← Chapters

အပိုင်း(၄၁၇)

Vol. 28 Ch. 417

အပိုင်း(၄၁၇)

Vol. 28 Ch. 417

“ကောင်းပြီ”

အဘိုးအိုက ထွက်သွားတော့မည့်ဟန်ပြင်နေသည်ကို မြင်တွေ့လိုက်ရသောအခါတွင် ရှစ်ဖုန့်က သူ၏သိုလှောင်လက်စွပ်အတွင်းမှ သိုလှောင်လက်စွပ်နောက်တစ်ကွင်း

ကိုထုတ်ယူလိုက်ပြီး အဘိုးအိုထံသို့ပစ်ပေးလိုက်သည်။

“ဖမ်းလိုက်”

“ဟားဟား”

အဘိုးအိုက ထပ်မံဟက်ဟက်ပက်ပက်ရယ်မောလိုက်ပြီးသူ၏လက်အားဆန့်ထုတ်ကာ ရှစ်ဖုန့်ပစ်ပေးလိုက်သော သိုလှောင်လက်စွပ်အားဖမ်းယူလိုက်သည်။ ၎င်းအားစစ်ဆေးပြီးသည့်နောက်သူ၏ အိုမင်းသောမျက်နှကား ဂန္ဓမာပန်းတစ်ပွင့်ကဲ့သို့ပြုံးပန်း

ဝေဆာသွားသည်။သူကစိတ်ကျေနပ်စွာဖြင့်

ခေါင်းညိမ့်ပြီးပြောလိုက်သည်။

“ညီလေး မင်းမှန်တယ်”

“လူငယ်လေးမင်းမှာ ဒီလိုမျိုးရဲရင့်မှုနဲ့ ယုံကြည်မှုတွေရှိနေတယ်…မင်းရဲ့ကြင်နာတတ်မှုကြောင့်  မင်းအနေနဲ့ သေခြင်းတားမြစ်နယ်မြေထဲကို

ဝင်ရောက်မဲ့ဒီခရီးမှာ  သေချာပေါက်အောင်မြင်စွာနဲ့ပြန်

ထွက်လာနိုင်ပြီးတော့  မင်းရဲ့နမည်ကိုသမိုင်းမှတ်တမ်းထဲမှာ

ချန်ထားနိုင်ခဲ့မယ်လို့ ဒီအဘိုးကြီးယုံကြည်တယ် ဟားဟား”

ထိုသို့ပြောပြီးနောက်    အဘိုးအိုကပြုံးလိုက်ပြီး  သူ၏လက်အတွင်းရှိ အပြာရောင်မျက်နှာဖုံးနှင့်စာအုပ်ကို ငုံ့ကြည့်လိုက်သည်။

“သေခြင်းတားမြစ်နယ်မြေအတွင်းပြည့်စုံသောလမ်းညွှန်ချက်များ”

“အား”

အဘိုးအိုကသူ့လက်အတွင်းရှိစာအုပ်

အားစိုက်ကြည့်နေရင်း သက်ပြင်းချလိုက်ပြီး သူ၏မျက်နှာထက်၌ အင်တင်တင်ဖြစ်နေသောပုံစံတစ်ခု

ပေါ်ပေါက်လာသည်။ထို့နောက်သူက လက်ကိုဆန့်ထုတ်လိုက်ပြီး  စာအုပ်အားနူးညံ့ကြင်နာစွာပွတ်သပ်လိုက်သည်။ သူက သူ၏ချစ်ခင်စုံမက်ရသောချစ်သူအား ကြင်နာစွာပွတ်သပ်နေသကဲ့သို့ဖြစ်နေသည်။ သို့သော် တစ်ချိန်တည်းမှာပင်  သူမအား မတက်နိုင်ဘဲ လမ်းခွဲရတော့မည့်ဟန်မျိုးဖြစ်နေ၏။

ချီလင်ဘုရင်မှာ အော့အန်ပစ်လိုစိတ်ကိုခံစားနေရသည်။

“ဟားဟား”

ထို့နောက် အဘိုးအိုက ထပ်မံဟက်ဟက်ပက်ပက်ရယ်မောလိုက်ပြီး  သူ၏လက်အတွင်းရှိစာအုပ်အား  ရှစ်ဖုန့်ထံသို့လွှဲပေးလိုက်သည်။ လမ်းတစ်ဝက်အရောက်တွင် အဘိုးအို၏မျက်နှာက အင်တင်တင်ဖြစ်နေသာပုံစံဖြစ်လာသည်။ သူက ချက်ချင်းလက်ကိုပြန်ရုတ်လိုက်ပြီးသူ့လက်အတွင်းရှိ  အပြာရောင်စာအုပ်အား တယုတယပွတ်သပ်လိုက်သည်။ဤသက်ကြားအိုကြီးက သူတော်ကောင်းဟန်တော်တော်

