← Chapters

သမင်တောင်ကုန်းသို့

Vol. 7 Ch. 94

သမင်တောင်ကုန်းသို့

Vol. 7 Ch. 94

‘အကြီးအကဲကို ပြန်ခေါ်လာမည်လား”

ဟွမ်လောင်လျှိုကား မိန်းမောနေဆဲ ဖြစ်သည်။ ဟန်မူယဲ့ အဝေးကို ရောက်သွားတော့မှ သူ သတိဝင်လာကာ မျက်လုံးပြူးသွားသည်။

“မင်း… မင်း သမင်တောင်ကုန်းကို သွားမလို့လုပ်နေတယ်”

ဓားစံအိမ်အကြီးအကဲသည် သမင်တောင်ကုန်း၌ ရှိနေသည်။

ဟန်မူယဲ့သည်လည်း သမင်တောင်ကုန်းသို့ သွားရန် ပြင်နေ၏။

လက်သီးဆုပ်ကာ သူကလည်း အော်ဟစ်လိုက်သည်။

“ငါလည်း သွားမယ်”

ထိုစကားကို ကြားလျှင် ဟန်မူယဲ့က ရပ်လိုက်ကာ ပြုံးလျှက် လက်ဝှေ့ယမ်းပြသည်။

“အစ်ကို.. ကျုပ်တို့က ဥတွေကို ခြင်းတစ်လုံတည်း မထည့်ရဘူးလို့ မပြောခဲ့ဘူးလား”

“ကျုပ်တို့အားလုံး ထွက်သွားရင် ဓားစံအိမ်ကို ဘယ်သူ ကာကွယ်မလဲ”

သူ၏စကားကို ကြားလျှင် ဟွမ်လောင်လျှိုက ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ဒီလိုဆိုရင်တောင် သွားရမယ့်လူက ငါဖြစ်သင့်တယ်”

“ဓားစံအိမ်ကို စောင့်ရှောက်ပေးပါ”

ဟန်မူယဲ့က ခေါင်းယမ်းကာ သူ့မျက်လုံးမှ အလင်းတစ်ချက် လက်သွားသည်။

ဟွမ်လောင်လျှို တုန်ယင်သွားကာ မူးဝေသွားသည်။

သူ သတိဝင်လာသောအခါ ဟန်မူယဲ့ကား သူ့ရှေ့တွင် မရှိတော့ပါ။

“ဓားစုစည်းစနစ်…”

“ကောင်လေး… မင်း နောက်ဆုံးတော့လည်း ဒီနည်းစနစ်ကို လေ့ကျင့်ဖြစ်သွားတာပဲလား”

ဟွမ်လောင်လျှို ခံစားချက်များ ရှုပ်ထွေးနေ၏။ သူသည် အဝေးကို ကြည့်ကာ ဝမ်းနည်းခြင်း၊ ကူရာမဲ့ခြင်း စသော ခံစားချက်များ ရနေသည်။

“ငါတို့အားလုံးက လူသားတွေပဲ။ ငါတို့ဟာ လွတ်လပ်ဖို့အတွက် ကျင့်ကြံကြတယ်။ ငါတို့ဟာ ခံစားချက်တွေကြောင့် ကျင့်ကြံတာ မဟုတ်ဘူး”

“အဆုံးသတ်မှာ ဒီလိုလုပ်ဖို့ ဘာလို့ ခက်ခဲတာလဲ”

…

ဟန်မူယဲ့သည် ဂိုဏ်း၏ဂိတ်တံခါးသို့ ရောက်သောအခါ သစ်သားရထားလုံးတစ်စီး ရောက်နှင့်ပြီး ဖြစ်သည်။

“အစ်ကိုဟန်… သွားကြမယ်”

ပိုင်စုကျန်းသည် ရထားလုံးပြင်တင်းပေါက်အပြင်သို့ ခေါင်းပြူကာ လက်ဝှေ့ယမ်းပြသည်။

ဟန်မူယဲ့ ခေါင်းညိတ်ကာ ရထားလုံးထဲသို့ အလျင်အမြန် တက်သွားလိုက်သည်။

ရထားလုံးရှေ့တွင် မောင်းနှင်သူမှာ ဝါးခမောက်တစ်လုံးဆောင်းထားပြီး သူက ဟန်မူယဲ့ကို မြင်သောအခါ အနည်းငယ် အံ့အားသင့်သွားဟန်ရှိသည်။

