← Chapters

ဝံပုလွေအစွယ်မြို့

Vol. 63 Ch. 879

ဝံပုလွေအစွယ်မြို့

Vol. 63 Ch. 879

ဗာဂျရာ အထွတ်အထိပ်အဆင့် သိုင်းသမားများသည် ကောင်းကင်ဧကရာဇ်အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သော်လည်း ကောင်းကင်ဧကရာဇ်များထက် များစွာပို၍ အားနည်းကြပေသည်။ ကောင်းကင်ဧကရာဇ်များသည် နတ်ဘုရားဒိုင်းများရှိပြီး ဗာဂျရာ အထွတ်အထိပ်အဆင့် သိုင်းသမားတစ်စုကို သတ်ပစ်နိုင်ပေသည်။ မည်သည့် ဗာဂျရာ အထွတ်အထိပ်အဆင့် သိုင်းသမားကမှ ကောင်းကင်ဧကရာဇ်တစ်ပါးကို မသတ်နိုင်လောက်ချေ။

ထို့အတူပင် နတ်ဘုရားတစ်ပိုင်း သိုင်းသမားများက အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များထက် တစ်ဆင့်သာမြင့်ခြင်းဖြစ်သော်လည်း များစွာပို၍ သန်မာပေသည်။ သမိုင်းတွင် ကောင်းကင်ဧကရာဇ်က နတ်ဘုရားတစ်ပိုင်းကို သတ်ခဲ့သော အဖြစ်အပျက်မျိုး မရှိခဲ့ဖူးချေ။ ဆန်းကြယ်ဧကရာဇ်သည်ပင် ကောင်းကင်ဧကရာဇ်အဆင့်တွင်သာ ရှိနေခဲ့စဉ်က မည်သည့်နတ်ဘုရားတစ်ပိုင်းကိုမှ မသတ်နိုင်ခဲ့ပေ။

ဤလောကထဲတွင် နတ်ဘုရားတစ်ပိုင်းများက စွမ်းအားအကြီးဆုံးသူများ ဖြစ်ကြသည်။ နတ်ဘုရားတစ်ပိုင်းများသည် သူတို့၏နယ်မြေများတွင် အကြီးအကဲများ ဖြစ်လာနိုင်ကြသည်။ သူတို့သာ မျိုးနွယ်ကြီးတစ်ခုထဲဝင်လိုက်လျှင် သူတို့၏အဆင့်အတန်းက မျိုးနွယ်ခေါင်းဆောင်ထက် တစ်ဆင့်သာ နိမ့်ပေလိမ့်မည်။ အကယ်၍ သူတို့သည် မျိုးနွယ်ခေါင်းဆောင်၏ သားသမီးက သူတို့ကို စော်ကားသဖြင့် သတ်ပစ်လိုသည်ဆိုလျှင်ပင် မျိုးနွယ်ခေါင်းဆောင်က သူတို့ကို တားမည် မဟုတ်ချေ။

ထိုကဲ့သို့သော သိုင်းပညာရှင်များသည် မည်သည့်မျိုးနွယ်သို့ ဝင်သည်ဖြစ်စေ တလေးတစား ဆက်ဆံခံရမည်သာ။ သူတို့သည် ဧကရာဇ်ကိုးပါးမျိုးနွယ်စုထဲသို့ ဝင်လိုက်လျှင်ပင် မဟာအကြီးအကဲများ ဖြစ်လာပေလိမ့်မည်။ အဆင့်အတန်းအမြင့်ဆုံး သခင်လေးများသည်ပင် သူတို့ကို တရိုတသေ နှုတ်ဆက်ရမည်ဖြစ်သည်။

ကျန်းရီ၏ ခန့်မှန်းချက်က မှန်ခဲ့၏။ ကောင်းကင်မီးတောက်မြို့က မြို့ငယ်လေးတစ်မြို့ပင်။ ထန်ထိုက်မျိုးနွယ်တွင်လည်း အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ် ခြောက်ပါးသာ ရှိပြီး ကောင်းကင်ဧကရာဇ် (၁၀,၀၀၀)နီးပါးသာ ရှိပေသည်။ သူတို့သည် ကောင်းကင်ဧကရာဇ်များသာဖြစ်၍ နတ်ဘုရားတစ်ပိုင်းများနှင့် ယှဉ်နိုင်မည်မဟုတ်ပေ။ ထန်ထိုက်ရှစ် မြင်ဖူးသော စွမ်းအားအကြီးဆုံး သိုင်းပညာရှင်မှာ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်သာ ဖြစ်သည်။ သူမသည် ကျန်းရီက နတ်ဘုရားတစ်ပိုင်းဖြစ်နေလိမ့်မည်ဟု လုံးဝထင်မထားခဲ့ပေ။