ဆောင်လွန်းနေသည်ဖြစ်သည်။

“သောက်လခွီး..ဒါကစာအုပ်လေးတစ်အုပ်ပဲဟာကို  ပြီးတော့ သစ်လွင်နေတာကြီးကို ..အသစ်ချပ်ချွတ်စာအုပ်တစ်အုပ်ဆိုတာ

သိသာနေတာပဲ.. ဒီစာအုပ်သစ်လေးတစ်အုပ်ပေါ်မှာခင်ဗျား

တကယ်ပဲအဲ့လောက်တောင်ယုယနေဖို့လိုအပ်လို့လား..အဲ့တာထက်ပိုတာက ခင်ဗျားက နှလုံသား ကမည်းနက်နေတဲအဘိုးကြီးပဲ.. စာအုပ်တစ်အုပ်တည်းခင်ဗျားလုပ်ထားတယ်ဆိုတာကိုကျုပ်တော့မယုံဘူး”

“ဟားဟား”

အဘိုးအိုမှာ အစောပိုင်းက သူ၏ထိန်းချုပ်မှုလွတ်ကင်းသွားသော

အခြေအနေမှပြန်လည်၍  သတိဝင်လာပုံရသည်။ သူကထပ်မံဟက်ဟက်ပက်ပက်ရယ်

မောလိုက်ပြီး  ရှစ်ဖုန့်ကိုပြောလိုက်သည်။

“ငါတောင်းပန်ပါတယ်.. ဒီစာအုပ်က ငါနဲ့အတူရှိနေခဲ့တာနှစ်ပေါင်းတော်

တော်ကြာနေခဲ့ပြီ.ငါဒါကို မင်းတို့ကို တစ်ကြိမ်တည်းနဲ့ပေးဖို့ကို လက်တွန့်နေခဲ့တာ”

“အား ..ဒီအဘိုးကြီးက အရမ်း သံယောဇဉ်တွေတွယ်တာလွန်းပါတယ်လေ.. လူပဲဖြစ်ပါစေ  ပစ္စည်းအပေါ်ပဲဖြစ်ပါစေ အတူတူပါပဲ”

“ကောင်းပြီ ..ဒီတစ်ကြိမ် ..ငါသေချာပေါက်အောင်မြင်သွားပြီ.

ငါ့ကိုယ်ငါပြောခဲ့ပြီးသားပါ..ကောင်းမွန်တဲ့အရာတွေအားလုံးက အဆုံးသတ်မှလာတတ်တာလို့… ငါဒီစာအုပ်နဲ့လမ်းခွဲရမှာပါလေ”

အဆုံးသတ်တွင်  အဘိုးအိုက နာကျင်နေသောအမူအယာကိုဆင်မြန်းပြီး  တုန်ယင်နေသောလက်တို့ဖြင့်စာအုပ်အားရှစ်ဖုန့်ထံသို့လွှဲပေးလိုက်သည်။

“နောက်ပိုင်းမှာမင်းတို့တွေသူ့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံမယ်

လို့ငါမျှော်လင့်ပါတယ်…ဟားဟား”

အဘိုးအိုက သူ၏စကားအဆုံးတွင်ထပ်မံ ဟက်ဟက်ပက်ပက်ရယ်မောလိုက်ပြီး  သူ၏မျက်နှာထက်၌ ဂန္ဓမာပန်းကဲ့သို့ငွားငွားစွင့်စွင့်ဖြစ်သော အပြုံးတစ်ခုထပ်မံဖူးပွင့်ဝေဆာလာသည်။

ရှစ်ဖုန့်ကခေါင်းငုံ့လိုက်ပြီး  သူ့လက်အတွင်းရှိစာအုပ်အားကြည့်လိုက်သည်။ ဤအချိန်တွင်ချီလင်ဘုရင်၏မျက်ဝန်းအကြည့်တို့က  ရှစ်ဖုန့်လက်ထံသို့ကျရောက်လာသည်။

“ဟားဟား..ဟီးဟီး..ဟားဟားဟား”