ဟန်မူယဲ့ကလည်း သူ့ကို တွေ့မည်ဟု မမျှော်လင့်ထားပါ။

ထိုသူမှာ ဆိုင်ရှင်ဟယ် ဖြစ်သည်။

သူသည် တောင်ခြေရှိ ကျန်းလင်ရတနာဆိုင်မှ ဆိုင်ရှင် ဖြစ်သည်။

“ဒါက သခင်မလေးပြောတဲ့ မိတ်ဆွေကောင်းလား”

ဆိုင်ရှင်ဟယ်က ဟန်မူယဲ့အား ကြည့်ကာ ပြုံးသည်။

“သခင်မလေးအထင်ကြီးတဲ့သူဆိုတဲ့အတိုင်း… အံ့အားသင့်စရာလူပါပဲ”

ထိုအခိုက်တွင် ဆိုင်ရှင်ဟယ်သည် စီးပွားရေးသမားပုံစံ မပေါက်တော့ပါ။ သူ့တွင် ရှိန်လောက်သော အရှိန်အဝါတစ်ခုသာ ရှိနေသည်။

“ဦးလေးဟယ်တို့က အချင်းချင်း သိတာလား။ ဒါဆိုလည်း ပိုကောင်းတာပေါ့”

ပိုင်စုကျန်းက ပြုံးလျှက် ဟန်မူယဲ့ကို ပြောသည်။

“ဦးလေးဟယ်ရဲ့ အကူအညီကြောင့်ပဲ ကျွန်မတို့ သမင်တောင်ကုန်းကို မြန်မြန်ဆန်ဆန် ရောက်လိမ့်မယ်”

ဟန်မူယဲ့က ခေါင်းညိတ်ကာ ဆိုင်ရှင်ဟယ်အား လက်နှစ်ဆက်ဆုပ်ပြသည်။

“ကျေးဇူးပါ စီနီယာ”

သူ့စကားကိုကြားလျှင် ဆိုင်ရှင်ဟယ်က လက်ဝှေ့ယမ်းကာ ပြောသည်။

“ကျေးဇူးတင်စရာမလိုပါဘူး။ မင်းက သခင်မလေးရဲ့ မိတ်ဆွေပဲ”

ထို့နောက်တွင် သူက ပြုံးလျှက် ပြောသည်။

“နောက်ပိုင်း မင်းလည်း ကျန်းလင်ရတနာဆိုင်ကို လာပြီးတော့ ကျုပ်စီးပွားရေးကို ကူညီပေးပေါ့”

ဟန်မူယဲ့ ခေါင်းညိတ်ကာ ရထားလုံးထဲကို ဝင်၍ ပိုင်စုကျန်းရှေ့တွင် ထိုင်လိုက်သည်။

“စီနီယာအစ်ကို… ဦးလေးဟယ်က ကမ္ဘာမြေအဆင့်ပညာရှင်ပဲ။ သူ့မှာ ကျွန်မတို့ကို သမင်တောင်ကုန်းသို့ နေမဝင်ခင် ရောက်နိုင်တဲ့ ရတနာတစ်ခုရှိတယ်”

ရထားလုံး ထွက်လျှင် ပိုင်စုကျန်းက ဟန်မူယဲ့အား ပြောသည်။

သူတို့က ကီလိုမီတာ ထောင်ပေါင်းများစွာကား တစ်နေ့တည်းဖြင့် ရောက်နိုင်သည်။ ၎င်းကား ဟန်မူယဲ့ ခန့်မှန်းထားသည်ထက် မြန်ဆန်နေ၏။

သူက ပိုင်စုကျန်းအား ကြည့်သည်။

ဆိုင်ရှင်ပိုင်၏နောက်ခံမှာ သူ ထင်ထားသည်ထက် ကြီးမားဟန်ရသည်။

သူမသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၌ ဆိုင်ငယ်လေးတစ်ဆိုင် ဖွင့်ထားသော်လည်း ဂိုဏ်းက သူမအား အာရုံစိုက်ခြင်း မရှိပေ။

တောင်ခြေတွင် ကီလိုမီတာ ထောင်ပေါင်းများစွာအား ခရီးနှင်နိုင်သော ကမ္ဘာမြေအဆင့်ပညာရှင် ရှိနေသည်။

