← Chapters

အနာဂတ်ယောက္ခမ၏ ယုံကြည်မှု။

Vol. 6 Ch. 136

အနာဂတ်ယောက္ခမ၏ ယုံကြည်မှု။

Vol. 6 Ch. 136

လူတိုင်း လုရှန်းရဲ့ စွမ်းရည်ကို မြင်ဖူးကြတယ်။

အသုံးမကျတဲ့လူလို့ အမြဲတမ်းအခေါ်ခံနေရတဲ့ တတိယမင်းသားက သူ့ရဲ့စွမ်းရည်တွေကို အမှန်တကယ် ဖုံးကွယ်ထားတယ်ဆိုတာ သူတို့ မယုံနိုင်အောင် ဖြစ်နေ၏။

အိမ်ရှေ့စံ တတိယမင်းသားနဲ့ ပတ်သက်လို့ ဘာမှမလုပ်နိုင်တာ မအံ့ဩတော့ဘူး။ တတိယမင်းသားက  သိုးသားရည်ခြုံထားတဲ့ ဝံပုလွေတစ်ကောင်ဖြစ်နေတယ်ဆိုတာ သူတို့ သိလိုက်ရပြီ။

သူတို့ထဲက လူနည်းစု တချိန်ထဲမှာပဲ တံထွေးမြိုချလိုက်ကြတယ်။ သူတို့ရဲ့ နှလုံးသားထဲ လေးစားမှုတွေပြည့်နှက်နေတော့သည်။

“အရင်က ကျွန်တော့်အပြစ်တွေအတွက် ခွင့်လွှတ်ပါ တတိယမင်းသား!"

ချုစစ်ဟန် ပြန်သတိရလာပြီး နာခံမှုရှိစွာ ဉီးညွတ်တယ်။

သူက တတိယမင်းသားကို မြှောက်ပင့်စရာမလိုပေမဲ့လည်း လုရှန်းရဲ့ဆရာ ဖြစ်နေတာမို့ မျက်နှာသာပေးရမည်။

လုကျန့် တိတ်တိတ်လေး ပြုံးပြီး သူ့ကို ခဏလောက် စောင့်ကြည့်နေ၏။ နောက်တော့ ရုတ်တရတ် စိတ်ရှုပ်စရာ တစ်ခုခုကို ပြောလိုက်တယ်။ “မင်းတို့က ရုပ်ရည်လည်းတူတယ်၊ စရိုက်လည်းဆင်တူတယ်။ ဉီးညွတ်တာတောင် အတူတူပဲ။”

သူက လုံးဝကို အဲဒီလူရဲ့သားပဲ။

“ဘာ?”

ချုစစ်ဟန် စိတ်ရှုပ်ထွေးစွာ ကြည့်တယ်။

“ဘာမှ မဟုတ်ပါဘူး။”

လုကျန့် ခေါင်းယမ်းပြီး တိုးတိုးလေး ဆက်ပြောတယ်။ “ဒီမင်းသားရဲ့တပည့်က တခြားမိန်းကလေးတွေလို နူးညံ့သိမ်မွေ့ပြီး စာနာတတ်သူ မဟုတ်ဘူး။ သခင်'ချူ'၊ အနာဂတ်မှာ…”

"ဆရာ!"

လုရှန်း မျက်မှောင်ကြုံ့ပြီး စကားဆက်မပြောရန် ဖိနပ်ကို တက်နင်းလိုက်၏။

ဖြူဖွေးနေသည့် ဖိနပ်ထိပ်ပေါ် အနက်ရောင်ပုံရိပ်ကိုမြင်တော့ လုကျန့် မျက်မှောင်ကြုံ့ပြီး စိတ်ဆိုးလျက် စိုက်ကြည့်နေ၏။

'ကျေးဇူးပြုပြီးညှာတာပေး’ဖို့ လုရှန်း ဆုတောင်းနေမိတယ်။

“ဟား... ဟား... ။ ကျွန်မဆရာက ဟာသပြောရတာ သိပ်ကြိုက်တာ။ သခင်လေး သူ့ကို စိတ်မဆိုးပါနဲ့။"

လုရှန်း ခြောက်ကပ်ကပ်အပြုံးဖြင့် ရှင်းပြတယ်။

“ဟုတ်ပြီ။”

ချုစစ်ဟန်ရဲ့ အေးစက်စက်အကြည့်တွေ ပျောက်ကွယ်သွားပြီး အရင်ကထက် ပိုနူးညံ့လာ၏။

သူ့တပည့် ဒါကို မကြားချင်တော့ လုကျန့် ဆက်မပြောတော့ဘူး။ အဲ့အစား သူက ဧကရာဇ်ညီလာခံနဲ့ လက်ရှိ အခြေအနေအကြောင်း ချုစစ်ဟန်နဲ့ စကားပြောခဲ့တယ်။

လက်ရှိအခြေအနေတွင် ဧကရာဇ်၊ ဝန်ကြီးချုပ်'ဖု'နဲ့ အခြားအရာရှိအချို့က အိမ်ရှေ့စံကို အထင်မကြီးပဲ သူတို့ အကြီးဆုံးမင်းသားကို ပိုအလေးအနက်ထားသည်။