ထန်ထိုက်ရှစ်သည် သူမက နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်တစ်ယောက်ကို ဖြားယောင်းရန် ကြိုးစားခဲ့မိကြောင်း တွေးမိသောအခါ ရှက်သွားလေသည်။ သို့သော် သူမ အံ့အားသင့်နေ၏။ ကျန်းရီ အလွန်ငယ်သေးသည်ဟု သူမထင်ပေသည်။ ယင်းက မိန်းမတစ်ယောက်၏ အလိုလိုသိစိတ်ပင်။ သူမ မှန်းရသလောက် ကျန်းရီသည် အသက်(၃၅)နှစ်အောက်တွင် ရှိပေလိမ့်မည်။

လူတစ်ယောက်သည် မည်မျှ စွမ်းအားကြီးစေကာမူ၊ မည်မျှ ငယ်ရွယ်ပုံပေါ်စေကာမူ အမှန်ပင် အသက်ကြီးသူတစ်ယောက်ဖြစ်ပါက ရင့်ကျက်သောအငွေ့အသက်တစ်ခုကို ပေးမည်ဖြစ်သည်။ ထန်ထိုက်ရှစ်သည် သူမ၏ ခန့်မှန်းချက်က မှန်လိမ့်မည်ဟု ယုံကြည်၏။ ထို့ကြောင့် သူမက ကျန်းရီကို ဖြားယောင်းခဲ့ခြင်းပင်။ ငယ်ရွယ်သော သိုင်းပညာရှင်တစ်ယောက်၏မိန်းမ ဖြစ်ရခြင်းက သူမတို့မျိုးနွယ်မှ အဘိုးကြီးများ၏ အငယ်အ‌နှောင်းဖြစ်ရခြင်းထက် ပိုသာသည် မဟုတ်ပါလား။

ဝှစ်...

ကျန်းရီသည် မျက်နှာသေဖြင့် အောက်သို့ ပျံဆင်းလာ၏။ သို့သော် သူ့မျက်ဝန်းများထဲတွင် ခါးသက်သော အရိပ်အယောင်တစ်ခု လက်သွားလေသည်။ သူသည် ရန်သူများကို ခြောက်လွှတ်နိုင်လိုက်ပြီဖြစ်သော်လည်း ယနေ့ သူလုပ်လိုက်သော လုပ်ရပ်က အမှန်ပင် ရူးမိုက်သောလုပ်ရပ်ဖြစ်လေသည်။

နတ်ဘုရားတစ်ပိုင်း သိုင်းပညာရှင်များသည် ရောက်ရာအရပ်တွင် အာရုံစိုက်ခံရမည်ဖြစ်သည်။ ဤနေရာတွင် နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက် ထွက်ပေါ်လာသည်ဆိုသော သတင်းက မကြာခင်တွင် ပျံ့နှံ့သွားပေလိမ့်မည်။ အကယ်၍ သူသာ မျိုးနွယ်တစ်ခု၏ ပစ်မှတ်ထားခြင်းကို ခံရပြီး ထူးခြားသော နတ်ဘုရားစွမ်းရည်တစ်ခုနှင့် အလိုက်ခံရလျှင် မလိုလားအပ်သော ပြဿနာများ ဖြစ်လာမည်ဖြစ်သည်။ သူ မည်သူဖြစ်ကြောင်း ပေါ်သွားနိုင်ခြေလည်း ပိုများလာပေလိမ့်မည်။