သူမ၏နောက်ခံမှာ အနောက်ဘက်နယ်စပ်ကုန်းမြေ၏ထိပ်သီးဂိုဏ်းတစ်ခု ဖြစ်ရပေမည်။

ဟန်မူယဲ့၏အကြည့်ကို ခံစားမိကာ ပိုင်စုကျန်းက ပြုံးလျှက် ပြောသည်။

“စီနီယာအစ်ကိုဟန်… ဒါက ကျွန်မ ကူညီနိုင်တာ အကုန်လုံးပါပဲ”

“ရှင်နဲ့ ကျွန်မက ကမ္ဘာမြေအဆင့်တွေ မဟုတ်ဘူး။ ဒီတော့ ဂိုဏ်းကြီးတွေရဲ့ အရေးမှာ ဝင်စွက်ဖက်နိုင်စွမ်းမရှိဘူး”

ထို့နောက် သူမက ဟန်မူယဲ့၏နောက်ကျောမှ ဓားနှစ်လက်ကို ကြည့်ကာ အသံတိုးတိုးဖြင့် ပြောသည်။

“စီနီယာအစ်ကိုဟန်… ရှင်က ဓားစံအိမ်အကြီးအကဲကို ကယ်တင်ချင်တာက ရှားပါးတဲ့ကိစ္စပဲ”

ဟန်မူယဲ့က ခေါင်းညိတ်ကာ မားမားမတ်မတ် ထိုင်လိုက်သည်။

ပိုင်စုကျန်းဆိုလိုသည်ကို သူ နားလည်၏။

ပိုင်စုကျန်းက သူ့အား သမင်တောင်ကုန်းသို့ ပို့ပေးခြင်းမှာ သူမ ကူညီနိုင်သော အကန့်အသတ် ဖြစ်သည်။

သူ,ဟန်မူယဲ့သည် ပိုင်စုကျန်းအား သူမ၏နောက်ခံအင်အားကို အသုံးပြုရန် တောင်းဆိုပိုင်ခွင့် မရှိပါ။

ရထားလုံးသည် ၁၅ မိနစ်ခန့်အကြာ၌ လမ်းဘေးတစ်နေရာ၌ ထိုးရပ်သည်။

“သခင်မလေး… မိတ်ဆွေလေးဟန်… ရထားလုံးက ဆင်းကြပါ”

ဆိုင်ရှင်ဟယ်က ပြောသည်။

ဟန်မူယဲ့နှင့် ပိုင်စုကျန်းတို့ အပြင်သို့ ထွက်လာကြသည်။ ဆိုင်ရှင်ဟယ်က လက်ဝှေ့ယမ်းလိုက်လျှင် တစ်လက်မခန့် အရွယ် လှေငယ်လေးသည် ပေ ၂၀ ရှည်ကာ ဆယ်ပေခန့် မြင့်သော လှေပျံ အဖြစ် ပြောင်းလဲသွားသည်။

ဆိုင်ရှင်ဟယ်သည် လှေပေါ်သို့ ခုန်တက်လိုက်၏။ ပိုင်စုကျန်းနှင့် ဟန်မူယဲ့တို့ကလည်း လှေပေါ်သို့ အသီးသီး တက်ကြသည်။

“လှေဝမ်းထဲက အခန်းထဲ သွားထိုင်ကြပါ။ အပြင်မှာ လေတိုက်တယ်”

ဆိုင်ရှင်ဟယ်က ပြောလျှင် လှေသည် လေပေါ်သို့ စတင်ပျံတက်လာ၏။ ၎င်းသည် တဖြေးဖြေး ပိုမိုမြန်ဆန်လာသည်။

ဟန်မူယဲ့နှင့် ပိုင်စုကျန်းတို့ အခန်းထဲသို့ ဝင်လာကြသည်။ အခန်းထဲ၌ ရွှေရောင်အလင်းများ တဖျတ်ဖျတ်လက်သွားကာ ချက်ချင်းပင် သူတို့သည် လေတိုးအားကို မခံစားမိကြတော့ချေ။

ဟန်မူယဲ့သည် မျက်လုံးမှိတ်ကာ ထိုင်နေလျှင် သူ့အား စကားပြောလိုသော ပိုင်စုကျန်းမှာ ဆိတ်ဆိတ်သာ နေရတော့သည်။