ချုစစ်ဟန်နဲ့ လုကျန့်တို့ကို အကြီးဆုံးမင်းသားရဲ့ လူတွေအဖြစ် သတ်မှတ်ခံရတယ်။

အိမ်ရှေ့စံက အရည်အချင်းမရှိလို့ မဟုတ်ဘဲ လူပေါင်းများစွာကို သတ်ခဲ့လို့ အနာဂတ်မှာ နန်းတက်ခဲ့ရင်  ပြည်သူပြည်သားများ ဒုက္ခရောက်ရလိမ့်မည်။

အခြားအရာတွေ ဘေးဖယ်ရင်တောင် လင်းဂျန်အိမ်တော်သည် သာမန်လူတွေကို အနိုင်ကျင့်ပြီး လူ့အသက်ကို မြက်ပင်လို ပြုမူနေတာကို ကြည့်ခြင်းအားဖြင့် အိမ်ရှေ့စံရဲ့ လုပ်ဆောင်သည့်ပုံစံကို ပြောပြနိုင်သည်။

အိမ်ရှေ့စံရဲ့ ကျောထောက်နောက်ခံ မရှိရင် ဂျန်မိသားစုမှာ ဒီလိုလုပ်ဆောင်ဖို့ ဘယ်လိုလုပ် သတ္တိရှိမှာလဲ?

"ငါ မြို့တော်ကို ပြန်ရောက်ရင် ဒီဂျန်ရိူးဖုကို ငါ့စာရင်းထဲ သေချာပေါက် ပေါင်းထည့်ပစ်မယ်။”

လုကျန့် လက်ဖက်ရည်ခွက်ကို စားပွဲပေါ်တင်ပြီး အေးစက်စက်ဆိုတယ်။

ချုစစ်ဟန်ရဲ့ ပါးလွှာတဲ့ နှုတ်ခမ်းများ ကွေးညွှတ်သွားကာ လုကျန့်လို အေးစက်စက်ဖြင့် “အဲဒါကိုပဲ ကျွန်တော် တွေးနေတာ။”

သူသည် လင်းဂျန်အိမ်တော်တွင် ၂ နှစ်လောက် နေထိုင်ခဲ့သော်လည်း ဂျန်မိသားစုလုပ်ဆောင်သမျှသည် သူရဲ့ ထိန်းချုပ်မှုအောက် ရှိခဲ့သည်။

အရင်တုန်းကလူတွေ ဂျန်မိသားစုကို အာရုံစိုက်ရတဲ့ အကြောင်းရင်းက အိမ်ရှေ့စံ၏ အမိန့်ကြောင့်။ အခုတော့ …

ဒီလိုလူက မိမိလူတွေကို ထိလိုက်တာမို့ တိုက်ခိုက်ခြင်းအတွက် ကြိုတင်အပြစ်တင်ခြင်း မပြုနိုင်ဘူး။

လူတိုင်း သူ့လူတွေကို ထိရဲရင် သူကြိုတင် တိုက်ခိုက်ခြင်းအတွက် အပြစ်တင်မလေနဲ့။

သူသည် အစပိုင်းမှာ ဒေသဆိုင်ရာအရာရှိတစ်ဦးသာ ဖြစ်ချင်ခဲ့သည်။ သို့သော်လည်း ဒီလူတွေက သူ့ကို စရိုက်အမှန်ကို ထုတ်ဖော်ပြီး အတင်းအကြပ် ခိုင်းစေခဲ့တယ်။ သူ့ ရက်စက်မှုအတွက် အပြစ်မတင်နဲ့။

နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ပြုံးလိုက်ကြတယ်။ သဘောတူညီချက်တစ်ခု ရသွားသလိုပင်။ သူတို့ လက်ဖက်ရည်ခွက်ကို ဝိုင်ခွက်လိုမျိုးတိုက်ကာ တကျိုက်တည်း သောက်လိုက်ကြတယ်။

လုရှန်းနဲ့ ကျန်တဲ့လူတွေက ဒီစကားကိုကြားတော့ စိတ်ရှုပ်သွား၏။ သူတို့ စိတ်ရူပ်ထွေးစွာ ကြည့်နေရုံသာ တတ်နိုင်တော့သည်။

အခု ဒီနှစ်‌ယောက် ပျော်ပျော်ရွှင်ရွှင် စကားပြောနေကြတာလား?

“ဟောင်ရန်မြို့မှာ ငါ အကြာကြီးနေလို့ မရဘူး။ ငါ့တပည့်ကို စောင့်ရှောက်ပေးဖို့ သခင်'ချု'ကို နှောက်ယှက်ရတော့မှာပဲ။” လုကျန့် ခပ်ဖျော့ဖျော့ပြုံးပြီး ပြောတယ်။

သူ့လေသံသည် အစောပိုင်း သစ်သီးလက်ဖက်ခြောက်ပေးတုန်းကနဲ့ အတူတူပင်။ သို့သော် ချုစစ်ဟန် ကြားချိန်တွင်တော့ သူရဲ့ ‘ယောက္ခမ'က သူ့သမီးကို သူ့ထံ အပ်နှင်းနေသလို ခံစားရတယ်။

ဒီအရာက လုကျန့်ရဲ့ သူ့အပေါ် မကျေနပ်မှုများကို နောက်ဆုံးတော့ ချေမှုန်းပစ်လိုက်ခြင်းပင်။

“တတိယမင်းသား၊ စိတ်မပူပါနဲ့။ ကျွန်တော် မင်းကိုယ်စား မိန်းကလေး'လု'ကို ကောင်းကောင်းဂရုစိုက်ပါ့မယ်။"

All Chapters