သို့သော် ကျန်းရီသည် ကလေးနှစ်ယောက်၏ အပြစ်ကင်းသော မျက်နှာလေးများကို မြင်လိုက်သောအခါ ယနေ့ သူလုပ်လိုက်သော လုပ်ရပ်ကာ မှန်ကန်သည်ဟု တွေးလိုက်မိပေသည်။ သူသာ ကလေးနှစ်ယောက်ကိုခေါ်၍ ထွက်ပြေးသွားလျှင် ထန်ထိုက်ရှစ်က သေချာပေါက် သေသွားပေလိမ့်မည်။ သို့ဆိုလျှင် ထိုကလေးနှစ်ယောက်သည် မိဘမဲ့ကလေးများ ဖြစ်သွားမည်ဖြစ်သည်။

အကျိုးအကြောင်းအရ ကြည့်လျှင် ယနေ့ သူလုပ်လဲ့သော လုပ်ရပ်က မှား၏။ သို့သော် ခံစားချက်အရ ကြည့်လျှင်မူ သူ့လုပ်ရပ်က မှန်ကန်ပေသည်။ မည်သို့ပင်ဖြစ်စေ အကယ်၍ ယနေ့တွင် သူ ထွက်ပြေးခဲ့ပါက သူ့ဘဝတစ်လျှောက်လုံး လိပ်ပြာမလုံသည့်စိတ်ဖြင့် နေရပေလိမ့်မည်။ ယင်းက သူ့အတွက် ပို၍ရက်စက်ရာကြ၏။ နောက်ဆုံးတွင် သူသည် သူ့ကိုယ်သူ မုန်းတီးလာမိပေလိမ့်မည်။

“မင်းတို့က ဘာကြည့်နေကြတာလဲ”

ကျန်းရီသည် လူအုပ်က သူ့ကို ငေးကြည့်နေကြောင်း တွေ့လိုက်သောအခါ အတန်ငယ် စိတ်ရှုပ်သွားပြီး မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်၏။

“ဒီနေ့ ဖြစ်ခဲ့တဲ့ကိစ္စကို ဘယ်သူမှ စကားတစ်ခွန်းတောင် မဟကြနဲ့။ ဒီအကြောင်းကို ပြောမိတဲ့ဘယ်သူမဆို အကျိုးဆက်တွေကို ခံရလိမ့်မယ်”

“ဟုတ်ကဲ့ပါ အရှင်”

စုန့်ကျုံးနှင့် သူ့အုပ်စုသည် ကြောက်ကြောက်ရွံ့ရွံ့ဖြင့် လက်ဆုပ်ကာ အလေးအနက် အော်ပြောလိုက်၏။ ထန်ထိုက်ရှစ်ကလည်း သူမ၏အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်လုပ်၍ ကျန်းရီကို အလေးအနက် ဦးညွှတ်လိုက်သည်။ သို့သော် အသုံးမဝင်သည့် ကျေးဇူးတင်စကားများကိုတော့ မပြောလိုက်ပေ။ သူမသည် အလွန်ဉာဏ်ထက်သော မိန်းမတစ်ယောက်ပင်။ သူမ၏ ဖြားယောင်းမှုများက ကျန်းရီကို ရွံရှာစေခဲ့ကြောင်း သူမ သဘောပေါက်သွားပေပြီ။ ထို့ကြောင့် သူမသည် ကျန်းရီကို ဆက်စော်ကားဝံ့တော့မည် မဟုတ်ချေ။

ဓားပြများအားလုံး ထွက်ပြေးသွားပေပြီ။ အဓိကတပ်သားများကလည်း အနားသို့ စွန့်စား၍ မလာခဲ့ပေ။ ထို့ကြောင့် ကျန်းရီတို့အုပ်စုက ခရီးဆက်လိုက်၏။ ဤတစ်ကြိမ်တွင် ကျန်းရီသည် သတိလက်လွတ်မဖြစ်ဝံ့တော့ပေ။ သူသည် အစောကကဲ့သို့ အဖြစ်အပျက်မျိုးကို ရှောင်ရန် ကောင်းကင်နားလည်သိမြင်ခြင်းဖြင့် ပတ်ဝန်းကျင်ကို မပြတ်ထောက်လှမ်းနေလိုက်သည်။