ထိုအခိုက်တွင် ဟန်မူယဲ့က သူ၏နတ်အာရုံဖြင့် သူ့ခန္ဓာကိုယ်မှ အပြောင်းအလဲများကို စစ်ဆေးနေသည်။

သူ၏စွမ်းအင်ကျင့်ကြံခြင်းမှာ ချီစုဆောင်းခြင်း အဌမအဆင့် ဖြစ်သည်။ သူ၏ဒန်ထျန်သည်ကား ချီစုစည်းခြင်းအဆင့်များကဲ့သို့ ကျယ်ပြော၏။ သို့သော်လည်း ၎င်းမှာ မလုံလောက်ပါ။

သူ၏ခန္ဓာကိုယ်ကျင့်ကြံခြင်းကား နဝမအဆင့် ချီစုဆောင်းခြင်းဖြစ်ရာ အတော်လေး ကောင်းမွန်သည်ဟု ဆိုနိုင်သည်။

သူသည် ဓားသိုင်းများစွာကို နားလည်တတ်မြောက်ကာ ဓားချီများနှင့် ဓားဆန္ဒများကို အသုံးပြုနိုင်၏။ သူ၏ခရမ်းမီးတောက်နှင့် ကံကြမ္မာဓားတို့ဖြင့် ဆိုပါက သူသည် အခြေခံအုတ်မြစ်အဆင့် ပညာရှင်အား ယှဉ်နိုင်လောက်သည်။

သူ့တွင် ဓားဆန္ဒငါးခုရှိကာ ချီပင်လယ်တွင်လည်း ဓားချီများစွာ ရှိသေးသည်။

သူ၏ဓားဆန္ဒသည် ‘ဓား ၁၀,၀၀၀ တို့အိမ်အပြန်’ ကို အကြိမ်အနည်းငယ် အသုံးပြုနိုင်ကာ သူ၏ဝိညာဉ်ဓားများဖြင့် ဆိုပါက ကမ္ဘာမြေအဆင့်ကို တိုက်ခိုက်နိုင်၏။

ထို့အပြင် ထို့ပါ့ချန်၏ကျားဖြူစာလိပ်ကိုလည်း သူ ယူလာခဲ့သည်။

သို့သော်လည်း ၎င်းတို့အားလုံးမှာ ဓားစံအိမ်အကြီးအကဲကို ကယ်တင်နိုင်ခြင်း မရှိပါ။

တစ်ခုတည်းသော အခွင့်အရေးမှာ သူ၏စိတ်နယ်ပယ်မှ ဝိညာဉ်လိပ်ပြာဓားဖြစ်သည်။

သူ၏စိတ်နယ်ပယ်တွင် ဝိညာဉ်လိပ်ပြာဓားသည် အဆက်မပြတ် လည်နေကာ သူ၏စိတ်ဝိညာဉ်အား သန့်စင်နေ၏။

နေ့တစ်ဝက်ခန့်မျှဖြင့်ပင် သူ၏ဝိညာဉ်စွမ်းအားမှာ အဆတစ်ရာခန့် ပိုမိုအားကောင်းလာသည်ကို သူ ခံစားရ၏။

အကယ်၍ ထိုဝိညာဉ်လိပ်ပြာဓားသည်သာ သူ၏စိတ်နယ်ပယ်တွင် အချိန်ကြာမြင့်စွာ ရှိနေပါက သူ့တွင် နောက်ထပ် ဝိညာဉ်လိပ်ပြာဓားတစ်လက် ရလာမည်ဟု ဟန်မူယဲ့ ခံစားရသည်။

ထိုဝိညာဉ်လိပ်ပြာဓားသည် ကောင်းကင်ဘုံအဆင့်အား ‘အသက်ရှုကြိမ်တစ်ရာ’ခန့် တိုက်ခိုက်နိုင်သည်။

ဟန်မူယဲ့တွင် ထိုဝှက်ဖဲတစ်ချပ်သာ ရှိသည်။

၎င်းသည် အကြီးအကဲကောင်းကို ကယ်တင်နိုင်ပါမည်လော။

အကယ်၍ ကျင့်ရှန်းဓားဂိုဏ်းတစ်ခုတည်းသာ ဓားစံအိမ်အကြီးအကဲအား သတ်ဖြတ်လိုပါက ဟန်မူယဲ့သည် သူ့အား ကယ်တင်ရန် ယုံကြည်ချက် ရှိပေသည်။