သူတို့၏ရှေ့ဘက်မှာ ဟက်ဟက်ပက်ပက်ရယ်မောသံထွက်ပေါ်လာသည်။ချီလင်ဘုရင်သူ့ခေါင်းအားမော့လိုက်သောအခါတွင်  ဂန္ဓမာပန်းကဲသို့အပြုံးနှင့်အဘိုးအိုမှာ

သူ၏ရယ်မောသံ ပျောက်ကွယ်မသွားခင် သူ၏ ပုံရိပ်က ပျောက်ကွယ်သွားသည်။ ရှေ့ဘက်တွင်အေးစက်သာ လေးပြင်းတစ်ချက်သာတိုက်ခတ်

ကျန်ရစ်ခဲ့သည်။

“ဒီအဘိုးကြီးက အဆင့်မြင့်တစ္ဆေတစ်ကောင်လား”

သူတို့ရှေ့ရှိဘာမှရှိမနေသောလမ်းမ

အားကြည့်ရင်း ချီလင်ဘုရင်က သူ့ဘေးတွင်ရှိနေသော ရှစ်ဖုန့်အားပြောလိုက်သည်။

“မဟုတ်ဖူး..ဒီအဘိုးကြီးမှာဆန်းကြယ်ပြီးတော့ နက်နဲတဲ့ ရွှေ့လျားမှုပညာရပ်တစ်ခုရှိနေတာ..”

အကယ်၎င်းသာတကယ်တစ္ဆေတစ်

ကောင်ဆိုလျှင် တစ်ချက်ကြည့်ရုံဖြင့် ရှစ်ဖုန့်ထွင်းဖောက်မြင်နိုင်လိမ့်မည်ဖြစ်သည်။ အကယ်၍သူပြောသလိုတစ္ဆေမဟုတ်ဖူးဆိုလျှင်မဟုတ်သည်မှသေချာသည်သာဖြစ်သည်။

ထို့သို့ပြောပြီးနောက်  ရှစ်ဖုန့်ကစာအုပ်အားဖွင့်လိုက်သည်။ အရင်ဆုံးစာမျက်နှာအနည်းငယ်တွင် များပြားလှသောမြေပုံများပါရှိပြီး “သေခြင်းတားမြစ်နယ်မြေ ၏မြေပုံ”ဟူသော စကားလုံးတို့အားရေးသားထားသည်။

“ဒါက”

မြေပုံစာရွက်အချို့အားကြည့်ရင်း ချီလင်ဘုရင်တီးတိုးရေရွတ်လိုက်သည်။

“ဒီမြေပုံအပိုင်းက ကျုပ်တို့ပထမဆုံးဝင်မဲ့သေခြင်းတားမြစ်နယ်မြေရဲ့အစိတ်အပိုင်းမလား”

ချီလင်ဘုရင်၏စကားတို့အားကြားပြီး

သည့်နောက်တွင် ရှစ်ဖုန့်က ပြောလိုက်သည်။

“အဘိုးကြီးရဲ့ပစ္စည်းကဟုတ်လား

မဟုတ်ဖူးလားဆိုတာကို မသိနိုင်ဘူး..ဝင်သွားမှပဲ နှိုင်းယှဉ်ကြည့်လို့ရမှာ”

စကားပြောနေရင်းရှစ်ဖုန့်က မြေပုံစာမျက်နှာများအားဆက်လက်၍ လှန်လှောလိုက်သည်။ ထို့နောက်မကြာခင်တွွင် ရေးသားထားသော စာကြောင်းများကိုတွေ့လိုက်ရသည်။

“သေခြင်းတားမြစ်နယ်မြေထဲမှာ ဆန်းကြယ်ပြီးကြောက်ဖို့ကောင်းတဲ့စွမ်းအားတစ်ခုရှိတယ်…အဲ့စွမ်းအားကဘယ်ကနေလာသလဲဆိုတာဘယ်သူမှမသိသလို ဘယ်သူမှလဲတိတိကျကျမပြောနိုင်ကြဘူး.. အတာထက်ပိုတာက သေခြင်းတားမြစ်နယ်မြေထဲမှာလူတွေဟာကျိန်စာအမိခံရပုံရတယ်… သူတို့က အကြောင်းပြချက်မရှိမသိလိုက်ပါဘဲ

သေဆုံးသွားကြရတယ်”