မကြာခင်မှာပင် မှောင်လာ၏။ သူတို့သည် ညပိုင်းစခန်းချရန်အတွက် နေရာတစ်ခုရှာရန် ထပ်မံလိုအပ်လာပေသည်။ ဤတစ်ကြိမ်တွင် သူတို့သည် ထန်ထိုက်ရှစ် တောင်းဆိုသည့်အတိုင်း ရေကန်လေးတစ်ကန်ဘေးတွင် စခန်းချလိုက်ကြ၏။ သူမသည် အကွက်ဟောင်းများကိုသုံးပေလိမ့်ဦးမည်ဟု ကျန်းရီ တွေးလိုက်၏။ သို့သော် သူမ တစ်ကိုယ်လုံး ဖုန်အလိမ်းလိမ်း ဖြစ်နေသည်ကို မြင်လိုက်သောအခါ သူ တွေးသလို မဟုတ်ဟု ကျန်းရီ စိတ်သက်သာရာရသွားသည်။

စုန့်ကျုံးနှင့် အခြားသူများသည် ယဉ်ကျေးမှုရှိသူများဖြစ်၍ သူတို့၏ ရွက်ဖျင်တဲများကို ရေကန်နှင့် တစ်ကီလိုမီတာအကွာတွင် ဆင်ကြ၏။ ကျန်းရီမှာမူ ရေကန်ဘေးတွင် မိန်းကလေးတစ်ခုနှင့် တစ်ညတာ ကုန်ဆုံးရမည်ဖြစ်သည်။

ညစာစားသောက်ပြီးနောက် အစေခံမလေးအချို့သည် ကလေးနှစ်ယောက်ကိုခေါ်ကာ ရေကန်တွင် ‌ရေချိုးသန့်စင်ပေး၏။ ကလေးများသည် တခစ်ခစ်ရယ်ကာ ရေထဲတွင် ဆော့ကစားနေကြ၏။ ကျန်းရီသည် ထိုမြင်ကွင်းကြောင့် အလွန်ကျေနပ်နေပေသည်။ အကယ်၍ ယနေ့တွင် သူသာ ထွက်ပြေးခဲ့ပါက ထိုကလေးနှစ်ယောက်သည် ဤသို့ရယ်မောနေနိုင်မည် မဟုတ်ချေ။

နောက်ပိုင်းကိစ္စများက ကျန်းရီအတွက် အိုးတိုးအန်းတန်း ဖြစ်စေ၏။ အစေခံမလေးအချို့သည် ရေကန်ကို အဝတ်များဖြင့်ကာလိုက်ပြီး ထန်ထိုက်ရှစ် ရေချိုးသည်ကို ကူညီပေးလိုက်၏။ ထို့နောက်တွင် သူမတို့သည်လည်း အဝတ်အစားများ ချွတ်ကာ ရေချိုးလိုက်ကြသည်။ အစောက သူမတို့ ပုန်းအောင်းခဲ့သော ‌တောင်ကြားထဲမှာ အနံ့က ဆိုးဝါးသဖြင့် မိန်ကလေးများသည် ရေမချိုးဘဲ မနေနိုင်ကြပေ။

အနီးနားတွင် ယောက်ျားတစ်ယောက်ရှိနေသော်လည်း ထိုယောက်ျား၏ အစွမ်းက သူမတို့ကို ရင်တုန်ကြောက်ရွံ့သွားစေနိုင်ပေသည်။ သူမတို့သည် သူ့ကို ရှိခိုးဦးညွှတ်လိုစိတ်ပင် ပေါက်နေကြ၏။ ထို့ပြင် ကျန်းရီက သူမတို့ကို အရေးမစိုက်ပေ။ ထို့ကြောင့် ထိုအစေခံမလေးများက စိတ်အေးအေးဖြင့် ရေချိုးနေကြခြင်းပင်။ သို့သော် ကျန်းရီတွင် မကောင်းသော အတွေးများ ရှိလျှင်လည်း ထိုအစေခံမလေးများက ဝမ်းသာအားရ လိုက်လျောကြမည်သာ။

ထန်ထိုက်ရှစ်က ပို၍ပင် စိတ်အေးလက်အေးရှိနေသည်။ သူမသည် ကျန်းရီက သူမကို လိုချင်လာပါစေဟုပင် မျှော်လင့်နေ၏။ ကျန်းရီသာ လက်ညှိုးညွှန်လိုက်လျှင် သူမသည် အဝတ်အစားများကို ချက်ချင်းချွတ်၍ သူ့အ‌ပေါ်သို့ တွားတက်သွားမည်ဖြစ်သည်။