သို့သော်လည်း အနောက်ဘက်နယ်စပ်ကုန်းမြေ၌ ဓားစံအိမ်အကြီးအကဲအား လူမည်မျှက သေစေလိုနေသနည်း။

လှေပျံ တုန်ခါသွားလျှင် ဟန်မူယဲ့ မျက်လုံးများကို ဖွင့်လိုက်သည်။

“ဘာမှ မဟုတ်ဘူး… အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက အကြီးအကဲတစ်ယောက် လာမေးလို့ ပြန်နှုတ်ဆက်နေတာ”

အပြင်ဘက်မှ ဆိုင်ရှင်ဟယ်၏အသံကို ကြားရသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏အင်အားဖြင့် ဆိုပါက မည်သူမှ လာရောက်မစုံစမ်း မစစ်ဆေးလျှင် ထူးဆန်းပေမည်။

သိသာစွာပင် ဆိုင်ရှင်ဟယ်နှင့် ပိုင်စုကျန်းတို့မှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ရန်သူ မဟုတ်ပေ။

၎င်းသည် ဟန်မူယဲ့အတွက် သတင်းကောင်း ဖြစ်သည်။

အတန်ကြာလျှင် လှေမှာ ဆက်လက်ပျံသန်းသွားသည်။

သည်တစ်ကြိမ် မည်သူမှ မတားဆီးတော့ပါ။

လှေသည် လေကို ခွင်းကာ ပျံသန်းသွားလျှင် ကီလိုမီတာတစ်ထောင်မှာ တခဏမျှသာ ကြာသည်။

ဝုန်း…

အချိန်များ ကြာမြင့်သွားပြီးနောက် လှေပျံ တုန်ခါသွားပြန်၏။

“ငါတို့ ရောက်ပြီ”

အပြင်ဘက်မှ ဆိုင်ရှင်ဟယ်၏အသံကို ကြားရသည်။

ဟန်မူယဲ့ လှေဝမ်းဗိုက်အပြင်သို့ ထွက်လာသည်။

ရှေ့တွင် အဆုံးမရှိသော တောင်တန်းကြီးသည် ဝင်ခါနီး နေရောင်အောက်တွင် အနီရင့်ရောင် တောက်နေသည်။

တောင်တန်းများနှင့် မြစ်ပြင်မှာ ကျယ်ပြောလှ၏။

ကောင်းကင်ထက်တွင် ဓားအလင်းတစ်ခုသည် နေရောင်အောက်တွင် စူးရှလင်းလက်စွာ ဖြစ်ပေါ်နေ၏။

“ကျုပ်တို့ နောက်ကျသွားပြီလား”

ဟန်မူယဲ့ လှေဦးပေါ်သို့ တက်ကာ ထိုဓားကို ကြည့်လျှက် တီးတိုးရေရွက်သည်။

ကောင်းကင်မှ ဓားသည် ရှေ့ကို တိုးဝင်သွားခဲ့သည်။

ဓားနောက်တွင် အစိမ်းရောင်ဝတ်လူတစ်ဦးသည် လက်နှစ်ဖက်ကို နောက်တွင်ပစ်လျှက် ရပ်နေ၏။

“ငါဟာ အံ့ဖွယ်ကိုးပါးတောင်ကုန်းမှာ အားနည်းတဲ့အဖိုးအိုတစ်ယောက်ဆိုပေမဲ့ ဂိုဏ်းက ငါ့ကို နှစ်ပေါင်းများစွာ လေ့ကျင့်ပေးခဲ့တဲ့အပေါ် ကျေးဇူးပြန်ဆပ်ဖို့လိုတယ်”

“ကျုပ်တို့ဓားသမားတွေဟာ ဓားကို နှလုံးသားနဲ့ သုံးသင့်တယ်”

“အဆုံးမဲ့တဲ့ဓားချီကို စုစည်းပြီးတော့ ဓားတစ်ချက် ထုတ်ဖော်မယ်”

“ဒါက ‘ဓား ၁၀,၀၀၀ တို့ အိမ်.. အ…”

All Chapters