သူက ကျွန်မရဲ့ဆရာ။
Vol. 6 Ch. 135
ယွမ်တင်း တစ်ဖက်သတ် အချစ်ဒရာမာဇာတ်လမ်းရဲ့ ဇာတ်ဝင်ခန်းကို ပြန်လည်ကြည့်ရူနေရင်း တတိယမင်းသားရဲ့ အကြည့်တွေကို ပို၍စာနာမိလာသည်။
ချုစစ်ဟန်ကို မနာလိုဖြစ်အောင်ကြိုးစားရန် အာရုံစိုက်နေသည့် လုကျန့်သည် ယွမ်တင်းရဲ့ အကြည့်ကို သတိမထားမိပေ။
ချက်ခြင်းပင် တင်းမာမှုတွေ လေထဲ ပြည့်လျှံသွား၏။
တခြားစားပွဲမှာထိုင်နေတဲ့ ချူယွမ်တောင်မှ တစ်ခုခုလွဲနေပြီဆိုတာ ခံစားမိတယ်။
ယွမ်တင်း စကားမပြောရဲပါ။ ပြောရရင် အခြားသူရဲ့ 'ချစ်သူပြိုင်ဘက်'က သူနဲ့ မသက်ဆိုင်ဘူး။
သူသည် အနှောက်အယှက်မဖြစ်အောင် ငတုံးလိုနေဖို့ ဆုံးဖြတ်လိုက်တော့သည်။
ရှီရီသည် အရေးကြီးတဲ့အခိုက်အတန့်တွေမှာ အခြားသူတွေရဲ့ အပြောအဆိုကို စောင့်ကြည့်လေ့ရှိသည်။ အခုဆို ယွမ်တင်းဆီက သင်ယူထားသည့် လုံလောက်သည့် ထက်မြက်မှုဖြင့် မျက်မမြင်၊ နားမကြားသူဖြစ်လာတော့သည်။
ပတ်ဝန်းကျင် မူမမှန်တာမြင်တော့ လုရှန်း ပတ်ဝန်းကျင်ကို သံသယဖြင့်ကြည့်တယ်။ သို့သော် နှစ်ယောက်သား တိတ်တဆိတ် ပြိုင်နေသလို တစ်ယောက်ကိုတစ်ယောက် အေးစက်စွာကြည့်နေကြတာကို သတိပြုမိသွား၏။
အခုက ချုစစ်ဟန်အပေါ် ဆရာရဲ့ မကျေမနပ်ဖြစ်မှုကို ပြန်အမှတ်ရတော့ လုရှန်း နဖူးပွတ်ရုံသာ တတ်နိုင်တော့သည်။
"ချစ်လှစွာသော ဧည့်သည်၊ မင်းရဲ့လက်ဖက်ရည် ရပါပြီ!"
ထိုအချိန်တွင် ချုယွမ်အတွက် လက်ဖက်ရည်လာချသည့် စားပွဲထိုးသည် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တယ်။
“ဟုတ်ကဲ့။”
စားပွဲထိုး ထွက်သွားတော့မည်ကို မြင်တော့လုရှန်းက “ဟေ့... ညီအစ်ကို ရေနွေးအိုး ၁ အိုးလောက် ယူလာပေးလို့ရမလား?”
“သေချာပေါက် ရတာပေါ့။ အခုပဲ လာပို့ပေးပါ့မယ်။”
တစ်ဖက်မှာတော့ ရေနွေးအိုး လာချပြီးဖြစ်သော်လည်း နှစ်ယောက်သား တိတ်တိတ်ဆိတ်ဆိတ် ငြင်းခုံနေကြတုန်းပင်။
လုရှန်း သူတို့ကို စိတ်မ၀င်စားဘူး။ သူမ မတ်တပ်ထရပ်ပြီး ရေနွေးအိုးကို သူမ အနားသယ်ဆောင်ဖို့ ချုစစ်ဟန်နံဘေးမှ ဖြတ်လျှောက်လာသည်။
လုကျန့် ရုတ်တရက် သူ့အကြည့်ကို ပြန်ရုတ်ပြီး ချုစစ်ဟန်နဲ့ သူ့အငြင်းပွားမှုကို ရပ်တန့်လိုက်သည်။
သူက ဘယ်နေရာကမှန်းမသိသည့် ပုလင်းတစ်လုံးကို ထုတ်ပြီး လုရှန်း ရှေ့ပေးလိုက်တယ်။
"မင်းအကြိုက်ဆုံး သစ်သီးလက်ဖက်ရည်။"
“အိုး…”
လုရှန်း သဘာဝကျစွာ လက်ခံတယ်။ ပုလင်းကို ဖွင့်ပြီး သစ်သီးလက်ဖက်ခြောက်ရွက်ကိုထုတ်ကာ လက်ဖက်ရည်အိုးထဲ ထည့်လိုက်တယ်။
ထို့နောက် သူမ ရုတ်တရက် ရပ်တန့်သွားတယ်။
သူ ခေါင်းမော့ကြည့်ချိန်တွင် ဆရာ-တပည့် နှစ်ယောက် အထိတ်တလန့်စိုက်ကြည့်နေတာ သိလိုက်တယ်။
ချုစစ်ဟန်ရဲ့ အမူအရာကို ဖတ်လို့မရဘူး။ သို့ပေမဲ့ သူမကိုကြည့်သည့် အကြည့်တွေက နည်းနည်းလေး နာကျင်နေတာလား?