“ဒါက ..ဖျောင်ရွှယ်ယွဲ့ပြောတာနဲ့အတူတူပဲမလား..အဲ့အဘိုးကြီးတကယ်ပဲ သေခြင်းတားမြစ်နယ်မြေထဲကိုဝင်ခဲ့တာလား”

ချီလင်ဘုရင်မှာ ဤအရာအားမြင်တွေ့လိုက်ရသောအခါတွင် အလန့်တကြားပြောလိုက်သည်။ သေခြင်းတားမြစ်နယ်မြေအတွင်းလုံး

ဝင်ဖူးခြင်းမရှိသူများမှာ ဤအကြောင်းများအားမသိကြပေ။

ထို့နောက်ချီလင်ဘုရင်နှင့်ရှစ်ဖုန့်တို့ဆက်ဖတ်လိုက်ကြသည်။

“ဒါပေမဲ့..သေခြင်းတားမြစ်နယ်မြေက တော်တော်လေးရှားပါးပြီးတော့ဆန်းကြယ်တဲ့ ငွေကျောက်တုံးတွေကိုထုတ်လုပ်ပေးတယ်.. အကယ်၍လူတစ်ယောက်ကသာ ဒီငွေကျောက်တုံးကိုရှာနိုင်ပြီး ဆောင်ထားရင်  သေခြင်းရဲ့ဆန်းကြယ်တဲ့ကျိန်စာကို

ရှောင်ရှားနိုင်လိမ့်မယ်”

ဤအချက်မှာ ဖျောင်ရွှယ်ယွဲ့ပေးခဲ့သော အချက်အလက်နှင့်တစ်ထေရာတည်းတူညီမှုရှိသည်ဖြစ်သည်။ထို့နောက်ရှစ်ဖုန့်က နောက်စာမျက်နှာအားဆက်လှန်လိုက်သည်။ နောက်စာမျက်နှာတွင် စာလုံးကြီးလေးလုံးကိုသာတွေ့ရသည်။

“ကံကောင်းပါစေ”

ထို့နောက် ရှစ်ဖုန့်စာမျက်နှာအားထပ်လှန်လိုက်သည်။

“ကံတရားမစပါစေ”

ထို့နောက်ဆက်ဖတ်လိုက်သည်။

“လုံခြုံတဲ့ခရီးလမ်းဖြစ်ပါစေ”

ထို့နောက်ဆက်ဖတ်ပြန်သည်။

“အရာအားလုံးကမင်းရဲ့စိတ်ထဲမှာပဲရှိတယ်”

ထို့နောက်ကျန်ရှိနေသောစကားလုံးများမှာ ကောင်းချီဆုတောင်းပေးသော

အရာများဖြစ်သည်။

“ဒီအဘိုးကြီး ..ဒါကဘယ်လိုလမ်းညွှန်မှုလဲ ..အားလုံးကဖျောင်ရွှယ်ယွဲ့ပြောတာနဲ့

အတူတူပဲဟာ….”

ဆုတောင်းစကားလုံးများအားကြည့်ရင်း ချီလင်ဘုရင်ကျိန်ဆဲလိုက်သည်။

“ဒါပေမဲ့ဒီမပြည့်စုံတဲ့ မြေပုံက ဒီသခင်လေးတို့က အနည်းငယ်တော့ကူညီနိုင်လောက်တယ်”

ရှစ်ဖုန့်မှာရှေ့စာမျက်နှာများအားပြန်

လှန်လိုက်ပြီး စကားပြောရင်းသေခြင်းတားမြစ်နယ်မြေ၏မြေပုံအားဂရုတစိုက် ကြည့်လိုက်သည်။

ထို့နောက်ရှစ်ဖုန့်ကပြောလိုက်သည်။

“တကယ်တော့ တို့တွေက  ဖျောင်ရွှယ်ယွဲ့ဆီကနေ အချက်အလက်တွေကိုရရှိထားတာကြောင့်  ဒီအချက်အလက်တွေက အရမ်းအသုံးမဝင်ဖူးလို့ထင်တာပဲ..တစ်ခြားသူတစ်ယောက်အတွက်သာဆိုရင် ဒီအချက်အလက်တွေက ကမ္ဘာဦးကျောက်တုံး တစ်သိန်းမကတန်လိမ့်မယ်”

