချေ။ ထို့နောက် သူသည် အဝတ်အစားများကို သပ်သပ်ရပ်ရပ် ဖြန့်ကာ ထရပ်၍ ပြောလိုက်၏။
“မင်း အခုလိုရှင်းပြတာ ကျေးဇူးတင်ပါတယ်။ ဉာဉ့်လည်းနက်နေပြီဆိုတော့ မင်း အနားယူပါတော့။ ငါ သွားတော့မယ်”
ကျန်းရီသည် အတွင်းအားထုတ်၍ အကာအရံကို အားသုံးကာ ဖွင့်လိုက်ပြီး ခြေလှမ်းကျဲကြီးများဖြင့် အပြင်သို့ ထွက်သွားလေသည်။ ထန်ထိုက်ရှစ်က ကျန်းရီ၏ ကျောပြင်ကို ငေးကြည့်လိုက်၏။ သူမ၏မျက်ဝန်းများထဲတွင် ဝမ်းနည်းမှုအရိပ်အယောင်တစ်ခု လက်သွားလေသည်။ သူမ၏ မျက်ဝန်းများမှနေ၍ မျက်ရည်များ တိတ်တဆိတ် လိမ့်ဆင်းလာပြီး စားပွဲပေါ်သို့ ကျသွားလေတော့သည်။
***