“စကားမဆက် ဒါ ဇာတ်လမ်းအရှည်ကြီးပဲ။ သခင်လေး ကျွန်မရှင့်ကို ရှင်းပြဖို့အချိန်လိုတယ်။”
“ဘာလို့ ရှင်းပြနေမှာတုန်း?”
လုကျန့် ချုစစ်ဟန်ကို မတူညီစွာ စိုက်ကြည့်ပြီး “သခင်'ချု' မင်းကတော့ မသိလောက်ဘူး။ ငါနဲ့ ရှန်းအာ အတူနေတာ နှစ်အနည်းငယ်လောက်ရှိပြီ။”
သူသည် အတူနေထိုင်တာ နှစ် ၂၀ ကြာပြီလို့ ပြောချင်ပေမဲ့ လုရှန်းက ဒီကမ္ဘာမှာအသက် ၁၆ နှစ်ပဲရှိသေးသည်။ ထို့ကြောင့် နှစ်အနည်းငယ်လောက်ရှိပြီလို့ ပြောင်းပြောဖို့ ဆုံးဖြတ်လိုက်တယ်။
“ရှန်းအာ? နှစ်အနည်းငယ်ကြာ အတူနေထိုင်ခဲ့တယ်?”
ချုစစ်ဟန်က လုကျန့်ရဲ့စကားကို ပေါ့ပေါ့တန်တန် ထပ်ခါတလဲလဲပြောပေမဲ့ လုရှန်းကို စူးစူးစိုက်စိုက်ကြည့်နေ၏။
ရှီရီနဲ့ ချုယွမ် အံ့အားသင့်နေပြီ။
ယွမ်တင်းက 'မျှော်လင့်ထားတဲ့အတိုင်း' ဆိုသည့်အမူအရာ ထွက်ပေါ်လာတော့သည်။
လုရှန်းသည် လုကျန့်ကို မျက်စောင်းထိုးလိုက်တယ်။ လုကျန့် သူတို့ကို အဓိပ္ပာယ်မရှိတာတွေပြောပြီး လှည့်စားမှာ စိုးတာကြောင့် သူမ အမှန်တိုင်းပြောလိုက်တယ်။ “တကယ်တော့... တတိယမင်းသားက ကျွန်မ ဆရာပဲ။”
ဘန်း! အက်!
ရှီရီရဲ့ လက်ထဲမှ လက်ဖက်ရည်ခွက်က မြေပြင်ပေါ်သို့ ပြုတ်ကျကာ ကွဲအက်သွား၏။
ချုယွမ် လက်ဖက်ရည်သီးပြီး ချောင်းဆိုးတယ်။ ယွမ်တင်းရဲ့ အမူအရာဟာလည်း သူတို့လောက်မကောင်းဖြစ်သား၏။
အစက တဖက်သတ်အချစ်လို့ သူထင်နေတာလေ။ ဆရာနဲ့ တပည့်ဖြစ်မယ်လို့ မထင်ထားဘူး။
“မင်းရဲ့ဆရာ?”
ချုစစ်ဟန် စိတ်ထဲက မကျေမနပ်ဖြစ်တာတွေ မေ့သွားကာ ရှားရှားပါးပါး အံ့အားသင့်သွားတဲ့ အမူအရာ ထွက်ပေါ်လာ၏။
“ချစ်တပည့်၊ မင်းက တကယ်ပဲ…”
လုကျန့် ခေတ္တရပ်လိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းယမ်းတယ်။ "ပျင်းလာပြီ။"
သူ ဘယ်သူ့အတွက် ဒီလောက် ကြိုးစားနေတယ် ထင်နေသလဲ?
ဒီမိန်းကလေးက အများအားဖြင့် အတော်လေး စမတ်ကျတယ်။ အခု သူမ ဘာလို့ ဒီလောက်တုံးအနေတာလဲ?
သူတို့ တစ်ယောက်နဲ့တစ်ယောက် တက်ညီလက်ညီမရှိဘူး။ သူ စိတ်ပျက်မိတယ်။
“ဟုတ်တယ်။”
လုရှန်း တည်ငြိမ်စွာ ခေါင်းညိတ်တယ်။ "တတိယမင်းသားက ကျွန်မဆရာ။ ကျွန်မရဲ့ အရည်အချင်းအားလုံး သူသင်ပေးတာ။”