ရှစ်ဖုန့်၏ စကားတို့အားကြားပြီးသည့်နောက်တွင်ချီလင်ဘုရင်က ခေါင်းညိမ့်လိုက်သည်။ တကယ်ပဲ ထိုသို့ဖြစ်သည်ဖြစ်သည်။ ငွေကျောက်တုံးသတင်းကသူတို့၏ သေခြင်းရှင်ခြင်းနှင့်ဆက်နွယ်သည်ဖြစ်သည်။ ၎င်းမှာတော်တော်လေးကိုအရေးကြီးသော သတင်းအချက်အလက်ပင်ဖြစ်သည်။

ထိုထက်ပိုသည်ကားသူတို့အနေဖြင့် အခြားသောသတင်းအစအနကိုရရှိခဲ့

သည်ဖြစ်သည်။ နှစ်ရာပေါင်းများစွာအတွင်း  သေခြင်းတားမြစ်နယ်မြေအတွင်း

သို့ဝင်ရောက်ပြီး  အသက်ရှင်လျက်ထွက်လာနိုင်ခဲ့သော လူများ ရှိခဲ့သည်ဖြစ်သည်။

အနည်းဆုံးသူတို့သိရသလောက် ဖျောင်ရွှယ်ယွဲ့မှာ ဝင်ရောက်ပြီးပြန်ထွက်လာနိုင်ခဲ့သည်။ ထျန်းရှဲ့အဓိပဓိသည်လည်း ဝင်ရောက်ပြီးပြန်ထွက်လာနိုင်ခဲ့သည်ဖြစ်သည်။ သူတို့ရှေ့တွင်ရှိခဲ့သော အစောပိုင်းက အဘိုးအိုသည်လည်း ဝင်ရောက်ခဲ့ပြီးပြန်ထွက်လာ

နိုင်ခဲ့ခြင်းဖြစ်ရမည်ဖြစ်သည်။

သို့သော် အသက်ရှင်လျက်ထွက်လာခဲ့ကြသောသူများမှာ အရမ်းနက်နက်ရှိုင်းရှိုင်းသို့ဝင်ရောက်ခဲ့ခြင်းမရှိဟူသောသဲလွန်စကိုလည်းသူတို့ရရှိခဲ့သည်။ ဖျောင်ရွှယ်ယွဲ့နှင့်ထျန်းရှဲ့အဓိပဓိတို့ဆီမှ အချက်အလက်များနှင့်အဘိုးအို၏ မပြည့်စုံသောမြေပုံအရသူတို့သည်လမ်းတစ်ဝက်အရောက်တွင်ပြန်လာခဲ့ကြသည်ဖြစ်သည်။

“သခင်လေးဖုန့်  သွားရအောင်”

ချီလင်ဘုရင်ကရှစ်ဖုန့်အားပြောလိုက်သည်။ သူသွားမည်ဟုပြောခြင်းမှာ သေခြင်းတားမြစ်နယ်မြေအတွင်းသို့သွားရန်ဆိုလိုခြင်းပင်ဖြစ်သည်။

“အင်း..သွားကြစို့”

ရှစ်ဖန့်ကခေါင်းညိမ့်လိုက်သည်။ ထို့နောက်သူတို့နှစ်ဦးသား တစ်ချိန်တည်းတွင်ကောင်းကင်အား

ထိုးခွင်းကာ  တုန်းဟွေ့မြို့ ကောင်းကင်ပေါ်မှ ပျံသန်းလိုက်သည်။ထို့နောက်

သေခြင်းတားမြစ်နယ်မြေရှိရာ အရှေ့ဘက်ဆီသို့ပျံသန်းထွက်ခွာလိုက်ကြသည်။

တုန်းဟွေ့မြို့၏ လူကွယ်ရာထောင့်စွန်းကျသောတစ်နေရာတွင် အိုမင်းပြီး သာမန်အဝတ်အစားများဖြင့် အနည်းငယ်ခါးကိုင်းနေသော

ပုံရိပ်တစ်ခုရှိနေသည်။ဟင်းလင်းပြင်ထဲမှအဝေးသို့ထွက်ခွာသွားကြသောပုံရိပ်တို့

အားကြည့်၍သူက ရယ်မောလိုက်သည်။

“ဟီးဟီးဟီး”

သူ၏အိုမင်းသောမျက်နှာမှာ ဂန္ဓမာပန်းကဲ့သို့ပင်ဖြစ်သည်။၎င်းမှာ ငွားငွားစွင့်စွင့်ဖူးပွင့်နေသော ဟန်ပန်ရှိသည်ဖြစ်သည်။

ဆက်ရန်………

ဘာသာပြန်သူ-ARISE

All Chapters