ကျန်းရီသည် သူ့ရွက်ဖျင်တဲထဲသို့သာ ဝင်သွားလိုက်၏။ သူသည် ကောင်းကင်စိတ်အာရုံကို မထုတ်လွှတ်ဝံ့ဘဲ ဘုန်းကြီးအိုကြီးတစ်ပါးကဲ့သို့သာ ထိုင်နေ၏။ ရေသံများနှင့် အစေခံလေးများ၏ ခိုးခိုးခစ်ခစ် ရယ်သံများက လေပြေလေးများကဲ့သို့ သူ့နားအတွင်းသို့ ဝင်လာလေသည်။

“သခင်မရဲ့ ခန္ဓာကိုယ်က တကယ်လှတာပဲ”

“သခင်မ ကုန်းလိုက်ပါ... ကျွန်မ သခင်မရဲ့ ကျောကို တိုက်ပေးမယ်”

“သခင်မက ပန်းရောင်အတွင်းခံ ဝတ်ထားတာလား”

ကျန်းရီတွင် စွမ်းအားကြီးသော အကြားအာရုံရှိ၏။ သူ ထိုအသံများကို မကြားလိုလျှင်ပင် အစေခံမလေးများ၏ တီးတိုးပြောသံများက သူ့နားအတွင်းသို့ ဝင်လာကြပေသည်။ ထို့ကြောင့် သူ့စိတ်ထဲတွင် လွန်စွာစိတ်ကြွဖွယ် ပုံရိပ်များ အလိုလို ထွက်ပေါ်လာလေသည်။

ကျန်းရီ၏ စိတ်က အတော်လေးသန်မာ၍သာ တော်သေးသည်။ သူ စတင် တရားထိုင်လိုက်ပြီး ချက်ချင်း ကျင့်ကြံလိုက်၏။ သို့သော် သူ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ မဝင်ဝံ့ပေ။ ဝင်လိုက်လျှင် သူသည် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ရှင်းလင်းပြတ်သားစွာ မြင်လိုက်ရပေလိမ့်မည်။

ညက တိတ်ဆိတ်ခဲ့၏။

နောက်တစ်နေ့တွင် ကျန်းရီတို့အုပ်စုသည် ထပ်မံ၍ ခရီးဆက်လိုက်၏။ ဤတစ်ကြိမ်တွင် ကျန်းရီသည် ပို၍ပင် သတိကြီးနေပေသည်။ သူ၏ကောင်းကင်နားလည်သိမြင်ခြင်းက ပတ်ဝန်းကျင်ကို အချိန်ပြည့် ထောက်လှမ်းနေ၏။ ပင်လယ်မှနေ၍ ဝံပုလွေအစွယ်မြို့သို့ ကီလိုမီတာတစ်သန်း ဝေးသည်။ သူတို့သည် ကောင်းကင်ကံကြမ္မာသင်္ဘောကို မစီး၍ များစွာပိုနှေးနေသော်လည်း ရထားလုံးထဲမှ လူများကလွဲ၍ ကျန်လူများအားလုံးမှာ ကောင်းကင်ဧကရာဇ်များ ဖြစ်၍ အမြန်နှုန်းက မဆိုးလှချေ။ ညနေဆည်းဆာချိန်တွင် သူတို့သည် ဝံပုလွေအစွယ်မြို့၏ အရှေ့ဘက် ဆင်ခြေဖုံးရှိ မြို့အသေးလေးတစ်မြို့သို့ ရောက်လာလေသည်။

ဟူး...

မြို့အသေးလေးကို တွေ့လိုက်သောအခါ စုန့်ကျုံးနှင့် ကျန်သူများအားလုံးသည် စိတ်ပေါ့သွားဟန် သက်ပြင်းရှည်များ ချလိုက်ကြ၏။ မြို့အသေးလေးကို မြင်ရခြင်းသည် သူတို့က မြို့ကြီးနှင့် သိပ်မဝေးတော့ဟူသော အဓိပ္ပာယ်ပင်။ မြို့အသေးလေးများ၏ အကာအရံများက အလွန်အားနည်း၏။ မည်သည့် အဆင့်မြင့် ကောင်းကင်ဧကရာဇ်မဆိုး ထိုအကာအရံများကို ဖျက်ဆီးနိုင်ပေသည်။ သို့သော် ဓားပြများသည် ထိုမြို့အသေးလေးများကို မတိုက်ခိုက်ကြချေ။ မဟုတ်လျှင် ထိုမြို့အ‌သေးလေးများကို ကာကွယ်ပေးသည့် အနီးမှ မြို့ကြီးများရှိ မျိုးနွယ်များက ဒေါသထွက်သွားပေလိမ့်မည်။

“စုန့်ကျုံး... ပတ်ဝန်းကျင်က ဓားပြတပ်မဟာတွေက အတော်လေး အင်အားကြီးတာပဲ။ ဘာလို့ သူတို့ကို မြို့ကို မတိုက်ခိုက်တာလဲ”

ကျန်းရီသည် အဝေးရှိ ဝံပုလွေအစွယ်မြို့၏ အခြေအနေကို အာရုံခံမိလိုက်၍ မေးလိုက်ခြင်းပင်။ ထိုမြို့တွင် ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့် သိုင်းပညာရှင် အယောက်နှစ်ဆယ်လောက်သာ ရှိပေသည်။ တစ်ဘက်တွင်မူ သူတို့ ယမန်နေ့က တွေ့ကြုံခဲ့သော ဓားပြတပ်မဟာနှစ်ခုတွင် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ် ဒါဇင်ကျော် ရှိ၏။ ထိုအရေအတွက်က မြို့အသေးလေးတစ်မြို့ကို သိမ်းပိုက်ရန် လုံလောက်သည်ထက် ပိုပေသည်။

စုန့်ကျုံးက လက်ဆုပ်ကာ အသံပြန်ပို့လွှတ်လိုက်သည်။

“အရှင်... အဲ့ဒါက ဒေသအပေါ်မှာ မူတည်ပါတယ်။ ဥပမာအနေနဲ့ ပင်လယ်ပိုင်းဒေသနဲ့ ကျွန်တော်တို့ ကောင်းကင်ဒေသက ဒေသအရှင်တွေက စည်းကမ်းတင်းကြပ်ပါတယ်။ မြို့အရှင်တိုင်းကို ဒေသအရှင်တွေကပဲ ခန့်အပ်တာပါ။ အဲ့ဒါကြောင့် မြို့တစ်မြို့ကို သိမ်းပိုက်လိုက်ရင်တောင် မြို့အရှင် ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒေသအရှင်က တပ်သားတွေစေလွှတ်ပြီး ကျူးကျော်သူတွေကို မောင်းထုတ်မှာပါ။ ဒါပေမဲ့... ဒေသတော်တော်များများကတော့ အတော်လေးပရမ်းပတာဆန်ပါတယ်။ မြို့ကို သိမ်းပိုက်နိုင်တဲ့သူက မြို့အရှင် ဖြစ်တာပါပဲ။ တစ်ခါတလေဆို လဝက်အတွင်းမှာတင် မြို့အရှင် ငါးယောက်လောက် ပြောင်းတာမျိုးတွေ ရှိတယ်”

“အင်း...”

ကျန်းရီ ခေါင်းညိတ်လိုက်ပြီး အသံပို့လွှတ်လိုက်သည်။

“မနက်ဖြတ် ဝံပုလွေအစွယ်မြို့ကိုရောက်ရင် လမ်းခွဲကြတာပေါ့။ ငါ့မှာလည်း လုပ်စရာကိစ္စတွေ ရှိသေးတယ်။ မင်းတို့ တည်နေရာပြောင်းရွှေ့အစီအရင်နဲ့ ကောင်းကင်ဒေသကို ပြန်သွားလို့ရပြီ မဟုတ်လား...”

“တည်နေရာပြောင်းရွှေ့အစီအရင်...”

စုန့်ကျုံး၏ မျက်နှာထား မည်းမှောင်သွား၏။ သူသည် ခါးသက်စွာ အသံပို့လွှတ်လိုက်၏။

“အရှင်... အရှင်က ကျွန်တော်တို့ကို အရမ်းအထင်ကြီးနေတာပဲ။ ကျွန်တော်တို့အားလုံးကို ရောင်းလိုက်ရင်တောင် တည်နေရာပြောင်းရွှေ့အစီအရင်အသုံးပြုခကို မတတ်နိုင်သေးပါဘူး”

All Chapters